<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.

ဗုဒ္ဓံ-ဓမ္မံ-သံဃံ

မြန်မာပြက္ခဒိန်

Myanmar Calendar

တေးဂီတ

ဧည့်သည်တော်များ

"ဘ၀တိုင်း မိတ်ဆွေ"

26 September, 2013

Continue Reading | comments

သဘာဝအလှ

Continue Reading | comments

တရုတ်နိုင်ငံ ရဲ့ဘုံကျောင်း တစ်ခုမှာ ဘုန်းကြီးနဲ့အတူ ဘုရားရှိခိုးနေတဲ့ ခွေးလေး

Continue Reading | comments

လူကိုယ်နဲ့ တိရစ္ဆာန်စိတ်

လူကိုယ်နဲ့ တိရစ္ဆာန်စိတ်
• • • • • • • • • • • • • • •
နံနက်ကခမုံဆရာတော် ဟောသွားတယ်မဟုတ်လား။ လူကိုမြင်တာလဲ တကာ
ကြီး၊ (လူပါဘုရား) စိတ်ကရော (တိရစ္ဆာန်ပါဘုရား) တိရစ္ဆာန်စိတ်နဲ့ ငရဲစိတ်နဲ့၊
ပြိတ္တာစိတ်၊ ဦးပဉ္ဖင်းနော် မြင်လိုက်တဲ့အချိန်ခါမှာ သူများက မြင်လို့ရှိရင်၊ အတိတ်
ကလူနံမည် အောင်ထွန်းတဲ့၊ သူများကတော့ အောင်ထွန်းလို့ထင်တယ်။ ဦးပဉ္ဖင်း
ရဲ့စိတ်ကတော့ လောဘစေတနာ ဒေါသစေတနာ မောဟစေတနာ အကြောင်း
သမုဒယသစ္စာ၊ စေတနာလို့တပ်ထားတယ်။ စေတနာလို့တပ်ထားတော့ ဦးပဉ္ဖင်း
က လောဘစိတ်ဖြစ်နေပြီ ဆိုလို့ရှိရင် ပြိတ္တာစိတ်၊ စိတ်ကပြိတ္တာ(ပြိတ္တာပါဘုရား)
ဒေါသဖြစ်နေလို့ရှိရင် ငရဲစိတ် (မှန်ပ) မောဟဖုံးလွှမ်းနေရင် တိရ္ဆာန်စိတ် (မှန်ပ)
ခမုံဆရာတော် ပြောသွားတယ်မဟုတ်လား။ လူတွေကမြင်တာကတော့ တကာ
ကြီးရေ ဦးအောင်ထွန်းရယ်လို့မြင်တယ်။ အဲ...အတိတ်က ၄၆ နှစ်လုံးလုံးစိတ်က
တော့ တကာကြီး၊ တိရစ္ဆာန်စိတ် ပြိတ္တာစိတ် ငရဲစိတ် (မှန်ပ) မြင်တော့ လူကိုမြင်
တယ်၊ စိတ်က တကာင်္ကြး ငရဲ ပြိတ္တာ တိရစ္ဆာန်၊ အဲဒီစိတ်တွေ တကာကြီးရဲ့၊ အဲ
ဒီစိတ်တွေ စိတ်တွေ ဘာလဲတဲ့ အကြောင်းသမုဒယသစ္စာ၊ အကြောင်းသမုဒယ
သစ္စာကို အနာဂါတ်ကာလ အကျိုးတရား ဒုက္ခသစ္စာ၊ (မှန်ပ) ဒါကြောင့် ပုထုဇဉ်
များမြင်တိုင်း ကြားတိုင်း နံတိုင်း ထိတိုင်း သိတိုင်း အကြောင်းသမုဒယသစ္စာဖြစ်
ပါတယ်။ အကျိုးတရား အနာဂါတ်ကံကုန်တဲ့အခါ ဒုက္ခသစ္စာဖြစ်ပါလိမ့်မယ်။

သဲအင်းဂူဆရာတော်
Buddhavasa Tiloka မှ ပြန်လည် မျှဝေလိုက်ပါတယ်...။

“မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း”

“မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း”

(၁) “ဒါနကုသိုလ်”
မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ '' မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား" လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။

(၂) “ဗုဒ္ဓနုသာတိကုသိုလ်”
မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။
အရဟံ - ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ - ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊
အရဟံ - ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။
ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။

(၃) “မေတ္တာကုသိုလ်”
ကြည်လင်နေတဲ့ရေကိုကြည့်ပြီး...
ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။
ဤရေအေးမြသလို သတ္တ၀ါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။
ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။

ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

(၄) “မရဏာနုဿတိကုသိုလ်”
ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ၀င်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီး။

(၅) “အသုဘဘာဝနာကုသိုလ်”
မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာဝနာပွါးလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ်ဖြစ်သွားပါပြီး။

အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပ၀တ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အ၀တ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။

အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက်ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား…လို့စွန့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ။

ကဲ.... စာဖတ်သူအပေါင်းတို့ရေ...
မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေစုဆောင်းထားလိုက်ပါနော်..။

(ဆရာတော်ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ စာအုပ်မှပြန်လည်မျှဝေခြင်းဖြင့် ဒါနကုသိုလ်ပြုပါသည်။)

မြတ်ဗုဒ္ဓအလင်း
Credit.... အင်းလေးမီဒီယာ

ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ

“ သူများအကုသိုလ် ကိုယ့်အကုသိုလ်မဖြစ်စေနဲ့

“ သူများအကုသိုလ် ကိုယ့်အကုသိုလ်မဖြစ်စေနဲ့ ”
••••••••••••••••••••••••••••••••••••••••
ဒီစကားလုံးကိုမိုးကုတ်ဆရာတော်ဘုရားကြီး
အသုံးပြုခဲ့တာဖြစ်ပါတယ်။

သူတစ်ပါးအချိုးမကျတာ၊ သူတစ်ပါး
အပြောအဆိုအနေအထိုင်မတတ်တာတွေကို
ဘေးကနေကြည့်ပြီး အကုသိုလ်ပွားနေတဲ့
သူတွေဟာ“ သူများအကုသိုလ်ကိုယ့်အကုသိုလ်
ဖြစ်အောင်လုပ်နေသူတွေသာဖြစ်ပါတယ်။”

နေ့စဉ်မြင်သမျှကြားသမျှတွေ့သမျှ
အလာကားရရင် ရသလောက်ယူနေတဲ့
အကုသိုလ်တွေဘယ်လောက်များနေပြီလဲဆိုတာ
ကိုယ့်ကိုကိုယ်စီစစ်ဖို့ကောင်းပြီ။

- အရှင်ဝိလာသဂ္ဂ ( ဗောဓိမြိုင်သစ္စာရွှေပြည်ဆရာတော်)

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

. အတုမရှိ အတူမရှိ

. အတုမရှိ အတူမရှိ 

ဘာသာတရားဆိုတာ လူတိုင်းအတွက်
သိပ်အရေးကြီးပါတယ်
မိရိုးဖလာ သဘောကို လက်မခံပါနဲ့
မိဘက ဗုဒ္ဓဘာသာမို့လို့ ကိုယ်က
ဗုဒ္ဓဘာသာဖြစ်ရတယ်
မိဘက ခရစ်ယာန်ဖြစ်လို့
မိဘက မူစလင်ဖြစ်လို့ အဲဒီဘာသာကို
ကိုးကွယ်လိုက် ရတယ်ဆိုတာမျိုး
မဖြစ်သင့်ပါဘူး
ကိုယ်ကိုးကွယ်နေတဲ့ဘာသာတရားကို
မှန် မမှန်စစ်ဆေးသင့်ပါတယ်
လောကမှာ စစ်မှန်တဲ့အရာတိုင်းက
အစစ်ဆေးခံနိုင်ပါတယ်
ဟောပြောချက်တစ်ခုကို
ဖြစ်နိုင် မဖြစ်နိုင် ယုတ္တိရှိ မရှိ
ကိုယ်ဥာဏ်နဲ့ကိုယ် စဉ်းစားဝေဖန်ကြည့် သူပြောတဲ့အတိုင်းလိုက်နာ ကျင့်သုံးကြည့် ကိုယ်ရော သူပါအကျိုးရှိတယ် ပညာရှိ သူတော်ကောင်းတွေလည်း ချီးမွမ်း
သဘောကျတယ်ဆိုရင် လက်ခံကျင့်သုံးလိုက်ပေါ့
ဒါက ဘာသာရွေးချယ်ပုံကို ဘုရားရှင်
ကာလာမသုတ်မှာ ဟောခဲ့တာပါ

ဗုဒ္ဓဘာသာမှတစ်ပါး ဘယ်ဘာသာမှ
ငါပြောတာလည်းမယုံနဲ့ မင်းကိုယ်တိုင်
လိုက်နာကျင့်သုံးကြည့် အကျိုးရှိတယ်ဆိုမှ လက်ခံလို့ပြောတာမျိး
မကြားဖူးပါဘူး
တော်တော်များများက အမေးမခံပါဘူး
ဇွတ်မှိတ်ယုံကြည်ခိုင်းပါတယ်
သူများဘာသာက ကျမ်းစာအုပ်တွေ
ဖတ်ခွင့်မရှိပါဘူး
တစ်ခြားဘာသာဝင်တွေလည်း
ကိုယ်ကျမ်းစာအုပ်ကို လာဖတ်လို့မရပါဘူး
ဗုဒ္ဓဘာသာမှာ ဘာမှချုပ်ချယ် ကန့်သတ်ထားတာမရှိပါဘူး ကိုယ်ကိုးကွာ်နေတဲ့ ဘာသာကိုတောင်
မှားသည် မှန်သည်
လွပ်လပ်စွာ ဝေဖန်ပိုင်ခွင့် ပေးထားပါတယ်

ရွှေမှန်ရင် မှတ်ကျောက်တင်ခံနိုင်တယ်
စစ်မှန်တဲ့ဘာသာတရားဆိုရင်လည်း
ဝေဖန်စမ်းသပ်မှုကို ခံနိုင်တဲ့အတွက်
သူငယ်ချင်းတို့လည်း ကိုယ်ကိုးကွယ်နေတဲ့ ဘာသာတရားကို
ဝေဖန်စမ်းသပ် လိုက်နာ ကျင့်သုံပြီးလို့
မိမိသူတစ်ပါး အကျိုးရှိတယ်ဆိုမှ
အဲဒီဘာသာတရားကို ကိုးကွယ်ရင်
ပိုပြီးသဘာဝကျမယ်ထင်ပါတယ်။

ဒီမိုးသဲ။ ။ မှ ပြန်လည် မျှဝေလိုက်ပါတယ်...။
ဦးနရပတိ ဆရာတော်

အရပ်ဆယ်မျက်နှာ မေတ္တာပို့ ”

_/|\_ နမော တဿ ဘဂ၀တော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ _/|\_

“ အရပ်ဆယ်မျက်နှာ မေတ္တာပို့ ”
♠♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠♠

(1) အရှေ့အရပ်၌ရှိသော အနန္တစကြ၀ဠာ
အနန္တသတ္တ၀ါတို့
♦ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
♦ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
♦ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
♦ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

(2) အနောက်အရပ်၌ရှိသော အနန္တစကြ၀ဠာ
အနန္တသတ္တ၀ါတို့
♦ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
♦ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
♦ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
♦ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

(3) မြောက်အရပ်၌ရှိသော အနန္တစကြ၀ဠာ
အနန္တသတ္တ၀ါတို့
♦ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
♦ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
♦ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
♦ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

(4) တောင်အရပ်၌ရှိသော အနန္တစကြ၀ဠာ
အနန္တသတ္တ၀ါတို့
♦ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
♦ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
♦ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
♦ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

(5) အရှေ့တောင်ထောင့် အရပ်၌ရှိသော အနန္တစကြ၀ဠာ
အနန္တသတ္တ၀ါတို့
♦ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
♦ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
♦ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
♦ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

(6) အနောက်မြောက်ထောင့် အရပ်၌ရှိသော အနန္တစကြ၀ဠာ
အနန္တသတ္တ၀ါတို့
♦ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
♦ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
♦ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
♦ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

(7) အရှေ့မြောက်ထောင့် အရပ်၌ရှိသော အနန္တစကြ၀ဠာ
အနန္တသတ္တ၀ါတို့
♦ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
♦ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
♦ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
♦ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

(8) အနောက်တောင်ထောင့် အရပ်၌ရှိသော အနန္တစကြ၀ဠာ
အနန္တသတ္တ၀ါတို့
♦ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
♦ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
♦ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
♦ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

(9) အောက်အရပ်၌ရှိသော ထက်ဝန်းကျင် အနန္တ
စကြာဝဠာ အပါယ်ဘုံသား အနန္တသတ္တ၀ါတို့
♦ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
♦ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
♦ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
♦ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

(10) အထက်အရပ်၌ရှိသော ထက်ဝန်းကျင် အနန္တ
စကြ၀ဠာ အနန္တ နတ်ဗြဟ္မာတို့
♦ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
♦ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
♦ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
♦ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

_/|\_.♠._/|\_.♠._/|\_
Photo Credit To : Original up-loader

မြစ်ကြီးလည်း မခမ်းပါစေနဲ့။
သစ်ပင်ကြီးလည်း မလဲပါစေနဲ့။
ထုံးအိုးကြီးလည်း မကွဲပါစေနဲ့။

✿မြစ်ကြီးလည်း မခမ်းပါစေနဲ့ ဆိုတာ အေးမြတဲ့စမ်းရေလို ကြည်ကြည်လင်လင် တသွင်သွင်စီးဆင်းနေတဲ့ မေတ္တာဖြစ်ကြီးကို ဆိုလိုတာလေ။ လူလူချင်း မေတ္တာထားကြ ။ မေတ္တာတရားတွေ ပွားများကြ။ လူလူချင်း မေတ္တာတွေ မခမ်းကြစေနဲ့ဆိုတဲ့ အဓိပ္ပါယ်ပဲ။

✿သစ်ပင်ကြီးလည်း မလဲပါစေနဲ့ တဲ့။ သစ်ပင်ကြီးဟာ အခက်အလက်အရွက်တွေ ဝေေ၀ဆာဆာနဲ့ အရိပ်အာဝါသကိုပေးတယ်။ ထို့အတူပဲ ... ဘုရား တရား သံဃာ ရတနာသုံးပါးရဲ့အရိပ် အာဝါသကောင်းကို ခိုလှုံရလို့လည်း ကြီးပွားချမ်းသာခြင်း ကိုရတယ်။ ဒီအရိပ်အာဝါသတွေကို အမိအရ ခိုလှုံဖို့ လိုသလို၊ အရိပ်အာဝါသတွေကို မဖျက်ဆီးမိဖို့ ကျေးဇူးမကန်းမိဖို့ သတိထားရလိမ့်မယ်။ သစ်ပင်ကြီးကို ခုတ်လှဲပြစ်ခြင်းဟာ အရိပ်အာဝါသကို ဖျက်ဆီးရာရောက်တာပဲ။ ဒါကြောင့် သစ်ပင်ကြီးမလဲအောင် ကြိုးစား ထိန်းသိမ်းကြပါ။

✿ထုံးအိုးကြီး မကွဲပါစေနဲ့ ဆိုတာကတော့ ရိုးရာဓလေ့ ထုံးစံတွေကိုပြောတာပါ။ မိဘဘိုးဘွား လက်ထက်ကတည်းက လိုက်နာကျင့်သုံးလာကြတဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ ကောင်းတွေ မပျောက်ပျက် ရအောင် ထိန်းသိမ်းပြီး ဗုဒ္ဓဘာသာ ဓလေ့ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ နေထိုင်ကြ။

(ရွှေဥမင်ဆရာတော်)

ထေရဝါဒ ဗုဒ္ဓဘာသာဝင်ဖြစ်သော မှ ပြန်လည် မျှဝေလိုက်ပါတယ်...။

ထေရဝါဒ ဗုဒ္ဓဘာသာဝင်ဖြစ်သော မှ ပြန်လည် မျှဝေလိုက်ပါတယ်.
Continue Reading | comments

ဝါးဆစ်ထဲမှထွက်ရှိလာသော ကမ္ဘာ ရှားပါးကျောက်မျက်ရတနာ

14 September, 2013

Continue Reading | comments

ဒီစုံတွဲ ကို သူငယ်ချင်းတို့ဘယ်လိုဘယ်လိုသဘောရလဲ...

Continue Reading | comments

ရင်တွင်းကဗျာလေးပါ

Continue Reading | comments

ဟာသလေးပါ

heeee...
Continue Reading | comments
 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger