<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.

ဗုဒ္ဓံ-ဓမ္မံ-သံဃံ

မြန်မာပြက္ခဒိန်

Myanmar Calendar

တေးဂီတ


ဧည့်သည်တော်များ

ဗေဒင်မေးလို့ရတဲ့ ဆော့ပ်ဝဲလ်လေးပါ !

30 April, 2012



------>နာမည်ရိုက်ထည့်ပြီးတာနဲ့ Go ဆိုတဲ့ စာတန်းလေးကို နှိပ်လိုက်ပါ။
------>ဖဲချပ်လေးတွေပေါ်လာပါလိမ့်မယ်။ အဲဒီထဲက မိမိကြိုက်နှစ်သက်ရာ ဖဲချပ်လေးကို ရွေးလိုက်ပါ။


Continue Reading | comments

တစ်နှစ်အရွယ် ကလေး ကိုယ်ဝန်ဆောင်ခြင်း !ဓါတ်ပုံ


၂၀၀၉ ခုနှစ်တုန်းက အဖြစ်အပျက်လေးပါ !
အင်တာနက်ပေါ်မှာ တက်ပြီး ရှာဖွေကြည့်တော့ တွေ့လို့ ဖော်ပြလိုက်ပါတယ်။
Mengru Kang ဆိုတဲ့ တစ်နှစ်အရွယ် ကောင်မလေးက အမွှာပူး ယောက်ျားလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်ထားတယ်လို့ သိရပါတယ်။ တစ်နှစ်သမီးလေးက ကိုယ်ဝန်လွယ်ထားတယ်ဆိုတဲ့ အကြောင်းကိုသိလိုက်ရတဲ့အချိန်မှာတော့ တရုတ်နိုင်ငံက ဆေးဖက်ဆိုင်ရာ လောက
Continue Reading | comments

အောင်မြင်ချင်တဲ့သူ


စာအုပ်ထုတ်ဝေရေးလုပ်နေတဲ့ လူငယ်တစ်ယောက် က ရင်ဖွင့်နေပါတယ်. .


Continue Reading | comments

gtalk မှ autoreply လုပ်နည်း*

ကိုယ်ကပြန်မပြောနိုင်လို့ပြန်မပြောနိုင်ကြောင်းကို   ကိုယ့်
အကောင့်ကနေ အလိုအလျောက်ပြန်လည်ဖြေကြားပေးမယ့်စနစ်လေးပါ။ အသုံးပြုရတာလည်းရိုးရှင်းပါတယ်။
တော်တော်လေးလည်းအသုံးဝင်ပါတယ်။ဘာ့ကြောင့်ပြောတာလဲဆိုတော့ ဥပမာကိုယ်ကဂျီတော့မသုံးဖြစ်ဘူး
ဆိုပါတော့။ ကိုယ့်သူငယ်ချင်းတွေနဲ့လည်းအဆက်အသွယ်မပြတ်စေချင်ဘူးဆိုရင်  သူတို့အတွက်  မက်ဆေ့ဂ်ျ
ထားခဲ့လို့ရပါတယ်။ ဒီလိုလေးပါ

Continue Reading | comments

အာကာသ ၀တ်စုံနဲ့ လက်ထပ်ပွဲဓါတ်ပုံ


အာကာသ ၀တ်စုံနဲ့ လက်ထပ်ပွဲ
Posted by သက်တန့်ချို
လက်ထပ်မင်္ဂလာပွဲကို ထူးဆန်းတဲ့ပုံစံနဲ့ ဆင်နွှဲလိုပါသလား ။ ဒါဆိုရင်တော့ နမူနာ ပုံစံလေး ဖော်ပြလိုက်ပါတယ် ။ ဒါကတော့ အာကာသထဲမှာ ထက်ထပ်တဲ့ပုံစံလို ၀တ်ဆင်ပြီးလက်ထပ်ကြတာပါ ။ ပျော်စရာ မကောင်းပေဘူးလား ။ နှစ်ယောက်စလုံးက အဖြူရောင်ဝတ်စုံတွေနဲ့ ခေါင်းဆောင်းတွေလည်း ဆောင်းထားသေးတယ် ။ ကဲဒီလိုလက်ထပ်ပွဲလေးဆင်နွှဲကဖို့ရော သူငယ်ချင်းတို့ စိတ်ကူးမိကြရဲ့လား ။





Continue Reading | comments

သောကကင်းအောင် ကြိုးစားနည်း ၁၀ ချက်



သောကကင်းအောင် ကြိုးစားနည်း ၁၀ ချက်



အတွေးခေါ်ပညာရှင် ( ဂျွန်အီးဂျစ်မဆန်) ရဲ့ သောကကင်းအောင် ကြိုးစားနည်း ၁၀ ချက်ကို တင်ပြချင်ပါတယ် . အဲသည့် ၁၀ ချက်အားလုံးကို လိုက်နာနိုင်လျှင် သောကများ ကင်းဝေးစေမှာပါ. . . . ဆယ်ချက် စလုံး မလိုက်နာနိုင်ရင် တောင်မှာ ငါးချက်လောက် လိုက်နာနိုင်ရင်လည်း သောက ကင်းနိုင်ပါတယ်. . . နည်းနည်း လိုက်နာနိုင်လျှင် သောက နည်းနည်းကင်းပါတယ်. . . အပြည့်အစုံလိုက်နာနိုင်ရင်တော့ သောကဆိုတာ ဘယ်လိုလေးလဲဗျာ လို့တောင် မေးမြန်းစုံစမ်းရလိမ့်မယ် ထင်ပါတယ်. . . .


Continue Reading | comments

ခရမ်းသီးဝန် မဟုတ်သော ဦးပေါ်ဦး


"ပေါ်ဦး"
"ခစားလျှက်ရှိကြောင်းပါ ဘုရား"

Continue Reading | comments

မြတ်စွာဘုရားရှင်၏ “ ဦးခေါင်းရိုးတော်ဓာတ်တော် ” ပုံ.


မတ်စွာဘုရားရှင်၏ “ ဦးခေါင်းရိုးတော်ဓာတ်တော် ” ပုံတွေကိုသူငယ်ချင်းတို့ဖူးမြှော်စေခြင်တာနဲ့တင်ပေးလိုက်ပါတယ်ဗျာ..
ဖူးမြှော်ကြတဲ့ သူငယ်ချင်းတွေ ကောင်းကျိုးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေဗျာ...

   “ မြတ်စွာဘုရား၏ “ ဦးခေါင်းရိုးတော်ဓာတ်တော် ” ကို ဟောင်ကောင်တွင်အပူဇော်ခံနေပုံ.”
 
Continue Reading | comments

တမ်းတမိသည် ဟိုအတိတ်ဆီ

ဒီလိုလေးတွေ ရင်ဖွင့်ပြောသံလေးတွေနဲ့ တစ်ခါတည်း ကျနော်ပြန်လည်ပြေးမြင် သတိရမိပြန်တာက တစ်ချိန်က တပ်မတော်ကနေ ကလေးမွေးတဲ့ တပ်မိသားစု အတွက်ဆိုရင် ကလေး အတွက်ကို မွေးလာတာနဲ့ အိုဗာတင်း၊ နို့မုန့်၊ သူ့အသက်အရွယ်နဲ့သူ ပေးတယ်။ နောက် ကလေးအနှီးဆိုတာလည်း ပေးသေးတယ်။ ပေးတာတွေကလည်း ဒီနေ့ခေတ် အပြင်မှာ ရောင်းနေတဲ့ တရုတ်ကလာတဲ့ အပေါစားတွေမဟုတ်ဘူး။ တကယ့်ကို အကောင်းစားတွေပါ။ အပြင်က သာမန်အလတ်တန်းစား လောက်ကတော့ ယှဉ်လို့ရတယ်။ ခုတော့ ကျနော်တို့မှာ အခြားတိုင်းပြည်များက ပိုကောင်းလာမယ့် အနာဂတ်ကိုမျှော်လင့်နေကြချိန်မှာ ကျနော်တို့က အတိတ်ဟောင်းကို ပြန်တမ်းတနေရတာဟာ ပြောင်းပြန်ဖြစ်နေတယ်လို့ ဘယ်သူတွေများ တွေးမိသလဲလို့ ကျနော် စဉ်းစားမိတယ်။

ရှေးခေတ် မြန်မာ့တပ်မတော်မှ စစ်သည်ရဲဘော်များအား တွေ့ရပုံ
နောက်.. ကျနော်တို့ တပ်မတော်သားတွေ တလွဲဂုဏ်ယူနေကြတာလေး တစ်ခုရှိတယ်။ အဲဒါကတော့ တခြားတော့မဟုတ်ပါဘူး။ ငါတို့တပ်မတော်က ဘာမှမရှိဘဲ ငါတို့တွေ ဘာမှအကျိုးခံစားခွင့် မရှိဘဲ တာဝန်ထမ်းဆောင် နေကြတာဖြစ်တယ် ဆိုတာပါဘဲ။ ဒါကိုလည်း အထက်လူကြီးများက ဖြည့်ဆည်းပေးဖို့ မတွေးကြဘဲ သူတို့ တွေရတဲ့ခံစားခွင့်ကြတော့ သူ့အဆင့်နဲ့သူတဲ့။ ဘယ်ရဲဘော်ကမှလည်း ဗိုလ်ချုပ်တစ်ယောက်လို ကားနဲ့တိုက်နဲ့ ဆိုတာကိုမမျှော်လင့်ပါဘူး။ စာရေးဆရာတစ်ယောက်ရဲ့ စာအုပ်ထဲမှာတော့ ဖတ်ဖူးပါတယ်။ ဘယ်သူကမှ အ လှမ်းကွာဝေးတဲ့သူကို မနာမလိုပါဘူးတဲ့။ သူတို့ရဲ့ ဘဝတွေကိုလည်း မမျှော်လင့်ပါဘူးတဲ့။ ကိုယ်နဲ့ ထိုက်တန်ရာ ကိုယ့်ပတ်ဝန်းကျင်ကိုပဲ စံထားပါတယ်လို့ ဆိုထားပါတယ်။ ကျနော်ဟုတ်မဟုတ်ကို ပြန်တွေးကြည့်တယ်။ ဟုတ်တယ် ကျနော်တို့က ခံစားခွင့်ဘာညာပြောနေလို့ ဗိုလ်ချုပ်တွေ ဗိုလ်ချုပ်ကြီးတွေရနေတဲ့ အကျိုးခံစားခွင့်တွေကို ပြောနေခြင်း မဟုတ်ဘူး ဆိုတာပါဘဲ။ ကျနော်တို့ပြောနေသော ခံစားခွင့်ဆိုတာမှာလည်း အဆင့်လိုက် အဆင့်လိုက်ရဲ့ ခံစားခွင့်များကို ပြောနေခြင်းပါ။ ထိုခံစားခွင့်က လူတစ်ယောက်အတွက် ဖူလုံမှုရှိတယ် အနည်းငယ်မျှ ပိုလျှံမှုရှိတယ် ဆိုရုံလေးကိုသာ ကျနော်တို့ ပြောဆိုနေခြင်းဖြစ်ပါတယ်။ ဒါကို ငါတို့တပ်မတော်က ငါးပိစားပြီး တိုက်တဲ့ တပ်မတော် သူများတပ်မတော်တွေလို ချောကလက်စားရမှ တိုက်တဲ့တပ်မတော် မဟုတ်ဘူးတဲ့။ သိပ်ကိုဝမ်းနည်းဖို့ကောင်းတဲ့ စကားတွေပေါ့။ လွဲနေလိုက်တာများနော်။ အဲဒီစကားကို ပြောနေကြတဲ့ ဗိုလ်ချုပ်ကြီးများကကော တစ်ချိန်က သူတို့တွေ အရာရှိငယ်ဘဝတွေက သူတို့ရခဲ့တဲ့ အခွင့်အရေးတွေနဲ့ ယနေ့ခေတ် အရာရှိငယ်များနဲ့ ရဲဘော်များ ရနေကြတဲ့ အခွင့်အရေးများ ဘယ်လို ကွာဟနေတယ်ဆိုတာကို မသိလေရော့ သလားလို့လည်း စဉ်းစားမိပါတယ်။
Continue Reading | comments

ရှစ်လေးလုံး ဖြစ်ရပ်မှန် ကိုယ်တွေ့ဆောင်းပါး

ကျွန်တော်တို့လည်း ပြည်သူတို့၏ လှိုက်လှဲစွာ ကြိုဆိုမှုကို မဖော်ပြနိုင် လောက်အောင် ကြည်နူး ၀မ်းသာမိ ကြသည်။ ဒီလို ချီတက်လာရင်း အင်းစိန် ရန်ကုန်လမ်းမကြီးပေါ်သို့ ခြေချမိကြပြီ။ (လမ်းကျယ် ဖြစ်သောကြောင့်) ပထမတော့ လူတွေ ခပ်ဝေးဝေးမှသာ လက်ခုပ်သြဘာ ပေးကြသည်။ နောက်ဘယ်လိုက ဘယ်လို အနားရောက် လာကြသည်မသိ၊ လမ်းတဖက် တချက်တွင်လူတွေ ပြည့်လာသည်။ အချို့ ကိုယ်ပိုင် ကားစီးသူများက ကားကိုရပ်ပြီး ကျွန်တော်တို့ နီးလာတော့မှ ကားထဲမှထွက်ပြီး လှိုက်လှဲ ၀မ်းသာစွာ နီးစပ်ရာ တယောက်ချင်းကို လက်ဆွဲ နှုတ်ဆက် ကြိုဆိုသည်ကို ထူးကဲစွာကြုံတွေ့ ရသည်။ သပိတ်နားသည့် နေ့လား၊ စောသေး လို့လားမသိ၊ လမ်းအပေါ်တွင် ချီတက် လာသည်မှာ ကျွန်တော်တို့ လေတပ် တစ်ဖွဲ့တည်းသာ ထူးထူး ခြားခြား ဖြစ်နေသည်။

ကျွန်တော်တို့ကို ၀မ်းသာအားရ ခုန်ပေါက် ကြိုဆိုနေသော လူထုကြီးသည် လမ်းဘေးဝဲယာ တဖက်တချက်တွင် ပြည့်ကြပ်ညှပ်နေသည်။ (ပိုပြောသည် မထင်လိုက်ပါနှင့်၊)၊ သြော်….စစ်သားချင်း တူပေမဲ့ ပြည်သူ ကြည်ဖြူသည့် သူနှင့် မကြည်ဖြူသည့်သူ မည်သို့ ကွာခြား သွားသည်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရပါကလား။ ကမာရွတ် မြို့နယ်ထဲ ၀င်လိုက်သည်နှင့် ကျွန်တော်တို့ကို ပန်းစည်းများနှင့် ကြိုဆိုနေသော တက္ကသိုလ်ကျောင်းသူ ကျောင်းသားအုပ်ကြီးကို လမ်းဘေးဝဲယာ တဖက်တချက်တွင် တွေ့လိုက် ရသည်။ ချက်ချင်းဆိုသလို ၀ဲယာ တဖက်တချက်မှ ကျောင်းသူ များက အတွင်းစည်း ကျောင်းသားများက အပြင်စည်းယူလျက် လက်ချင်း ဆက်ကာ ကျွန်တော်တို့ ရဲဘော်တတွေကို အလယ်မှ လိုက်ပါစေပြီး မန္တလေးဆောင် ရောက်သည်အထိ စောင့်ရှောက် ခေါ်ဆောင်သွား ကြသည်။ ကျွန်တော့် စစ်သက် တလျှောက် သည်လိုကြိုဆိုမှုမျိုး မကြုံဖူးခဲ့။ မိုးဟိန်း၊ မိုးသီးဇွန်နှင့် အခြားအမည်မသိ ကျောင်းသား ခေါင်းဆောင်များက တစ်ဦးပြီးတစ်ဦး စင်မြင့်ပေါ်တက်ကာ ကျွန်တော်တို့ ပူးပေါင်း လာသည့်အတွက် မည်မျှအားတက် ၀မ်းသာသည်တို့ကို မငြီးငွေ့အောင် ပြောသွားနိုင်သည်။ ပြည်သူအားလုံး တပ်မတော် (လေ) နှင့်အတူ ချီတက် ဆန္ဒပြကြရန် လိုက်လံနှိုးဆော်နေပြီ ဖြစ်ကြောင်း ပြောသည်။

Continue Reading | comments

ကမ္ဘာကျော် ဘောလုံးသမားကြီးများ၏ဖြစ်ပုံ

29 April, 2012

ကမ္ဘာကျော်တဲ့  ဘောလုံးသမားတွေတဲ့ဗျာ  ...ခိခိ..ကြည့်ကြပါအုံး  ဖြစ်နေလိုက်ကြတာ
ဟတ်ဟတ်....ရယ်စရာ
Funny moment in soccer
 
 
လမင်း
 
 

နှလုံးအိမ်ထဲက ချစ်တဲ့အလုပ်ရှင်

 

Best Blogger Tips
လူတစ်ယောက် သူ့အလုပ်ရှင်ဆီကို ဖုန်းခေါ်တယ်။
ဒါပေမယ့် အလုပ်ရှင်က ဖုန်းမကိုင်ဘဲ သူ့မိန်းမက ဖုန်းလာကိုင်တယ်။
“လွန်ခဲ့တဲ့ အပတ်က သူသေသွားလို့ ငါကြောက်တယ်” သူမက ရှင်းပြတယ်။
ထိုသူက နောက်နေ့မှာလဲ ဖုန်းထပ်ခေါ်တယ်။ အလုပ်ရှင်ကို မေးတာပေါ့။
“ငါပြောမယ်…လွန်ခဲ့တဲ့အပတ်က သူသေပြီ” မိန်းမက ပြန်ပြောတယ်။
နောက်ရက်ကျတော့ ထပ်ခေါ်ပြန်တယ်။ သူ့အလုပ်ရှင်နဲ့ တစ်ကြိမ်လောက် စကားပြောပါရစေတဲ့။
ဒီအချိန်မှာ မိန်းမဖြစ်သူက ၀မ်းနည်းပက်လက်ဖြစ်လာပြီး အော်ပြောတယ်။
“ငါ…မင်းကို နှစ်ကြိမ်ရှိပြီပြောတာလေ။ ငါ့ယောက်ျား…မင်းတို့ရဲ့အလုပ်ရှင်။
လွန်ခဲ့တဲ့အပတ်က သေပြီလေ။
ဘာကြောင့် ဖုန်းဆက်နေရတာလဲ”
သူက ရယ်ရင်း ပြန်ဖြေလိုက်တာကတော့….
“ဒီသတင်းလေး နားထောင်ရတာ နားဝင်ချိုလွန်းလို့ပါ”


In Memory of all those who love their bosses!
A guy phones up his Boss, but gets the bosses wife instead, she explains
"I'm afraid he died last week".
The next day the man calls again and asks for the boss.
"I told you" the wife replies, "he died last week."
The next day he calls again and once more asks to speak to his boss, by
this time the wife is getting upset and shouts,
"I'VE ALREADY TOLD YOU TWICE, MY HUSBAND, YOUR BOSS,
DIED LAST WEEK! WHY DO YOU KEEP CALLING?"
He replied laughing, "I just love hearing it"......... J
(ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
အားလုံးကိုခင်မင်လေးစားလျက်

 

    လမင်း

 

Continue Reading | comments

Computerလေ့လာသူတိုင်းသိထားသင့်တဲ့နည်းလေးတစ်ခု



 အထက်ကလိုပုံလေးတွေလုပ်ချင်တဲ့အခါအသုံးပြုရတဲ့နည်းလေးတစ်ခု
ပြောပြချင်ပါတယ်လူတော်တော်များများသတိမထားမိကြဘူးဘာဆော့
ဝဲမှာသုံးစရာမလိုဘူးလုပ်နည်းက........
၁။ Paint ကိုဖွင့်(Paint ဆိုတာကတော့ကွန်ပျုတာတိုင်းမှာပါရှိပါတယ်
    လေ့လာခါစသူတွေကတော့သုံးဖူးမှာမဟုတ်ပါဘူးအခြေခံလေးတွေ
    ကတော့ Window7မှာ Start ကိုနှိပ် Search မှာpaint လို့ ရေးလိုက်
    P နဲ့ စတာတွေပေါ်လာလိမ့်မယ်WindowXPသမားတွေကတော့လုပ်
    Start=All Programs=Accessoriesဆက်တိုက်သွားလိုက်..ဖွင့်ပြီး
    ရှင်းရှင်းပြောရရင်-အနုတ်ကလေးနဲ့ ပိတ်ထားTaskbar မှာဆင်းနေ
    လိမ့်မယ်)
၂။ ရိုက်ချင်တဲ့ပုံရောက်ရင်Keyboard မှာPrint Screen Sys Rq လို့ 
    ရေးထားတဲ့ခလုပ်လေးပါတယ်အဲဒါလေးနှိပ်လိုက်
Continue Reading | comments

Migraine ဆိုတဲ့ခေါင်းတစ်ခြမ်းကိုက်တဲ့ ရောဂါ

27 April, 2012








Migraine ဆိုတဲ့ခေါင်းတစ်ခြမ်းကိုက်တဲ့ ရောဂါ
မိုက်ဂရိမ်း ဆိုတာ ဘာလဲ ...?

မိုက်ဂရိမ်းဆိုတာ ဦးခေါင်းထဲမှာ အထူးသဖြင့် တစ်ဖက်တည်း ( unilateral ) မှာ အရမ်းပြင်းထန်တဲ့ နှလုံးခုန်သံလိုမျိုး (သို့မဟုတ်) ဦးခေါင်းထဲသို့ အလွန်ပြင်းထန်တဲ့ တုန်ခါမှုမျိုး ဖြစ်ပေါ်နေခြင်း တဒိတ်ဒိတ်၊ တဆစ်ဆစ် ကိုက်နေခြင်းကို ဆိုလိုပါတယ် ။ ဘာတွေနဲ့တွဲပြီး ဖြစ်တတ်သလည်းဆိုတော့ ပျို့ခြင်း ၊ အန်ခြင်း ၊ အလင်းစူးစူးကို မခံနိုင်ခြင်း ၊အသံ အနံ့ စူးစူးတွေကို မခံမရပ်နိုင်ဖြစ်ခြင်း တို့နဲ့ တွဲလာတတ်ပါတယ် ။ ဒီခေါင်းကိုက်တာဟာ ခဏ ခဏ ဖြစ်ပေါ်လေ့ရှိပြီး မိုက်ဂရိမ်းခံစားရလေ့ရှိတဲ့ အသက်အရွယ်တွေမှာတော့ သိပ်ပြင်းထန်လေ့ မရှိပါဘူး ။
အမျိုး အစားများ....။


Continue Reading | comments

ဆေးလိပ်သောက်သူများ အတွက် ဘားဂါး (Buerger) ရောဂါ

ဆေးလိပ်သောက်သူများ အတွက် ဘားဂါး (Buerger) ရောဂါ
ဘားဂါးဆိုတာဘာလဲ ။
 

ဘားဂါးဆိုတာဟာ ခြေထောက်နဲ့ လက်တွေမှာ ရှိတဲ့ သေးငယ်သော သို့မဟုတ် အလယ်အလတ်ရှိသော သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတွေ ယောင်ရမ်းခြင်း နှင့် ပိတ်ဆို့ခြင်းတို့ ခဏခဏ ဖြစ်ပေါ်နေခြင်းကို ဆိုလိုပါတယ် ။ ဒါဟာ ဆေးလိပ်သောက်သုံးခြင်းနဲ့ အလွန်အမင်း သက်ဆိုင်လျက် ရှိပါတယ် ။ ဆေးလိပ် သောက်သုံး သူများအပါအ၀င် ဆေးလိပ်မသောက်ပေမယ့် လည်း ဆေးရွက်ကြီးစားသုံးသူတွေ Tobacco နဲ့ပါတ်သတ်တဲ့ထုတ်ကုန်မှန်သမျှ သုံးစွဲသူတွေမှာ ဖြစ်စေနိုင်ပါတယ် ။
အဖြစ်များစေတဲ့ အချက်တွေ ။
စီးကရက်သောက်သုံးခြင်းဟာ ဘားဂါးကို အဖြစ်များစေတဲ့ အဓိက အချက်ပါ ။ ဆေးလိပ်အရမ်းသောက်သူတွေ ဥပမာ တစ်နေ့ကို တစ်ဗူး နှုန်း သောက်သုံးသူတွေဟာ ဘားဂါးဖြစ်စေဖို့ အခွင့်အလမ်းများသူတွေ ဖြစ်ပါတယ် ။ ဆေးရွက်ကြီး ငုံတဲ့လူတွေ ကွမ်းစားရင်ဆေးရွက်ကြီးထည့်စားသူတွေ လည်း ဘားဂါးရောဂါ ဖြစ်ပွားစေနိုင်ပါတယ် ။ လက်နဲ့လိပ်တဲ့ ဆေးပေါ့လိပ် (ဖက်ကြမ်း) ကိုသောက်သုံးတွေက ဖြစ်ပွားနိုင်ခြေ ပိုများပါတယ် ။ Tobacco မှာပါဝင်တဲ့ ဓါတုပစ္စည်းတွေက သင့်သွေးကြောနံရံတွေကို ထိခိုက်စေပါတယ် ။ သူတို့ကိုရောင်ရမ်းလာစေပါတယ် ။ ဘားဂါးဖြစ်ပွားမှုနှုန်းဟာ ဆေးလိပ်သောက်မှုများတဲ့ Middle East နဲ့ East မှာ ပိုများပါတယ် ။ သင်ဟာ ဆေးလိပ်သောက်သုံးသူ တစ်ယောက် မဟုတ်ခဲ့ဘူး ဆိုရင်တောင်မှ သင့်မှာ ဘားဂါး ဖြစ်နေပြီ ဆိုရင်တော့ ဆေးလိပ်သောက်သူများနဲ့ ဝေးဝေးနေသင့်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ သူတို့ရဲ့ ဆေးလိပ်ငွေ့ကလည်း သင့်ကို ထိခိုက်စေပါတယ် ။
ဘားဂါးရဲ့ ရောဂါ လက္ခဏာတွေ ။



Continue Reading | comments

လိင်တူချ ​င်း ဆက်ဆံ​မှု​နှ​င့် ပတ်သ​က်​၍ ဇန်န၀ါရီလ 12, 2012 7:17pmတွင်A ဖိုး (နှင်းဆီနီ မင်းသားလေး) မှတင်ပြခဲ့ပါသည်


လိင်တူချ ​င်း ဆက်ဆံ​မှု​နှ​င့် ပတ်သ​က်​၍
စာဖတ်သူတို့အတွက် ဗဟုသုတရရှိစေရန် လောကအလှမှ စာရေးဆရာ အတ္တကျော်(http://atkbooks.wordpress.com) အား ဆွေးနွေးပေးပါရန်တောင်းဆိုကာ ဆရာအတ္တကျော်က homosexuality နှင့် ပတ်သက်ပြီး အကျယ်တ၀င့် ဆွေးနွေးသွားခဲ့ပါသည်။
မေး။ ။အမျိုးသားတစ်ဦးက သူ့ကိုယ်သူ လိင်တူချင်းကို နှစ်သက်တဲ့သူဆိုတာကို အသက်ငယ်စဉ်မှာ တင်သိနိုင်သလား ဆရာ။ အသက်ငယ်စဉ်မှာကတည်းက ကိုယ့်ကိုယ်ကို သိနိုင်တာပဲ။ သက်လတ်ပိုင်းအရွယ်ကျမှ လိုင်းပြောင်းသွားတာမျိုးဆိုတာ ဖြစ်နိုင်ပါသလား။
ဆရာအတ္တကျော် ။ ။ ကျွန်တော့်ဆီမှာ ကလေးရပြီး၊ ကလေးတော်တော် အရွယ်ရောက်ပြီးမှ အဲဒီ့လိုင်းကို အပြီး ပြောင်းသွားပြီး သူ့ကိုယ်သူ စက်ဆုပ်နေသူရဲ့ လက်ရေးနဲ့ ရေးထားတဲ့ စာရှိပါတယ်။ အလားတူ စာတွေလည်း ရှိနေတဲ့အပြင် တစ်နေ့က Burnet Institute မှာ Sexuality အကြောင်း ဟောပြောတော့ တက်လာတဲ့ မေးခွန်းတွေထဲမှာ အိမ်ထောင်သည် ဖြစ်ပြီးမှ သည်လိုတွေ လိုင်းပြောင်းကုန်ကြတာ ဘာ့ကြောင့်လဲ ဆိုတဲ့ မေးခွန်းက ငေါငေါကြီး တက်လာပါတယ်။ လိုင်းပြောင်းတာ မဟုတ်ဘူး၊ အပုန်းတွေ ပွင့်လာတာလို့သာ ကျွန်တော် ဖြေခဲ့ပါတယ်။ (အဆိုပါ ဟောပြောချက်ကို https://atkbooks.wordpress.com/2011/02/24/talking-about-sexuality/ တွင် နားဆင်နိုင်ပါသည်။) လောကကြီးဟာ တချို့တွေ တွေးသလောက် မဖြောင့်ပါဘူး။ အတွင်းစိတ်ထဲမှာ ငုပ်နေတဲ့ ခုခံမှု ယန္တယားရဲ့ အလုပ်လုပ်ပုံကလည်း အလွန် ပွေလီလှပါတယ်။

Continue Reading | comments

နှာခေါင်းသွေး လျှံခြင်း



နှာခေါင်းသွေး လျှံခြင်းဆိုတာဟာ နှာယောင် nostrils တလျောက် မှ သွေးတွေစီးကျလာခြင်းကို ဆိုလိုပါတယ် ။ နှာခေါင်းသွေး လျှံခြင်း ၂ မျိုး ရှိပါတယ် ။ တစ်မျိုးကတော့ အရှေ့ပိုင်း anterior လို့ခေါ်ပြီး သူကတော့ အဖြစ်များပါတယ် ။ နောက်တစ်မျိုးကတော့ အနောက်ပိုင်း posterior လို့ခေါ်ပါတယ် ။ သူကတော့ အဖြစ်နဲလေ့ရှိပြီး ဆေးကုသမှုလိုအပ်တဲ့ အမျိုးအစားမျိုး ဖြစ်ပါတယ် ။ တခါတရံ အလွန်ဆိုးဝါးပြင်းထန်တဲ့အခါမှာ သွေးတွေဟာ နှာတွင်းမျက်ရည်လမ်းကြောင်း nasolacrimal duct မှထွက်ရှိလာပြီး မျက်လုံးကနေတောင် သွေးတွေထွက်ရှိနိုင်ပါတယ် ။ သွေးတွေနဲ့ ခဲနေတဲ့သွေးတွေဟာ အစာအိမ်ထဲကို ရောက်ရှိနိုင်ပြီး ပျို့တာတွေ အန်တာတွေ ဖြစ်လာနိုင်ပါတယ် ။ ဒီကနေတဆင့် သေနိုင်တာကတော့ ရှားပါးပြီး ၁၉၉၉ ခုနှစ်မှာ U.S မှာ ၂.၄ မီလီယံ သေဆုံးမှုမှာ ၄ ယောက်သာလျှင်တွေ့ရပါတယ် ။


Continue Reading | comments

အသည်းဆိုသော ထိုအရာ

23 April, 2012

ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခု၊
သူ ဘာအလုပ်တွေလုပ်နေလဲ၊
သူ့ ကို ထိခိုက်စေတာက ဘာတွေလဲ၊
မထိခိုက်အောင် ဘယ်လိုနေထိုင်ရမလဲ...
မိမိခန္ဓာကိုယ်မှာ ရှိတဲ့ အဓိက အစိတ်အပိုင်းတစ်ခုကို သိရှိနားလည်စေဖို့ ၊
ကျန်းမာရေးအသိ ဗဟုသုတ ရစေဖို့  မြန်မာလို ရှင်းလင်းလွယ်ကူအောင် အတတ်နိုင်ဆုံး ကြိုးစား ရေးသားထားပါတယ်။



                အသည်းဆိုတာကို လူတော်တော်များများသိကြပါတယ်၊ အချစ်အကြောင်း ပြောကြပြီဆိုရင် အဲဒီ နာမည်ကို ခဏခဏသုံးကြတယ်။ “အသည်းနှလုံး”ဆိုပြီးတော့ နှလုံးကိုပါ ပူးတွဲ ထည့်လိုက်ကြသေးတယ်။ တကယ်တမ်းကျတော့ ချစ်တယ်ဆိုတဲ့ ခံစားမှုကို အသည်းက မပေးတတ်ပါဘူးဗျာ။
                အသည်းက အချစ်အတွက်သာ မခံစားတတ်တာ၊ လူတွေအတွက်တော့ မရှိမဖြစ်မလိုအပ်တဲ့  အစိတ်အပိုင်းတစ်ခုပဲဗျ။ အသည်းမရှိဘဲ ကျွန်တော်တို့ အသက်ရှင်လို့ မရဘူး။ အသည်းက အဲဒီလောက်ထိကို အရေးပါတဲ့ အင်္ဂါအစိပ်အပိုင်းတစ်ခုပေါ့ဗျာ။ အသည်းကသာ ကျွန်တော်တို့အတွက် လိုအပ်တာ၊ ကျွန်တော်တို့ကတော့ဖြင့် အသည်းကို အလေးတောင်ထားကြတာမဟုတ်ဘူး။ အသည်းအကြောင်းကိုလည်း သိပ်မသိကြဘူး။


Continue Reading | comments

ကမ္ဘာ့ပညာရှင်တို့ မျက်လုံးထဲက ဗုဒ္ဓဘာသာ


            ဗုဒ္ဓဘာသာသည် လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ခန့်ကပင် လူသားထုကို အသိဥာဏ်အလင်းရရှိစေခဲ့ပြီး အနှောင်အဖွဲ့နှင့် ဥပါဒါန်    အစွဲများမှ လွန်မြောက်စေသည့် သိပ္ပံနည်းကျ ဘာသာတရားဖြစ်သည်။ ဘာသာရေးအများစုမှာ တည်ထောင်သူ ဘာသာရေးခေါင်းဆောင် များ ကို ၎င်းတို့၏ နောက်လိုက်များကသာ ချီးကျူးဂုဏ်ပြုကြသော်လည်း ဗုဒ္ဓကိုမူ ယနေ့တတ်သိပညာရှင်တိုင်းက မည်သည့်ဘာသာဝင် မဆို ၎င်းတို့၏ မူလခံယူထားသော ဘာသာကိုပင် အလေးမမူတော့ဘဲ ဂုဏ်ပြုချီးကျူးကြပေသည်။
            ဘာသာတရားရှိသူများသာမက လောကကိုအလေးထားသည့် လွတ်လပ်သော တွေးခေါ်ရှင်ဆိုသူများကပက် ချီးကျူးဂုဏ်ပြု ကြပေသည်။ သမိုင်းကြောင်းအမြင်အရ ဘာသာရေးလွတ်လပ်မှုသာမက လူသားတို့၏ သက်ရှင်ထင်ရှားသော ဆရာဟူ၍ တစ်စုံတစ်ယောက် မျှ မရှိခဲ့ဖူးချေ။ ဘာသာရေးကို ဗုဒ္ဓမပေါ်မီက အချို့သော ဂိုဏ်းဂဏများကသာလျှင် အပိုင်စီးထားကြသည်။ ဗုဒ္ဓသည် လူ့အဖွဲ့အစည်းတွင် လူတိုင်းအတွက် အပိုင်းအခြားမဲ့ တံခါးဖွင့်လှစ်ထားသည့် သမိုင်းဝင် ဆရာတစ်ဆူဖြစ်သည်။ 


Continue Reading | comments

ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ


ကဗျာကိုဖတ်ရတာ ရသတမျိုးပဲ။ ကဗျာထဲက စကားလုံးကလေးတွေက ဘယ်စကားနဲ့မှ မတူဘူး။ လှနေတာကိုး..။ “လ”လို့ ရိုးရိုးခေါ်တာ အသိသားပေါ့။ ဒါပေမယ့် “စန်း” တို့ “သော်တာ” တို့ “ပုဏ္ဏမီ” တို့ … စတဲ့ ကြွယ်ဝတဲ့ စကားလုံးကလေးတွေ ကြားရတော့ စိတ်ထဲမှာ ဆန်းသစ်သွားသလိုလို။

“စန်းယုန်ပွင့်ငယ်
လမ်းကြုံသင့်လျှင် ညာညာမယ်သို့
ချာချာလည် မင့်မောင်ရူးပြီလို့
တိမ်ဦး ဝေယန်စွန်းဆီက
တခွန်းသူ့ကို ပြောလိုက်ပါ
(စန္ဒာရယ်) မောလှပြီလို့”
ဆိုတဲ့ “စာရေးတော်ကြီး ဦးသာဇံ” ရဲ့ ကဗျာကလေးကို ဖတ်လိုက်ရတော့ မျက်ရည်ဝဲချင်သလိုလို၊ ရင်ဖိုချင်သလိုလို ခံစားရတယ်..။

Continue Reading | comments

ကမ္ဘာ့ AIDS တိုက်ဖျက်ရေးနေ့  ပညာပေးရုပ်ပြများ


၁။
လူ့ သွေးထဲမှာ သွေးရည်ကြည်၊ သွေးဖြူဥနဲ့  သွေးနီဥများပါဝင် ဖွဲ့ စည်းထားပါတယ်။ သွေးဖြူဥများက
လူ့ ခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့ ရောဂါပိုးများကို တိုက်ရိုက်တိုက်ဖျက်တာရော အဲဒီရောဂါပိုးနဲ့ သက်ဆိုင်တဲ့ ကိုယ်ခံစွမ်းအား ထုတ်လုပ်ပြီး တိုက်ဖျက်တာရော၊ တိုက်ဖျက်မှုအမျိုးမျိုးနဲ့  ကာကွယ်တားဆီးပါတယ်။




၂။
သွေးဖြူဥထဲမှာ သွေးဖြူဥခေါင်းဆောင်က ဦးဆောင်ပြီး ကျန်တဲ့ သွေးဖြူဥတွေထဲမှာ ကိုယ်တိုင် အသေခံ
တိုက်ဖျက်တဲ့ သွေးဖြူဥများနဲ့ ကိုယ်ခံစွမ်းအား ထုတ်လုပ်ပြီး တိုက်ဖျက်တဲ့ သွေးဖြူဥဆိုပြီး နှစ်မျိုးရှိပါတယ်။
Continue Reading | comments

ဟာသ






ပျော်ရွှင်ပါစေ..


                    လမင်း
Continue Reading | comments

မြတ်ဆရာသို့ 

ကခဂဃ၊ စေ့ငုလှစွာ၊
ချော့ကာတစ်ဖုံ၊ ခြောက်တုံတစ်လှည့်၊
ရေးကွဲ့ တစ်ခါ၊ ကျက်ပါတစ်မျိုး၊
မရိုးမဆန်း၊ ကျောင်းခန်းတွင်းမှာ၊
သင်းရင်ပြရှာ - သင်ဆရာ။
စံတုပြုရ၊ မြင်သမျှကို၊
မသင်မပြ၊ တဒင်္ဂတွင်၊
ရင်မှမှတ်စွဲ၊ ရခဲပညာ၊
တတ်ကောင်းစွာကို၊ နာယူမှတ်သိ၊
မြင်မိတတ်စွာ - မြင်ဆရာ။
သောတအာရုံ၊ ကြားတုံရှိခိုက်၊
အမိုက်အမှောင်၊ လင်းရောင်သာဖုံး၊
ကြားတုန်းမတ္တ၊ ရစွပညာ၊
ကျိုးနှစ်ဖြာကို၊ ကောင်းစွာသုံးတတ်၊
ကြားတုန်းမှတ်တာာ - ကြားဆရာ။
Continue Reading | comments

မမေ့လျော့ခြင်းနှင့်ပတ်သတ်သော အဆိုအမိန့်များ


ပိဋကတ်စာပေတို့၌ အပ္ပမာဒနှင့် ပတ်သက်၍ ထူးခြားသော အဆိုအမိန့်များကို တွေ့ရ၏။ ယင်းတို့မှာ
၁။ မမေ့လျော့ခြင်းသည် မြတ်သော မင်္ဂလာ။
၂။ မမေ့လျော့ခြင်းသည် နိဗ္ဗာန်ရကြောင်းဖြစ်သည်။
၃။ မမေ့လျော့သူတို့သည် မသေတော့ပြီ။
၎။ မမေ့လျော့ခြင်းသည် ကျေးဇူးများသော တရားတစ်ပါးဖြစ်။ စသည်တို့ဖြစ်ပါသည်။
၁။ မမေ့လျော့ခြင်းသည် မြတ်သောမင်္ဂလာ
မြတ်စွာဘုရားရှင်သည် ကြီးပွားချမ်းသာခြင်း၏ အကြောင်းမင်္ဂလာတရားတော်များကို ဟောကြားတော်မူရာတွင် “အပ္ပမာဒေါစ ဓမ္မေသု ဧတံမင်္ဂလ မုတ္တမံ”ဟူသော မင်္ဂလာတရားတစ်ပါးကိုလည်း ထည့်သွင်းဟောကြားတော်မူ ပါတယ်။ယင်း၏ အဓိပ္ပါယ်မှာ ကုသိုလ်တရားတို့၌ မမေ့လျော့ခြင်းသည် မြတ်သော မဂ်လာမည်၏။ဟူပေသည်။
လောကစည်းစိမ်ချမ်းသာ လောကုတ္တရာစည်းစိမ်ချမ်းသာတို့ကို ရရှိခံစားရခြင်းကို မင်္ဂလာရှိသည်ဟုဆိုကြသည်။ ယင်း ချမ်းသာတို့ကို အရင်းအနှီးမရှိဘဲ အလကားရရှိကြ သည်မဟုတ်ပေ။ ဒါန၊ သီလ၊ သမထဝိပဿနာ ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ဆည်းပူးမှု အရင်းအနှီးလိုအပ်ပေသည်။ ယင်းကုသိုလ်တရားတို့ကို ပြုလုပ် ဆည်းပူးရန်မှာ မမေ့မလျော့မှု အပ္ပမာဒတရားနှင့် ပြည့်စုံရပေမည်။ အပ္ပမာဒတရားရှိမှ ယင်းကုသိုလ်တို့ကို ပြုလုပ်ဆည်းပူးပေမည်။ အပ္ပမာဒမရှိဘဲ မေ့မေ့လျော့လျော့နေကြသူများမှာ ကုသိုလ်တရားတို့ကို ပြုလုပ် ဆည်းပူးလိမ့်မည်မဟုတ်ပေ။ထို့ကြောင့် ကုသိုလ်တရားတို့၌ မမေ့မလျော့မှု အပ္ပမာဒတရားကို “မြတ်သောမင်္ဂလာ”ဟု ဟောတော်မူခြင်းဖြစ်သည်

Continue Reading | comments

ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းဖြစ်ပေါ်လာပုံ နှင့် မှတ်တမ်းတင်ခံရသူ မြန်မာနိုင်ငံသား မင်းကွန်း တိပိဋက ဆရာတော် ဘုရားကြီး အကြောင်း

ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းဖြစ်ပေါ်လာပုံ နှင့် မှတ်တမ်းတင်ခံရသူ မြန်မာနိုင်ငံသား မင်းကွန်း တိပိဋက ဆရာတော် ဘုရားကြီး အကြောင်း
by Buddha In My Life on Tuesday, April 17, 2012 at 10:01pm ·

ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုပါသည်။ ၎င်းကို ၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ ကမ္ဘာ့စံချိန်များကိုစုဆောင်း တင်ြပထားပါသည်။ ဂင်းနစ်ဟူသောအမည်မှာအိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness) ဘီယာကုမ္ပဏီကို ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃) ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရ      ရှိခဲ့ပါသည်။ ၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည် ယမကာဆိုင်တစ်ခုကို စတင်တည်ထောင်ခဲ့ပါသည်။ ၁၇၅၉သို့ ရောက်သောအခါ ဒဗွလင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ သူသေဆုံးပြီးနောက် သားဖြစ်သူ အာသာ(၁၇၆၇-၁၈၅၂)၊ မြေးဖြစ်သူ ဘင်ဂျမင်ဂင်းနစ် (၁၇၉၈-၁၈၆၈) တို့က
Continue Reading | comments

မိမိ Computer မှာ ( 7.45 GB ) Free သုံးချင်တယ်ဆိုရင်


ကျွန်တော်တို့ ကွန်ပျူတာမှာ Hard Drive တစ်ခုကို ပိုပြီးတော့အသုံးပြု ချင်သူတွေအတွက်ပါ .. 7.45 GB လောက်တော့ အသုံးပြုလို့ ရမှာဖြစ်ပါတယ် .. ကျွန်တော်တို့ စက်မှာ အရင်ရှိပြီးသား Partation တွေကတော့ ပုံမှန်အတိုင်း Hard Disk ထဲမှာ Storage လုပ်ပေးမှာ ဖြစ်ပေမယ့် .. အခုအသုံးပြုလို့ ရမယ့် Gmail Drive ကတော့ G-Mail အကောင့်ထဲမှာ Storage လုပ်ပေးမှာဖြစ်ပါတယ် .. Internet ပေါ်မှာ Storage လုပ်ပေးမှာ ဖြစ်ပေမယ့် ကျွန်တော်တို့က အသုံးပြုချင်တဲ့အခါမှာ My Computer မှာတင် Other Drive တစ်ခုအနေနဲ့ အသုံးပြုလို့ ရမှာဖြစ်ပါတယ် .. ဒီကောင်လေးကိုဘယ်လို အသုံးပြုရမယ် ဆိုတာကိုတော့ ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် ..
အရင်ဆုံး GMail Drive v1.0.18  ကိုအောက်မှာ နှစ်နေရာ တင်ပေးထားပါတယ် .. အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချလိုက်ပါ .. ဒေါင်းလော့ ချပြီးပြီ ဆိုရင်တော့ Setup ဖိုင်လေးကို Install လုပ်လိုက်ပါ .. Install လုပ်ပြီးပြီဆိုရင်တော့ My Computer ထဲက Other ထဲမှာ G-mail Drive ဆိုပြီးပေါ် နေပါလိမ့်မယ် .. ပြီးရင် အဲ့ဒီကောင်လေးကို Double Click ပေးလိုက်ပါ .. ဒါဆိုရင် G-Mail Login ၀င်ခိုင်းပါလိမ့်မယ် .. အခုကျွန်တော်တို့ အသုံးပြုမဲ့ အကောင့်သည် အကောင့် အသစ်တစ်ခုဖြစ်ရင် ပိုကောင်း ပါတယ် .. Login ၀င်ပြီးပြီဆိုရင် ခဏလေးစောင့်ပေးလိုက် ယုံပါပဲ .. ဒါဆိုရင် မိမိတို့ Computer ထဲမှာ 7.45 GB ရှိတဲ့ Drive တစ်ခုကို Free သုံးလို့ ရသွားပါလိမ့်မယ် ..

Continue Reading | comments

ဗီတာမင်များ အကြောင်း သိကောင်းစရာ အဖြာဖြာ(၃)




ဗီတာမင်စီ
Ascorbic acid လို့ခေါ်တဲ့ ဗီတာမင်စီကို ကာဗွန်၆လုံး၊ ဟိုက်ဒြိုဂျင် ၈လုံးနှင့် အောက်စီဂျင် ၆လုံးတို့ဖြင့် ပေါင်းစပ် ဖွဲ့စည်းထားပါတယ်။ ကာဗွန် ၆လုံးရှိတဲ့အတွက် ဗီတာမင်စီကို hexuronic acid ဟူ၍ ခေါ်ဆိုခဲ့ပါသေးတယ်။ ဗီတာမင်စီချို့တဲ့ခြင်းကြောင့် ရေစီးကမ်းပြိုဖြစ်ပွါးမှုဟာ ၁၇ရာစုမှ ၁၉ရာစုနှစ်အတွင်း ကမ္ဘာနှင့်အ၀ှမ်း ဖြစ်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် ပင်လယ်ပြင်တွင် လပေါင်းများစွာကြာအောင် ရွက်လွှင့်ခရီးသွားနေတဲ့ သဘောင်္သားတွေမှာ အဖြစ်များခဲ့ပါတယ်။
ဗီတာမင်စီဟာ ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဗီတာမင်အီးနှင့်မတူဘဲ ဗီတာမင်စီရဲ့ ဓါတ်တိုးဆန့်ကျင်သတ္တိကို ခန္ဓာကိုယ်ရဲ့ ရေရှိတဲ့ အစိတ်အပိုင်းတွေမှာပဲ တွေ့နိုင်ပါတယ်။ အဲဒီ ဓါတ်တိုးဆန့်ကျင်စေတဲ့ ဂုဏ်သတ္တိဟာ ဆဲလ်အတွင်းမှာရှိတဲ့  DNA ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ ဒါကြောင့်မို့ ဗီတာမင်စီဟာ ကင်ဆာဖြစ်ပွါးမှုကို လျော့နည်းစေပါတယ်။ အဓိကအားဖြင့်တော့ ဗီတာမင်စီဟာ အစာရေမျိုပြွန်ကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ အဆုတ်ကင်ဆာတွေ မဖြစ်ပွါးအောင် တားဆီးပေးနိုင်ပါတယ်။ အကင်တွေ၊ မီးခိုးကြပ်တိုက်ထားတဲ့ အစားအစာတွေဟာ အစာအိမ် ကင်ဆာဖြစ်စေတဲ့ nitrosamine ဓါတ်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဗီတာမင်စီဟာ nitrosamine ဖြစ်ပေါ်မှုကို လျော့နည်းစေပါတယ်။


Continue Reading | comments (1)

အဘိဓမ္မာအခါတော်နေ့ ( သီတင်းကျွတ်လပြည့် )

19 April, 2012

သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့အကြောင်းကို လူအများစု သိရှိကြတာ များပါသည်။ လူအများ သိရှိထား ကြသလိုပင် ဗုဒ္ဓလက်ထက်တော်မှ စကာ ယနေ့အထိ အစဉ်အလာ ကောင်းခဲ့သော နေ့ထူးနေ့မြတ် တနေ့ လည်း ဖြစ်နေသည်။


သီတင်းကျွတ်လပြည့်နေ့၏ ဂုဏ်ပုဒ်များ

ဘုရားသားတော် ရဟန်းတော်များ ၀ါတွင်းသုံးလအတွင်းမှ ၀ါကျွတ်သောနေ့၊
အပြစ်ရှိက ပြောကြားပါရန် ၀ါဆိုသောသံဃာ အချင်းချင်း ဖိတ်မာန် အမှုပြုကြသော မဟာပ၀ါရဏာနေ့၊
 ဘုရားရှင်တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာ တရားတော်ကို ဟောကြား အောင်မြင်တော်မူသော အဘိဓမ္မာအခါတော်နေ့၊
  
နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊
 ထိုသို့ဘုရားရှင် ဆင်းသက်တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည် ထွန်းညှိပူဇော်သောနေ့၊

စကြာဝဠာတိုက်တစ်သောင်းမှ လူ နတ် ဗြဟ္မာသတ္တ၀ါ အားလုံးတို့သည် တဦးကို တဦးအချင်းချင်း  မြင်နေကြရပြီး  လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်အားဖြင့် ဒိုးယိုပေါက် ထုတ်ချင်းပေါက် ရောင်ခြည်တော်များဖြင့် လင်ထိန်နေကာ ဘုရားရှင်အား အတူတကွ ကြည်ညို ပူဇော်ရသောနေ့၊
နတ်လူအများတို့သည် ဘုရားရှင်၏ တန်ခိုးတော်အနန္တကို ဖူးမြင်ကြရကား အားကျကြည်ညိုစိတ်ဖြင့် သင်္ကဿမြို့တွင် စုဝေးနေကြသော ပရိသတ်အများစု၏ ဘုရားဆုပန် သောနေ့ စသော ဂုဏ်ပေါင်းတို့ဖြင့် ပြည့်စုံသော နေ့ထူး နေ့မြတ် ပင်ဖြစ်ပါသည်။
 
Continue Reading | comments

သာသနာ့အလံ တီထွင်သူ အမှန်


(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်း
အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြ၏။

ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။
Continue Reading | comments

အိန္ဒိယပြည် ဗုဒ္ဓသာသနာ့သမိုင်း

အားလုံးသော ဘုရားရှင်တို့ ပွင့်တော်မူကာ ပရမတ္ထ သစ္စာမျိုးစေ့ ကြဲချပေးခဲ့ရာ နေရာဖြစ်သော်လည်း ယနေ့ခေတ် သာသနာ နှစ်ပေါင်း ( ၂၅၅၅ ) ခုနှစ် ကြာမြင့်ခဲ့ချိန်မှာတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်ဦးရေ ကို လက်ချိုးရေတွက် ရ လောက်အောင် နည်းပါးပြီး သာသနာကွယ်သလောက် ဖြစ်နေပြီဖြစ်သော မဇ္ဈိမဒေသ အမည်ခံ အိန္ဒိယနိုင်ငံ၏ သာသနာ့သမိုင်းကိုစုံစုံလင်လင်တမျှတင်ပြထားသောစာအုပ်ဖြစ်ပါသည်။
Continue Reading | comments

လယ်တီဆရာတော်ကြီး၏ ( ခန္ဓာငြီးငွေ့ခြင်းပြ ) နိဗ္ဗိန္ဒ တေးထပ်


Continue Reading | comments

သဗ္ဗညု ဘုရားရှင်တို့၏ အနှိုင်းမဲ့ ဥာဏ်တော် ( ၁၀ ) မျိုး





  မြတ်စွာဘုရားသခင်သည် လူသာမန် နတ်သာမန် တို့နှင့် မတူ ခြားနားသော ပင်ကိုယ် အသိဥာဏ်  ရှိတော်မူ၏၊ အမျိုးမျိုးသော ထိုဥာဏ်တော် တို့ ရှိခြင်းကြောင့်ပင် သတ္တ၀ါ တစ်ဦးတစ်ယောက်ကို မြင်သည်နှင့် ဤသူသည် ရာဂစရိုက်ရှိ၏၊ ဘယ်သို့သော တရားကို ဟောလိုက်လျင် တရားထူးရနိုင်သည်၊ ဤသူသည် ဒေါသစရိုက်၊ ဒေါသအားကြီး၏၊ 

ဤသူသည် မောဟစရိုက်၊ မောဟများလွန်း၏၊ ဤသူသည် သဒ္ဓါစရိုက် သဒ္ဓါတရား ယုံကြည်မှု အားကောင်း၏၊ ဤသူသည်  ၀ိတက် စရိုက် အကြံအစည် သံသယများလွန်း၏၊ ဤသူသည် ဗုဒ္ဓိစရိုက် ပညာကို အလေးထား၏၊ ပညာဥာဏ် ကြီးမား၏၊ ဤသတ္တ၀ါအား ပညာနှုင့်စပ်သော ခက်ခဲ နက်နဲသော အကြောင်းအရာကို အခြေခံကာ တရားဟောလိုက်လျင် ကျွတ်တမ်းဝင်နိုင်လိမ့်မည် စသည်ဖြင့် သိတော်မူနိုင်၏၊
Continue Reading | comments

Black Hole အကြောင်း သိကောင်းစရာ

အဆုံးအစမသိ အပြောကျယ်လှတဲ့ စကြာဝဠာထဲမှာ အံ့သြောစရာတွေက တပုံတပင်ပါ..။ ဒီအထဲကမှ black hole တွေအကြောင်း ကျနော်တို့ ဆွေးနွေးကြည့်ကြတာပေါ့..။
black hole theory ကိုစတင်ခဲ့တဲ့သူကတော့ ဂျာမန် နတ္ခတ္တဗေဒ ပညာရှင် Karl Schwarzschild ဖြစ်ပါတယ်တဲ့..။ အိုင်စတိုင်းရဲ့ ရီလစ်တီဗတီ သီအိုရီပေါ်မှာ အခြေခံတယ်လို့ ဖတ်ဘူးပါတယ်..။

Continue Reading | comments

မုဒြာအကြောင်း သိကောင်းစရာ



အသောက မင်းတရားကြီး ကောင်းမှု့တော် ဖြစ်သော အလိုတော်ပေါက် ဘုရားအတွင်းက ကြည်ညိုစရာ ရုပ်ပွားတော်တစ်ဆူ
မုဒြာ အကြောင်းတွေကို စိတ်ဝင်စားလို့ စုစည်းနေတာ ကြာခဲ့ပါပြီ၊ သို့သော်လည်း ကျေနပ်ရလောက်အောင် အချက်အလက် စုံစုံညီညီ တော့ မစုဆောင်းနိုင်သေးပါ၊ ကလေးဘ၀ အရွယ်ကတည်းက ဘုရားရှင်ပုံတော် အမျိုးမျိုးတွေမှာ လက်တော် ပုံစံ အမျိုးမျိုး ထုလုပ်ပူဇော်ထားတာကို တွေ့ရသော်လည်းဘာကြောင့် လဲ ဆိုတာ မစဉ်းစားနိုင်ခဲ့ဘူး၊
မြန်မာပြည်မှာ ကတည်းက ရုပ်ပုံတွေနှင့်တကွ စာပေတွေကိုရော စုဆောင်းထားပေမဲ့ အဲဒီ မှတ်စုက ကျန်ရစ်ခဲ့တဲ့ အတွက် ယခုတော့ လက်လှမ်းမှီရာ လောက်သာ စုစည်းတင်ပြလိုက်ပါတယ်၊
တကယ်တော့ မုဒြာ ဆိုတာ မဟာယာန အနွယ် တန္တရ ယာန ဂိုဏ်းက နေ ဆင်းသက် ကူးစက်လာတယ်လို့ ဗုဒ္ဓသာသနာ ၂၅၀၀ ခရီး စာအုပ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်၊ ဒါကြောင့် ကနဦး အနေနဲ့ မုဒြာ ဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာ နဲ့ ရာနှုန်းပြည့် မသက်ဆိုင်ပေမဲ့ အနည်းငယ် ရောယှက်နေတာကိုတော့ ၀န်ခံရမှာပါ၊
အခု တင်ပြထားတာတွေကတော့ မြန်မာပြည်တုံးက ရှမ်းပြည်တောင်ပိုင်းဒေသ အင်းလေးဖောင်တော်ဦးဘုရား ကို အသွား နန်းပန် ရွာအနီးက အလိုတော်ပေါက် ဘုရားမှာ တွေ့လို့ ရှားရှားပါးပါး မှတ်တမ်းအနေနဲ့ ရိုက်ယူထားတဲ့ ပုံတော် အချို့ကို ဗဟုဿုတအနေနဲ့ မျှဝေလိုက်ပါတယ်၊ ၎င်းဘုရားဟာ အသောက မင်းကြီးရဲ့ နေရာအနှံ့ကုသိုလ်ပြုရာ စေတီပေါင်း ၈၄၀၀၀ စာရင်းမှာပါဝင်တယ် လို့ ကြည်ညိုဖွယ်ရာ မှတ်သားရပါတယ်။
( မုဒြာ ဆိုသည်မှာ လက်နေလက်ထားဟန် ခြေနေခြေထားဟန်တို့ကို သရုပ်ဖော်ထားခြင်း ဖြစ်၏ )
သန္တိဒ မုဒြာရုပ်ပွား ဆင်းတုတော်ကို ကိုးကွယ်လျင် ဘေးရန်ကင်းခြင်း ၊ ငြိမ်းချမ်းသာယာခြင်း၊ စီးစိမ် ကျက်သရေတိုးပွားခြင်း၊ ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်း၊ တရားထူးကို ရရှိခြင်း သိဒ္ဒိပေါက်ခြင်း၊ ဆုတောင်းပြည့်ခြင်း အကျိုးထူးများကို ရရှိနိုင်သည် ဟု ဆိုသည်၊ ( သန္တိ - ငြိမ်းအေးခြင်း ကို ၊ ဒ - ပေးတော်မူဟန် ) 
Continue Reading | comments

ကမ္ဘာတစ်လွား ရင်သပ် ရှုမော ဖွယ်ရာ တံတား (၁၂) စင်း

အမေရိကန် သတင်းဝဘ်ဆိုက် The Huffington Post မှ ကမ္ဘာတစ်လွား ရင်သပ်ရှုမောဖွယ်ရာ တံတားများ (World’s most stunning bridges) ကို ရွေးချယ်ခဲ့ရာထိုတံတားများသည် တည်ဆောက်မှု အင်ဂျင်နီယာ နှင့် ဗိသုကာပညာပိုင်း


အံ့သြချီးမွန်းဖွယ် ဖြစ်ရုံသာမက တည်ရှိရာဒေသ၏ အလှအပဆိုင်ရာ အမှတ်အသား


ပုံရိပ်များလည်း ဖြစ်ကြသည်။



Millau Viaduct in France





Hangzhou Bay Bridge in China





Gateshead Millennium Bridge in England







Coronado Bridge in U.S





Bosphorous Bridge in Turkey





Confederation Bridge in Canada





Sunniberg Bridge in Switzerland





Khaju Bridge in Iran





Helix Bridge in Singapore






Continue Reading | comments

သံသရာလည်ခြင်း တရားခံ


ငါတို့နေရာ ဒီကမ္ဘာ တဏှာ အုပ်စိုးသည်၊
တဏှာစေရာ မနေသာ ဖွေရှာဆက်ရသည်၊
ရသည့်ဥစ္စာ ချစ်သူပါ စွန့်ခွာသွားရမည်၊
တကယ့်အရေး တကယ်ဘေး ဘယ်သွေးဘယ်သားမကယ်ပြီ၊
 
ငါနှင့်ရွယ်တူ ငါ့အောက်လူ ကြီးသူသေကြများလှပြီ၊
ခဏမစဲ အိုစမြဲ ကိုယ်လည်းသေဘက်နီးခဲ့ပြီ၊
ဇရာမီးတောင် ကိုယ်ထည်း(ထဲ)လောင် သေအောင်မြိုက်တော့သည်၊
 
မသေရခင် သွားလမ်းစဉ် ကြိုတင်ပြင်သင့်ပြီ၊
ဒါန သီလ ဘာဝနာ လမ်းသာ ထွင်လိမ့်မည်၊
မဂ္ဂင်ယာဉ်ကြီး အမြန်စီး ခရီးထွက်တော့မည် ။
 
 
လမင်း
Continue Reading | comments

စိတ္တလတောင် သမိုင်းအကျဉ်း


တချိန်က သီဟိုဠ်သာသနာမှာ ရဟန္တာမထေရ်ပေါင်း မြောက်များစွာ တရားအားထုတ်ခဲ့သောကြောင့် သာသနာအတွက် ကျေးဇူးများရာ လှိုဏ်ဂူပေါင်း များစွာ ရှိရာ စိတ္တလတောင်အကြောင်းကို စိတ်ဝင်စားစရာ ဖော်ပြလိုက်ပါတယ် ၊စိတ္တလပဗ္ဗတတောင်သည် တိဿမဟာရာမ-စိသုပါဝလမ်း၊ တိဿမဟာရာမနှင့် ၂၄ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိပါသည်။ သီရိလင်္ကာနိုင်ငံ၏ အရှေ့တောင်ဘက်ပိုင်း လူသူအရောက်အပေါက် နည်းပါးသော တောကြီးအတွင်းတွင် တည်ရှိသည်။ ဗုဒ္ဓဘာသာအကြီးအကျယ်ထွန်းကားခဲ့သောဒေသ ဟုဆိုလျှင် ယုံနိုင်စရာ နည်းပါးလှသော အရပ်ဒေသကြီးလည်း ဖြစ်ပါ၏။
ယခုလက်ရှိနေရာကို အများအားဖြင့် တောင်ဟု မခေါ်ဘဲ ကျောင်းကိုသာ အဓိက ခေါ်ဝေါ်ကြသည်။ ဤအရပ်ဒေသကို နာမည်အမျိုးမျိုးသတ်မှတ်ခေါ်ဝေါ်လေ့ရှိကြသည်။ လက်ရှိ အများစုခေါ်ဝေါ်နေကြသောအမည်မှာ စိတုပါဥ၀ ဟူ၍ ဖြစ်သည်။ အများစုအသံအတိုင်း ရေးပါက စိတြုပ်ပါဝဲ ဟု ခေါ်နိုင်မည် ထင်ပါသည်။ နာမည်အပြည့်အစုံမှာ စိတုပါဥ၀ရာဇမဟာဝိဟာရယ ဖြစ်သည်။

သီရိလင်္ကာနိုင်ငံ၊ သမိုင်းကျမ်းစာများတွင်ကား စိတ္တလပဗ္ဗတဟုသာ ရှိပါသည်။ တစ်ခါတစ်ရံ စိတ္တလကူဋ ဟုလည်း ရေးကြသည်။ အတိတ်တစ်ချိန်က သီရိလင်္ကာနိုင်ငံ၊ ရောဟဏ(ရုဟုနု)ဒေသ၏ ဗုဒ္ဓဘာသာထွန်းကားရာ အလယ်ဗဟိုဌာနကြီးတစ်ခု ဖြစ်ခဲ့သည်။ မဟာဝံသအလိုအားဖြင့် ဘီစီ နှစ်ရာစုတွင် ရောဟဏဘုရင်၊ က၀ံတိဿမင်း သို့မဟုတ် ကာက၀ဏ္ဏတိဿမင်းက ဤကျောင်းကို တည်ဆောက်ခဲ့သည်ဟု သိရသည်။ ယခုအခါမှာ သီရိလင်္ကာအစိုးရက ဤဒေသကို ယလအမျိုးသားဥယျာဉ်ဟု သတ်မှတ်ပြီး တောရိုင်းတိရစ္ဆာန်များကို ဘေးမဲ့ပေးထားသည်။ သီရိလင်္ကာနိုင်ငံ၏ အကြီးမားဆုံးတောကြီးတစ်ခု ဖြစ်နေပေပြီ။ စိတုဝါဥ၀ကျောင်းတော်ကို သီရိလင်္ကာနိုင်ငံ၏ အလှပဆုံးကျောင်းတော်စာရင်းတွင် ထည့်သွင်းထားကြသည်။ ယခုအခါတွင် မိုးတွင်းကာလမှတစ်ပါး ကျန်ရာသီများတွင် အလွန်ပူသည်။ နေအလွန်ပြင်းသော်လည်း သစ်ရိပ်ဝါးရိပ်၊ တောရိပ်တောင်ရိပ်ကြောင့် အပူဒဏ်ကိုကား သိပ်မခံစားရပေ။ ရှေးအခါကာလက ဤအရပ်ဒေသမှာ ရာသီဥတုအကောင်းဆုံးဖြစ်သည်ဟု ဆိုကြသည်။
ဘီစီ တစ်ရာစု၊ ၀ါလဂမ်ဘမင်း(၁၀၃-၈၉,၇၇ ဘီစီ) စိုးစံစဉ်အခါက ရဟန်းတော်ပေါင်း ၁၂၀၀၀ ဤအရပ်ဒေသတွင် သီတင်းသုံးသွားခဲ့ကြသည်ဟု ဆိုပါသည်။ ဘီစီ တစ်ရာစု သတ်မှတ်ထားသော ဂဇဗာဟုက ဂါမိဏိမင်းနှင့် ကရိဠှမင်းတို့၏ ကျောက်စာများကိုလည်း တွေ့ရသည်။ ပင်မကျောင်းတော်ကြီး၏ ၀န်းကျင်တွင် ကျောက်တောင်များရှိရာ ၎င်းကျောက်တောင်များ အနှံ့အပြားတွင် ကျောက်ဂူများစွာရှိ၏။ သဘာဝကျောက်ဂူများကို သားကောင်များဘေးရန်မှ ကင်းစေရန် အကာအရံများ ပြုပေးထားသည်။ ယခုအခါတွင်ကား အုတ်အပျက်အစီးများကိုသာ တွေ့ရတော့သည်။ ယနေ့အချိန်အထိ ဂူပေါင်း ၁၆၀-ခန့်တွေ့ရှိရသည်ဟု ဆိုသည်။ အချို့ဂူများ၏နံရံတွင် နံရံဆေးရေးပန်းချီအပိုင်းအစများကို တွေ့ရသည်။ တွေ့ရှိရသော ရုပ်တုများကို ထောက်ထား၍ မဟာယာန ဗုဒ္ဓဘာသာဝင် များရှိခဲ့ဟန်တူသည်ဟု ပညာရှင်တို့ ယူဆကြသည်။
အလျားအနံများ အံ့သြလောက်အောင် ညီညွတ်ပြီး ချောမွတ်နေသော ကျောက်ပြား၊ ကျောက်တိုင်များစွာကိုလည်း တွေ့ရသည်။ ကြီးမားပြီး ချောမွတ်ညီညာစွာ ထုဆစ်ထားသော ပလ္လင်ကြီးများကိုလည်း တွေ့ရသည်။ ၀ိသုဒ္ဓိမဂ်တွင် စိတုပါဥ၀တွင်ရှိသော ပလ္လင်နှင့်ပတ်သတ်သော ဇာတ်လမ်းတစ်ပုဒ်ပါဝင်သည်။ ဤသို့ ကျောက်သားများကို ထွင်းထုသောဓလေ့မှာ ဗုဒ္ဓရုပ်ပွားတော်များ ထုလုပ်ကိုးကွယ်မှု မပြုခင်ကတည်းက ခေတ်စားခဲ့သည်ဟု ဆိုကြသည်။ ကြီးမားသော ကျောက်တုံးကြီးများကို ညီညာချောမွတ်စွာ ထုလုပ်နိုင်သော သီရိလင်္ကာ၏ ရှေးဟောင်းနည်းပညာများမှာ လူတိုင်းကို မင်သက်မိစေပါသည်။


အလှူ့ရှင်၏အမည်များကို ကျောက်စာအဖြစ် သီးသန့်မဟုတ်ဘဲ နီးစပ်ရာကျောက်တောင်များတွင် ရေးထိုးထားသည်ကို တွေ့ရသည်။ စိသုပါဥ၀ဧရိယာတွင် ကျောက်စာပေါင်း ၁၉-ခုကို တွေ့ရပြီးဖြစ်သည်။ ကျောက်စာအားလုံးကို ရှေးဦးဗရမီအက္ခရာဖြင့် မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ စိတုဝါဥ၀တွင် ကျောက်တောင်ကြီးများရှိရာ ၎င်းကျောက်တောင်ကြီးများပေါ်တွင် ပုထိုးတော်လေးများ ရှိပါသည်။ အဆိုပါ ပုထိုးတော်များအနက် ကျောင်းတော်ကြီးအနီးမှ ကျောက်တောင်ကြီးပေါ်တွင် တည်ရှိသောပုထိုးတော်မှာ အဓိက ပုထိုးတော်ဖြစ်သည်။ အဓိကပုထိုးတော်ကြီးကို က၀ံတိဿမင်းက တည်ဆောက်ခဲ့သည်ဟု ယုံကြည်ရသည်။ ပုထိုးတော်ကြီး၏ …….. သက္ကရာဇ်ကို ၃-ရာစုဟု သတ်မှတ်ထားသည်။ ၁၉၅၀-ခုနှစ်တွင် ပြန်လည်ပြုပြင်ခဲ့ကြသည်။

ပုထိုးငယ် ၁၀-ဆူကိုကား ၀ါသဘမင်း(၆၇-၁၁၁)က တည်ဆောက်ခဲ့သည်ဟု ဆိုသည်။
သမိုင်းကျမ်းများအရ ၃-ရာစုမှ ၁၁-ရာစုအထိ သမိုင်းတစ်လျှောက်တွင် တိဿမဟာရာမကျောင်းတော်ကြီးသည်သာ ဗုဒ္ဓစာပေသင်ကြားရေး၏ အချက်အခြာဌာနကြီးတစ်ခု တစ်နည်းအားဖြင့် ပရိယတ္တိထွန်းကားရာ အရပ်ဒေသကြီးတစ်ခု ဖြစ်ခဲ့သည်။ စိသုဝါဥ၀ရာဇ မဟာဝိဟာရ ကျောင်းတော်ကြီးသည်ကား တရားအားထုတ်သူ ရဟန်းတော်များ၏ တစ်နည်းအားဖြင့် ပဋိပတ္တိထွန်းကားရာ အရပ်ဒေသကြီးတစ်ခု ဖြစ်ခဲ့သည်။ ရဟန်းတော်ပေါင်း မြောက်များစွာ သီတင်းသုံးခဲ့ကြသည်ဟု သမိုင်းကျမ်းစာများအရ သိရသည်။ အမှန်အားဖြင့် ၎င်းဒေသကြီးနှစ်ခုစလုံးကို က၀ံတိဿမင်းက တည်ဆောက်ခဲ့သည်ဟု ဆိုပါသည်။
Continue Reading | comments

ခေတ်အဆတ်ဆတ် မြန်မာနိုင်ငံ၏ ပိုက်ဆံများ

ဒီပိုက်ဆံတွေကိုတော့သိချင်မှသိကြပါလိမ့်မယ်၊
ကျွှန်တော်တို့ နိုင်ငံ ဘုရင်များလက်တက်မှ ယခု အစိုးရလက်ထက်အထိအသုံးပြုနေတဲ့ ပိုက်ဆံ






























Continue Reading | comments

ဗုဒ္ဓဘာသာ နှင့် စိတ်ပုတီး

မိဖုရားစောလုံနှင့် စိပ်ပုတီး

သို့ရာတွင် စာရေးသူ လက်မှမ်းမီသလောက် လေ့လာကြည့်ရာပုဂံခေတ်၊ သက္ကရာဇ် (၆၁၇) ခုနှစ်တွင် နန်းတက်သော နရသီဟပတေ့မင်း ( မင်းခွေးချေး ) လက်ထက်တွင် မြန်မာဗုဒ္ဓဘာသာတို့ စိပ်ပုတီးကို ဘာသာရေးအသုံးအဆောင်အဖြစ် အသုံးပြုနေကြပြီဖြစ်ကြောင်း တွေ့ရှိရ၏။ အတန်ငယ်ချဲ့၍ ဆိုဦးအံ့။

ပုဂံပြည် နရသီဟပတေ့မင်းကား အစားအသောက်ကြူးရုံမက အပျော်အပါးလည်း ကြူး၏။ နွေလရောက်သည့်အခါ ရေဖျန်းကစားလေ့ရှိ၏။ ထိုအခါတွင် နန်းတော်မှ မြစ်ဆိပ်အထိ အရိပ်ကြီးစွာဆောက်လုပ်ပြီးလျှင် လူမမြင်ရအောင် ကာရံပြီးမှ မြစ်ဆိပ်တွင်လည်း မင်းတဲလုံခြုံစွာဆောက်၍ မိဖုရားမောင်းမမိဿံတို့နှင့် တဲတန်းဥမင်ဖြင့် ကြွတော်မူကာ ရေကစားတော်မူလေ့ရှိ၏။ ရေကစားသည့်နေ့တနေ့တွင် မောင်မငယ်တယောက်အား မိဖုရားစောလုံကို မျက်စိ မျက်နှာ ဦးဆံတို့ကိုပါ ရွှဲရွှဲစိုအောင် မင်းကြီးက ရေပက်ခိုင်း၏။

ထိုအခါ မိဖုရားစောလုံသည် ကျီစယ်သည်ကို သည်းမခံနိုင်ဘဲ အရှက်ကြီးရှက်၍ အမျက်ကြီးကာ ဘုရင်ကြီးအပေါ်တွင် စိတ်အနာကြီး နာသွားခဲ့သည်။ ထို့ကြောင့် မင်းကြီး၏စားတော်၌ ဆေးထည့်ပြီး မိဖုရားငယ် ရှင်မောက်အား စောမောက်-ငါ နေမကောင်း၊ ငါ့ကိုယ်စား မင်းကြီးကို စားတော်ဆက်ပါချေ-ဟု စားတော်ဆက်ခိုင်း၏။

မင်းကြီးသည် စားတော်ခေါ်အံ့ဆဲဆဲတွင် အောက်က ခွေးချေ၍ စားတော်မခေါ်သေးဘဲ ခွေးကိုကျွေး၏။ ခွေးလည်း စားသောခဏ၌ သေသွား၏။ မင်းကြီးသည် ရှင်မောက်ကိုမေးစစ်တော်မူရာ မိဖုရားစောလုံက သူနေမကောင်း ဖြစ်နေ၍ သူ့ကိုယ်စား စားတော်ဆက်ပါ-ဟု စေခိုင်း၍ စားတော်ဆက်ရကြောင်း လျှောက်တင်၏။

မင်းကြီးသည် စောလုံကို ခေါ်တော်မူ၍ စစ်မေးတော်မူရာ မိဖုရားစောလုံက

ဟဲ့-ပန်းပွတ်သည် မြေး၊ နင့်ကို ငါ လုပ်ကျွေးမွေးမြူ၍ ငါ့ကို နင်သူကောင်းပြုလျှင် ဤသို့ မိဖုရားအဖြစ်ရောက်ပြီးမှ ငါ့အား အများတကာရှေ့တွင် တကိုယ်လုံး ရွှဲရွှဲစိုအောင် မောင်းမငယ်ကို ရေနှင့်ပက်ခိုင်းတဲ့အတွက် နင့်ကို ငါမုန်း၍ သတ်သည်- - - - ဟု မကွယ်မထောင့် ဖြောင့်ဖြောင့်ပင် သံတော်ဦးတင်လိုက်သတဲ့။
Continue Reading | comments
 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger