<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.

ဗုဒ္ဓံ-ဓမ္မံ-သံဃံ

မြန်မာပြက္ခဒိန်

Myanmar Calendar

တေးဂီတ


ဧည့်သည်တော်များ

08 July, 2012

Continue Reading | comments

ဝက်ကလေးဟာ ကျောင်းမနေရသေး(ဦးပေါ်ဦး)

ပေါ်ဦးရယ်၊ ငါတို့ အိမ်နိမ့်စံ ဘ၀တုန်းကလို ပုံပြင်ကလေး ဘာလေးပြောပြီး
ပျော်တော်ဆက် စမ်းပါဦးဟယ် ”

တစ်နေ့သ၌ မိဘုရားခေါင်ကြီးရဲ့ အဆောင်တော်မှ မင်းတရားကြီးစံမြန်းနေတုန်း

ဦးပေါ်ဦးကို အခေါ်လွှတ်ပြီး ရောက်လာချိန်မှာ မိဖုရားခေါင်ကြီးက အမိန့်တော်ရှိတာ
ဖြစ်ပေတယ်။
(ရှင်ဘုရင်ရဲ့ သားတော်၊ သမီးတော်တွေအနေနဲ့ မင်းမဖြစ်မီ မိဘုရားမဖြစ်မီကာလကို
အိမ်နိမ့်စံလို့ ခေါ်တယ်)။

…အမတ်ကြီးဦးပေါ်ဦးက ရိုသေစွာ လက်ယှက်ပြီး…

“ မယ်ဖုရားခေါ်တော်မူလို့ ကျွန်တော်မျိုး အခစားဝင်ဖို့ အလာလမ်းမှာ
ဝက်ကလေးနှစ်ကောင်နဲ့ ၀က်လင်မယား နှစ်ကောင် အူလျားဖားလျား ပြေးလာကြတာ
တွေ့လိုက်ရပါတယ်ဖုရား…” လို့ စိတ်ဝင်စားဖွယ် အစချီလိုက်တယ်။

“ ကျွန်တော်မျိုး လှမ်းကြည့်လိုက်တော့ လူတစ်ယောက် ဓါးကြီးကိုင်မြှောက်ပြီး
ဝက်တွေနောက်က ပြေးလိုက်လာတာ တွေ့ရတယ် ဘုရာ့၊ ဒါနဲ့ မီလုမီခင်မှာ
နောက်ဆုံးက ၀က်ကလေးကို ဓားနဲ့ပိုင်းဖို့ အားယူနေတုန်းမှာ ကျွန်တော်မျိုးက …

“ ဟဲ့…..ဟဲ့…..မောင်မင်း၊ ဘာပြုလို့ သူတစ်ပါး အသက်ကို မညှာမတာ လုပ်ရသတုန်း…”
ဆီးမေးတဲ့အခါ အဲဒီလူက…

“ ကျွန်တော်မျိုးရဲ့ စိုက်ခင်း ပျိုးခင်းတွေကို ဒီဝက်တွေ မကြာခဏ

လာလာဖျက်ဆီးတာ များပြီဘုရား၊ ဒါကြောင့် ဒေါသဖြစ်ဖြစ်နဲ့ အခုလိုလုပ်မိတာပါ
အမတ်ကြီးရယ်လို့ ဖြေပါတယ်ဘုရား…”

“ အေးကွယ်၊ သနားပါတယ်ကွယ်၊ ဒီတစ်ခါတော့ ခွင့်လွတ်လိုက်ပါ…”

“ ကျွန်တော်မျိုး ဖျောင်းဖျ၊ နားချလို့ ခြံသမား ပြန်လှည့်အသွားမှာ
ဝက်ကလေးတစ်ကောင်က စကားပြောတယ် ဘုရား…”

…ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ၀က်က စကားပြောတယ်ဆိုတဲ့အတွက်
စိတ်ဝင်စားဖွယ်ပါပဲ။

“ ၀က်ကလေး ပြောပုံက ဒီလိုပါဘုရား၊ ကျွန်တော်တို့ သားအမိသားအဖငါးယောက်ဟာ
ဘဘကြီးသာ မကယ်ရင် သေပြီဗျာလို့ ပြောပါတယ်ဘုရား…”

…ဒီအခါ မိဘုရားကြီးက ကြားဖြတ်ပြီး ၀င်မေးပြီလေ။

“ ဟဲ့…နေပါဦး၊ နင်ပြောတာ ၀က်ကလေးနှစ်ကောင်နဲ့ ၀က်လင်မယားလို့
ဆိုတယ်မဟုတ်လား၊ လေးကောင်ပေါ့”

“ မှန်ပါ မယ်ဖုရား၊ ၀က်ကလေးကတော့ အဲဒီအတိုင်းပဲ ပြောပါတယ်ဖုရား…”

…မိဖုရားကြီးခမျာ ယောင်လည်လည်ဖြစ်သွားပြီးမှ ဓားနဲ့ ပိုင်းလိုက်တုန်းက
ထက်ပိုင်းပြတ်သွားလို့များ ငါးကောင်လို့ ပြောရော့ သလားဟဲ့လို့ မေးတော်မူတယ်။

“ ကျွန်တော်မျိုး ဟန့်တားလိုက်တဲ့အတွက် ဘယ်ဝက်ကလေးကိုမျှ ဓားချက်မထိပါဘုရား…”

“ ဟယ်…နင့်စကား နားထွေးရပါဘိ၊ ရှင်းရှင်း တင်စမ်းပါဟယ်”

…ဒါပေမယ့် ဦးပေါ်ဦးကတော့ ဝေ့လည်ချောင်ပတ် လုပ်နေဆဲပါပဲ။

“ မှန်လှပါ၊ ၀က်ကလေးကတော့ ကျွန်တော်တို့ သားအမိငါးကောင်လို့ ပြောထားတာ
အမှန်ပါဘုရား…”

“ ဒါဖြင့် နင့်မျက်စိနဲ့ကော ဘယ်လောက်မြင်သတုန်း”

“ လေးကောင်ပဲ ဖြစ်ပါတယ် ဘုရား…”

“ ဟယ်…ပေါ်ဦးရယ်၊ နင့်စကား ရှုပ်လှပါဘိ၊ ဘယ်လိုအကြောင်းကြောင့်
ဝက်လေးကောင်က ငါးကောင်ဖြစ်သွားရတာလဲ”

“ အဲဒါမှာတော့ မယ်ဖုရားကိုယ်တော်တိုင် စဉ်းစားကြည့်တော်မူပါဘုရား…”

…မိဖုရားကြီး စဉ်းစားကြည့်တော်မူရပြီလေ။ ဒါပေမယ့် ဘယ်လိုမှ စဉ်းစားလို့
မရတဲ့အတွက်…

“ နင့်ပဟေဠိကို နင်ပဲ ဖြေစမ်းပါဟယ်” ဆိုပြီး ပန်းပေးတော်မူ လိုက်ရတယ်။
ဒါကြောင့် ဦးပေါ်ဦးက လက်အုပ်ချီလိုက်တယ်။

“ မှန်ပါ၊ ကျွန်တော်မျိုးမြင်တာ လေးကောင် အမှန်ဖြစ်သလို ၀က်ကလေးက

ငါးကောင်လို့ပြောတာလည်း အမှန်ပါပဲဘုရာ့၊ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတော့

ဝက်ကလေးဟာ ကျောင်းမနေရသေးတော့ ဘယ်မှာ ဂဏန်းသင်္ချာတတ်ပါ့မလဲ
ဘုရား၊ တစ် နှစ် သုံး လေး မှန်အောင် မရေတတ်လို့ ဒီလိုဖြစ်တာပါဘုရား…”

…မင်းတရားကြီးက နားထောင်နေရာက ရယ်တယ်။

ပေါ်ဦးတို့ လုပ်လိုက်မှဖြင့် ငါတောင် မျက်စိလည်သွားသဟ၊ ခွေးမသားရ

“ မှန်လှပါ၊ မယ်ဘုရားကို ပျော်တော် ဆက်တာပါဘုရား…”

ဦးပေါ်ဦးရဲ့ အလျှောက်အထား ဒီစကားကို ကြားရတော့မှပဲ

မိဖုရားကြီးခမျာ ပြုံးတော်မူနိုင်တော့တာကိုး






ပျော်ရွင်နိုင်ပါစေ


 လမင်း
Continue Reading | comments

၂၀၂၀ ခုနှစ်တွင် နိုင်ငံတကာ အာကာသယာဉ်ကို ရေအောက်သင်္ချိုင်းတွင် မြှုပ်နှံမည်


မော်စကို၊ ဇူလိုင် ၂၈
နိုင်ငံတကာ အာကာသစခန်းယာဉ် ( ISS ) ကို ထိုယာဉ်၏ သက်တမ်း ကုန်ဆုံးမည့် ကာလဖြစ်သည့် ၂၀၂၀ ခုနှစ် နောက်ပိုင်းတွင် သမုဒ္ဒရာရေပြင် အတွင်း ဆင်းသက်စေ၍ ရေအောက်နှစ်မြှုပ်ပစ်ရန် ရုရှားအာကာသအေဂျင်စီနှင့်လုပ်ဖော်ကိုင်ဖက် နိုင်ငံတကာအာကာသ အေဂျင်စီများက သဘောတူခဲ့ကြကြောင်း ဇူလိုင် ၂၇ ရက် သတင်းများတွင် ဖော်ပြသည်။
သက်တမ်း ကုန်ဆုံးချိန်တွင် ISS ကို ကမ္ဘာပတ်လမ်းကြောင်းအတွင်း ဆက်လက်ထားရှိမည်ဆိုပါက အာကာသ အမှိုက်အများအပြား ထွက်ပေါ်လာနိုင်ကြောင်း၊ ထိုအတွက်ကြောင့် သက်တမ်း ကုန်ဆုံးချိန်တွင် ISS ကို ကမ္ဘာပတ်လမ်းကြောင်းအတွင်း ထားရှိတော့မည် မဟုတ်ဘဲ သမုဒ္ဒရာရေပြင်အောက်သို့ နှစ်မြှုပ်ရမည် ဖြစ်ကြောင်း ရုရှအာကာသ အေဂျင်စီအကြီးအကဲက ပြောကြားသည်။
Continue Reading | comments

"မြန်မာနိုင်ငံသားကမ္ဘာ့ဝိပဿနာတရားပြဆရာကြီးဦးဂိုအင်ကာ"

မန်မာနိုင်ငံသား…ကမ္ဘာ့ဝိပဿနာတရားပြဆရာကြီး..ဦးဂိုအင်ကာ…”


သတ္တ၀ါမှန်သမျှတစ်ဘ၀မှာတစ်ခါသာဖွားမြင်ကြစမြဲဖြစ်ပါသည်။ဤပုဂ္ဂိုလ်ကြီးကားသူများထက်ထူးကာတစ်ဘ၀မှာနှစ်ခါဖွားမြင်ခဲ့ပါသတဲ့..။
ပထမတစ်ခါကမြန်မာပြည်မန္တလေးမြို့မှာ..မိဘနှစ်ပါး၏သားကောင်းရတနာအဖြစ်မိခင်ဖြစ်သူကဖွားမြင်ပေးခဲ့သည်။
နောက်တစ်ခါက..မြန်မာပြည်ရန်ကုန်မြို့မှာ“ဆရာကြီးဦးဘခင်”ကဓမ္မ၏သားကောင်းရတနာအဖြစ်ဖွားမြင်ပေးခဲ့သည်။
ဤထူးထူးခြားခြားတစ်ဘ၀မှာနှစ်ခါဖွားမြင်ခဲ့သော..ပုဂ္ဂိုလ်ထူးကြီးကားယနေ့တစ်ခါလုံးကသိနေသော
“ကမ္ဘာ့ဝိပဿနာတရားပြဆရာကြီး..ဦးဂိုအင်ကာ”ပါတည်း။

သူသည်အိန္ဒိယအမျိုးသားတစ်ဦးဖြစ်သော်လည်းမြန်မာပြည်သူတို့ကမြန်မာပြည်ဖွား
ကမ္ဘာ့ဝိပဿနာတရားပြဆရာကြီးအဖြစ်သူ့အတွက်ဂုဏ်ယူကြသလို
သူကလည်းမြန်မာပြည်တွင်ဖွားသောကြောင့်ဓမ္မ၏သားကောင်းရတနာတစ်ဦးဖြစ်လာရသည့်အတွက်
ဂုဏ်ယူလေ့ရှိပါသည်။
ဆရာကြီးဦးဂိုအင်ကာသည်ဆရာကောင်းတပည့်တစ်ဦးဖြစ်သည်။သူ့ဆရာဆရာကြီးဦးဘခင်ကားကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးများဖြစ်သည့်အမေရိကန်၊ဗြိတိန်စသောနိုင်ငံကြီးများမှထိပ်တန်းပုဂ္ဂိုလ်ကြီးများဖြစ်သော
ပါမောက္ခဒုံးပျံပါရဂူစသောပညာရှင်များကခြေတော်အစုံကိုဦးခိုက်လာရသည့်ဝိပဿနာဆရာကြီး။


တဖန်ဆရာကြီးဦးဘခင်၏ဆရာကအနာဂါမ်ဆရာသက်ကြီး၊တစ်ဖန်အနာဂါမ်ဆရာသက်ကြီး၏ဆရာကို
ကြည့်ပြန်တော့ဗုဒ္ဓသာသနာမှာနေတစ်စင်းပမာထွန်းလင်းတောက်ပခဲ့သောလယ်တီဆရာတော်ဘုရားကြီး။
ဆရာကြီးဦးဂိုအင်ကာသည်ဤကဲ့သို့ဆရာကောင်းတပည့်တစ်ဦးဖြစ်သလို
ကမ္ဘာ့ဝိပဿနာတရားပြဆရာကြီးတစ်ဦးအဖြစ်ခံယူကာ
ဆရာသခင်ကျေးဇူးရှင်များကိုကျေးဇူးပြန်ဆပ်ခဲ့ပါသည်။
ဆရာကောင်းတပည့်၊တပည့်ကောင်းဆရာအဖြစ်ကားဖြစ်တောင့်ဖြစ်ခဲ၊
ကြုံတောင့်ကြုံခဲမတစ်ထောင်တစ်ကောင်ဖွားအဖြစ်မျိုးပေတည်း။
မစ္စတာရှရီဆကျနာရယဏာဂျီ ဂိုအင်ကာကို(၁၉၂၄)ခုနှစ်တွင်မန္တလေးမြို့၌
“ဦးဂိုပိရမ်ဂိုအင်ကာ”(Mr.GOPIRAM GOENKA )“ဒေါ်ကမလာဒေ၀ီဂိုအင်ကာ”
(Mrs.KAMALA DEVIGOENKA)တို့မှမွေးဖွားခဲ့သည်။
ဦးဂိုအင်ကာသည်ဗြိတိသျှဘုရင်ခံလော့ကိုကရင် ချီးမြှင့်သောရွှေတံဆိပ်ဆုရခဲ့သည်။
(၁၀)တန်းစာမေးပွဲတွင်အမှတ်အများဆုံးဖြင့်အောင်မြင်ခဲ့ပြီးအစိုးရထောက်ပံ့ကြေးရခဲ့သော်လည်း
တက္ကသိုလ်သို့ဆက်မတက်ဘဲစီးပွားရေးလောကထဲသို့ဝင်ရောက်ခဲ့သည်။
(၁၉၄၂)ခုနှစ်“ရှရီမတီဣလာ ယကျီဒေ၀ီ”နှင့်လက်ထပ်ခဲ့သည်။

ဦးဂိုအင်ကာသည်မြန်မာနိုင်ငံတွင်အောင်မြင်သောစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်လာသည်။
မြန်မာနိုင်ငံမာရ၀ါရီကုန်သည်များအသင်းဥက္ကဋ္ဌ၊မြန်မာနိုင်ငံဟိန္ဒီစာပေအသင်းကြီး၏ဥက္ကဋ္ဌနှင့်၊မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဗဟိုအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည်။မြန်မာနိုင်ငံစာရေးဆရာအသင်းတွင်လည်း
အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

ဦးဂိုအင်ကာသည်ငယ်စဉ်ကပင်“မိုက်ဂရင်း”(ခေါ်)“ခေါင်းခဲရောဂါ”ပြင်းပြင်းထန်ထန်စွဲကပ်ခဲ့ရာ
မခံမရပ်နိုင်အောင်ဝေဒနာခံစားစရသောအခါ၌မော်ဖီးယားဆေးထိုးရသည်။
မြန်မာနိုင်ငံ၌သာမကပဲအိန္ဒိယနှင့်အခြားနိုင်ငံများ၌ကုသသော်လည်းအကြောင်းမည်သို့မှထူးခြားမလာပေ။
ထို့ကြောင့်မိတ်ဆွေတစ်ဦးဖြစ်သောတရားသူကြီးဦးချန်ထွန်းကဦးဂိုအင်ကာကို
ဆရာကြီးဦးဘခင်၏(၁၀)ရက်တရားစခန်းဝင်ကြည့်ရန်အကြံပေးသည်။
အစဉ်အလာကယုံကြည်လာခဲ့သောအယူသည်းအယူစွဲထဲတွင်နှစ်မြုပ်နေသည့်အတွက်ကြီးကြီးမားမား
အခက်အခဲများကိုရင်ဆိုင်ပြီးမှတရားစခန်းသို့သွားရသည်။
          ရန်ကုန်မြို့၊ဆရာကြီးဦးဘခင်၏၀ိပဿနာရိပ်သာ“INTERNATIONAL MEDITATION CENTRE”
(အပြည်ပြည်ဆိုင်ရာဝိပဿနာရိပ်သာ)တွင်
(၁၉၅၅)ခုနှစ်၌(၁၀)ရက်တရားစခန်းဝင်ပြီးသည့်နောက်တွင်မခံမရပ်နိုင်အောင်ခံစားနေရသော
မိုက်ဂရင်းရောဂါဝေဒနာသည်ယူပစ်သလိုပျောက်သွားသည်။
ထို့နောက်ရန်ကုန်မြို့၌နေထိုင်ကြသောဦးဂိုအင်ကာ၏မိသားစုများနှင့်မိတ်သင်္ဂဟများသည်
ဝိပဿနာတရားစခန်းတွင်တရားထိုင်ကြပြီးယောဂီများဖြစ်လာကြသည်။

ကုန်သွယ်မှုနှင့်စက်မှုလုပ်ငန်းများကိုပြည်သူပိုင်လုပ်ပြီးသည့်နောက်တွင်
ဦးဂိုအင်ကာတွင်ဝိပဿနာပွားများအားထုတ်ရန်အတွက်အချိန်လုံလုံလောက်လောက်ရရှိလာသည်။
ထိုအချိန်၌ဆရာကြီးဦးဘခင်ကဦးဂိုအင်ကာကိုဤသို့ပြောပြသည်။

“ဒီဝိပဿနာပွားများနည်းနိဿရည်းမှာနှစ်ပေါင်း၂၃၀၀ကျော်ကအိန္ဒိယနိုင်ငံမှဆောင်
ကြဉ်းလာခဲ့တဲ့နည်းနိဿရည်းဖြစ်ပြီးအခုအချိန်အထိမြန်မာနိုင်ငံမှာ
ရှေးမူမပျက်ထိန်းသိမ်းထားခဲ့တယ်၊ဒါပေမယ့်ကံမကောင်းအကြောင်းမသင့်တဲ့အတွက်
အိန္ဒိယနိုင်ငံ၏အလွန်တရာမြင့်မြတ်တဲ့အဲဒီနည်းပညာဟာ
အိန္ဒိယမှာအစအနတောင်မကျန်ခဲ့တော့ဘူး၊
ယခုအိန္ဒိယနိုင်ငံ၏ကြွေးမြီကိုပြန်ဆပ်ဖို့အချိန်ရောက်လာပြီ”

ဆရာကြီးဦးဂိုအင်ကာသည်သူ၏ဂုရုဆရာကြီးဦးဘခင်ထ
ံ(၁၄)နှစ်ကြာမျှဝိပဿနာတရားများပွားများအားထုတ်ခဲ့သည်။
(၁၉၆၆)ခုနှစ်တွင်ဆရာကြီးဦးဘခင်ကဦးဂိုအင်ကာအား
အစဉ်အလာအရဆင်းသက်လာသောတရားဝင်ကမ္မဋ္ဌာနာစရိယတရားပြဆရာအဆင့်
တိုးမြှင့်ခန့်အပ်ပြီးလျှင်မြန်မာနိုင်ငံမှအဖိုးအန ဂ္ဃထိုက်တန်သည့်ဝိပဿနာဝါသနာကိုအိန္ဒိယနိုင်ငံပြန်ယူသွားပြီး
အိန္ဒိယနိုင်ငံအပေါ်တင်ရှိသောကြွေးမြီကိုပြန်ဆပ်ရန်မဟာတာဝန်ကြီးလွဲအပ်ခဲ့သည်။

(၁၉၆၉)ခုနှစ်တွင်ဦးဂိုအင်ကာသည်မိခင်ကြီဲးပြင်းစွာနာမကျန်းဖြစ်နေကြောင်းကြေးနန်းရသဖြင့်
အိန္ဒိယပြည်၊မွန်ဘိုင်း(ဘုံဘေ)မြို့သို့ရုတ်တရက်ထွက်ခွာသွားရသည်။

မင်္ဂလာဒုံလေဆိပ်တွင်ထုံးစံအတိုင်လူဝင်မှုကြီးကြပ်ရေးဋ္ဌာနကစစ်ဆေးပြီးသောအခါ
ဦးဂိုအင်ကာသည်အကောက်ခွန်ဋ္ဌာနကောင်တာသို့အစစ်ခံရန်ရောက်သွားသည်။
အကောက်ခွန်အရာရှိမှာသူ၏မိတ်ဆွေဖြစ်သည်။
အကောက်ခွန်အရာရှိကအပြောင်အပြက်သဘောမျိုးနှင့်ရယ်ပြီး
“အဖိုးတတန်လက်ဝတ်တန်ဆာပစ္စည်းများယူလာသေးသလား”ဟုမေးလိုက်လေသည်။
          “ဟုတ်ကဲ့ အဖိုးတန်ရတနာတစ်လုံးပါလာပါတယ်”
ဦးဂိုအင်ကာ၏အဖြေကိုကြားရသောအခါအကောက်ခွန်အရာရှိအံ့အားသင့်သွားသည်။
အကောက်ခွန်အရာရှိသည်ဦးဂိုအင်ကာ၏မိတ်ဆွေဖြစ်သော်လည်းရိုးသားဖြောင့်မှန်သူတစ်ဦးဖြစ်ခြင်းကြောင့်
သူ၏တာဝန်ဝတ္တရားကိုလျစ်လျုရှု၍မဖြစ်တော့ပေ။
ဦးဂိုအင်ကာ၏ပစ္စည်းများကိုမွှေနှောက်ရှာဖွေရလေတော့သည်။
နောက်ဆုံးအဖိုးတန်ဘာပစ္စည်းမှရှာမရသည့်အတွက်အကောက်ခွန်အရာရှိအကြံအိုက်သွားလေသည်။
ထိုခါကျမှဦးဂိုအင်ကာကရှင်းပြလေသည်။
          “မိတ်ဆွေမြန်မာနိုင်ငံကကျုပ်ယူသွားမယ့်ရတနာက
မြန်မာနိုင်ငံကအိန္ဒိယနိုင်ငံကိုဆပ်စရာရှိတဲ့အကြွေးကိုပြန်ဆပ်ဖို့ယူသွားတဲ့ရတနာပါ၊
အဲံဒီရတနာပာာမူလကအိန္ဒိယကယူလာတဲံရတနာဖြစ်တယ်၊
အခုအဲ့ဒီရတနာကိုအိန္ဒိယနိုင်ငံအတွက်ပြန်လိုအပ်နေတယ်၊
ဒီရတနာကိုမြန်မာနိုင်ငံကယူသွားတဲ့အတွက်မြန်မာနိုင်ငံဆင်းရဲမသွားပါဘူး၊
ကျုပ်ယူသွားတဲ့ရတနာကတခြားမပာုတ်ဘူး၊ဓမ္မရတနာပါ”
အကောက်ခွန်အရာရှိကရယ်တော့သည်။
“ဒီလိုလား..ယူသွားပါ၊ယူသွားပါ၊အိန္ဒိယနိုင်ငံရဲ့အကြွေးကိုပြန်ဆပ်ဖို့အတွက်
အဲဒီရတနာကိုယူသွားတာကျုပ်အများကြီးဝမ်းသာပါတယ်”

(၁၉၆၉)ခုနှစ်ဦးဂိုအင်ကာအိန္ဒိယသို့ရောက်သွားပြီးနောက်
(၁၀)ရက်အတောအတွင်းနှစ်ပေါင်း၂၀၀၀ကျော်ရှည်လျားသောအချိန်ကာလကျော်လွန်ပြီးနောက်
မဇ္ဈိမဒေသအိန္ဒိယနိုင်ငံ၏ပုညဘူမိလယ်ယာမြေကောင်းနယ်မြေဒေသ၌မျှော်လင့်မထားသော
မဖြစ်မြဲထူးကဲသည့်ပထမအကြိမ်ဝိပဿနာတရားစခန်းကိုမွန်ဘိုင်း(ဘုံဘေ)မြို့တွင်၁၉၆၉ခုနှစ်၊ဇူလိုင်လ(၃)ရက်မှ(၁၄)ရက်အထိ ဓမ္မသာလာတစ်ခု၌ဖွင့်လှစ်နိုင်ခဲ့သည်။

ဦးဂိုအင်ကာသည်ကျေးဇူးရှင်မိဘနှစ်ပါးကိုတရားဖြင့်ကျေးဇူးဆပ်ခဲ့သည်။
ညီအစ်ကိုမောင်နှမဆွေမျိုးသားချင်းများနှင့်မိတ်ဆွေသင်္ဂဟများကိုတရားအမွေပေးခဲ့သည်။

ထို့နောက်နေရာအသီးသီးမှဝိပဿနာတရားစခန်းလာရောက်ဖွင့်လှစ်ရန်တောင်းဆိုချက်များ
ရောက်ရှိလာသည်။
(၁၉၇၆)ခုနှစ်တွင်၊အီဂတ်ပူရီ၌၀ိပဿနာဋ္ဌာနချုပ်၊ဓမ္မဂီရိကိုတည်ထောင်နိုင်ခဲ့သည်။

ဦးဂိုအင်ကာသည်အကျဉ်းထောင်နှင့်ပလိပ်အကယ်ဒမီ၌လည်းဝိပဿနာတရားစခန်းဖွင့်လှစ်ခဲ့သည်။
ပူးနားရှိ ယရှဒါ(ခေါ်)အစိုးရအရာရှိသင်တန်းကျောင်း၌လည်းပုံမှန်ဝိပဿနာတရားစခန်းများဖွင့်လှစ်သည်။
အိန္ဒိယပြည်တွင်းနှင့်ပြည်ပနိုင်ငံများမှအစိုးရပေါင်းများစွာတို့သည်
လစာဖြတ်တောက်ခြင်းမရှိဘဲခွင့်ပေးပြီးလျှင်တရားထိုင်ရန်အတွက်သူတို့၏၀န်ထမ်းများကို
တရားစခန်းများသို့ပို့ပေးကြသည်။ယင်းသို့တရားထိုင်သည့်အတွက်အရာရှိများလုပ်ငန်းကျွမ်းကျင်မှုနှင့်တာဝန်သိမှုပိုပြီး ထက်သန်အားကောင်းလာသည်ကိုတွေ့ရသည်။

အိန္ဒိယနိုင်ငံတွင်ဟိန္ဒူဘုရားကျောင်းများ၌လည်းကောင်း၊
ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ၌လည်းကောင်း၊
ဂျိမ်းဘုန်းကြီးကျောင်းများ၌လည်းကောင်း၊
မွတ်စလင်ဗလီများ၌လည်းကောင်း၊
ခရစ်ယာန်ချာ့ခ်ျဘုရားရှိခိုးကျောင်းများတွင်လည်းကောင်း၊တရားစခန်းများဖွင့်လှစ်ခဲ့သည်။

၂၀၀၃-ခုနှစ်စာရင်းအရ ဆရာကြီးဦးဂိုအင်ကာသည်
အိန္ဒိယတစ်နိုင်ငံလုံးတွင်ဝိပဿနာတရားရိပ်သာ(၆၀)ဖွင့်လှစ်ခဲ့သည်။
မြန်မာနိုင်ငံတွင်မန္တလေး၊ရန်ကုန်၊မိုးကုတ်၊ပြင်ဦးလွင်၊မုံရွာ၊ပဲခူး၊သံဖြူဇရပ်၊မအူပင်၊တောင်
ကြီး၊လားရှိုး၊လှည်းကူး၊ကျိုက်ထို၊..စသောမြို့၌ ၀ိပဿနာတရားစခန်း(၁၅)ခုဖွင့်လှစ်ခဲ့သည်။

နိပေါ၊ထိုင်း၊ကမ္ဘောဒီယား၊အင်ဒိုနီးရှား၊မလေးရှား၊အီရန်၊သီရိလင်္ကာ၊အင်္ဂလန်၊ပြင်သစ်၊ဆွစ်ဇာလန်၊စပိန်၊
ဘယ်လ်ဂျီယမ်၊အီတလီ၊ဂျာမန်၊သြစတြီးယား၊လက်တင်အမေရိက၊တောင်အမေရိက၊ကနေဒါ၊အမေရိကန်
စသော..နိုင်ငံ(၂၄)နိုင်ငံတွင်ဝိပဿနာတရားရိပ်သာ(၅၂)ခုဖွင့်လှစ်ခဲ့သည်။

ဆရာကြီးဦးဂိုအင်ကာသည်ယခုအခါနိုင်ငံပေါင်း(၇၀)ခန့်တွင်
ဝိပဿနာတရားရိပ်သာပေါင်း(၁၃၀)ခုဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
ဆရာကြီးဦးဂိုအင်ကာဝိပဿနာတရားရိပ်သာဖွင့်လှစ်ပေးခဲ့သောနိုင်ငံများတွင်ဗုဒ္ဓဘာသာ
နိုင်ငံများ၊ဟိန္ဒူနိုင်ငံများ၊ခရစ်ယာန်နိုင်ငံများမွတ်စလင်နိုင်ငံများ..အစုံပါရှိသည်ကိုတွေ့ရသည်။
အီရန်ရှိမွတ်စလင်ခေါင်းဆောင်ကြီးအာဃာတုလ္လာကိုယ်တိုင်
တရားစခန်းအတော်များများတွင်တရားထိုင်ခဲ့သည်။
ဆရာကြီးဦးဂိုအင်ကာသည် ပဋိပတ္တိသာသနာတော်ကိုတစ်ကမ္ဘာလုံးသို့
အကျယ်ပြန့်ဆုံးသာသနာပြုနိုင်ခဲ့သောပါရမီရှင်ပုဂ္ဂိုလ်မြတ်ကြီးဖြစ်လေသည်။

ပရိယတ္တိသာသနာတော်ကိုလည်းဆရာကြီးဦးဂိုအင်ကာသည်
(၁၉၆၉)ခုနှစ်မှ(၂၀၀၃)ခုနှစ်ထိနှစ်ပေါင်း(၃၄)နှစ်အတွင်းဤသို့ကြီးမားကျယ်ပြန့်စွာသာသနာပြုခဲ့သည်ကို
လေ့လာသိရှိရပါသည်။
ရှေးဟောင်းဝိပဿနာစာပေနှင့်လည်းကောင်း၊
ဝိပဿနာနည်းနိဿရည်းနှင့်လည်းကောင်းသုတေသနအလုပ်လုပ်နိုင်ရန်အတွက်
အီဂတ်ပူရီအနီးတွင် ၀ိပဿနာသုတေသနအကယ်ဒမီတည်ထောင်ထားသည်။

ဗုဒ္ဓဘုရားရှင်၏မူရင်းဒေသနာတော်ဖြစ်သောပိဋကတ်(၃)ပုံနှင့်အဋ္ဌကထာ၊ဋီကာစာမျက်နှာငါးသောင်း
ခန့်ကျယ်ဝန်းသည့်စာပေကိုပါဠိပညာရှင်များအကူအညီဖြင့်
တည်းဖြတ်သုတ်သင်ပြီးလျှင်ကွန်ပြူတာလုံးရေများစွာဖြင့်ရိုက်လျက်နာဂရီအက္ခရာဖြင့်
အတွဲကျမ်း(၁၄၅)တွဲပုံနှိပ်ထုတ်ဝေသည်။
မူရင်းပါဠိကိုမြန်မာအက္ခရာများဖြင့်လည်းပုံနှိပ်လျက်မြန်မာမြန်မာနိုင်ငံပါဠိပညာရှင်များနှင့်
ကျောင်းတိုက်အသီးသီးသို့ဖြန့်ဝေပေးသည်။
ယခုအခါတွင်ပိဋကတ်(၃)ပုံအပြည့်အစုံကိုအင်္ဂလိပ်(ရိုမန်)အက္ခရာဖြင့်ပုံနှိပ်ထုတ်ဝေနိုင်ဖို့ကြိုးစား
အားထုတ်နေသည်။
ပါဠိဘာသာဖြင့်လည်းကောင်း၊
ဟီန္ဒီဘာသာဖြင့်လည်းကောင်း၊
အဓိပ္ပါယ်ဖွင့်ပြခြင်း၊တည်းဖြတ်ခြင်း၊ပုံနှိပ်ထုတ်ဝေ
ခြင်း၊အလုပ်များအပြင်ပိဋကတ်စာပေတစ်ရပ်လုံးကိုစီဒီရွမ်ထဲသွင်းပြီးသုတေသနပြုလုပ်ဖို့အတွက်ရှိ
သင့်ရှိထိုက်သောပရိုဂရမ်များကိုလည်းပြုလုပ်ပြီးဖြစ်ပါသည်။
ပါဠိပိဋကတ်စာပေတစ်ရပ်လုံးကိုဝက်ဗ်ဆိုက်၌လည်းလေ့လာဖတ်ရှု၍ရပြီဖြစ်ပါသည်။

အလွန်တရာကျယ်ပြန့်ကြီးမားလှသောပါဠိစာပေတစ်ခုလုံးကို
ဒေ၀ါနာဂရီ၊ရိုမန်၊မြန်မာ၊ထိုင်း၊သီရိလင်္ကာ၊ကမ္ဘောဒီးယား၊မွန်ဂို၊အဓိကအက္ခရာ(၇)မျိုးဖြင့်..ရှိနေသောပါဠိစာပေကိုကြည့်ရှုလေ့လာပြီးသုတေသနလုပ်နိုင်ကြပြီဖြစ်ပါသည်။
ယခုအခါတွင်အိန္ဒိယနိုင်ငံ၏ဝေဒ၊ဥပနိသျှဒ်၊ပုရာဏ်၊ဆမဂိုထိ၊ရာမာယဏ၊မဟာဘာရတနှင့်
ဂျိန်းအာဂမကဲ့သို့သောကျမ်းစာများကိုလည်း
အက္ခရာအချို့ဖြင့်ရှိနေစေရန်အတွက်ကြိုးစားအားထုတ်နေသည်။
ယင်းအစီအစဉ်ပြုလုပ်ပြီးပါကသုတေသီများအတွက်တစ်ဖက်စောင်းနင်းမဖြစ်စေဘဲ
ကြားကျကျနှိုင်းယှဉ်လေ့လာချက်ပြုလုပ်ခွင့်ရရှိလာကြလိမ့်မည်။

ဆရာကြီးဦးဂိုအင်ကာသည်(၁၉၇၁)ခုနှစ်တွင်ဆရာကြီးဦးဘခင်ကွယ်လွန်ပြီးလပိုင်းအတွင်း
ကမ္ဘာ့သာသနာပြုလုပ်ငန်းများကိုဆက်လက်ထိန်းသိမ်းလုပ်ကိုင်ရန်အတွက်
အိန္ဒိယနိုင်ငံ၊မွန်ဘိုင်း(ဘုံဘေ)မြို့တွင်ဆရာကြီးဦးဘခင်အထိမ်းအမှတ်ရန်ပုံငွေ
(SAYAJI U BA KHIN MEMORIAL TRUST)ကိုဖွင့်လှစ်ခဲ့လေသည်။
မွန်ဘိုင်း(ဘုံဘေ)မြို့၌ငွေကုဋေ(၁၀၀)ကျော်အကုန်အကျခံပြီး(၃၂၅)ပေဉာဏ်တော်အမြင့်ရှိသော
ရွှေတိဂုံစေတီတော်နှင့်ပုံစံတူစေတီတော်တစ်ဆူကိုလည်းတည်ခဲ့သည်။
ယင်းစေတီတော်အတွင်းရှိကျယ်ပြန့်သောအခန်းကြီးထဲတွင်
လူမျိုးမရွေး၊ဘာသာမရွေး၊ယောဂီပေါင်း(၈၀၀၀)နှင့်
ရင်ပြင်ပေါ်တွင်ယောဂီပေါင်း(၂၀၀၀၀)တစ်ပြိုင်တည်းတရားထိုင်နိုင်သည်။

ဆရာကြီးဦးဂိုအင်ကာကလယ်တီဆရာတော်ဘုရားကြီး၊ဆရာသက်ကြီးနှင့်ဆရာကြီးဦးဘခင်တို့၏
အကန့်အသတ်မရှိသော အကြင်နာတရားတို့ကြောင့်
အိန္ဒိယနိုင်ငံသည်တန်ဖိုးမဖြတ်နိုင်သောဓမ္မတရားတော်နှင့်(၄၀)ကာလအတွင်း
ကမ္ဘာ့ဒေသအနှံ့အပြားတွင်ဝိပဿနာတရားတော်ကိုဖြန့်ဖြူးပို့ချပေးခဲ့ကြသည့်သူ
အပေါင်းတို့၏စိတ်တွင်လည်းဆရာကြီးဦးဘခင်အပေါ်ကျေးဇူးတင်သည့်စိတ်များပြည့်လျှံနေမည်ဟု
ဆိုထားပေသည်။
ဆက်လက်ပြီးဆရာကြီးဦးဘခင်နှင့်တကွသူတော်စင်ကြီးများ၏ဂုဏ်ကျေးဇူးတို့ကိုအောက်မေ့
သတိရသောအထိမ်းအမှတ်ကြီးအဖြစ်နှင့်ကြည်ညိုဖွယ်ရာ
ဤကမ္ဘာ့ဝိပဿနာစေတီတော်ကြီးကိုတည်ထားခြင်းဖြစ်ကြောင်း
ဖော်ပြမြွက်ဆိုခဲ့ပါသည်။

ထေရ၀ါဒဗုဒ္ဓသာသနာအတွက်ကမ္ဘာ့ဝိပဿနာတရားပြရာကြီးဦးဂိုအင်ကာ
သက်တော်ရာကျော်ရှည်ပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါသည်။

(ဤဘလော့ခ်ပို့စ်ကိုဆရာကြီးဓမ္မယစရိယဦးဋ္ဌေးလှိုင်၏ဓမ္မဒူတ(ဒု-တွဲ၊တ-တွဲ)နှင့်ဆရာကြီးပါရဂူ
၏၀ိပဿနာစရိယရှရီဆတျနာရာယဏာဂျီ၏အတ္ထုပတ္တိအကျဉ်းစာအုပ်တို့မှကောက်နုတ်ရေးသားပါသည်)

ချမ်းသာပါစေ..
အေးငြိမ်းပါစေ..
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်နိုင်ပါစေ..။


                  လမင်း

Continue Reading | comments

ငရဲပြည်သို့သွားရာ တွင်းပေါက်ကြီး (Door to Hell)

02 July, 2012

ဒီကမ္ဘာပေါ်မှာ ငရဲပြည်ကို သွားတဲ့တွင်းပေါက်ကြီး တစ်ခုရှိနေပါတယ်။ ရုရှားနိုင်ငံ Darvaz မြို့လေးအနီး၊ Uzbekistan မှာရှိပါတယ်။ တွင်းပေါက်ကြီးက ခန့်မှန်းခြေ အချင်း မီတာ(၆၀) နဲ့ အနက် မီတာ (၂၀) လောက်ရှိပြီး ၁၉၇၁ ခုနှစ်ကတည်းက မီးတောက်လောင်နေခဲ့ပါတယ်။ အောက်က ပုံတွေကိုကြည့်ပါ။

Continue Reading | comments

ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ရတနာပစ္စည်း (၅)မျိုး

1. Diamond Bikini by Susan Rosen And Steinmetz: $30 million
ဘီကီနီစိန် ကို စူစန်ရိုစန် က ဖန်တီးထားတာဖြစ်ပြီး (၁၅၀)ကာရက် ရှိပါတယ်။

2. White Diamond by Sotheby’s: $23 millions
စိန်ဖြူကြီး ကို Sotheby လေလံလုပ်ငန်း ကပိုင်ဆိုင်တာဖြစ်ပြီး (၁၀၀.၁)ကာရက် ရှိပါတယ်။ အစပိုင်းက ဒေါ်လာ(၁၆)သန်းနဲ့ ရောင်းခဲ့ပေမဲ့ အခု ဒေါ်လာ(၂၃)သန်း တန်နေပါပြီ။
 
Continue Reading | comments

ကမ္ဘာ တစ်လွှား အံ့သြဖွယ်ရာ ထူးခြား လှပဆုံး ပြတိုက် (၉) ခု




ကမ္ဘာတစ်လွှားရှိ ပြတိုက်တိုင်းလိုလိုပင် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ၊ ရှားပါးသော ယဉ်ကျေးမှု အမွေအနှစ်များ၊ အံ့သြဖွယ်ရာ တင်ဆက်ပြသပုံများ၊ ထူခြားလှပသော အနုပညာ ပစ္စည်းများအပြင် တန်ဖိုးမဖြတ်နိုင်သော ဗဟုသုတများ ပြည့်နှက်လျက်ရှိသည်။ အချို့သော ပြတိုက်များသည် ပြတိုက်တွင် ပြသထားဘော အကြောင်းအရာများ သာမက ပြတိုက် အဆောက်အအုံကပင် ထူးခြားလှပသော အနုပညာ လက်ရာတစ်ခု ဖြစ်နေတတ်လေသည်။
ကမ္ဘာတစ်လွှားရှိ ပြတိုက်များမှ အံ့သြဖွယ်ရာ ထူးခြားလှပဆုံး ပြတိုက် (၉) ခု ကို ဆင်ဟွာ သတင်းဌာနက Nine marvellous art museums in world ဟူ၍ ရွေးချယ် ထားသည်ကို PatheinCity News ပရိသတ်များအတွက် ပြန်လည် ဖော်ပြလိုက်ပါသည်။

1. Salvador Dali Museum in Florida, the United States

http://patheincity.com/news//HLIC/d53989b81a2ce7d6509e8486d17cc7b5.jpg
ဆာလ်ဗေဒို ဒါလီ ပန်းချီ အနုပညာ ပြတိုက် ၊ ဖလော်ရိဒါ ၊ အမေရိကန်ပြည်ထောင်စု
 
Continue Reading | comments

♥...♥¸.•*´`*♥..နှလုံးသားလေး မောလှပီ ချစ်သူ.♥*´`*•.¸♥...♥

♥...♥¸.•*´`*♥..နှလုံးသားလေး မောလှပီ ချစ်သူ.♥*´`*•.¸♥...♥

 

 



♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥

အဖြစ်ပျက်တွေတိုင်းဟာ မယုံနိုင်လောက်အောင် ဖြစ်ပေါ်သွားစေတယ်
တရားခံကို ရှာတော့လည်း လက်သည်မပေါ်ခဲ့ဘူး ဘာကြောင့်လက်သည်
မပေါ်ရတာလဲ ကိုယ့်ကိုကိုယ် ပြန်လည်သုံးသတ် ကြည့်တော့လည်း ။။။။။။
ကိုယ်ပဲခေါင်းကိုက်စေတယ် ဝင်လာလိုက်တာများ ဖြောင့်ဖြောင့် ဖြူးဖြူး
ပါပဲ ပြန်ထွက်သွားလိုက်မှ ဒီနှလုံးသားက သည်းမခံနိုင်လောက်အောင် လဲ
နေကျဉ်စေခဲ့ပီပေါ့ ဆုံမှတ်စ်ခုကို လွဲချောခဲ့တဲ့ ချစ်ခြင်း ဒီလမ်းခရီးမှာတော့
အများက ပျက်ရယ်စရာတွေ ဖြစ်အောင်ဖန်တီး သွားတဲ့ ကိုယ့်ချစ်သူရယ်


Continue Reading | comments

ဖေါ်ဝေါ့ မှရသော ဟာသဗေဒင်လေးပါ

ယုံတဲ့သူငယ်ချင်းတွေရော..
မယုံတဲ့သူငယ်ချင်းတွေရော...ဖတ်ြ
ကည့်ကြပါနော်..ဟဲဟဲ
သူငယ်ချင်းတို့ရေ... ကိုယ့်ရဲ့ကံတရားကို သိချင်တယ်ဆိုရင်တော့...
ဘယ်လိုကြည့်ရမလဲဆိုတာ ပြောပြမယ်... ကိုယ့်ရဲ့ မွေးရက်ကို
ဂဏန်းတစ်လုံးတည်းဖြစ်အောင်ပေါင်းပါ.....
.. ဥပမာ.. သင်သည် ၁၂ ရက်နေ့တွင်မွေးပါက ၃
ဂဏန်းဇာတာရှင်ဖြစ်သည်။ (ဟဲဟဲ.. ဗေဒင်ဆရာလေသံနဲ့ပြောကြည့်တာ...)
ကဲ.. ကိုယ့်ရဲ့ ကံကြမ္မာဘယ်လိုလာမလဲဆိုတာ ကြည့်ကြရအောင်နော် .. ငယ်ချင်းတို့... ဟဲဟဲ
၂ ဂဏန်းသမားများ
သင်သည် ဤနှစ်ဝယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်း၊
နှာပွခြင်းတို့ကို နှစ်ရှည်လများ ခံစားရပေအံ့။
အနှစ်နှစ်အလလထိန်းသိန်းလာသော"လူပျို"
ဘ၀နှစ်မိနစ်တည်းနဲ့ပျက်စီးတတ်၏။


Continue Reading | comments

ကိုယ်တွေ့အင်တာနက် ဟာသများ

ဒီလိုပါဗျာ..။
တစ်နေ့ ကိစ္စရှိလို့ မြို့ထဲ အသွား သူငယ်ချင်းတစ်ယောက်က ကျွန်တော် ကို ဖုန်းလှမ်းဆက်တယ်..။

" ဟေ့ကောင် online တတ်ခဲ့ဦး..."

တဲ့။ ဒါနဲ့ ပြန်ပြောလိုက်တယ်..

" ဟာ..အိမ်မှာ မဟုတ်ဘူးကွ..မြို့ထဲရောက်နေတယ် "

ဆိုတော့..

" ရောက်ရာ အရပ်က တတ်ခဲ့ကွာတဲ့.."။


Continue Reading | comments

Window Player နဲ့ နားထောင်တဲ့ သီချင်းတွေကို Gtalk မှာ ပြမယ်

စာရေးဖို့တော့ နည်းပညာက ရပြီဆိုပေမယ့် ခေါင်းစဉ်ပေးဖို့တော်တော်လေး စဉ်းစားယူရတယ် ။
နည်းက ခပ်ဆန်းဆန်းလေးပါ ။ သူများရေးတာလည်း မတွေ့သေးတာမို့ ရေးလိုက်ကောင်းသားလို့ အတွေးပေါက်တာနဲ့ ခေါင်းစဉ်ကို ခပ်သွက်သွက် စဉ်းစားပြီးရေးလိုက်ကြောင်းပါ ။ ခေါင်းစဉ်အတိုင်းပါပဲဗျာ ပိုစ့်ကတော့ ။ လုပ်နည်းက လွယ်ကူတာမို့ ၈ျီတော့ ရှိသူတို့ စမ်းကြည့်နိုင်ပါတယ် ။

ပထမဆုံး window player ကို ဖွင့်လိုက်ပါ ။ option ကို ဖွင့်လိုက်ပါ ။ tool >option ပါ ။ plug ins ကို နိပ်လိုက် ။ ပြီးတော့ background ကို ထပ်နိပ် ။ အဲဒီမှာ Google Talk music plugin ကို အစက်ဖြည့်ပေးပြီး OK ပေါ့ ။ ပြီးပြီ window player ပြင်တဲ့အပိုင်း ။ ပုံနမူနာကြည့်လိုက်ပါ ။


Continue Reading | comments

အနာဂါတ်ဇာနည်များသို့

ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသလိုပင် ( အနာဂါတ်ကာလသည် လူငယ်တို့ ပိုင်စိုးသည် ဟူသောစကားသည်မှန်သကဲ့သို့ ပစ္စုပ္ပန်အ ချိန်သည်လည်း လူငယ်တို့၏တာဝန်ဖြစ်သည်ဟု ဆိုလျှင်မမှားပေ  (ဗိုလ်ချုပ်အောင်ဆန်း)
                   ဇာတ်ပွဲမှ လူရွှင်တော်များပျက်လုံးထုတ်သလိုပင်---
“ကြွလာကြသော ပရိသတ်တွေထဲက လူကြီးတွေကိုဘေးဖယ်ထားပြီး လူငယ်တွေကိုကန်တော့လိုက်ပါ တယ်”
            လူရွှင်တော်တစ်ယောက်က “ဟေ့ လူငယ်ငယ်တွေဘေးဖယ်ထားပြီးလူကြီးတွေကိုကန်တာ့ ရမှာလေ မင်းဟာကမှားနေပြီ ” 
              “ဟာ…မမှားပါဘူးကွာ လူကြီးတွေက မင်းတို့ ငါတို့လိုဟာတွေ ဘာမှဖြစ်လာတော့မှာ မဟုတ်ဘူး၊ လူငယ်တွေက နောင်တစ်ချိန် နိုင်ငံကျော် ကမ္ဘာကျော်ပုဂ္ဂိုလ် ကြီးတွေ ရဟန္တာဖြစ်မလား၊ ဘုန်းကြီးဖြစ်မလား၊ ဆရာတော်ကြီးတွေဖြစ်မလားမသိဘူး ဒါကြောင့် ကြိုကန်တော့ထားတာ”
            လူရွှင်တော်များရဲပျက်လုံးဟာ ရယ်စရာလို့ထင်ပေမဲ့ တကယ်တမ်းတွေးကြည့်ရင် လူငယ်ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးကြောင်းကို တင်ပြသွားခြင်းဖြစ်ပါသည်။ လူငယ်တို့ကို နောင်တစ်ခေတ်၏ တိုင်ပြည်ခေါင်းဆောင်များဟု ဆိုနိုင်ပါသေးသည်။ သို့ပေငြားလည်း ဘာကိုမှမလုပ်ဘဲနေလျှင် ဘာမျှပင် ဖြစ်လာမည်မဟုတ်ပေ။  
 
Continue Reading | comments

ကမ္ဘာ့ အံ့သြဖွယ် တွင်းပေါက်ကြီး (၇)ခု

(၁) ဆိုက်ဘေးရီးယား မှ Mirny စိန်မိုင်းတွင်းကြီး
၅၂၅ မီတာ နက်ပြီး ၁၂၀၀ မီတာ ကျယ်တယ်၊ အဲဒီအပေါ်က ဟယ်လီကော့(ပ)တာ ပျံလို့မရဘူး၊ စုပ်ယူခံရတယ်။





(၂) တောင်အာဖရိက မှ ကင်ဘာလီ စိန်မိုင်းတွင်းကြီး
၁၀၉၇ မီတာနက်ပြီး စိန်(၃)တန်ကျော် ထုတ်ယူနိုင်ခဲ့ပါတယ်။
Continue Reading | comments

ကိုယ့်ချစ်သူကိုတကယ်ချစ်မချစ်စစ်ဆေးရန်(၁၀)ချက်

နံပါတ်(၁)
ချစ်သူနဲ့တွေ့တဲ့အချိန်စိတ်ချမ်းသာနေလား။
နံပါတ်(၂)
ချစ်သူမကြိုက်တာတွေချစ်သူကယ်ရာမှာရှောင်နေပါသလား။
နံပါတ်(၃)
ချစ်သူမရှိတဲ့အချိန်တခြားကောင်မလေးကိုစိတ်မကစားတာသေချာလား။

Continue Reading | comments

ဝဲနှင်းခူ ယားနာခံစားနေရသူများအတွက်

၁။ဖြစ်လာလျင် လူအများထဲတွင် အနေရခက်သောရောဂါပါ။
၂။မိန်းခလေး လှလှပပ ဖြစ်လျင် လူတောမတိုးရဲတော့ပါ။
၃။ပျောက်ရန်လည်းအတော်ခက်ပါသည်။

Continue Reading | comments

အမေစု ရဲ့ ဥရောပပဖက်ရှင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၃ နှစ်တာအတွင်း
ပထမဆုံး ဥရောပခရီးစဉ် တလျှောက်လုံးမှာ သူရဲ့ သွားလာလုပ်ဆောင်မှု
မှန်သမျှကို မြန်မာပြည်သူတွေ အပါအ၀င်၊ နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်ကြ၊
ကမ္ဘာ့မီဒီယာ၊ မြန်မာ့မီဒီယာတွေက ပုံစံမျိုးစုံနဲ့ တင်ပြကြသလို သတင်းဓာတ်ပုံတွေ
ထွက်ပေါ်လာတိုင်း မြန်မာပြည်သူတွေ အထူးစိတ်ဝင်တစား ပြောဆိုဖြစ်ကြတာကတော့
သူ့ရဲ့ ၀တ်စားဆင်ယင်မှုပါပဲ။

ဥရောပကို ခရီးထွက်တယ်ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်တိုင်းဝတ်စုံတွေ
မ၀တ်ဘဲ ပြည်တွင်းဖြစ် ရိုးရာထည်တွေကိုပဲ ၀တ်ဆင်ခဲ့တာက မြန်မာပြည်သူတွေအတွက်
အားကျစရာ၊ ဂုဏ်ယူဝင့်ကြွား ပြောဆိုစရာ ခေါင်းစဉ်တခုဖြစ်ခဲ့ပါတယ်။



Continue Reading | comments

ဗမာနိုင်ငံ နဲ့ မြန်မာလူမျိုး


မြန်မာ ဆိုတာ လူမျိုးရဲ့နာမည်
 
ဒေါက်တာသန်းထွန်း- မြန်မာသမိုင်းရှာတော်ပုံ စာအုပ် စာမျက်နှာ (၁၀၃- ၁၀၄) တွင်
 
ယခုလိုဖေါ်ပြထားပါသည်။
 
“မြန်မာလို့ခေါ်ရင်အစပထမလူမျိုးကိုပဲခေါ်တာဖြစ်တယ်။ နောက်တစ်နေရာ
 
တစ်နေရာတည်းမှာပဲ မြန်မာတွေအနေကြာတော့
 
သူတို့နေတဲ့ နေရာကိုပါ မြန်မာစု၊ မြန်မာရွာ၊ မြန်မာပြည်လို့ခေါ်တယ်၊ မွန်ကျောက်စာ
 
(ခရစ် ၁၁၀၂ ) ထဲမှာ မြန်မာ ကို မိရ်မာ (မွန်ကျောက်စာ ၉ခ/၄၂၊ဒီ ၂၄၊ အိပ်ခ်ျ ၁၂)
 
လို့ရေးထားတာတွေ့ရတယ်။ ထိလိုင်မင် (၁၀၈၄ – ၁၁၁၃) လက်ထက် နန်းသစ်
 
ဆောက်တဲ့ အခါ မွန်၊ ပျူနဲ့ မိရ်မာ လက်သမားတွေပါတယ်လို့ ဆိုပါတယ်။
 
အဲဒါ မြန်မာနိုင်ငံရဲ့ကျောက်စာတွေထဲမှာ အစောဆုံးတွေ့ရတဲ့ မြန်မာ
 
အကြောင်းပဲဖြစ်ပါတယ်”
Continue Reading | comments
 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger