<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » မျိုးတင့ှ်လှိုင်(မကစ) ၏ ကဗျာများ

မျိုးတင့ှ်လှိုင်(မကစ) ၏ ကဗျာများ

နှလုံးသားဈာပန

ဒီနေ...ဈာပန အခမ်းအနားတစ်ခုရှိတယ်
သေဆုံးသူက ငါ့နှလုံးသား
အချစ်ကိုသတ်ခဲ့သူက.
သူသိပ်ချစ်ရတဲ့သူ့ချစ်သူ
ဒီပွဲမှာသု့ဘရာဇာကငါ
ငါ့နှလုံးသားကို ငါကိုယ်တိုင်မြေမြှုပ်ရမယ်။ ။
အသုဘအခမ်းအနားမှာလဲ
ငါတစ်ယောက်ထဲ
ဖြစ်ရမယ်လေ
မင်းနှလုံးသားက
လူကုန်ထံ အသိုင်းအ၀ိုင်းကမဟုတ်တဲ့
အညတရ ဆင်းရဲသားတစ်ယောက်ရဲ့ နှလုံးသား
မြေစဖို့နေပြီ ငါ့နှလုံးသားကို ..myself....



မြေတစ်မှုန့်ဖို့တိုင်းဖို့တိုင်း
ချစ်သူမျက်နှာကို
ငါပြန်မြင်ယောင်တယ်..
နောင်ဘ၀ထိမမေ့ဖို့ပါ...။
ခွင့်လွှတ်ခြင်းများစွာနဲ့ ဆက်ချစ်နေရမယ်..
သေခါနီးငါ့ကိုမှာသွားခဲ့တယ်
ငါ့နှလုံးသားကလေ...
သူ့ကိုဘယ်တော့မှ မမုန်းပါဘူးတဲ့
ငါ့နှလုံးသားကကိုငါပြန်အားပေးခဲ့တယ်..
မင်းဈာပနာမစည်ကားခဲ့ပေမယ့် ...
မင်းသူ့အပေါ်ချစ်တဲ့အချစ်တွေ
ထာဝရတည်မြဲနေပါတယ်ကွာ။
ဈာပနပြီးလို့ အိမ်အပြန်မှာ....
နှလုံးသားမြေပုံပေါ်မှာ
အချစ်သစ်ပင်တစ်ပင်စိုက်ပျိုးခဲ့တယ်
သစ္စာရှိသော သစ္စာရှင်ချစ်သူတို့ နားခို့ဖို့ပါ
ဒီလိုနဲ့အိမ်အရောက်
အခန်းတံခါးပိတ်ကြိတ်ငိုခဲ့တယ်..
ငါအရာအားလုံးကိုမသိတော့သလိုပဲ..
There is no feeling ပေါ့...
အဲမှတ်မှတ်ရရဗျ နှလုံးသားဈာပန
အခမ်းအနားနေ့စွဲက Feb,14,2011 ပေါ့..
နေရာကရင်တွင်းသုသာန်တစ်နေရာပေါ့..
ညအိပ်မက်ထဲမှာလေ
နှလုံးသားဝိညာဉ်က
ငါ့ကိုလာပြောသွားတယ်..
ငါသူ့နှလုံးသားကို
ထာဝရ အမြဲစောင့်ရှောက်ပေးနေမယ်တဲ့..
သြော်ဒီလောက်ထိချစ်သတဲ့လား..
ငါ့နှလုံးသားရယ်..။

မျိုးတင့်လှိုင်(မကစ)
နည်းပညာတက္ကသိုလ်
မုံရွာ


အမေသို့ရင်ဖွင့်ချင်း

အမေ...........
လောကကြမ္မာ ဖန်လာသမျှ
ဘ၀ဆင်းရဲ ဒုက္ခ တွင်းထဲ
မဆင်းသက်လို သူကဆိုသည်
တတိုင်းမရ လိုတိုင်းလည်းမပေးနိုင်
အတွေးယိုင်အမြင်မှားပြီး
ထားဖူးသစ်စာပေးထားကတိ
ဘာတစ်ခုမှသူ မတည်
သားလိုငမွဲ လူဆင်းရဲကို
သက်ထားချစ်သူ မကြည်ဖြူလို့
မလိုစွန့်ပစ် မချစ်တော့ရွေ့
နောက်လူရင်ခွင် ဘုံနန်းရှင်မှာ
သူသာပျော်ပိုက်ဘ၀င်ခိုက်နေတယ် အမေ.......။

အမေ...
အတန်းသွားဖော် ငယ်ကပေါင်းသင်း
ဖော်ရောင်းရင်းတွေရယ်က
မကျွေးနိုင်မစွန့်ကျဲ ပိုက်ဆံမှမရှိဘဲ
မင်းလိုငမွဲ လူဆင်းရဲကို
မပေါင်းသင်းလို နှုတ်ကမဆိုကြပေမယ့်
အမူရာတွေပျက်ယွင်း
ဖယ်ခွာရှောင်ကွင်းသွားကြတယ်အမေ...။

အမေ.....
ဒါတွေဟာသဘာဝမို့
ဘာကိုဘာမှလည်းအပြစ်မမြင်
ဘယ်သူကိုမှ စိတ်မကွက်
အမျက်လည်းမထွက်ခဲ့ဖူးအမေ.....။
အမေ ........
လောကဓံရက်စက်ခါးသီးချက်တွေကြောင့်
သားရည်ရွယ်ချက်တော့ မပျက်နိုင်
ငါသည်သာအသက်ရှင်သရွေ့
ငါချစ်တဲ့င့ါတိုင်းပြည်
တိုးတက်သာယာစေရမည်ပေါ့
ငါတက်နိုင်သမျှဖြည့်စွမ်းရမည်
ခံယူချက်အပြည့် မာန်ဖြည့်ပြီး
သား ကြိုးစားနေတယ် အမေ....။ ။

မျိုးတင့်လှိုင် (မကစ)
နည်းပညာတက္ကသိုလ်
မုံရွာ


ငါ့နှလုံးသား သေနေ့

ရောက်ရှိလာမယ့်နေ့တစ်ရက်ကို
ငါဘယ်လိုဖြတ်သန်းရမလဲ... စဉ်းစား
မနက်ကိုရောက်မှာသိလို့
မနိုးထ၀ံ့ပါ
စောင်ကိုခေါင်းမြီးခြုံထားခဲ့တယ်
မနေ့ကပြဿနာတက်လို့
သူပြောလိုက်တဲ့စကားတစ်ခွန်း...
မကြားဝံ့သာ နားဝမှာခါးခဲ့သလို
မကြားရဲတာက မုန်းတယ်တဲ့
ဟာ ထိပြီ...
ဒီအကြောင်းတွေပြန်တွေး
မနက်ရောက်မှာရင်လေးနေတယ်
အော် ဒုက္ခ
မထလို့မဖြစ်အတန်းလည်းမလစ်ချင်ဘူး။
ယူနီဖောင်းကိုကောက်ဝတ်ပြီး...ခြေလှမ်းစ
အမိကျောင်းတော်ဆီကိုလား
သြော်သူများလာမှာလေလားကွယ်...မျှော်မိ
ခြေလှမ်းတို့ပျက်
အတန်းလည်းမတက်တော့ဘူး။
ချစ်သူအလာမျှော်နေရာဝယ်
ပျော်နေပါးနေတွေ့နေရတယ်
သူတို့ ချစ်သူတွေလေ
ချစ်သူတွေ သိပ်ချစ်ကြရင်းနဲ့ပေါ့။
ဘာတဲ့...သူတို့ပြောတာလေ
ဒီနေ့ Feb(14)-valentine's day ဆိုလား
မလာမှန်းသိရက်နဲ့ မျှော်
ပေါ်လာတာကသူငယ်ချင်း
အဲ... ယောင်တောင်တောင်နဲ့
သူငယ်ချင်းကပြောတယ်...
သူမပါခဲ့ဘူး
ဟာ...သွားပြီ...သေပြီ လုပ်ကြပါဦး
ငါ့နှလုံးသားသေသွားပြီဟ
သူတို့ပြောတဲ့ valentine's day နေ့မှာလေ
ဟုတ်တယ်.....
ဒီနေ့ဟာ ငါ့အတွက်တော့ဘာနေ့ဖြစ်မလဲ
ဟာသိပြီ
Death of My Heart Day လေ
ဟုတ်တာပေါ့.......
Death of My Heart Day ...တဲ့။



Myo Tint Hlaing
Technological University of Monywa
2011 ဖေဖော်ဝါရီလ14 ရက် ချစ်သူများနေ့အမှတ်တရ
2.4.2011/7.44pm


တစ်ချိန်က အချစ်နှင့်အတူ

မိုးညှင်းဗောဓိ တန်းခိုးရှိသည့်
ကမ္ဘ္ဘာကျော်ကြား ဘုရားများလည်း
ကတိပြုကာ ချစ်သစ္စ္စာတွေ
အချစ်နှင့် အတူ ဆိုခဲ့တယ်….။

ကျောက္က္ကာ ဗောဓိ (၆)မိုင်ရှိသည့်
မြေသားလမ်းဘေး တဲကလေးဝယ်
ကြည်နူးသာယာ ရင်ခုန်စွာဖြင့်
အချစ်နှင့် အတူ ပျော်ဖူးတယ်…..။

ကျေးငှက်သာရကာ များစွာရှိသည့်
တောတောင်သာယာ ရွှေတောင်ဦးမှာ
ပွေ့ဖက်ကြည်ဖြူ ချစ်ရည်တူစွာ
အချစ်နှင့် အတူ သွားဖူးတယ်…..။

ရေကြည်ပြာပြာ ကန်သာယာဝယ်
နွေးထွေးမေတ္တာ ကြင်နာစွာဖြင့်
ညခင်းအလှ ရှုခင်းသာကို
အချစ်နဲ့ အတူ ကြည့်ဖူးတယ်….။

ချင်းတွင်းမြစ်ဘေး ကမ်းနားလေးမှာ
ငြိမ်းချမ်းသာယာ စိတ်ငြိမ်စွာဖြင့်
ချစ်သူ့ရင်ခွင် ချစ်နယ်မြေတွင်
ချစ်ပြုံးများလဲ ပွင့်ဖူးတယ်…..။

မျိုးတင့်လှိုင်(မကစ)
နည်းပညာတက္ကသိုလ်
မုံရွာ
27.2.2011/ 8.40pm


လွဲလိုက်ပုံကနော်


လွဲလိုက်ပုံက
ဖုန်းလာတယ်ဆိုပါလို့
အပြေးအလွှားအသွား
ကိုကို လားဆိုတဲ့ သူ့အသံလေးကြောင့်
အမောတော့ပြေပါရဲ့...
ဒါပေမယ့်ကွယ်
ဘာလို့ရယ် သူဖုန်းဆက်လဲ
ကိုယ်ရယ်မေးခဲ့ရင်ဖြင့်
လွမ်းလို့ပေါ့ ကိုကိုရယ်
ဖြေခဲ့စေခြင်တယ်...
သြော်......ခုတော့ကွယ်
သူတကယ် လုပ်ရက်ပါ့
အသောလေးလာတဲ့ သူကိုမှမစာနာ
နှုတ်ဆက်ကာ ပြောသွားတဲ့ စကား
ဒါလားဟင်....
မင်းနှလုံးသား သံဇဉ်
ခွပ်...တဲ့...။ ။


မျိုးတင့်လှိုင် (မကစ)
နည်းပညာတက္ကသိုလ်
မုံရွာ
12/11/2011



ငါမှ.....

နင်...ငါ့ကိုမုန်းမှာပေါ့
ငါမှ မချမ်းသာတာ...။
နင်...ငါ့ကို စိတ်ပျက်မှာပေါ့
ငါမှ ရုပ်မချောတာ...။
နင်...ငါ့ကို ဘယ်ချစ်တော့မလဲ
ငါမှ နင့်စိတ်ကြိုက်ကို မလိုက်ခဲ့တာ...။
ငါ...မချမ်းသာပေမယ့်
နင့်ကို တစ်ဝမ်းဝတစ်ခါးလှအောင်
ထားနိုင်ပါသေးတယ်...။
ငါ...ရုပ်မချောပေမယ့်
ငါ့စိတ်ထားဖြူစင်ခဲ့တာ
နင်သာအသိဆုံးပါ...။
ငါ...နင့်စိတ်ကြိုက်ကိုမလိုက်ခဲ့ပေမယ့်
နင်ထားတဲ့အတိုင်း ငါနေခဲ့တာ
နင့်ကိုချစ်လွန်းလို့ပါ...။
ဒါပေမယ့်.....
ငါမှ...နင့်လို
သစ္စာမဖောက်တက်တာ.....။
မျိုးတင့်လှိုင် (မ က စ)


ဘာကြောင့် ?!!!!!!

တိုးတိုး ကြိတ်မှိတ်

ချစ်သည့်စိတ်ကို
မြိုသိပ်ဘောင်ခတ်
ရင်၌သိုထား

သို့သော်ငြားလည်း
ပျက်ယွင်းမူရာ
မဟန်သာလို့
နင်သာသိရှိသွားခဲ့တယ်...။
တိုးတိုး တိတ်တိတ်
နူတ်ပိတ်ခွဲခွာ
ဖယ်ကွာရှောင်ကွင်း
အမူရာပျက်ယွင်း
စကားမဆို
အပိုမပြော
ဘယ်သဘောကြောင့်
နင်သာတကယ် စိမ်းရက်တယ်...။ ။
မျိုးတင့်လှိုင်(မကစ)




Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger