<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » ဧပြီ၂၃ရက်မှာ ချပေးမယ်ဆိုတဲ့ WCDMA တွေ သိပ်မသေချာသေး.

ဧပြီ၂၃ရက်မှာ ချပေးမယ်ဆိုတဲ့ WCDMA တွေ သိပ်မသေချာသေး.

ဟုတ်ကဲ့...နှစ်သိန်းတန် GSM တွေအကြောင်း တင်ပြအပြီးမှာတော့ ဧပြီ၂၃ရက်မှာ ချပေးပါမယ်ဆိုတဲ့ WCDMA တွေကတော့ သိပ်မသေချာ ဘူးလို့ သိရပါတယ်...WCDMA ဆိုတာကို လူတွေက CDMA လို့ ထင်နေကြတယ်..တကယ်တော့ ဂျီအက်စ်အမ်ပါပဲ...ကျွန်တော်တို့ လက်ရှိ သုံးနေကြတဲ့ ဂျီအက်စ်အမ်နဲ့ အခုချထားပေးမယ့် နှစ်သိန်းတန် ဂျီအက်စ်အမ်တွေက 2.5 G Network သုံးတဲ့ ဂျီအက်စ်အမ်တွေပါ..WCDMA ကတော့ 3G Network အသုံးပြုလို့ ရမယ့် ဂျီအက်စ်အမ် တွေပါ..မြန်မာ့ဆက်သွယ်ရေးက ဖွင့်ပေးမယ်ဆိုရင် ဓာတ်ပုံ၊ရုပ်ရှင် ၊သီချင်းပို့လို့ရနိုင် မယ့် Multi Media Message စနစ် သုံးလို့ရမယ်လို့ သိရပါတယ်..နောက်ပြီးFace to Face ဖုန်းပြောလို့ ရနိုင်မှာပါ..3G Network ဒီမှာ ဖွင့်ပေးပြီဆိုရင် တောင် ရန်ကုန်၊မန်းလေး၊နေပြည်တော် မှာပဲ သုံးလို့ရဦးမှာပါ..ကျန်တဲ့ နယ်မြို့တွေကတော့ 2.5G Network နဲ့ပဲ သုံးရမှာပါ. သူက2.5G Network မှာဆိုရင်တော့ ပုံမှန် ဂျီအက်စ်အမ်တွေလိုပဲ အလုပ်လုပ်မှာ ဖြစ်တယ်လို့သိရပါတယ်...လိုင်းဆွဲအားတွေ လိုင်းအ၀င် အထွက်တွေလည်း ပုံမှန် ဂျီအက်စ်အမ်တွေလိုပဲ ရှိမယ်လို့ သိရပါတယ်..
နောက်ထပ် ဗဟုသုတ အနေနဲ့ WCDMA ရဲ့ အနက်က Wideband Code Division Multiple Access ဖြစ်ပြီး WCDMA ကို ယခုနောက်ပိုင်း ဈေးကွက်မှာ ရောင်းချနေတဲ့ မော်ဒယ်မြင့် ဟမ်းဆက်တိုင်းမှာ သုံးလို့ရနိုင်ပြီး 3G Network ကိုတော့ လောလောဆယ်မှာ အသုံးပြုလို့ မရသေးဘူးလို့ သိရပါတယ်...ဟုတ်ကဲ့..ကျွန်တော်မျိုးသက်ခိုင်ပါ..လူအချင်းချင်း နှိပ်စက်ခြင်းမှ ကင်းဝေးကြပါစေ...

ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blogs/wcdma#ixzz1qiLgq7h1


                          လမင်း
Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger