<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.

ဗုဒ္ဓံ-ဓမ္မံ-သံဃံ

မြန်မာပြက္ခဒိန်

Myanmar Calendar

တေးဂီတ


ဧည့်သည်တော်များ

AutoCAD 2010 နှင့် (အသုံးပြုပုံ 2004 to 2013 Ebook များ)

31 March, 2012

C-box မှာ သူငယ်ချင်းတော်တော်များများ တောင်းဆိုနေကြလို့ ထုံးစံ အတိုင်း မွှေနှောက်ရှာဖွေပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ကျနော်ကတော့ AutoCAD နဲ့ ပတ်သက်ပြီး တလုံးမှ နားမလည်ပါဘူး ...:D 
ပြီးတော့ သူငယ်ချင်း အင်ဂျင်နီယာ တွေ တခါထဲ လေ့လာလို့ရအောင် AutoCAD 2004 ကနေ AutoCAD 2013 ထိ အသုံးပြုနည်း English Ebook တွေပါ မျှဝေပေးလိုက်ပါတယ်..။

Continue Reading | comments (1)

ဥာတိသင်္ဂဟမင်္ဂလာ

ဥာတိ - ဆွေမျိုးဟူသည်မှာ မိဖက်ဘဖက် ဆွေခုနှစ်ဆက်ကို ဆို၏။
ဥစ္စာစည်းစိမ်ပျက်စီးသောကြောင့်ဖြစ်စေ၊ရောဂါနှိပ်စက်သောကြောင့်ဖြစ်စေ၊အရပ်တပါးမှမိမိထံရောက်လာသောဆွေမျိုး၊မိမိအနီးပါးမှဆွေမျိုး
များကို အ၀တ် အစားအစာ ဆေးဝါး စသည်ဖြင့် ကူညီ ထောက်ပံ့ခြင်းကို ဥာတိသင်္ဂဟ ဆို၏။
သင်္ဂဟ၀တ္ထုလေးပါး
(၁)ဒါန = ပေးကမ်းခြင်း
(၂)ပေယျဝဇ္ဖ = ချစ်ဖွယ်စကား ပြောကြားခြင်း
(၃)အတ္ထစရိယာ = အကျိုးစီးပွားကို ပြုကျင့်ခြင်း
(၄)သမာနတ္ထတာ = ကိုယ်တူပြုခြင်းတို့တည်း။
                      ပေးကမ်းတသွယ် ၊ ချစ်ဖွယ်ဆိုရိုး
                          အကျိုးကိုကျင့် ၊ ကိုယ်နှင့်တူထား ၊
                            ထိုလေးပါး တရား သင်္ဂဟတည်း။
ဆိုခဲ့ပြီး သင်္ဂဟ၀တ္ထုလေးပါးဖြင့် ဆွေမျိုးမှန်သမျှအား ထောက်ပံ့ခြင်းကိုလည်း၊ဥာတိသင်္ဂဟ ဟုပင်ဆို၏။
Continue Reading | comments

စေတီထိုက်သောပုဂ္ဂိုလ်လေးမျိုး


ချစ်သား အာနန္ဒာ…. ဤ(ဆိုလတ္တံ့ သော ) ပုဂ္ဂိုလ်လေးမျိုးတို့ သည် စေတီတည်ထိုက်ကုန်၏။ လေးမျိုးတို့ ဟူ သည်မှာ-
(၁)  အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရားသခင်ကို စေတီတည်ထိုက်၏၊
(၂)  ပစ္စေကဗုဒ္ဓကို စေတီတည်ထိုက်၏၊
(၃)  မြတ်စွာဘုရား၏ သာဝက(အရိယာ)ကို စေတီတည်ထိုက်၏၊
(၄)  စကြ၀တေးမင်းကို စေတီတည်ထိုက်၏။ ဤလေးမျိုးတို့ ဖြစ်သည်။
ချစ်သားအာနန္ဒာ…..အဘယ်သို့ သော အကျိုးထူးကို စွဲ၍  အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင်ကို စေတီတည်ထိုက်သနည်းဟူမူကား- ချစ်သားအာနန္ဒာ….. “ဤစေတီသည်ကား အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင်၏ စေတီတော်တည်း” ဟု လူအများတို့ သည် မိမိစိတ်ကို သဒ္ဓါရွှန်းစို ကြည်ညို စေကြကုန်၏၊ ထိုလူတို့ သည် ထိုစေတီတော်၌ သဒ္ဓါရွှန်းစို ကြည်ညိုကြပြီးသော် ကိုယ်ခန္ဓာပြတ်ကြွေ စုတေသည်မှ နောက်၌ ကောင်းသောလားရာ နတ်ရွာသို့ ရောက်ရကုန်၏။ ချစ်သားအာနန္ဒာ…..ဤအကျိုးထူးကို စွဲ၍  အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင်ကို စေတီတည်ထိုက်၏။
Continue Reading | comments

နာမည်ကြီးနေတဲ့ နတ်သမီးဗိုင်းရပ်စ် နှင့် hacking prevention


စာအုပ်လေးနဲ့ဖတ်ချင်သူများ ဒီနေရာလေးမှာဒေါင်းသွားနိုင်ပါတယ် ။ (size - 156kb pdf )
ဟိုတလောက blogspot တွေမှာ malware တွေခေတ်စားခဲ့တုန်းကလိုပေါ့ ။ ကျွန်တော်တို့ တတွေမှာ blog list တွေဖြုတ်ရ ၊ ကွန်းမန့်တွေ ဖြုတ်လိုက်ရ ပို့စ်တွေ ဖျက်လိုက်ရနဲ့ အတော်ကြီးကို အလုပ်များခဲ့ပါတယ် ။ အခု လည်း Hacking ဟာ အတော်လေးကို ခေတ်စားလာပြန်ပါပြီ ။ ဒီနေ့ ဘလော့မှာမွှေကြည့်လိုက်တော့ ဘလော့ ဂါအစ်မ အဖြူရောင်နတ်သမီးရဲ့ ဖေ့ဘုတ်အကောင့် ဟက်ခံလိုက်ရတယ် ။ ကျွန်တော်ကိုယ်တိုင်လည်း ဂျူလိုင် ၂၅ ရက်နေ့တုန်းက ဂျီမေလ်းတွေနဲ့ ရွာရဲ့ ဖောင်ဒါ အကောင့်တွေ ခိုးယူခြင်းခံခဲ့ရတဲ့အတွက် ဘယ်လိုခံ
Continue Reading | comments

ဧပြီ၂၃ရက်မှာ ချပေးမယ်ဆိုတဲ့ WCDMA တွေ သိပ်မသေချာသေး.

ဟုတ်ကဲ့...နှစ်သိန်းတန် GSM တွေအကြောင်း တင်ပြအပြီးမှာတော့ ဧပြီ၂၃ရက်မှာ ချပေးပါမယ်ဆိုတဲ့ WCDMA တွေကတော့ သိပ်မသေချာ ဘူးလို့ သိရပါတယ်...WCDMA ဆိုတာကို လူတွေက CDMA လို့ ထင်နေကြတယ်..တကယ်တော့ ဂျီအက်စ်အမ်ပါပဲ...ကျွန်တော်တို့ လက်ရှိ သုံးနေကြတဲ့ ဂျီအက်စ်အမ်နဲ့ အခုချထားပေးမယ့် နှစ်သိန်းတန် ဂျီအက်စ်အမ်တွေက 2.5 G Network သုံးတဲ့ ဂျီအက်စ်အမ်တွေပါ..WCDMA ကတော့ 3G Network အသုံးပြုလို့ ရမယ့် ဂျီအက်စ်အမ် တွေပါ..မြန်မာ့ဆက်သွယ်ရေးက ဖွင့်ပေးမယ်ဆိုရင် ဓာတ်ပုံ၊ရုပ်ရှင် ၊သီချင်းပို့လို့ရနိုင် မယ့် Multi Media Message စနစ် သုံးလို့ရမယ်လို့ သိရပါတယ်..နောက်ပြီးFace to Face ဖုန်းပြောလို့ ရနိုင်မှာပါ..3G Network ဒီမှာ ဖွင့်ပေးပြီဆိုရင် တောင် ရန်ကုန်၊မန်းလေး၊နေပြည်တော် မှာပဲ သုံးလို့ရဦးမှာပါ..ကျန်တဲ့ နယ်မြို့တွေကတော့ 2.5G Network နဲ့ပဲ သုံးရမှာပါ. သူက2.5G Network မှာဆိုရင်တော့ ပုံမှန် ဂျီအက်စ်အမ်တွေလိုပဲ အလုပ်လုပ်မှာ ဖြစ်တယ်လို့သိရပါတယ်...လိုင်းဆွဲအားတွေ လိုင်းအ၀င် အထွက်တွေလည်း ပုံမှန် ဂျီအက်စ်အမ်တွေလိုပဲ ရှိမယ်လို့ သိရပါတယ်..
နောက်ထပ် ဗဟုသုတ အနေနဲ့ WCDMA ရဲ့ အနက်က Wideband Code Division Multiple Access ဖြစ်ပြီး WCDMA ကို ယခုနောက်ပိုင်း ဈေးကွက်မှာ ရောင်းချနေတဲ့ မော်ဒယ်မြင့် ဟမ်းဆက်တိုင်းမှာ သုံးလို့ရနိုင်ပြီး 3G Network ကိုတော့ လောလောဆယ်မှာ အသုံးပြုလို့ မရသေးဘူးလို့ သိရပါတယ်...ဟုတ်ကဲ့..ကျွန်တော်မျိုးသက်ခိုင်ပါ..လူအချင်းချင်း နှိပ်စက်ခြင်းမှ ကင်းဝေးကြပါစေ...

ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blogs/wcdma#ixzz1qiLgq7h1


                          လမင်း
Continue Reading | comments

..ကောင်မလေး..သို့..

  • ကောင်မလေးရေ..
  • မင်းကိုလွမ်းလို့..
  • ငါ့ အလွမ်းတွေ.
  • အခိုးအငွေ့ပြန်ပြီး..
  • ငါ့မျက်ဝန်းမှာ..မျက်ရည်တွေ..
  • မိုးအဖြစ်ရွာချကုန်ပြီး....

  • ကောင်မလေးရေ..
  • မယုံဘူး..မယုံဘူး.
  • မယုံပါဘူးလို့...
  • သုံးခေါက်တောင်..ငြင်းနေမှတော့..
  • ငါ့..အလွမ်းတွေ..
Continue Reading | comments

ဟေမာန်လက်ဆောင်

ဟေမာန်ဆောင်းည၊သာယာပါစေ။
စုံတွဲလူငယ်၊ရွှေညီကိုများအပေါင်း
သာယာလှပ၊ဤပွဲတော်ကြီိးမှာ
အတူပျော်ပါး၊ရွှင်လန်းကြပါစေ။
    မွေးနေ့တစ်ဖန်၊ရောက်လာပြန်ပြီ
    မိဘပြည်သူ၊ချစ်သူစုံတွဲ
    တစ်နှစ်မှာ၊တစ်ခါသာ
    မျော်လင့်ခဲ့ရ၊။
ဆောင်းတွင်းမနက်၊သာယာပါစေ
ချစ်သူစုံတွဲအပေါင်း၊ပျော်ရွှင်ကြပါစေ။
နှောင်အနာဂတ်၊နှစ်ပေါင်းများးစွာ
ကျန်းမာချမ်းသာကြပါစေ။
    ဟေမာန်လက်ဆောင်၊ဒီနှစ်ပွဲတော်
    တူရွှင်ပျော်ပါး၊ဆင်နွဲ့ကြပါစို့လား
    အနေဝေးသူ၊အိမ်ကိုလွမ်းလျှက်
    ငယ်ကျွမ်းဆွေတွေ၊သတိရရင်း
    ကျမျက်ရည်နဲ့၊ကျွန်တော်ရေးတဲ့
    ဟေမာန်လက်ဆောင်.....

                                   လမင်း
Continue Reading | comments

ရင်တွင်း ဆည်းလည်းသံ

အတွင်းအတွေးတွေကို
ကိုယ်ထည်ဒြပ် ပုံသွင်း
ရင်အသည်းအေးစေမယ့်
အလုံးလေးတွေကို
တစ်ဘ၀စာ ချိုမြိန်ရင်း
အပန်းဖြေ ကွန်းခိုရာဂေဟာမှာ
နှစ်ယောက်အတူ
သာယာကြမယ်ညီမလေးရယ်...

                                                  လမင်း
Continue Reading | comments

တစ်နှစ်ခွဲ အရွယ် ကလေးအား ဘောလုံး ကလပ်က စာချုပ်ချုပ်

ဘေယာကီဗန်ဒါမေ အမည်ရှိ တစ်နှစ်ခွဲ အရွယ် ကလေးငယ်သည် သူ၏အရုပ် ထည့်သည့် သေတ္တာထဲသို့ ဘောလုံး သုံးလုံးကို တန်းတန်းမတ်မတ် ၀င် အောင် အလျင်အမြန် ကန်ပြပုံက You Tube ၀က်ဘ်ဆိုက်တွင် လွန်စွာ ရေပန်းစားခဲ့ရာ သူ့အား ဒပ်ခ်ျ ဘောလုံး ကလပ်အသင်းတစ်ခု က ၎င်းတို့အသင်း၌ ကစားရန် စာချုပ်ချုပ်ဆိုလိုက်ကြောင်း သိရသည်။ ဗန်ဒါမေသည် သူ၏ ခန္ဓာကိုယ် အရွယ်အစား တစ်ဝက်ခန့် ရှိသော ဘောလုံးကို ကန်ပြခဲ့ခြင်း ဖြစ်သည်။ သူ၏ ဖခင်ဂျော့က သူ၏သား ဘောလုံး စွမ်းရည် ပြသပုံကို ရိုက် ကူးကာ You Tube တွင် တင်လိုက်ရာမှ ယခုကဲ့သို့ကျော်ကြားလာခြင်း ဖြစ်သည်။
အဆိုပါ ပြကွက်ကို ၀င်ရောက် ကြည့်ရှုသူပေါင်း တစ်သန်းကျော် ရှိခဲ့ပြီး နောက် ဒပ်ခ်ျပရီးမီးယားလိဂ် တွင် ပါဝင် ယှဉ်ပြိုင်နေသည့် ဗန်လုစ်ဗို ဘယ်ဗီရင်နစ်ဂင်း အသင်းက သူ့အား စာချုပ် ချုပ်ခဲ့ခြင်း ဖြစ်သည်။
Continue Reading | comments

ဝက်ဘ်ဆိုက်မှာဗိုင်းရပ်စ်ရှိလား၊ wotနဲ့ကြည့်နည်းလေးပါ

ဝက်ဘ်ဆိုက်တွေမှာဗိုင်းရပ်စ်ရှိမရှိကိုwotဆော့ဖ်ဝဲသုံးပြီးကြည့်နိုင်တယ်လို့သိရပါတယ်။
wotဆော့ဖ်ဝဲကိုအင်တာနက်မှာအခမဲ့ဒေါင်းလုပ်ဒ်ဆွဲပြီးကိုယ်သုံးတဲ့ဘရောက်ဇာမှာ
add-onလုပ်ပြီးသုံးရမှာဖြစ်ပါတယ်။ဒေါင်းလုပ်ဒ် လုပ်ရမယ့်လင့်ကတော့မော်ဇီလာဘရောက်ဇာ
သုံးတဲ့သူတွေအတွက်ကhttps://addons.mozilla.org/en-us/firefox/addon/3456/မှာရယူနိုင်ပြီး
leဘရောက်ဇာနဲ့chromeဘရောက်ဇာသုံးတဲ့သူတွေကတော့http://www.mywot.com/en/download/ie
မှာရယူနိုင်ပါတယ်။ wotဆော့ဖ်ဝဲကိုaddonအဖြစ်အင်စတောလ်လုပ်ရင်အကောင့်တွေကိုဖောက်ခိုင်းတတ်တယ်။
မဖောက်လည်းရပါတယ်။ သူ့ကိုအင်စတောလ်လုပ်ပြီးရင်တော့ဘရောက်ဇာကိုရီစတက်ပေးလိုက်ပါ။
ဒါဆိုရင်သူစတင်အလုပ် လုပ်ပါပြီ။သာမာန်ဆိုရင်ကိုယ်ဖွင့်တဲ့ဆိုက်မှာဇိုင်းရပ်စ်ရှိမရှိကိုမသိကြပါဘူး။
သည်wotကတော့ကိုယ်ဝင်ရောက်မယ့်ဆိုက်ကိုဇိုင်းရပ်စ်ရှိမရှိကိုဆုံးဖြတ်ပေးနိုင်စွမ်းရှိပါတယ်။
သူ့မှာဗိုင်းရပ်စ်ရှိမရှိကိုသတ်မှတ်ချက်တွေနဲ့ဖော်ပြထားပါတယ်။အစိမ်းရောင်ပြတယ်ဆိုရင်စိတ်ချလက်ချ
ဝင်ကြည့်နိုင်ပါတယ်။အ၀ါရောင်ဆိုရင်တော့သိပ်မသင်္ကာစရာကောင်းတဲ့ဆိုက်ဖြစ်ပါတယ်။
အနီရောင်ဆိုရင်တော့ဗိုင်းရပ်စ်ရှိတဲ့ဆိုက်ဖြစ်တယ်လို့သိရပါတယ်။

*ဆိုက်လေးတစ်ဆိုက်မှ ဖတ်မိလို့  ပြန်လည်ဝေမျှပေးတာပါ.*



                                                                  လမင်း
Continue Reading | comments

အမေ့ မျက်လုံး

30 March, 2012

ဘယ်တော့မှ မရိုးနိုင်တဲ့  အမေ့  မေတ္တာဖွဲ့ လေးပါ----
အမေ့မှာ မျက်လုံးတစ်လုံးပဲရှီတယ် ။ ကျွန်တော် အမေ့ကို မုန်းတယ် ကျွန်တော့်အတွက်တော့အမေဟာ ရှက်စရာပါပဲ။
အမေက ကျောင်းသားတွေနဲ့ ဆရာဆရာမတွေအဖို့ ထမင်းချက်ကျွေးရတဲ့ ထမင်းချက်တစ်ယောက်ပေါ့ အဲဒီဝင်ငွေနဲ့ပဲ
မိသားစုကို အမေ ထောက်ပံ့ပေးထားတယ် ။
Continue Reading | comments

နွေ ရောက်တိုင်း ငုဝါပန်းလေးတွေကတော့ ပွင့်နေဦးမှာပါပဲ

နွေဂိမာန်ကူးလို့ မြန်မာလူမျိုးတို့  အပျော်ရွှင်ဆုံး အတာင်္ကြန်ပွဲ ဆင်နွှဲ ချိန်လဲရောက်ပါတော့မယ်။
ဒီအချိန်ဆို ရင် အားလုံး မျှော်လင့်ရင်ခုန်နေကြတာကတော့ ပိတောက်ပန်းပွင့်လေးတွေပါ။
တကယ်တော့ ပိတောက်ဆိုတာကလဲ တခြားပန်းတွေနဲ့မတူ တမူထူးပြီး မိုးစက်ပက်ဖြန်းမှ လန်း
၇တာလေ-မိုးမရွာ ရင် သင်္ကြန်လဲ ဘယ်ပိတောက်မှ မပွင့်နိုင်ပါဘူး--

သင်္ကြန်မိုးလေးနဲ့အပြိုင် သိင်္ဂီရွှေ ပိတောက်ပန်းလေးတွေကို ပွင့်လန်းမယ့်ချိန်ခါ မျှော်ကာလေ
မောနေကြပါရဲ့ ။မရတာမှ လိုချင်ကြတာက  လူ့ သဘာဝ ပဲနော်--


အားလုံးကပိတောက်ကိုမျှော်နေချိန်မှာငုဝါပန်းလေးခိုင်လေးတွေကတော့ဝင်းတောက်ထိန်ကြည်စွာ
နဲ့ ဖူးပွင့် ဝေဆာပြီး နွေကိုအလှဆင်နေကြပါတယ်။

အားလုံးကပိတောက်ကိုမျှော်နေချိန်မှာငုဝါပန်းလေးခိုင်လေးတွေကတော့ဝင်းတောက်ထိန်ကြည်စွာ
နဲ့ ဖူးပွင့် ဝေဆာပြီး နွေကိုအလှဆင်နေကြပါတယ်။
Continue Reading | comments

newbies hacker tutorial (လျို့ဝှက်ချက်လေးများ)

လူငယ်တော်တော်များများ က အီးမေးလ် ဘယ်လို ဟက်လို့ ရမလဲ ဆိုတာကို အမြဲတမ်း စူးစမ်းနေတာ ကို ကျနော်သိပါတယ်။ အခု စာဖတ်သူတွေ အနေနဲ့ လဲ ဒီ ပို့ စ်လေး ကို ဖတ် ကြတာ ကလည်း သူများ မေးလ်ကို ဟက်ဖို့ စိတ်ဝင်စား တယ်ဆိုတာ ပစ်မလွဲပါဘဲ ဗျာ။ ကောင်းပြီးဗျာ .. အီးမေးလ် တစ်ခု ကို ဟက်တော့ မယ်ဆိုရင်တော့ တကယ့်ကို အလုပ်များတဲ့ အလုပ်ပါ. တစ်ချို့ သူတွေ မေးကြပါတယ် မေးလ် password ကိုဘယ်လို ဟက်မလဲ တဲ့.. ဟက်လို့ရလား တဲ့ .. ဟက်လို့ တော့ ရပါတယ် ဒါပေမယ့် မိမိ ဟက်ချင်တဲ့ သူကို သူက သူ့ password ကို သူ့ ဖာသာ သူ ပေးမှန်းမသိ ပေးမိအောင် လိမ်ညာပြီး ဟက်တဲ့ နည်း က တော့ ပျော်စရာအကောင်းဆုံးပါဘဲ ဗျာ .အများစု က တော့ phishing ကိုသုံးကြတာပေါ့.အီးမေးလ် ကို ဟက်လို့ ရပါသလား ။
Continue Reading | comments

ဆီးချိုသွေးချိုပျားမြီးရွက်ပင်စားပေးပါ

ဆီးချိုသွေးချိုပျားမြီးရွက်ပင်စားပေးပါ

တစ်နေ့ကို ၂ရွက်ပုံမှန်စားပါ

ဆီးချို ၃၀၀ တက်ရင် ၃ရွက်စားပါ

ဆီးချို ၄၀၀ တက်ရင် ၄ ရွက်စားပါ...
အမျိုးအစား: ဆေးပညာ 

                                 လမင်း
Continue Reading | comments

မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် အုတ်ဂူနှင့် ဗိသုကာပညာရှင်

29 March, 2012

Dawkhinkyiဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်ရဲ့ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်တို့ကို ရုပ်မြင်သံကြား၊
ရေဒီယိုတွေကနေ တဆင့် မတ်လ ၁၄ ရက်နေ့က တင်ပြသွားခဲ့တဲ့ နေရာမှာ နှစ်ပေါင်း ၂ဝ ကျော်အတွင်း ပါတီဝင်တွေ ဖိနှိပ်ခံရတာ၊ ဆရာဝန်တွေ၊ ရှေ့နေတွေ လိုင်စင်ရုပ်သိမ်းခံရတာနဲ့ မတရားဖမ်းဆီးပြီး အမြင့်ဆုံးအထိ ပြစ်ဒဏ်တွေ ချမှတ်ခံရတာတွေ ရှိခဲ့တယ်ဆိုပြီး ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။
Continue Reading | comments

ဘာသာဝင်အားလုံးတို့ရဲ့ အဓိကမိန်းက ဘာလဲ (မြန်မာအင်္ဂလိပ်)

ဦးဇင်းကို ဘာသာခြားများက လာလာမေးကြပါတယ်။ ဦးဇင်းအနေနဲ့ တခြားဘာသာတွေအပေါ်မှာ ဘယ်လိုမြင်သလဲတဲ့။ ဒါနဲ့ ဦးဇင်းလည်း ကောင်းတာလုပ်ရင် ကောင်းတာပြန်ခံစားရမယ်။ မကောင်းတာလုပ်ရင် မကောင်းတာပြန်ခံစားရမယ်။ ဒါဟာ အဓိကမိန်းဖြစ်ပေတယ်။ ဒါကြောင့် မိမိကောင်းတာလုပ်ဖို့နဲ့ ကောင်းတဲ့စိတ်ထားရှိဖို့သာ အဓိကဖြစ်တယ်လို့ လိုရင်းနဲ့ ဖြေပေးလေ့ရှိပါတယ်။ ဒါနဲ့ ခုအခါမှတော့ အကျယ်တ၀င့် ဘာသာတိုင်းအတွက် အသုံးတည့်တဲ့အဖြေ ကို ဖြေပေးဖို့ရန် တောင်းဆိုသူတွေ များပြားလှတဲ့အတွက် အချိန်မရ၊ ပညာမတတ်၊ အသိပညာမကြွယ်ဝသော်လည်း တက်သိသမျှလေးကို ရသလောက်အချိန်လေးနဲ့ ဖြေဆိုပေးလိုက်ပါတယ်။
Continue Reading | comments

အင်တာနက်ပေါ်မှ ရေပန်းစားသောချစ်စဖွယ် ခွေးကလေးများ


ယခုတလော အင်တာနက်ပေါ်မှာ ရေးပန်းစားနေတဲ့ ချစ်စဖွယ်ကောင်းတဲ့ ခွေးကလေးတွေရဲ့ ပုံတွေကို ဆင်ဟွာ သတင်းဌာနက ယခုလို စုစည်းဖော်ပြပေးခဲ့ပါတယ် ။

Continue Reading | comments

ပုလဲနှင့်ကျန်းမာရေး



ပုလဲဟာ အသက်ရှင်နေတဲ့ အခွံပါတဲ့ ကမာကောင်လေးတွေရဲ့ တစ်ရှူးအနုသားလေးတွေမှာ ဖြစ်ပေါ်တဲ့ အမာ ပစ္စည်းတစ်ခုဖြစ်ပါတယ် ။ ကမာကောင်လေးတွေရဲ့ အခွံမာကဲ့သို့ပဲ အလွန်သေးငယ်တဲ့ crystalline ပုံစံလေးတွေ နဲ့ calcium carbonate နဲ့ ပြုလုပ်ထားခြင်းဖြစ်ပါတယ် ။ အရစ်အခွေ အလွှာလေးတွေ နဲ့စုပေါင်း ထားခြင်းဖြစ်ပြီး တကယ့်ပုလဲဟာ နူးညံ့ချောမွတ်ပြီး လုံးဝန်းပါတယ် ။ ဒါပေမယ့်လည်း တခြားပုံစံ ပုလဲတွေ လည်းရှိပါတယ် ။ တကယ့်အဖိုးတန်တဲ့သဘာဝ ပုလဲတွေ ဟာ ကျောက်သံပတ္တမြားတွေ ထက်ပိုပြီးအဖိုး တန်ပါ တယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အလှအပရေးရာအတွက် ဆင်မြန်းခဲ့ကြပြီး ပုလဲတွေရဲ့ တန်ဖိုး ဟာလည်းအချိန်တွေကြာလာတာနဲ့အမျှ မြင့်သထက် မြင့်တက်လာခဲ့ပါတယ် ။
Continue Reading | comments

မတ်လ ၃၁ ရက်နေ့တွင် တစ်ကမ္ဘာလုံး အင်တာနက်သုံးမရအောင် လုပ်မယ်ဆိုတဲ့ Anonymous Hacker Group

မည့် မတ်လ ၃၁ ရက်နေ့တွင် တစ်ကမ္ဘာလုံးမှာရှိတဲ့ အင်တာနက်တွေကို သုံးမရအောင်တိုက်ခိုက်မယ်လို့
Anonymous Hacker Group ကနေခြိမ်းခြောက်ထားပါတယ်။
ခုတစ်လော နိုင်ငံတကာဖိုရမ်တွေမှာလည်း ဒီအကြောင်းဟာဟော့ဖြစ်လို့နေပါတယ်။
Operation Blackout လို့ နာမည်ပေးထားတဲ့ ဒီစစ်ဆင်ရေးကို ဘယ်လိုလုပ်မှာလည်း ဆိုတာကိုပါ
သူတို့က ကြွေးကြော်ထားပါတယ်။
Continue Reading | comments

ကျောင်းသင်ခန်းစာမှာ မသင်တဲ့အရာ

28 March, 2012


၁) လူရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အပျော့ပျောင်းဆုံးကြွက်သားက "လျှာ"ဖြစ်တယ်။

၂) လူတွေဟာ မျက်လုံးဖွင့်ပြီး ဟတ်ချိုးမချေနိုင်ဘူး။

၃) တံဆိပ်ခေါင်း (သို့) စာအိပ်တွေကိုကပ်ဖို့ လျှာနဲ့လျှက်လိုက်တာနဲ့ ကော်မှာပါတဲ့ ကယ်လိုရီ ၁ဝပုံ ၁ပုံ ကို သင်လျှက်မိသားဖြစ်သွားပြီ။

၎) ညာကျော်တွေက ဘယ်ကျော်တွေထက် ပျမ်းမျှ အသက်(၉)နှစ်ရှည်ကြတယ်။

၅) ပိုလာဝက်ဝံတွေက ဘယ်ကျော်တွေဖြစ်တယ်။
Continue Reading | comments

ကမ္ဘာ့ အသန့် ရှင်းဆုံးမြို့ (၁၀)မြို့ 

10. Calgary, Canada

9. Helsinki, Finland9. Helsinki, Finland
Continue Reading | comments

Internet Download Manager v6.09 Build 3 Portable


မနေ့က တစ်ခု တင်ပေးလိုက်ပြီးပါပြီ ဒီနေ့ protable လေး ထပ်တင်ပေးလိုက်ပါတယ် အဆင်ပြေရာကနေ ဒေါင်းလော့ချသွားလိုက်ပါ
Size: 10.1 MB

Note:
1- Internet Explorer Included
2- Flash Player 11.1 Included
3- Run Internet Download Manager First Then Use Internet Explorer That Included To Download
4- Enjoy!
Continue Reading | comments

၂၄ ဘာသာကို မြန်မာလိုပြန်နိုင်ပြီ

27 March, 2012

web site မှာ ဘာသာဝင်ပြန်နိုင်ပါတယ်
အင်္ဂလိပ် ကနေမြန်မာကို အွန်လိုင်းပေါ်မှာဘာသာ ပြန်နိုင်ပါပြီး။
မသိသေးတဲ့သူငယ်ချင်းတွေအတွက် သတင်းကောင်းလေးပါနော်။

english - Myanmar,
Continue Reading | comments

ကိုရင်ကျော်၊ မောင်(စွယ်စုံကျမ်း) တို့နှင့် စကားစမြည် စကားဝိုင်း

 

ရွှေညာသူတို့ ငယ်ငယ်တုန်းကဆိုရင် လသာတဲ့ ညတွေမှာဆို အိမ်ရှေ့ထွက်ပြီး လူငယ်တွေ(ကလေးတွေပေါ့) စုပြီး စကားဝိုင်းဖွဲ့ပြောဖူးခဲ့ဖူးတယ်။ မတူညီတဲ့
Continue Reading | comments

မကြာခင် ရောင်းချပေးမည့် WCDMA(3G)ဖုန်းမှာ ဂျီအက်စ်အမ် စနစ်ဖြစ်ပြီး စီဒီအမ်အေဖုန်းဟု အထင်မှားသူများရှိနေ

မကြာခင်ရောင်းချပေးမည့် WCDMA(3G) ဖုန်းမှာ ဂျီအက်စ် အမ်စနစ်သာဖြစ်ပြီး သုံးစွဲသူအချို့ မှာ စီဒီအမ်အေ ဖုန်းဟု ထင်နေသူများလည်း ရှိနေကြောင်း သိရသည်။
“ WCDMA ကို စီဒီအမ်အေ ဖုန်းလိုလို အထင်မှားကြတာတွေ ရှိပါတယ်။ WCDMA က ဂျီအက်စ် အမ်ဖုန်းပါပဲ။ ဂျီအက်စ်အမ်မှာ သူ့ မျိုးဆက်အလိုက် တိုးတက်လာခဲ့ပြီး 1 G တုန်းကဆိုရင် Analog စနစ်ပဲ ရှိသေးတယ်။ 2G မှာ Digital ဖြစ်လာပြီး Data Service က ပါတယ် ဆိုရုံလေးပဲ။ ဥပမာ- SMS တို့ Message တို့ ပို့လာနိုင်တာမျိုးပေါ့။ 2G ကိုထပ်မြှင့်တော့
Continue Reading | comments

သစ္စာတရားအတွက် မီးအိမ်တစ်လုံးနှင့် (တာရာမင်းဝေ)


၁။
အရှင်…
သင်၏ခေါ်ရာ
ထပ်ချပ်…ငါ…လိုက်ပါမည်။
ကြယ်တစ်ပွင့်ကိုဆွဲယူ
ငါ့ကို…ထူပါ။
ဟိုးမှာ…
Continue Reading | comments

သပြေညို


သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို
တို့ပြည်မှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို..။
Continue Reading | comments

မာတာမိခင်သို့

ကလလ ရေကြည်
သန္ဓေတည်စဉ်ကတည်းက
ချို၊ချဉ်၊စပ်၊ငန်၊ဖန်၊ခါး
ရသာများကို
မမှားရလောက်အောင် သတိဆောင်ခဲ့တဲ့ အမေ....။
Continue Reading | comments

ဓမ္မကိုရှာဖွေခြင်း

မိဘတွေက ဗုဒ္ဒဘာသာဝင်တွေ ဖြစ်တာနဲ့ အညီ ကျွန်မလည်း ငယ်စဉ်က စိတ်ထဲလေးလေးနက်နက် မယုံကြည်ခဲ့သော်လည်း မိရိုးဖလာ ဗုဒ္ဒဘာသာဝင် တစ်ဦးဖြစ်ခဲ့ပါတယ်။ ကံအားလျော်စွာပဲ စာဖတ်လဲ ၀ါသနာပါသူ တစ်ဦးဖြစ်ခဲ့ပါတယ်။ ကိုယ်ဘာကိုသိချင်တယ်၊ ကိုယ်ဘာကိုဖတ်ချင်တယ် ဆိုတာ ရွေးချယ်ဖတ်တတ်လာတဲ့ အချိန်ကျတော့ စိတ်တည်ငြိမ် အေးချမ်းလိုတဲ့အတွက် ဘာသာရေး စာပေတွေကို ဖတ်မိလာပါတယ်။ အဲဒီမှာတွေ့လာတာက တရားထိုင်တတ်ရင်၊ သတိလေးနဲ့ နေတတ်ရင် စိတ်ဟာ အေးချမ်းလာလိမ့်မယ်ဆိုတာ သိလာပါတယ်။ ဒါကြောင့် ကျွန်မဟာ တရားစခန်းဝင်နိုင်အောင်
Continue Reading | comments

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ


အခန်း (၁)

ဇာတိ...
…မြေလတ်ဟုခေါ်သော မြန်မာပြည်၏ အပူပိုင်းဇုန်ဖြစ်သော မကွေးစီရင်စု၊ ယခုရေနံချောင်းခရိုင်အတွင်း ပျဉ်းမနား၊ ကျောက်ပန်းတောင်း ရထားလမ်းတစ်ဝက်ခန့်တွင် အပူပိုင်းဇုန် ကုန်းမြေပြင်များဖြစ်သော နှမ်း၊ ပဲနှင့် ၄င်းဆီများထွက်၍ ကုန်ရောင်းကုန်ဝယ် အတော်တွင်ကျယ်သော မြို့ကလေးတစ်မြို့ရှိလေသည်။
Continue Reading | comments

တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး၏ လမ်းညွှန်သြ၀ါဒများ.




..စိတ်ကြည်လင်ချမ်းသာအောင်မြင်ရေးအတွက် တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး အရှင်ဦးဥတ္တမသာရ၏ လမ်းညွှန်သြ၀ါဒများအား ဆရာသုတေသီ ဘုန်းမြင့်သွေးရဲ့စုစည်းပူဇော်ခြင်းကို ကမ္ဘာသစ်ဓမ္မမိတ်ဆွေ.သူငယ်ချင်းများ အားလုံးအတွက် မျှဝေပေးလိုက်ပါတယ်ရှင်.

Continue Reading | comments

သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ (အပိုင်း-၁၀) (ဆရာတော်ဦးဇောတိက)


တစ်နေ့တခြား စိတ်ထားမြင့်မားတဲ့သူ…
Be an island onto yourself.
Be your own refuge.
Make the Dhamma your island.
Make the Dhamma your refuge.
Take no other refuge.
Continue Reading | comments

မေယုတောင် သို့မဟုတ် ဆင်ဖြူရတနာတို့ ပေါ်ထွန်းရာမြေ


ဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်တော် ခံဒေသတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ် တွင် မြေပေါ်မြေအောက် သယံဇာတ ပေါများစွာရှိနေသည်။ ရခိုင်ပြည်နယ် ၏ မြောက်ဘက်ပိုင်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ် များသို့ သွယ်တန်းနေသည့် မေယု တောင်တန်းကြီးတွင် သဘာဝတော ရိုင်းတိရစ္ဆာန်များစွာ နေထိုင်ကျက်စားလျက် ရှိနေသည်။ ဘုရားရှင်၏
Continue Reading | comments

သဲနဲ့တူတဲ့အချစ်

သားအမိ နှစ်ယောက် ပင်လယ်ကမ်းခြေ တစ်နေရာမှာ အတူတူရှိနေကြတယ်။ သမီးဖြစ်သူက လက်ထပ်ခါနီး သတို့သမီးလေးပေါ့။ သမီးက မေမေ့ကို အခုလို မေးလိုက်တယ်။
“မေမေ..သမီးလက်ထပ်ပြီးရင် ချစ်ခြင်းမေထ္ထာကို ပိုင်နိုင်အောင် သမီးလက်ထဲ ဘယ်လိုဆုတ်ကိုင် သင့်သလဲ..ဟင် ..မေမေ ” လို့ မေးတယ်။
Continue Reading | comments

ရဲဘော်သုံးကျိပ်၏ ဗိုလ်မိုးကြိုး


ဟိုင်နန်ကျွန်း၏ နေပူချိန်အောက်ဝယ် ကျွန်တော်တို့ ရဲဘော်အားလုံး မြန်မာ့လွတ်လပ်
ရေးအတွက် မနားမနေ ပြင်ဆင်လေ့ကျင့်နေကြသည်။ဂျပန်ဆရာကြီးများ၊ ဆရာကလေးများ ကလည်း ကျွန်တော်တို့စစ်ကျောင်းသားတွေကို နာရီသံပတ်လှည့်နေသလို ကွက်မလွတ်

Continue Reading | comments

စွယ်တော်ရွက်ကလေး.....နှင့်ကဗျာအတိုလေးတွေပါ................

26 March, 2012

မောင် က နေ...မေ က
လိုက်ဖက်ပဏာတင့်လို့.....
မောင် ရှိမှ...မေ့ ဘ၀လုံခြုံသလို...
မေ ရှိမှ...မောင့် ဘ၀အေးချမ်းရတယ်.....
တကယ်တမ်းတော့...မောင် တို့ဘ၀ဟာ...
နှစ်လွှာပေါင်းမှတစ်ရွက်ဖြစ်တဲ့....
စွယ်တော်ရွက်ကလေး လိုပါကွယ်....
Continue Reading | comments

ဗိုလ်ချူပ်အောင်ဆန်းအကြောင်း(၁၅)

20 March, 2012

                 









၁၉၄၇ ခုနှစ်အတွင်းက ဖြစ်ပါသည်။ ထိုနှစ်ကာလမှ ယနေ့အထိဆိုသော် နှစ်ပေါင်း ၁၁ နှစ်တည်း ဟူသော ခရီးမှတ်တိုင်များကို ကျော်လွန်ခဲ့ပြီဖြစ်သော်လည်း ထိုစဉ်က ထိတွေ့ခံစားခဲ့ရသော အဖြစ်အပျက် တစ်ရပ်သည် ကျွန်တော်၏ ဒိုင်ယာရီမှတ်တမ်းစာအုပ် ထဲတွင် မပျောက်ပျက်နိုင်သည်နှင့်အမျှ ကျွန်တော်၏ ဦးဏှောက်ထဲတွင် လည်း ယနေ့တိုင် မမေ့ပျောက်နိုင်ခဲ့သေးပါ။

Continue Reading | comments

မြန်မာ မွတ်စလင် တို့၏ မျိုးချစ်သမိုင်း

အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲက မြန်မာ မွတ်စလင် တို့၏ မျိုးချစ် စိတ် ဓါတ်

အင်္ဂလိပ် တို့၏ စီးပွားရေး နယ်ချဲ့လာခြင်း၊ မြန်မာ့ နိုင်ငံ၏ သဘာဝ ရင်းမြစ် ပေါကြွယ်ဝမှုကို လက် ၀ါး ကြီး အုပ် လိုခြင်း၊ စ သည့် အကြောင်းများ ကြောင့် မြန်မာ တို့သည် အင်္ဂလိပ် တို့ နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ များဖြစ်ပွား ခဲ့သည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ မှာ ၂နှစ် နီးပါးအထိ ကြာမြင့်ခဲ့ သည်။အာသံ၊မဏိပူရ၊ စစ်တကောင်း၊ တနသာင်္ရီ ၊မုတ္တမ၊ပဲခူး၊ ရန်ကုန်၊ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသနှင့် ပြည် စသည့် နောက်ပိုင်း ၊ စစ်မျက်နှာ များ တွင် လည်း အစ္စလာမ် ဘာသာဝင် များ ပါဝင် ပြီး နယ်ချဲ့ အင်္ဂလိပ် တို့ ကို တွန်းလှန် တိုက်ပွဲဝင်ခဲ့ သည်။
Continue Reading | comments

ရသ(၉) ပါး၊ ၀င်္က၀ုတ္တိအလင်္ကာနှင့် နိမိတ်ပုံ..။

ရသ(၉) ပါး၊ ၀င်္က၀ုတ္တိအလင်္ကာနှင့် နိမိတ်ပုံ..။
                      အင်း..... ဆိုက်တွေမှာ စာတွေ ၀င်ဖတ်နေရင်းနဲ့  ကကြီးသတိထားမိလာပါတယ်.... ကဗျာရေးသူတွေ ကဗျာ ချစ်သူတွေ အတော်တိုးတက်များပြားလာတာကို တွေ့ရ  မြင်ရ တော့   အလွန်ပဲ အားရ ပီတိဖြစ်လာရပါတယ်....။
                   တစ်ချိန်တုန်းကဆိုရင် ဆိုက်တစ်ဆိုက်မှာ  တစ်နေ့မှ ကဗျာလေး ၈ ပုဒ်လောက်သာ  တက်ခဲ့တာပါ...ခုတော့ ဟိုစဉ်အချိန်
Continue Reading | comments

အလိုက်သင့်

ဘ၀ကို
အတတ်နိုင်ဆုံး ပုံဖော်
တကယ်လို့
လိုအပ်တဲ့ အနေအထား
ဖြစ်မလာခဲ့ရင်တောင်
ဖြစ်လာတဲ့ အခြေအနေကို
ကျေနပ်ပြီး
အလိုသင့် ရင်ခုန်လိုက်မယ်

                                        လမင်း
Continue Reading | comments

ရင်ဝှက်တမ်းချင်း



တွေးလက်စအတွေးကို နံရံမှာ ကောက်ချိပ်လိုက်တော.
"မိုနာလီဇာ"က ပြုံးနေရင်း အားပေးလိုက်သေးတယ်
"မနက်ဖြန်တွေရှိသေးတယ်"တဲ.။
Continue Reading | comments

နှလုံးသားပါဆယ်

စံပယ်ပိတောက် ဆူးတွေပေါက်ရင်
ချစ်ပါမယ်လို့  ပြောခဲ့တဲ့
မင်းစကားကြောင့်....။
      စိတ်ကူးနဲ့  ကြိတ်ရူး စံပယ်ပိတောက်တွေ
ဆူးတွေပေါက်နေမှာကို
ကြိုတင်မြင်ရောင်
မင်းဆီကချစ်စကားလေးကို
ကြားရောင်နေမိတိုင်း
Continue Reading | comments

လူ

17 March, 2012

လူ
ဘဝဆိုတဲ့
ခဏတိုလေး
မသေသေးခင်
အသက်ရှင်မှုတရား
တန်ဖိုးထားတတ်ရမည်...
Continue Reading | comments

ဂျွန်ဟော့(ပ်)ကင်း(စ်)မှ ကင်ဆာရောဂါနှင့် ပက်သက်သော နောက်ဆုံးထုတ်ပြန်ချက်

11 March, 2012


ဂျွန်ဟော့(ပ်)ကင်း(စ်)မှ ကင်ဆာရောဂါနှင့် ပက်သက်သော နောက်ဆုံးထုတ်ပြန်ချက်။ ။17 Jul 2010
၁။ လူတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲ၉လ်)တွေရှိတယ်။ဒီကင်ဆာဆဲ(လ်)တွေဟာ သန်းထောင်ပေါင်းအနည်းငယ်ထိ ပွားများမလာမချင်းတော့ ပုံမှန်ရောဂါရှာဖွေစစ်ဆေးချက်မှာ ပေါ်လာမှာ မဟုတ်ဘူး။
Continue Reading | comments

“သွေးတိုးရောဂါ တားဆီး ဆင်ခြင်နည်း ”


သွေးတိုးရောဂါက ကမ္ဘာမှာ အဖြစ်အများဆုံး ရောဂါ ဖြစ်ရုံ မကဘဲ အသက် အန္တရာယ်ပါ စိုးရိမ်ရတဲ့ ရောဂါဖြစ် ပါတယ်။ မြန်မာ တွေကတော့ သွေးတိုး ရောဂါကို သူဌေးရောဂါ လို့ လဲ ဆိုကြပါတယ်။ ငွေကြေး တတ်နိုင်သူတွေ အများစုက အဆီ အအိမ့်တွေ၊ အစားအသောက် ကောင်း စားနိုင်ကြလို့ ၊ အဲလိုလူတွေမှာ ဖြစ်လေ့ ဖြစ်ထရှိလို့
Continue Reading | comments

HIV ပိုးအား ငှက်ပျောသီးမှာ ဆေးဖြစ်လာဖွယ်ရှိ


ငှက်ပျောသီး အတွင်း ပါဝင်သည့် ဓာတုဗေဒ ပစ္စည်း တစ်ခုသည် ခုခံအား ကျဆင်းမှု AIDS ရောဂါကို ဖြစ်စေသည့် HIV ပိုးအား ချေမှုန်း နိုင်သည့် ဆေးစွမ်း ကောင်း တစ်မျိုး ဖြစ်လာ နိုင်ကြောင်း ပညာရှင် များက ပြောကြား လိုက်ကြသည်။
သဘာဝ အလျောက် ပါဝင်နေသည့် အဆိုပါ ဓာတ်ပစ္စည်း သည် လိင်မှ တဆင့် ကူးစက်သော HIV ပိုးအား ကာကွယ် ပေးနိုင်မည်ဟု အမေရိကန် သိပ္ပံပညာရှင် များက မျှော်လင့်လျက် ရှိသည်။
ဓာတ်ခွဲခန်း စမ်းသပ် မှုများ အရ Lectinဓာတ် တစ်မျိုး ဖြစ်သော BanLec အမည်ရှိ ဓာတ်ပစ္စည်း သည် HIV ကို ဟန့်တား ရာတွင် အကျိုး ထူးများ ရရှိ နိုင်ကြောင်း မစ်ချီဂန် တက္ကသိုလ်ရှိ သုတေသီ များက ပြောကြား ခဲ့သည်။
Continue Reading | comments

မျက်စိအားကောင်းစေချင်သူများအတွက်


Continue Reading | comments

မျက်စိရေတိမ် ရောဂါ (Glaucoma)

မျက်စိ ရေတိမ် ရောဂါ ဟာ အမြင် အာရုံ ကြော (Optic Nerve) ကို ထိခိုက် စေတဲ့ရောဂါ တစ်မျိုး ဖြစ်ပြီး ပြန်လည် ကုသ မရနိုင် တော့တဲ့ မျက်စိ ကွယ်ခြင်း (Irreversible Blindness) ရဲ့ အကြောင်း တစ်ရပ် လည်း ဖြစ်ပါတယ်... ကမ္ဘာ တစ်ဝှမ်းမှာ ရေတိမ် ရောဂါ ကြောင့် မျက်စိ နှစ်ဖက် လုံး ကွယ်သူ ပေါင်း ၆သန်း ခန့် ရှိနေပါတယ်... အမေရိက ရဲ့ စစ်တမ်း တစ်ရပ် မှာတော့ အမေရိက မှာ လူဦးရေ ၃သန်း ခန့်ရေတိမ် ရောဂါ ခံစား နေရပြီး အဲဒီ ထဲက တစ်ဝက် လောက်ဟာ မိမိမှာ ရေတိမ် ရောဂါရှိမှန်း မသိသူ များ ဖြစ်ကြ ပါတယ်... အကြောင်းမှာ ဖြစ်စ တွင် ရောဂါ လက္ခဏာ မသိသာခြင်း၊ မျက်စိ မှုန်ဝါး လာတာ ကို ရေတိမ် ရောဂါ ကြောင့် ဟု မသိ ခြင်း တို့ကြောင့်ဖြစ်ပါတယ်...

မျက်လုံး တွင်းရှိ ရေဖိအား (Intraocular Pressure) အကြောင်း ပထမ အနေနဲ့ ပြောပြချင်ပါတယ်... မျက်လုံး တွင်း ရေဖိအား ဟာ ပုံမှန် အားဖြင့် ၈ မှ ၂၂ မီလီမီတာ မာကျူရီ (8 to 22 mmHg) ကြားမှာ
Continue Reading | comments

ခါးနာခြင်းနှင့်ခါးဆစ်လွဲခြင်းတို့မဖြစ်အောင်ကာကွယ်နည်းများ

Continue Reading | comments

လေဖြတ်လျှင် သွေးဖောက်ပြီးအမြန်ကယ်ဆယ်ပြုစုကုသနည်း

ပထမ အရေးအကြီးဆုံ့းအချက်မှာ လေဖြတ်သောလူနာကိုဧည့်ခန်း ၊ ရေချိုးခန်း ၊ အိမ်သာခန်း ၊ စသဖြင့် မည်သည့်နေရာတွင်ဖြစ်စေ၊ လေ . စဖြတ်သောနေရာမှ ရွှေ့ ပြောင်းသယ်မခြင်း လုံးဝ မပြုလုပ်ရပါ။
Continue Reading | comments

လေဖြတ်မည့် ရှေးပြေးလက္ခဏာများနှင့် ကြိုတင်ကာကွယ်နည်း (၃)သွယ်

လေဖြတ်ခြင်း (Stroke) အနောက်တိုင်း ဆေးပညာအခေါ်အားဖြင့် (Paralysis) ခေါ်
ရောဂါသည် မြန်မာပြည်တွင်သာမက ကမ္ဘာနှင့်အ၀ှမ်းတွင် အဖြစ်အများဆုံးသော
ရောဂါတစ်မျိုးဖြစ်ပြီး ဖြစ်ပွားလျှင် ခန္ဓာကိုယ်တစ်ခြမ်းလုံး
မလှုပ်ရှားနိုင်တော့ဘဲ အချိုတွင် စကားမပြောနိုင်၊ အစာမမျိုနိုင်ခြင်းနှင့်
အသိဥာဏ်ချို့ယွင်းခြင်းအထိ ဖြစ်နိုင်သဖြင့် ဘ၀ဆုံးရသော
ရောဂါအမျိုးအစားဖြစ်သည်။
ထို့အပြင် လေဖြတ်ခံရပြီးလျှင်လည်း အကောင်းပကတိ ပြန်ဖြစ်သူနည်းပါးပြီး
အချိန်ကာလလည်း ကြာမြင့်စွာ ကုသရသဖြင့် လူနာရော၊ လူနာရှင်များအဖို့ပါ
ပြုစုစောင့်ရှောက် ကုသရသည့် တာဝန်ဝတ္တရားကြီးမားပြီး ငွေကုန်၊ အချိန်ကုန်
ဒုက္ခမျိုးစုံ မိသားစုလိုက် ရောက်ရသော ရောဂါဆိုးကြီးဖြစ်သည်။
ထို့ကြောင့် မည်သည့်ရောဂါမဆို “ဖြစ်မှကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက
အကောင်းဆုံး ဖြစ်သည်” ဟူသောစကားအတိုင်း လက်တွေ့ လေ့လာတွေ့ရှိချက်များအပေါ်
အခြေခံ၍ လေဖြတ်ခြင်းဝေဒနာဖြစ်မည့် ကြိုတင်နိမိတ်၊ ရှေ့ပြေးလက္ခဏာများကို
သိရှိရန်နှင့် ၎င်းလက္ခဏာများပြလာလျှင် ကြိုတင်ကာကွယ်ရန်နည်းလမ်းများကိ

Continue Reading | comments

HIV ဆေးသစ် Edurant ကို FDA က အသိအမှတ်ပြုလိုက်ပြီ

By Courtney McQueen
Published: May 20, 2011 4:13 pm
(အက်ဖ်-ဒီ-အေ) အမေရိကန် အစားအသောက်နှင့် ဆေးဝါးအုပ်ချုပ်ရေးအဖွဲ့မှ (အိတ်ခ်ျ-အိုင်-ဗွီ) ပိုးကို ကုသရန်အတွက် ဆေးသစ် ဖြစ်သော Edurant (ဒူးရင့်) ဆေးကို အသိအမှတ် ပြုပေးလိုက်ပြီဖြစ်သည်။ ယင်းဆေးသည် (နူကလီယိုဆိုက်) မဟုတ်သော (အာရ်-အင်န်-အေ) ကို တည်မီသည့် (ဒီ-အင်န်-အေ) (ပေါ်လီမာရေ့စ်) ဖြစ်သည်။

အဆိုပါဆေးကို (ဂျွန်ဆင်-အင်န်-ဂျွန်ဆင်) ၏ လက်အောက်ခံ (တိုင်ဘိုတက်ခ်-သာရာပြူးတစ်) မှ ဈေးကွက်တွင် ရောင်းချမည် ဖြစ်သည်။ ၄င်းကုမ္ပဏီမှ (အိတ်ခ်ျ-အိုင်-ဗွီ) ဆေးများ ဖြစ်သော Intelence (Etravirine) နှင့် Prezista (Darunavir) တို့ကိုလည်း ရောင်းချနေပေသည်။

Continue Reading | comments

Baby Care ကလေးဗိုက်နာရင်



May 25, 2011 at 8:03 AM
ကလေးအတွက် Air X drop ကို အမြဲတိုက်ရင် ဘာဖြစ်တတ်ပါသလဲ။ အညွန်းထဲမှာတော့ ၂ ကြိမ်တိုက်လို့ ရတယ်လို့ ရေးထားပါတယ်။ ဆရာပြောလို ဆေးမတိုက်ဘဲ ထားကြည့်တာ မရလို့ပါ။ ရင်လူးဆေးတွေ လူးလဲမရပါဘူး။ အော်အော် နေပါတယ်။ လေလဲထုတ်ပါတယ်။ Air X တိုက်လိုက်ရင်တော့ ခဏလေးနဲ့ ငြိမ်ပြီးအိပ်သွားပါတယ်။ စိုးရိမ်တာက ဆေးက ကောင်းတာလား၊ ဒါမှမဟုတ် အိပ်ဆေးလိုဟာမျိုး ပါနေလားလို့ပါ။

ကလေးငယ်လေးတွေ ငိုတာဟာ ဗိုက်နာလို့သာ မဟုတ်ဘဲ မိဘတွေ၊ လူကြီးတွေကနေ ဂရုစိုက်စေချင်လို့ ငိုတာလဲ ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက ထင်ကြတယ်။ ကလေးတွေဟာ မိခင်နို့စို့ရင်းဖြစ်ဖြစ် နို့ဗူးစို့ရင်းဖြစ်ဖြစ် လေကိုပါ မျိုချလို့ လေအပိုတွေကြောင့် ဗိုက်နာတတ်တယ်။ ဗူးသုံးရင် Anti Colic Baby Bottles သုံးပါလို့ ညွှန်တယ်။

ကလေး ဗိုက်နာတာကို ကုစားနည်း တမျိုးထဲရှိတာတော့ မဟုတ်ပါ။ တမျိုးနဲ့ မရရင် နောက်တမျိုး လုပ်ရလိမ့်မယ်။ အဓိကကတော့ ကလေးကို ခြော့ပေးဘို့ဘဲ။ သူစိတ်ရှုတ်တာကို လျော့စေဘို့ ဖြစ်တယ်။ ဘာလို့ အော်ငိုသလဲ သိအောင် လုပ်ရမယ်။ ပြုစုသူရဲ့ စိတ်ပူပန်မှုကိုလဲ လိုတာထက် မပိုစေရပါ။ ကလေးတွေဟာ လုံးဝဆိတ်ငြိမ်နေတာ သိပ်မကြိုက်ပါ။ သီချင်းသံ ဖွင့်ထားတာမျိုး လုပ်သင့်တယ်။ ကလေး ဆာတဲ့အထိ မစောင့်ပါနဲ့။ နို့တိုက်နေရင် နို့မဝခင် ခဏနားပေးပါ။

အသုံးပြုနိုင်တဲ့ နည်းတွေ -
• Swaddling ကလေးအနှီး ထပ်ပတ်ခြင်း၊
• Side/stomach soothing ကလေးကို ဘေးတိုက် ဒါမှမဟုတ် မှောက်သိပ်ပါ၊
• Shushing sounds ကလေးကို ဗိုက်ထဲမှာနေတုံးက ကြားနေရတဲ့အသံမျိုး ကြားစေအောင်လုပ်ပါ။ ဥပမာ မောင်းနေတဲ့ ကားပေါ်တင်တာ၊ ဆံပင်ခြောက်ကရိယာကို အသံမည်စေတာ လုပ်ပါ၊
• Swinging ပုခက်လွှဲပေးတာ၊
• Sucking ကလေးပါးစပ်ထဲမှာ စုပ်စရာတခု ထည့်ထားပေးတာ လုပနိုင်တယ်။

သုံးနိုင်တဲ့ ဆေးတွေ -
• Aden + Anais 100% Cotton Muslin Swaddle Wrap, Jungle Jam, 4 Pack
• Baby SleepSack Wearable Cotton Blankets Halo Innovations
• Colic Calm All Natural Gripe Water
• Colic Gas Relief
• Dentinox Infant Colic Drops 100ml
• Enfamil Nutramigen LIPIL with Enflora Powder for Infants with Iron, 12.6-Ounce Cans (Case of 6)
• Equate – Infants’ Gas Relief Drops, Simethicone 20 mg
• Gripe Water, Gripe Mixture
• Happi Tummi Removable Waistband – Blue
• Hyosyne drops for colic
• Infacol Wind Drops
• Kids Baby Sleep Bag
• Little Tummys Gas Relief Drops for Newborns, Infants & Children, Berry, 1 Ounce (Pack of 3)
• Little Tummys Gripe Water – 4 oz
• Miracle Blanket -Baby Swaddling Blanket -Pink
• Mommy’s Bliss Gripe Water, Liquid, 4-Ounce Bottles (Pack of 2)
• Newborn Rock ‘n Play Sleeper, Yellow
• Similac Alimentum Advance Protein Hypoallergenic Formula with Iron, Ready to Feed, 8-Fluid Ounces (Pack of 24)
• Ultimate Baby Music – Baby Got Colic (White Noise for Babies)

Dr. တင့်ဆွေ
11/3/2012


ပြန်လည်မျှဝေသူ...။.....။
အောင်အောင်(မကစ)
Continue Reading | comments

ဝက်ဆိုဒ်များစုစည်းထားမှု

08 March, 2012

This summary is not available. Please click here to view the post.
Continue Reading | comments (1)

မျိုးတင့ှ်လှိုင်(မကစ) ၏ ကဗျာများ

နှလုံးသားဈာပန

ဒီနေ...ဈာပန အခမ်းအနားတစ်ခုရှိတယ်
သေဆုံးသူက ငါ့နှလုံးသား
အချစ်ကိုသတ်ခဲ့သူက.
သူသိပ်ချစ်ရတဲ့သူ့ချစ်သူ
ဒီပွဲမှာသု့ဘရာဇာကငါ
ငါ့နှလုံးသားကို ငါကိုယ်တိုင်မြေမြှုပ်ရမယ်။ ။
အသုဘအခမ်းအနားမှာလဲ
ငါတစ်ယောက်ထဲ
ဖြစ်ရမယ်လေ
မင်းနှလုံးသားက
လူကုန်ထံ အသိုင်းအ၀ိုင်းကမဟုတ်တဲ့
အညတရ ဆင်းရဲသားတစ်ယောက်ရဲ့ နှလုံးသား
မြေစဖို့နေပြီ ငါ့နှလုံးသားကို ..myself....


Continue Reading | comments

ဆန့်ကျင်ဘက်နှလုံးသား တစုံရဲ့ ညီမျှချင်း



အံ့သြလိုက်ပုံများနော်
ဆန့်ကျင်ဘက်နှလုံးသားနှစ်ခု
အသဲစွဲ ချစ်နေကြလေရဲ့
မူမတူတဲ့ နှလုံးသားနှစ်ခု
အချစ်ဖြစ်မလာဘူးလို့...

Continue Reading | comments

Online ပေါ်ကချစ်သူ

07 March, 2012




ကောင်မလေး
နင့်ကိုမေးပါရစေ
ကောင်မလေး…။

နင်...ငါ့ကိုမြင်ဖူးခဲ့သလား
နင်...ငါ့ကို ခင်ဖူးခဲ့သလား
နင်...ငါ့နဲ့ ဆုံဖူးခဲ့သလား
ကောင်မလေး ။........။

Continue Reading | comments

တုနှိုင်းမဲ့ မေမေ



မေမေ
နေကောင်းလားမေမေ
လွမ်းနေလားမေမေ
သားအတွက်ပူပန်နေလားမေမေ။
မေမေ
သားအတွက်ဘာမဆိုပေးဆပ်ခဲ့တဲ့ မေမေ
သားအတွက်အရာရာပြီးပြည့်စုံခဲ့တဲ့ မေမေ
သားအတွက်ခွန်အားတွေပေးခဲ့တဲ့ မေမေ။
Continue Reading | comments

အဖေ့အတွက် တမ်းတခြင်း

'အဖေသိခဲ့ရင်လေ''

တစ်ချိန်တုန်းက သားအဖနှစ်ယောက်ဟာ
ခြေသလုံးအိမ်တိုင်နဲ့ ဘ၀ကိုဖြတ်သန်းခဲ့တုန်းက
အဖေ့ရဲ့ဖ၀ါးတွေဟာ သားတစ်ယောက်အတွက်
မျှော်လင့်ခြင်းရဲ့ မနက်ဖြန်တွေပါဘဲ.......

ဒုက္ခဆိုတဲ့တရားကို ရင်ဆိုင်နိုင်ဖို့
စကားခါးခါးတွေသုံးတတ်တဲ့ အဖေ့ရဲ့လေသံတွေမှာ
သား တို့အတွက်ဆိုတာ
Continue Reading | comments

အလှတရား၏နောက်ကွယ်မှာ






အတ္တတွေနဲ့ ပြည့်နှက်နေတဲ့ဘဝ

မာနတွေနဲ့ မွန်းကြပ်နေတဲ့ ခန္ဓ္ဓာ
ပကာသနတွေနဲ့ တန်ဆာဆင်တဲ့ အလှ
သကာလိုချိုမြတဲ့ အပြော

Continue Reading | comments

ကျောခိုင်းခဲ့ ရ ချစ်သောအမိမြေ



လက်ပြနှုတ်ဆက်သူမရှိ
ရင်နာနာနဲ့ နှုတ်ဆက်ခဲ့မိတယ်
နှလုံးသားနံရံက ပုလဲဥတို့ ကြွေကျသည့်တိုင်
ငါ့ဝေဒနာတွေကို ထွေးပိုက်ရင်း
ကျောခိုင်းလို့ စွန့်ခွါခဲ့ရပြီ
ငါချစ်သော အမိမြေ

Continue Reading | comments

ငါ့အနာဂါတ် ငါ့ကမ္ဘာ





ငါ့ဘ၀ရဲ့ အနာဂါတ်
ငါကျော်ဖြတ်ရင်းနဲ့
ငါမျှော်လင့်တဲ့ပန်းတိုင်ဆီ...
တဖြေးဖြေးနဲ့ ဝေးများနေပြီလား...
ငါလိုခြင်တဲ့ အိပ်မက်ကမ္ဘာ
ခပ်ရေးရေးဘဲ ထင်ကျန်နေပါလား
ကံကြမ္မာရယ် မညှာတာလို့
ခုက္ခတွေကို ထမ်းပိုးလာ
မြစ်ပြင်ကျယ်က လှိုင်းလုံးတွေအလား
တလိမ့်လိမ့် ရိုက်ပုတ်ခြင်းခံနေရတဲ့
ငါ့နှလုံးသားကမ်းပါးအချို့
လှိုက်စားကြွေကျနေပါရောလား...
ခုက္ခလှိုင်းထမ်းပိုးများ
အဘယ်သို့ရိုက်ခတ်သော်ငြား
ငါ့နှလုံးသားကမ်းခြေ
ကုန်ဆုံးသွားမည် မဟုတ်ချေ...
ကံကြမ္မာကို အံတုရင်ဆိုင်
ဇွဲစိတ်ခိုင်မာစွာနဲ့ ကြိုးစားရင်း
ငါ့အနာဂါတ် ကမ္ဘာသစ်ဆီသို့.....
ဒုက္ခ လှိုင်းထမ်းပိုးတို့အား ဖြတ်ကျော်ရင်း
ငါ မရောက်မချင်း
ငါ့အနာဂါတ်ကမ္ဘာဆီသို့............
သွားနေမည် ။ ။

အောင်အောင် (မကစ)
ရင်းတွင်းဖြစ်
1/11/2011
Continue Reading | comments

ပြန်လာခဲ့ပါနေမင်း အတာ






ချစ်သော
ကောင်မလေး အတာ....
ဆုံဆည်းမှု၇ဲ့ အခြားတဖက်မှာ
ပေါင်းစပ်ခြင်းလို့ ကို ယုံကြည်ခဲ့တယ်
ချစ်ခြင်း၇ဲ့ အခြားတဖက်မှာ
ပျော်၇ွှင်မှုလို့ ကို ယူဆမိခဲ့တယ်

Continue Reading | comments

ချစ်နှမငယ်သို့...(၁)



ဇွဲစိတ်ကို ရင်း
အားမာန်တင်း ၍
လျှောက်လှမ်းခဲ့ပါ နှမငယ်.....
လောကပင်လယ်ပြင်ကျယ်ကို
လှော်ခတ်မယ်ဆိုရင်ဖြင့်
Continue Reading | comments

ချစ်နှမငယ်သို့...(၂)


ညီမငယ်..........
သောကအသွယ်သွယ်
လောကအလယ်မှာ
ဒုက္ခတွေကို မိတ်ဖွဲ့
အန္ဒရာယ်ကို ရင်ဆိုင်
Continue Reading | comments

ချစ်နှမငယ်....သို့ (၃)


ချစ်နှမငယ်...သို့ (၃)



ကြယ်တာရာ ၀န်းရံခ
လှမာန်ဝင့်ကြွား
ခန့်ညား သူ့ဟန်
သဏ္ဍန်အေးမြ
Continue Reading | comments

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေးသားခဲ့သော ကဗျာများနှင့်ဆရာဇော်ဂျီ၊ှဆရာမင်းသုဝဏ်တို့ ၏ကဗျာများ


သည်နေ့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ လွတ်လပ်ရေးဖခင်ကြီး သခင်အောင်ဆန်း၏ မွေးနေ့ဖြစ်ပါတယ်.... ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း။သခင်အောင်ဆန်းး အတွက် ဂုဏ်ပြုလိုက်ရပါသည်....။

အနိုင်မခံ

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏ ။
Continue Reading | comments
 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger