<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
ဗုဒ္ဓံ-ဓမ္မံ-သံဃံ
မြန်မာပြက္ခဒိန်
Myanmar Calendar
တေးဂီတ
ဧည့်သည်တော်များ
ငါသည်ဗုဒ္ဓဘာသာဝင်ဟုတ်ရဲ့လား?
23 May, 2012
မေး။ ။ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့လူငယ်တစ်ယောက်ဟာ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်ပါသလဲဘုရား။
(မေတ္တ၇ှင်ဆရာတော်ကိုမေးခြင်းပါ)
ဖြေ။ ။ ကမ္မဿကတာသမ္မာဒိဋ္ဌိ = ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ ဆိုးတာလုပ်ရင် ဆိုးကျိုးရမယ်ဆိုတဲ့ အခြေခံ ဥာဏ်အမြင်မှန်ကြီး ရှိဖို့လိုအပ်ပါတယ်။ ဒီနေရာမှာလည်း တခြားဘာသာများနဲ့ ဗုဒ္ဓဘာသာဟာအရှေ့နဲ့အနောက်၊ သမုဒ္ဒရာဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း၊ မြေပြင်နဲ့မိုးကောင်းကင်လို ကွဲပြားခြားနားလှပါတယ်။
တခြ...ားဘာသာဘုရားတွေက မင်းတို့လူသားတွေကို ငါဖန်းဆင်းထားတာလို့ဟောတယ်။ ဂေါတမဗုဒ္ဓကတော့ မင်းတို့ လူသားတွေကို ဖန်းဆင်းတာဟာမင်းတို့ကိုယ်တိုင်ပဲလို့ ဟောတယ်။ သူတို့ဘုရားရှင်တွေဟာမေတ္တာရှင်၊ကရုဏာရှင်လည်း မှန်တယ်။ ဖန်ဆင်းတာလည်းမှန်တယ်ဆိုရင်-
၁။ အသက်ရှည်တဲ့သူတွေ ဖန်ဆင်းသင့်တယ်၊ အသက်တိုတဲ့သူတွေ ဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၂။ အနာရောဂါကင်းတဲ့သူတွေ ဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။ အနာရောဂါများတဲ့သူတွေ ဖြစ်အောင် မဖန်ဆင်း သင့်ဘူး
၃။ ရုပ်လှတဲ့သူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်၊ရုပ်ဆိုးတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး
၎။ အခြွေရံများတဲ့သူတွေဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။ အခြွေရံနည်းတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၅။ ဆင်းရဲသူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။ ချမ်းသာတဲ့သူတွေဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။
၆။ အမျိုးယုတ်သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။ အမျိုးမြတ်သူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်။
၇။ ဥာဏ်ထိုင်းသူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။ ဥာဏ်ကောင်းသူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်။
ဒီမေးခွန်းတွေကို ထောက်ဆကြည့်လိုက်ရင် လူသားတွေကို တန်ခိုးရှင်တစ်ဦးဦးက ဖန်ဆင်းတာမဟုတ်ကြောင်း ထင်ရှားပါတယ်။ လူသားတွေဟာ မိမိကိုယ်မိမိ ဘယ်လိုဖန်ဆင်းခဲ့သလဲဆိုတာကို ဘုရားရှင်က ဥပရိပဏ္ဏာသပါဋ္ဌိတော်၊ စူဠာကမ္မ၀ိဘင်္ဂသုတ်မှာ အခုလို ဟောထားတယ်။
(၁) သူ့အသက်သတ်သူမှာ အသက်တိုပြီး၊ မသတ်ဘဲ ရှောင်ကြဉ်သူများမှာ အသက်ရှိပါသည်။
(၂) သူတစ်ပါးကို ညှင်းဆဲသူများ အနာရောဂါများပြီး၊ သနားစောင့်ရှောက်သူများအနာရောဂါ ကင်းပါသည်။
(၃) ဒေါသကြီးသူများ အရုပ်ဆိုးပြီး ၊မေတ္တာထားသူများ ရုပ်လှပါသည်။
(၄) ကိုယ့်ထက်သာတာကို မနာလိုသူများ အခြွေရံနည်းပြီး ၊ ကိုယ့်ထက်သာတာကို ၀မ်းမြောက်သူများ အခြွေရံ များပါသည်။
(၅) မပေးလှူသူများ ဆင်းရဲပြီး ၊ ပေးလှူသူများချမ်းသာပါသည်။
(၆) အသက်သိက္ခာဂုဏ်ဝါကြီးသူတွေကို မရိုသေသူများ အမျိုးယုတ်ပြီး၊ ရိုသေသူများ အမျိုးမြတ်ပါသည်။
(၇) မသိတာကို မေးမြန်းသူများ ညဏ်ကောင်းပြီး၊ မသိတာကို မမေးမြန်းသူများ ညဏ်ထိုင်းပါသည်။
ဒီအမေးအဖြေတွေကိုကြည့်ပြီး ဗုဒ္ဓဘာသာ လူငယ်တွေ ပြတ်သားစွာ ယုံကြည်ထားရမှာက အိမ်ထောင်းရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကိစ္စတွေ အဆင်ပြေတာဟာ ကုသိုလ်ကံကြောင့်ဖြစ်ပြီး အဆင်မပြေတာဟာ အကုသုလ်ကံကြောင့်ဆိုတဲ့အချက်ကိုပါပဲ။ အက်ယ္ခဲ့်ျပီး ထပ္ဆင့္သိသင့္တာက -
မြွေဝင် ပျားစွဲခြင်းကြောင့် ချမ်းသာတယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ(ဟိန္ဒူဝါဒ)။
အလုပ်ကြိုးစားခြင်း၊ ကုသုလ်ရှိခြင်း ကြောင့် ချမ်းသာတယ်လို့ ယူဆရင်
ဗုဒ္ဓ၀ါဒ။
ဖွတ်တက်လို့ ၊ ဠင်းတနားလို့ ဆင်းရဲတယ်၊ ခိုက်တယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ။အလုပ်မလုပ်လို့၊ နှစ်လုံး၊ သုံးလုံး လောင်းကစားလုပ်လို့၊
အကုသုလ်ရှိလို့ဆင်းရဲတယ်လို့ယူဆမှ ဗုဒ္ဓ၀ါဒ။ လက်ယပ်ခေါ်တဲ့ အရုပ်ကလေးရှိလို့၊ ပုလင်းအစိမ်းထဲမှာနှင်းဆီပွင့်စိုက်ထားလို့ ၊ ပိုက်ဆံနဲ့ ပုံဖော်ထားတဲ့ဇီးကွက်ရုပ်(လာဘ်ခေါ်အဆောင်ကပ်ပြား)ရှိလို့ ဈေးရောင်းကောင်းတာလို့ ယူဆရင်ဗြဟ္မဏ၀ါဒ။ ၀ိရီယ၊ ဥာဏ်ယှဉ်၊ စေတနာ၊ မေတ္တာထားပြီး ရောင်းလို့ဈေးရောင်းကောင်းတယ် ယူဆမှ ဗုဒ္ဓ၀ါဒ။
ရက်ရာဇာမှ ကောင်းကျိုးပေးပြီး ပြဿဒါးက မကောင်းကျိုးပေးတယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ။ ကုသိုလ်က ကောင်းကျိုးပေးပြီး အကုသိုလ်က မကောင်းကျိုးပေးတယ်လို့ယူဆမှ ဗုဒ္ဓါဒ။
စနေ၊ တနင်္ဂနွေအစရှိသော ဂြိုဟ်တွေဟာ ကောင်းကျိုးပေးတယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ။ ကုသိုလ်၊ အကုသိုလ်က ကောင်းကျိုး၊ ဆိုးကျိုးပေးတယ်ယူဆမှ ဗုဒ္ဓါဒ။ ခရီးသွားတဲ့အခါ နဂါးလှည့်သင့်မှု မသင့်မှုကြောင့်ကောင်းကျိုး၊ဆိုးကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏ၀ါဒ။ ကုသိုလ်၊ အကုသိုလ်ကကောင်းကျိုး၊ဆိုးကျိုးပးတယ်လို့ယူဆမှ ဗုဒ္ဓါဒ။
စုံဂဏန်း၊ မဂဏန်း၊ (၁၃)ဂဏန်း၊ ကိုးဂဏန်းတွေက ကောင်းကျိုး၊ဆိုးကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏ၀ါဒ။ ကုသိုလ်၊ အကုသိုလ်က
ကောင်းကျိုး၊ဆိုးကျိုးပးတယ်လို့ယူဆမှ ဗုဒ္ဓ၀ါဒ။ အသုဘယာဉ်ကို ကျောင်းဝိုင်းထဲ အိမ်ဝိုင်းထဲထားရင်၊ မြို့ပြင် ရွာပြင်မှာ
ဆုံးတဲ့ရုပ်အလောင်းကို မြို့ထဲရွာထဲပြန်သွင်းရင် မြို့ခိုင်တယ်၊ ရွာခိုက်တယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ။ ထိုအကြောင်းများကြောင့် မြို့၊
ရွာကိုမခိုင် အကုသိုလ်ကြောင့်သာ မြို့၊ ရွာကို ခိုက်တယ်လို့ ယူဆမှဗုဒ္ဓ၀ါဒ။
အလောင်းကိုင်တာချင်းတူပါလျက် သဘရာဇာကို အဝေးမှရှောင်ပြီး၊ဆရာဝန်ဖြစ်မည့်သူကို သားမက်ဖမ်းခြင်းသည် ဗြဟ္မဏ၀ါဒ။ အယူအဆွဲ မရှိဘဲနှစ်ဦးလုံးကို တန်းတူဆက်ဆံခြင်းသည် ဗုဒ္ဓ၀ါဒ။
ဒက္ခိဏသာခါရုပ်ပွားကို ကိုးကွယ်လျှင် မီးကွင်းသည်၊ ဆင်းစီးမြင်းရံဘုရားကို
ကိုးကွယ်လျှင် စီးပွားတတ်သည်၊ ဇမ္ဗုပတိချွတ်ခန်း(မကိုဋ်စလွယ်ဆင်) ဘုရားကို
ကိုးကွယ်လျှင် ရာထူးတတ်သည်ဟု ယူဆ၍ ကိုးကွယ်လျှင် ဗြဟ္မဏ၀ါဒ။
ဒက္ခိဏသာခါရုပ်ပွားကိုထုလုပ်လျှင် ဗုဒ္ဓ၏သပ္ပါယ်သော ရုပ်လက္ခဏာကိုဖျက်ဆီးရာရောက်သည်။ ဆင်စီး မြင်းရံဘုရားကို ထုလုပ်လျှင် ဘုရားရှင်၏မဟာကရုဏာကို ပြက်ရယ်ပြုရာရောက်သည်။ မကိုဋ်စလွယ်ဆင်ရုပ်ပွားကိုထုလုပ်လျှင် ရဟန်းတစ်ပါးကို ယုတ်နိမ့်သော အ၀တ်အစားများဖြင့်ဝတ်ဆင်ပေးရာရောက်သည်ဟု တွေးခေါ်မြော်မြင်ပြီး ထိုပုံမျိုးကို မကိုးကွယ်ဘဲရဟန်းနှင့်တူသော ထိုရုပ်ပွားတော်ကိုသာ ကိုးကွယ်ခြင်းသည် ဗုဒ္ဓ၀ါဒ။
လူသေပြီး ခုနှစ်ရက်လည်မှ အိမ်မှာထွက်သည်ဟုယူဆလျှင် ဗြဟ္မဏ၀ါဒ။ စုတိနောက်ပဋိသန္ဓေဖြစ်သည်၊ သို့မဟုတ် သေပြီးစက္ကန့်မခြားဘဲ နောက်ဘ၀သစ်၌ချက်ချင်းဖြစ်သည်ဟု ယူဆလျှင် ဗုဒ္ဓ၀ါဒ။
မိမိကောင်းစားချမ်းသာဖို့ အဓိကထားပြီးလှူလျှင် ဗြဟ္မဏ၀ါဒ။ အလှူခံပုဂ္ဂိုလ်ချမ်းသာဖို့ အဓိကထားပြီး လှူလျှင် ဗုဒ္ဓ၀ါဒ။
ဝါတွင်းကာလ၌ အိမ်မပြောင်းကောင်းဟု ယူဆလျှင် ဗြဟ္မဏ၀ါဒ။ အဆင်သည့်အချိန်တွင်ပြောင်းကောင်းသည်ဟု ယူဆလျှင် ဗုဒ္ဓ၀ါဒ။
လက္ခဏာတွင် အာယုလမ်းကြောင်းရှည်သောကြောင့် အသက်ရှသည်သည်၊အာယုလမ်းကြောင်းတိုသောကြောင့် အသက်တိုသည်ဟု ယူဆလျှင် ဗြဟ္မဏ၀ါဒ။ သူ့အသက်ကို မသက်ခြင်း၊ သူတစ်ပါးအသက်ရှည်ခွင့်ရအောင် ဆေးဝါးလှူဒါန်းခြင်းဟူသော ကုသိုလ်ကြောင့် အသက်ရှည်သည်၊သူတစ်ပါးအသက်ကိုသတ်ဖြတ်ခဲ့သောအကုသိုလ်ကြောင့် အသက်တိုသည် ဟု ယူဆလျှင်
ဗုဒ္ဓ၀ါဒ။ အာယုလမ်းကြောင်းသည် သင်္ကေတနိမတ်သာ ဖြစ်သည်။
ဤကား လူငယ်တစ်ယောက် ဗုဒ္ဓဘာသာဝင်ကောင်းဖြစ်ဖို့အတွက် အခြေခံလိုအပ်သော အချက်တည်း။
                                                လမင်း
Continue Reading | comments
ကမ္ဘာတစ်လွှားမှ ထူးခြားဆန်းပြာလှတဲ့ Fashion Show ပွဲများ
19 May, 2012
အခုတင်ဆတ်မှာကတော့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ထူးခြားဆန်းပြားလွန်းတဲ့ Fashion Show ပွဲတွေစီကိုပဲဖြစ်ပါ အားလုံးပဲ မယုံနိုင်အောင် ယဉ်သက်ရှုမောပြီး အံ့သြရမယ့် Fashion Show ပွဲတွေပဲဖြစ်ပါတယ်။တကယ့်ကိုမယုံနိုင်စရာပါ အများထက်ထူးကာ ပြုလုပ်တယ်ထင်ပါတယ် တစ်နေရာထဲမှာ မဟုတ်ပါဘူး ကမ္ဘာတစ်ဝန်းကဆိုအစုံကြည့်ရမယ်နော်.. ကဲစမယ်..
အပေါ်ပုံကတော့ လူရိုင်းဆန်စွာ သရဲတစ္ဆေ များစုန်းကဝေများ ပုံစံ Fashion များဖြင့် ၀တ်ဆင်ကာ ပြုလုပ်သည့် Fashion Show ပွဲတစ်ခုပဲဖြစ်ပါသည်။
Continue Reading | comments
မယ်ပဘာငိုတဲ့ အလှ
ချစ်စရာကောင်းလိုက်တာ
အတိတ်ကမ္ဘာ
အဟောင်းသံသရာမှာ
မနှောင်းပဲ အမည်ကျန်နေသေးတဲ့
ပဘာဝတီလေးနဲ့ နိုင်းဆခွင့်ပြုပါနော်
ပဘာဝတီဆိုတာ မမြင်ဘူးပေမယ့်
စိတ်အရှိတိုင်း မှန်းဆကြည့်ရင်တော့
မလိုလောက်ပါဘူး
တစ်ကိုယ်လုံး လှပါတယ်ဆိုတဲ့ ပဘာဝတီဟာ
မပြင်မဆင်သေးတဲ့
မရဲ့အသွင်အပြင်လေးနဲ့မှ
အတူတူလောက်ပါ
တစ်ခါတစ်လေ
စိတ်ပြေလက်ပျောက်
အ၀တ်ဟောင်းလေးနဲ့
သနပ်ခါး ရေကြဲလူးလာတဲ့အခါဆို
ထူးခြားအောင်လှတဲ့ ပဘာဝတီဆိုတာ
ရာဇ၀င်ခြောက်ကပ်လို့ သမိုင်းပျောက်
ဒုတိယနေရာရောက်နေလာက်ပါပြီ.............။
                   လမင်း
Continue Reading | comments
အိုလံပစ်မီးရှူးတိုင် လန်ဒန်သို့ ရောက်ရှိ
အိုလံပစ် မီးရှူးတိုင်ကိုကမ္ဘာကျော် ဘောလုံးသမား အင်္ဂလန်လက်ရွေးစင် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်း မီးထွန်းညှိအပြီးမြင်တွေ့ရစဉ်၂၀၁၂ နှစ် လန်ဒန် အိုလံပစ်အတွက် လန်ဒန်ကနေ မိုင်ပေါင်း ၈၀၀၀ လောက်ဝေးတဲ့ ဂရိနိုင်ငံ၊ အေသင်မြို့ကနေ ရက်ပေါင်း ၇၀ ကြာ လက်ဆင့်ကမ်း သယ်ဆောင် လတဲ့ အိုလံပစ် မီးရှူးတိုင်ဟာ ဒီကနေ့ပဲ လန်ဒန်ကို ရောက် လာ ပါပြီ။
ဒါဟာ နှစ်ပေါင်း ၆၄ နှစ် အတွင်းမှာ ဗြိတိန်နိုင်ငံအတွက် ပထမဆုံး အိုလံပစ်မီးရှူးတိုင် ဆိုက်ရောက်လာခြင်း လည်းဖြစ်ပါတယ်။
အဲဒီ အိုလံပစ်မီးရှူးတိုင်ကို အင်္ဂလန်လက်ရွေးစင် ဘောလုံး ကစားသမားဟောင်း ဒေးဗစ် ဘက်ခမ်းက မီးထွန်းညှိပေးပါ တယ်။ 
Continue Reading | comments
ဂစ်တာလက်ကွက်မသိသူများ အတွက် လက်ကွက်ပေါင်း တစ်သန်းကျော်ပါတဲ့ BILLION CHORDS
ဂစ်တာ Crazy များအတွက်ပါ...လက်ကွက်ပေါင်း တစ်သန်းကျော်ပါ ပါတယ်....လက်ကွက်လေးပေါ်နှိပ်ကြည့်ပြီး အသံကိုလည်းနားထောင်ကြည့်နိုင်ပါတယ်....ဒေါင်းလုပ်ကိုတော့ MediaFire ကနေပေးလိုက်ပါတယ်......soeminwin1@gmail.com
               လမင်း
Continue Reading | comments
☆☆☆မိမိ ကွန်ပျူတာကို မိုးရွာတဲ့ပုံစံ နဲ့ လှုပ်နေတဲ့ပုံစံ တွေ လုပ်မယ်☆☆☆
အခု ကျွန်တော်တင်ပေးတဲ့ ဆော့ဝဲတွေက မိမိကွန်ပျူတာ ကို မိုးရွာတဲ့ပုံစံ နဲ့ Mouse ထိလိုက် သာနဲ့ လှုပ်တဲ့ပုံစံတွေလုပ်မယ်နော်။
ဆော့ဝဲကို ဒေါင်းပြီးတာနဲ့ လုပ်လို့ရပါပြီး။ မသိသေးတဲ့သူတွေအတွက်ပြန်လည်မျှဝေပါသည်။
rainsetup.exe, 1.3 MB
အဆင်မပြေတာများရှိပါက mr.beanvenus@gmail.com ကိုဆက်သွယ်နိုင်ပါသည်။
လမင်း
Continue Reading | comments
မရွံတတ်ရင်ဝင်ကြည့်လိုက်ပါ
တကယ့်လူကိုစားတာတော့မဟုတ်ပေမဲ့...အဲလိုပုံမျိုးနဲ့တော့စားရမှာရွံစရာကြီး..ကြည့်ရင်းနဲ့တောင်ကြောက်စရာကြီးပါ...ကြံကြံဖန်ဖန်လုပ်စားတဲ့သူတွေကရှိသေးတယ်
Continue Reading | comments
ပန်းခြံထဲက အနုပညာလက်ရာများ
Best Blogger Tips
လူတွေ စိတ်ရွှင်လန်းဖို့ အနားယူ အပန်းဖြေရာ ပန်းခြံတွေမှာ သိပ်လှတဲ့ စိတ်ကူးလေးတွေနဲ့ အပင်တွေကို ပေါင်းစပ်လို့ ဖန်တီးထားတာလေးတွေဟာ အနုပညာ လက်ရာမြောက်လွန်းတာမို့ မချီးကျူးဘဲ မနေနိုင်ဖြစ်ရပါတယ်။ အောက်ကပုံလေးတွေမှာ တရုတ်ပြည်က ပန်းခြံတွေမှာ အလှဆင် ဖန်တီးထားတဲ့ ရုပ်ပုံလေးတွေဟာ နှစ်သက်စဖွယ် သက်ဝင်လှပလို့ နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း စာဖတ်သူ မိတ်ဆွေများကို ကျွန်တော် နှစ်သက်မိသော ပန်းခြံထဲက အနုပညာများကို အစိမ်းရောင်လွင်ပြင်ဆိုဒ်မှ ပြန်လည်ဝေမျှတင်ပြလိုက်ပါတယ်။ ဘယ်လောက်များ စိတ်ကူးကောင်းတယ်ဆိုတာ ပုံတွေကိုကြည့်လို့ ခံစားကြည့် ကြပါစို့လားနော်။
အရမ်းကို စိတ်ကူးကောင်းပြီး  လက်ရာမြောက်ပါပေတယ်နော်... ကြည့်မ၀နိုင်ပါဘူးဗျာ... သူငယ်ချင်း ဘလော့မှာ တင်ထားတာတွေ့လို့  မလာတာပါ..ဟိဟိ....တ၀ကြီးကြည့်နော်.... ဒီပဲယင်းသားလေးက စေတနာကောင်းတယ်....ဟဲဟဲ.........
Continue Reading | comments
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး၏ အတ္ထုပ္ပတ္တိ
18 May, 2012
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး၏ အတ္ထုပ္ပတ္တိ
မြန်မာနှစ် ၁၂၉၈ ခု၊ တပေါင်းလပြည့် (ခရစ်နှစ် ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်) အင်္ဂါနေ့၌ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်သည်။ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့ဖြစ်သည်။
၁၉၄၄ ခုနှစ်တွင် သဲကုန်းမြို့၊ တပ်ရွာ အလယ်ကျောင်း၌ ဘုန်းတော်ကြီးပညာ အခြေခံများကို စတင်သင်ယူခဲ့ပြီး၁၉၅၂ ခုနှစ်တွင် ရှင်သာမဏေ၊ ၁၉၅၇ ခုနှစ်တွင် ရဟန်းပြုသည်။ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့များတွင် အထက်တန်း ပိဋကတ်စာပေများကို လေ့လာသင်ယူဆည်းပူးခဲ့သည်။
၁၉၆၁ တွင် ဓမ္မာစရိယ စာချတန်းအောင်မြင်၍ သာသနဓဇ ဓမ္မာစရိယဘွဲ့ ရရှိခဲ့သည်။ ၁၉၆၂ တွင် သံဃာ့တက္ကသိုလ်သို့ ဝင်ရောက်ခဲ့ပြီး ၁၉၆၅ တွင် ဗုဒ္ဓွသာသနာ ဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။ ထိုနှစ်မှာပင် ဧရာဝတီတိုင်း လေးမျက်နှာမြို့၌
မြန်မာဗုဒ္ဓသာသနာပြုကျောင်း (B.B.M. College) ကို တည်ထောင်ခဲ့သည်။ ၁၉၆၈ မှစ၍ စစ်ကိုင်းတောင်၌ ဗုဒ္ဓစာပေများကို စတင်သင်ကြားပို့ချခဲ့သည်။ ၁၉၇၂ မှစ၍ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကျုံကရွာ သပိတ်အိုင်တောရကျောင်း၌ ၄ နှစ်ကြာ ပဋိပတ်အလုပ် အားထုတ်ခဲ့ပြီး ၁၉၇၅ မှစ၍ မြန်မာပြည်အနှံ့ ဗုဒ္ဓဒေသနာများ ဟောကြားခဲ့သည်။
၁၉၇၇ တွင် စစ်ကိုင်းတောင်၌ သီတဂူကျောင်းတိုက်၊ ၁၉၇၈ တွင် သီတဂူသာသနာပြုအဖွဲ့ကို စတင်တည်ထောင်ပြီး၁၉၇၉ ၌ ကမ္ဘာလှည့်သာသနာပြုလုပ်ငန်းကို စတင်ခဲ့သည်။ ယနေ့အထိ နိုင်ငံပေါင်း ၄၅ နိုင်ငံကျော် လှည့်လည်ခဲ့ပြီးအစည်းအဝေးပေါင်း ၅ဝ ကျော် တက်ရောက်ခဲ့ပြီးဖြစ်သည်။
၁၉၈ဝ ပြည့်နှစ်တွင် စစ်ကိုင်းတောင် ‘သီတဂူ ရေအလှူတော်စီမံကိန်း’ကို တည်ဆောက်ခဲ့သည်။ ရေအလှူတော်စီမံ
ကိန်းသည် ဧရာဝတီမြစ်အတွင်းမှရေကိုစစ်ကိုင်းတောင်ရိုးပေါ်အရောက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ရေစက်ရုံ ၃ ရုံ၊ရေသန့်စက်ရုံ ၂၊ ရေကန် ၁၂ လုံးဖြင့် စစ်ကိုင်းတောင် ချောင်ပေါင်း ၉ဝဝ ကျော်ရှိ ရဟန်း သာမဏေ၊ သီလရှင် ၉ဝဝဝကျော်တို့အား ရေပိုက်လိုင်း ပေပေါင်း ၂ သိန်းခွဲကျော်ဖြင့် တစ်နေ့လျှင် ရေဂါလံ ၅ သိန်းခန့် ပေးဝေလျက်ရှိသည်။
၁၉၈၅ တွင် ကျပ်သိန်း ၅ဝဝ ကျော် ကုန်ကျသော ခုတင် ၁ဝဝ ဆံ့ ‘သီတဂူ အာယုဒါနဆေးရုံတော်’ကို စတင်တည်ဆောက်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ထိုဆေးရုံက ကျန်းမာရေးစရိတ်မတတ်နိုင်သော ရဟန်းသံဃာတော်များသာမက ဆင်းရဲနွမ်းပါးသော ပြည်သူလူထုကို အခမဲ့ ဆေးကုသနိုင်ရန် လှူဒါန်းဒါနပြုလျက်ရှိသည်။ ပြည်ပမှ မျက်စိ
ကုဆရာဝန်ကြီးများအား ဖိတ်ကြား၍လည်း နှစ်စဉ် မျက်စိဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးနိုင်ခဲ့သည်။ ဆရာတော်သည် ရေအလှူတော်၊ အာယုဒါန အလှူတော်သာမက ပညာရေး၊ လူမှုရေး၊ မိဘမဲ့ကလေးငယ်များ စောင့်
ရှောက်နိုင်ရေးများအတွက်ပါ သိန်းပေါင်းများစွာ လှူဒါန်းလျက်ရှိသည်။ ဆားတောင်၊ သီပေါ၊ ကလေး၊ နတ်မောက်၊ပန်းတနော်၊ ထားဝယ်၊ မင်းတပ် နှင့် မြိုင်ကြီးငူ တို့၌လည်း ဆေးရုံများတည်ဆောက်လျက်ရှိသည်။
၁၉၉၄ တွင် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အော်စတင်မြို့တွင် သီတဂူဗုဒ္ဓဝိဟာရကျောင်းတိုက်ကို
စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၆ တွင် စစ်ကိုင်းတောင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့သည်။
ဆရာတော်အား အစိုးရက မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့ (၁၉၉၃)၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့ (၁၉၉၅)၊အဂ္ဂမဟာပဏ္ဍိတဘွဲ့ (၁၉၉၇)၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်များ ကပ်လှူပူဇော်ခဲ့ပြီး ၂ဝဝ၃ တွင်ရန်ကုန်တက္ကသိုလ်က ဒီလစ် (D. Litt.) ဘွဲ့၊ ၂ဝဝ၅ တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချူလာလောင်ကွန်တက္ကသိုလ်က ပီအိပ်ခ်ျဒီ (Ph.D) ဘွဲ့ အပ်နှင်းခဲ့သည်။ မြန်မာနှစ် ၁၃၆၉-ခု၊ ခရစ်နှစ် ၂၀၀၈-ခုနှစ်တွင် အိန္ဒိယနိုင်ငံနာလန္ဒတက္ကသိုလ်မှ ပီအိပ်ခ်ျဒီ (Ph.D)ဘွဲ့ကို အပ်နှင်းခဲ့သည်။ မြန်မာနှစ် ၁၃၇၀-ခု၊ ခရစ်နှစ် ၂၀၀၉-ခုနှစ်တွင်ထိုင်းနိုင်ငံ မဟာမကုဋ်တက္ကသိုလ်မှ ပီအိပ်ခ်ျဒီ (Ph.D)ဘွဲ့ကို အပ်နှင်းခဲ့သည်။
ဆရာတော်သည် ၂ဝဝ၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ် နှင့် ၂ဝဝ၇ ခုနှစ်တွင် တင်နက်စီပြည်နယ်၌ သီတဂူဗုဒ္ဓဝိဟာရကို တည်ထောင်ဖွင့်လှစ်ခဲ့သည်။
ဆရာတော်သည် မြန်မာနိုင်ငံရှိအကျဉ်းထောင်တို့တွင် နှစ်စဉ် အစာအာဟာရများ ကျွေးမွေးလှူဒါန်းခြင်း၊ တရားဓမ္မချီးမြှင့်ခြင်းတို့အပြင် ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ကလေးများ၊ မျက်မမြင် ဆွံ့အ နားမကြား ဝေဒနာရှင်များ၊ စစ်မှုထမ်းဟောင်းများကို ငွေကြေး၊ ဆေး အစားအစာများ မကြာခဏ လှူဒါန်းလေ့ရှိသည်။ မြို့နယ်/ ကျေးလက်ဆေးရုံများသို့
လိုအပ်သည့် အဖိုးတန်စက်ကိရိယာများ ဆေးဝါးပစ္စည်းများ လှူဒါန်းလေ့ရှိပြီး စာသင်ကျောင်းများသို့လည်း ကွန်ပျူတာများ၊ သင်ထောက်ကူပြု လျှပ်စစ်ပစ္စည်းများ လှူဒါန်းလေ့ရှိသည်။
၂ဝဝ၈ ခု မေလ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် မုန်တိုင်းသင့်ဒေသများသို့ ဆရာတော်ကိုယ်တိုင် သွားရောက်ပြီးဒေသခံများနဲ့အတူ အပင်ပန်းအဆင်းရဲခံကာ သောက်သုံးရေသန့်များရရှိအောင် ဆောင်ရွက်ခြင်း၊ ဘုရားကျောင်းကန်နေအိမ်များ ပြုပြင်ခြင်း၊ စာသင်ကျောင်းများ ပြုပြင်ဆောက်လုပ်လှူဒါန်းခြင်းများ လုပ်ဆောင်ခဲ့သည်။ မုန်တိုင်းသင့်ဒုက္ခသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတကာ အန်ဂျီအိုများပြီးလျှင် တစ်ဦးချင်းအနေဖြင့် ငွေကြေးပမာဏအများဆုံးကို ပြည်သူလူထုထံမှ ထိထိရောက်ရောက်အလှူခံကာ ဒုက္ခသည်များအတွက်လိုအပ်သော စားနပ်ရိက္ခာ၊ဆေးဝါး၊ အဝတ်အထည်များ လှူဒါန်းခြင်းတို့ကို စနစ်တကျ ကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
ဆရာတော် ဟောကြားခဲ့သော တရားတော်များအနက် ၁၉၈၈ တွင် ဟောကြားခဲ့သည့် ‘ရာဇောဝါဒ -မင်းကျင့်တရားဆယ်ပါး တရားတော်’၊ ၂ဝဝ၇ တွင် ဟောကြားခဲ့သော ‘ဧကရာဇ်မင်းကြီးရဲ့ ဘဝနိဂုံးတရားတော်’ နှင့် ‘လူမိုက်တို့ သွားရာလမ်း တရားတော်’တို့ ပြည်သူများအကြား အထူးပျံ့နှံ့ ကြိုက်နှစ်သက်ခဲ့သည်။
ဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရသည် သပိတ်အိုင်တောရတွင် သီတင်းသုံးခဲ့ဖူးသောကြောင့် ‘သပိတ်အိုင်ဆရာတော်’ ဟူ၍လည်းကောင်း၊ သဲကုန်းမြို့နယ် ဇာတိဖွားဖြစ်သောကြောင့် ‘သဲကုန်းဆရာတော်’ ဟူ၍လည်းကောင်း၊သီတဂူကျောင်း သီတဂူရေအလှူ သီတဂူဆေးရုံ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သီတဂူဗုဒ္ဓဝိဟာရ(အမေရိကန်) တို့ကိုတည်ထောင်တော်မူခဲ့သည်ဖြစ်ခြင်းကြောင့် ‘သီတဂူဆရာတော်’ ဟူ၍လည်းကောင်းလူသိများထင်ရှားသည်။
ဆရာတော်သည် မြန်မာဘာသာဖြင့် စာအုပ်ပေါင်း ၁ဝဝ ကျော်နှင့် အင်္ဂလိပ်ဘာသာဖြင့် စာအုပ်ပေါင်း ၃ဝ ကျော်တို့ကိုထုတ်ဝေခဲ့ပြီးဖြစ်သည်။ ။
 http://www.citizenofburma.org နှင့် http://lapyae456.multiply.com/journal/item/1 တို့ မှ ရှာဖွေကူးယူတင်ပြပါသည်ခင်ဗျာ။
မှတ်ချက်။
ယခုအခါ ဆရာတော်ဘုရားကြီးသည် သက်တော် ၇၅ ၊ ၀ါတော် ၅၅ ဖြစ်ပါသည်။ ဆရာတော်ကြီးလို သူတော်ကောင်းပုဂ္ဂိုလ်မျိုးဟာ အလွန်ကြည်ညို လေးစားချီးကျုးထိုက်ပါတယ်။ ဆရာတော်ကြီးဟာ ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သလို နိုင်ငံ့အရေးမှာလည်း ခေါင်းဆောင်မှုကောင်းကောင်းနဲ ကိုယ်တိုင်မနေ မနားပါဝင်ဦးစီးဦးဆောင်လုပ်ခဲ့တာ
ဆိုရင်ဖြင့် နာဂစ်အပြီး ကယ်ဆယ်ရေးလုပ်ငန်းများက သက်သေခံနေပါတယ်။ ဆရာတော်ကြီးသည် မျိုးချစ်စိတ်ဓာတ်အပြည့်ရှိ၍ နိုင်ငံ့အရေးတွေမှာ ခွန်အားအပြည့်နဲ့ အင်တိုက်အားတိုက် လုပ်ဆောင်နေတာ အများမျက်မြင်ဖြစ်ပါတယ်။ဘယ်တော့မှ နားမနေပဲ အမျိုး ဘာသာ သာသနာအတွက် ကဏ္ဍအသီးသီးမှ တတ်စွမ်းနိုင်သလောက် အစွမ်းကုန်အများအကျိုးဆောင်ရွက်တော်မူနေပါတယ်။ ဆရာတော်ဘုရားကြီးဟာ တစ်သက်မှာ တစ်ခါ ပေါ်ထွန်းလာတဲ့ သာသနာ့အာဇာနည် ပုဂ္ဂိုလ်မျိုးပါ။
သီတဂူဆရာတော်ဘုရားကြီး၏ အမျိုး ဘာသာ သာသနာအတွက် ဆောင်ရွက်ချက်များကို ထပ်မံသိရှိလေ့လာလိုပါက
http://www.sitagu.info/ သို့ သွားရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။
ဆရာတော်ဘုရားကြီး၏ အများအကျိုးဆောင်ရွက်မှုသည် ကမ္ဘာကပင် ချီးကျုးရလောက်အောင် အလွန်ပြောင်မြောက်ပါတယ်။ ဆရာတော်ဘုရားကြီး၏ ပရဟိတ လူမှုရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်မှုမျိုးသည် မည်သူတစ်ဦးတစ်ယောက်မျှ မလုပ်နိုင်သော ဆောင်ရွက်ချက်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသား
များ အားထားလေးစားရသော ပုဂ္ဂိုလ်မြတ်များတွင် ဆရာတော်ဘုရားကြီးသည် တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ မြန်မာ့သမိုင်းတွင်မက ကမ္ဘာ့ သမိုင်းတွင်ပါ တွင်ကျန်၍ ဆရာတော်ဘုရားကြီး ဂုဏ်သတင်းသည် ကျော်ဇောပျံ့ နှံ့ နေမည်ဖြစ်
ပါသည်။ ဆရာတော်ဘုရားကြီးလို သာသနာ့အာဇာနည်ပုဂ္ဂိုလ်များ အမိမြန်မာနိုင်ငံတွင် များများပေါ်ထွက်လာပါစေလို့ လည်း ဆုတောင်းပေးပါတယ်။
ဆရာတော်ဘုရားကြီး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နှင့် သက်တော်ရာကျော်ရှည်ပါစေ ၊ အမျိုး ဘာသာသာသနာ အကျိုးကို ဆထက်ထပိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ တပည့်တော် ဆုတောင်းမေတ္တာပို့ သရင်း ဤဆရာတော်ဘုရားကြီး၏ အတ္ထုပ္ပတ္တိလေးကို အများသူငါ သိရှိအောင်ပြန်လည်ကုသိုလ်ပြု ဖော်ပြခြင်းဖြင့် အဝေးမှနေ၍ရှိခိုးပူဇော် ကန်တော့လိုက်ရပါတယ် အရှင်ဘုရား။
ထူးတင့်နိုင် /၁၂-၅-၂၀၁၂ /နေ့ လည်၂း၀၀
သီတဂူဆရာတော် ဆရာတော်ဘုရားကြီးအား ပိုမိုကြည်ညိုနိုင်အောင်ထပ်မံ၍ ကုသိုလ်ပြုလိုက်ပါသည်။
  လမင်း
Continue Reading | comments
ကြံကြံဖန်ဖန် မြွေမင်္ဂလာဆောင်တဲ့ဗျာ...
ကမ္ဘောဒီးယားနိုင်ငံမှာ ထူးထူးခြားခြား စပါးကြီးမြွေကြီး ၂ ကောင်ရဲ့ ထိမ်းမြားလက်ထပ်ပွဲ အခမ်းအနားကို လူတွေ ရာနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီမြွေ ၂ ကောင်ဟာ သူတို့ရဲ့ ကျေးရွာတွေကို လာဘ်ကောင်းတွေ ယူလာပေးနိုင်မယ်လို့ ရွာသူရွာသားတွေက ယုံကြည်ကြတာ ဖြစ်ပါတယ်။
မနေ့က ကမ္ဘောဒီးယားနိုင်ငံ တောင်ပိုင်း ကန်ဒါလ် (Kandal) ပြည်နယ်မှာ Chamrouen အမည်ရှိ စပါးကြီးမြွေမကြီးနဲ့ Kroung Pich အမည်ရှိ စပါးကြီးမြွေထီးတို့ကို ရွာသားတွေက လက်ထပ်ပေးပြီး လှောင်အိမ်တခုထဲမှာ အတူတူ ထည့်လိုက်ကြပါတယ်။ အဲဒီ မြွေစုံတွဲကို ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကလည်း ကောင်းချီးဩဘာကို ပေးခဲ့ကြပါတယ်။
Continue Reading | comments
နယူယောက် မှ ပထမဦးဆုံးသော မြန်မာ့ အမျိုးသမီး ဒီဇိုင်း
ဓာတ်ပုံ-Htet T San ၊ ဒီဇိုင်နာ-သဇင်ခင်
မြန်မာ အ၀တ်စားလေးတွေ နဲ့လှပနေတဲ့ အနောက်တိုင်သူလေးတွေဘဲ ဖြစ်ပါတယ်။ ဒီဇိုင်နာ သဇင်ခင်ရဲ့ လက်ရာဖက်ရှင် ဖြစ်ပါတယ်။ ယနေ့ ခေတ်မှာတော့ မြန်မာ မိန်းကလေးတော်တော်များကတော့ မြန်မာ ၀တ်စုံရဲ့ လှပတင့်တယ်ကျက်သရေ ရှိတာကို တန်ဖိုး မထားတတ်တာတွေနဲ့ပတ်သက်လို့ သာဓကတခုကတော့ ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာ တွေ့နိုင်ပါတယ်။
ခေတ် လူငယ်တွေအနေနဲ့ ခေတ်နဲ့ အညီတော့ ၀တ်စားဆင်ယဉ်နိုင်ပါတယ်။ ဒါပေမယ့် ခေတ်ကို ကျော်လွှားတဲ့ ၀တ်စားမှု တွေကိုတော့ ရှောင်းရှားသင့်ပါတယ်။ မြန်မာတို့ရဲ့ ရိုးရာဝတ်စုံဟာ ကမ္ဘာ့အလယ်မှာ တင့်တယ်မှုရှိတဲ့ ၀တ်စုံ တစ်မျိုး ဆို တာကတော့ သက်သေပြနေတာပါဘဲ။
Continue Reading | comments
နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့
ရှေးခေတ်ကျည်(၉၇၁) တောင့်နှင့်လူရိုးစုတစ်စုတွေ့ရှိခဲ့သည့် နှစ်ပေါင်း ၁၅၀ နီးပါးရှိရေတွင်းအားတွေ့ရစဉ်
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅လမ်းနှင့်၃၆လမ်းကြား၊၇၃လမ်းနှင့်ရ၄လမ်းကြား စင်္ကြာနွယ်စဉ်ရပ် ကစ္စနားပုဏ္ဍားဘုရားကျောင်းအနီး နှစ်ပေါင်း(၁၅၀)နီးပါးရှိ အများသုံးရေတွင်းအား မေ၁၆ရက်နံနက်ပိုင်းက ဆယ်ယူရှင်းလင်း ရာမှ ရှေးခေတ်ကျည်(၉၇၁) တောင့်နှင့်လူရိုးစုတစ်စုတွေ့ရှိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ အဆိုပါရပ်ကွက်နေ ပြည်သူများက နံနက်၆နာရီတွင် ရေတွင်းတူးဖော်ရာ မွန်းတည့်၁၂နာရီအရောက်တွင် ကျည်(၉၇၁)တောင့်နှင့်လူရိုးစုတစ်စုတွေ့ရှိခဲ့သည်။
ဒီရေတွင်းက ကျွန်တော်တို့ ဘိုးဘွားဘီဘင်တွေ လက်ထက်ကတည်းက ရှိတာလို့သိရတယ် ကျွန်တော်အဖေတွေလက်ထက် လွန်ခဲ့တဲ့နှစ်(၅၀)လောက်က ရေတွင်းကို တစ်ခါဆယ်ဖူးတယ် အဲဒီတုန်းက အနည်းငယ် လောက်ပဲ ဆယ်လိုက် ရတာ ရေထွက်ကောင်းလို့ ဆက်မဆယ်တော့ဘူးလို့ အဖေကပြောဘူးတယ်၊ ခုလည်းဒီရေတွင်းကို ကျွန်တော်ကိုယ်တိုင်ပါဝင်ပြီးဆယ်တာ တော်တော်အနက်ရောက်မှခုလိုမျိုး ကျည်တွေနဲ့ လူအရိုးစုတွေ့တာပါ ဟု ရပ်ကွက် နေပြည်သူ တစ်ဦးက ဆိုသည်။
                      လမင်း
Continue Reading | comments
မြန်မာစာ စနစ်နဲ သာလွန် windows OS Download
     ဒါကတော့ လစ်နစ် စနစ်သုံး သာလွန် မြန်မာ OS ပါ။ ကျွန်တော်ကတော့ ကြိုက်ပါတယ်။ အလိုရှိသူများ သုံးလိုရအောင်ပြန်ပြီး လမ်းညွှန်ပေးတာပါ။ သူက မြန်မာစာ စနစ်နဲ့ ဖြစ်တဲ့ အတွက် အသုံးပြုရတာ လွယ်ကူပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ windows xp / windows 7 တို့နဲ့လည်း ကွန်ပြုတာမှာ တွဲသုံးလိုရပါတယ်။ windows တင်ရတာလည်း အရမ်းကို လွယ်ကူပါတယ်။ ကိုယ်သွင်းပြီးလို့ ပြီးသွားရင် စက်ပြန်ဖွင့်တဲ့ အခါကျရင်  ပါဝါတက်ပြီးတာနဲ့ သာလွန်နဲ့ သုံးမလာ (ဒါမှမဟုတ်) ကိုယ်တင်ထားတဲ့ windows နဲ့ သုံးမလာ ဆိုတာကို  ရွှေးချယ်ပြီး သုံးလို့ရပါတယ်။ သာလွန် OS ကို သွင်းတဲ့ အခါကျရင် လက်ရှိသုံးနေတဲ့ windows ပိုင်း မဖျက်ပဲ တွဲပြီး သုံးမယ့်ဆိုတာကို ရွေးချယ်ပေးပါ။
Continue Reading | comments
Gtalk က offline chat (သူခိုးချက်)တွေကို ဖမ်းပုံဖမ်းနည်း..
ကိုယ့်ရဲ့ Gtalk က လူတယောက်ကို offline အနေနဲ့ တွေ့နေရတယ် ဆိုပါတော့။ အဲ့ဒီ့လူ ကတကယ် offline ဖြစ်မဖြစ်ကို သိချင်တယ်ဆိုပါတော့။ ဒါဆို စစ်တဲ့ နည်းလေးရှိပါတယ်။ offline အစစ်လား offline အတုလား သိချင်ရင် ဒီလိုလေးလုပ်ပါ။
Continue Reading | comments
မိမိပုံကိုပြုပြင်ချင်သူတေအတွက်Photo Makeup Editor လေးနော်
14 May, 2012
မိမိရဲ့ဓာတ်ပုံကိုပြန်လည်ပြုပြင်ချင်သူအတွက်အရမ်းကိုအသုံးဝင်ပါလိမ့်မယ်နော်...မိမိရဲ့ပုံမလှလို့စိတ်ညစ်မနေကြပါနဲ့..
ဒီဆော့ဝဲလေးနဲ့..ပြန်လုပ်လို့ရတယ်နော်..ဆံပင်အရောင်ဆိုးချင်လား..မျက်နှာမှာမိတ်ကပ်ခြယ်ချင်လား...မျက်နှာကို
ပေါင်တင်ထားသလိုမျိုးပြုလုပ်ချင်လား..ရတယ်နော်...မြို့သူလေးတွေအတွက်တော့အသုံဝင်မှာပါ...
လိုအပ်တဲ့သူများအောက်မှာယူလိုက်ပါနော်...
                          Mediafire Link
                                                      Ziddu Link
              လမင်း
Continue Reading | comments
သူငယ်ချင်းများအတွက်အသုံးဝင်သော ၀က်ဆိုဒ်များ
www.people.com.mm (မဂ္ဂဇင်း စာအုပ်လေးနော်)
www.khitluneg.org.mm (ရွှေဈေး၊ဒေါ်လာဈေးတွေနဲ့ သတင်းစုံတွေ)
www.alpha.com.mm (ZawGyi Font လေးတွေယူရအောင်)
www.flashband.net (သီချင်းနဲ့ MTV လေးတွေနားထောင်မယ်)
www.myanmarmp3.net (သီချင်းတွေ ဒေါင်းမယ်၊နားထောင်မယ်)
www.myanmar-music.com(သီချင်းေ
လးတွေပါပဲ)
www.freemyanmarvcd.com(vcd လေးတွေကြည့်မယ်)
www.khayanpyareinmat.com(vcd လေးတွေကြည့်မယ်)
www.shwedream.com(vcd လေးတွေကြည့်မယ်)
Continue Reading | comments
မြန်မာပြည်မှာ ဖုန်းတွေနဲ့ အင်တာနက်သုံးနည်း
ခတ်နဲ့အညီ ရင်ဘောင်တန်းပြီး တိုးတက်နေတဲ့ ကျနော်တို့ မြန်မာပြည်ကြီးမှာ ဖုန်းတွေနဲ့ အင်တာနက်သုံးလို့ ရနေပြီဆိုတော့ အင်တာနက် Setting လုပ်တတ်ဖို့ လိုအပ်လာပြီ ထင်ပါတယ်။ အဲဒီအခါမှာ ကိုယ်က မလုပ်တတ်တော့ ဖုန်းဆိုင်ကိုပြေး။ ဖုန်းဆိုင်ကလည်း ခပ်တည်တည်နဲ့ ဘယ်လောက်ကျတယ်ဆိုပြီး မတန်တဆတောင်း။ အဲသလို အလကား ပိုက်ဆံကုန်မယ့်ဘေးက ဝေးရလေအောင် အင်တာနက်ကတွေ့လာတဲ့ Internet Setting လုပ်နည်းလေး ဝေမျှလိုက်ပါတယ်။ မိတ်ဆွေများ မိုဘိုင်းအင်တာနက်ဖြင့် ပျော်ရွှင်နိုင်ကြပါစေ။
ဒီမှာ ဖွင့်ပေးနေတဲ့ EDGE ကို Nokia ဖုန်းနဲ့ဘယ်လို setting လုပ်တယ်ဆိုတာလေး သိသလောက်ပြောပါမယ်။
Continue Reading | comments
ရှားပါးတဲ့ တိရတ္ဆန် ပုံလေးများ
Continue Reading | comments
`မ´´အတွက်အလွမ်း ကဗျာသံစဉ်
11 May, 2012
တစ်နေ့ တစ်ရက်
     မေ့ရခက်ပြီ
     ခိုဝင်နားရာ ရင်ခွင်သာကို
     တမ်းတမိလျက်
     မျှော်လင့်ခက်ပြီ
     ``မ´´မှာ ကြင်သူရှိနေပြီ
လမင်း
Continue Reading | comments
ဗမာလူမျိုး Android (2.3) မှာမြန်မာစာ ထည့်ချင်ရင်
ပထမဆုံး Settings ပြောင်းဖို့ Settings ကိုသွားပါ..
Settings ထဲက Appilactions ကို ကလစ် ပါ.
အဲဒီမှာ Unknown sources ကို အမှန်ခြစ်လေး ပေးပါ..Attention ပေါ်လာရင်တော့ Ok ပေါ့ဗျာ...
ဟုတ်ကဲ့ စ ပါတော့မယ်..
အရင် Play Store(Before Market) ကိုသွားပါ..
search box မှာ Fontomizer SP လို့ရိုက်ထည့်ပြီးရှာပါ..
တွေ့ရင် install လုပ်ပါ..ပြီးတာနဲ့
င်္Fontomizer SP ကို ဖွင့်ပါ..Click To Start ကိုနှိပ်ပါ.
Continue Reading | comments
တရုတ်ပြည် တောင်ပိုင်းမှ လှပသော ရေခဲမိုးရွာသွန်းမှု
တရုတ်ပြည် တောင်ပိုင်းမှ လှပသော ရေခဲမိုးရွာသွန်းမှု
ဝိုး…..မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပါပဲ ။ တရုတ်နိုင်ငံ တောင်ဖက်ပိုင်းမှာ ရေခဲမိုးရွာသွန်းမှုကနေ မိုးတိတ် သွားတဲ့အခါ အခွန်လှပတဲ့ ရေခဲချပ်လေးတွေ ပန်းပုဆရာတစ်ယောက်က သွန်းထု ထားသလား ထင်မှတ် ရလောက်အောင်
လက်ရာလှပစွာ ထွက်ပေါ်လို့ လာပါတယ် ။ ရေခဲမှုန်လေးတွေ ဖြန့်ကျဲထားသလို
ရွာသွန်းတာ ဖြစ်ပြီး အောက်ခံ ပန်း(သို့မဟုတ်) အရောင်ကို အတိုင်းသား
မြင်ရလောက်အောင် ကြည်လင် လှပါ တယ် ။ ကဲ့ ရေခဲမိုးကနေတဆင့် ဖြစ်ပေါ်လာတဲ့
လှပတဲ့ အနုပညာလက်ရာ သဘာဝ တရားကြီးကို ခံစား ကြည့် ရအောင် ။
မြင်မြင်သမျှ သဘာဝတရားကြီး ရဲ့ အလှအပဖန်ဆင်းမှုဟာ လူသားတွေတမင်တကာ ပြုပြင်ဖန်တီးထားတဲ့ အရာ တွေထက် သာလွန်လှပတယ်ဆိုတာကိုတော့ကျွန်မတို့အားလုံး ၀န်ခံရပါလိမ့်မယ် ။
Continue Reading | comments
အင်တာနက်ပေါ်မှ တစ်ဆင့် အနမ်းချင်းဖလှယ်နိုင်သော ကိရိယာကို ဂျပန်ကျောင်းသားတစ်ဦး စတင်တီထွင်
ဝေးကွာနေသော ချစ်သူစုံတွဲများ အင်တာနက်ပေါ်မှ တစ်ဆင့် နှုတ်ခမ်းခြင်း ထိကပ်နမ်းနိုင်သော ကိရိယာတစ်ခုကို သိပ္ပံဘွဲ့ရ ဂျပန်ကျောင်းသား တစ်ဦးက တီထွင်လိုက်ကြောင်း Daily Mail သတင်း အရ သိရသည်။ အဆိုပါကိရိယာလေးသည် အသက်ရှူထုတ်ခိုင်း၍ အရက်သေစာ သောက်စားထားခြင်း ရှိမရှိ စစ်ဆေးရန် ယာဉ်ထိန်းရဲများ အသုံးပြုကြသော breathalyser ကိရိယာနှင့် ဆင်တူသလို ခလုတ်ခုံလေးတစ်ခုနှင့် ပါးစပ်အတွင်း ငုံရသော ကော်ချောင်းတစ်ချောင်း ပါရှိသောကြောင့် ကလေးရေဘူးတစ်ခုနှင့်လည်း ဆင်တူသည်ဟု ဆိုနိုင်သည်။
အသုံးပြုမည့် သူနှစ်ဦးစလုံး၌ အဆိုပါ ကိရိယာမျိုး ရှိနေရန် လိုအပ်ပြီး အင်တာနက်မှ တစ်ဆင့် သက်ဆိုင်ရာ ဆော့ဖ်ဝဲလ်နှင့် ချိတ်ဆက်ရမည် ဖြစ်သည်ဟု သိရသည်။ ထိုသို့ ချိတ်ဆက်ပြီးလျှင် ပါးစပ်အတွင်း ငုံထားသော အဆိုပါ ကော်ချောင်းငယ်ကို တစ်ဦးက လျှာဖြင့် တို့ထိ လှည့်ပတ်လျှင် တစ်ဖက်လူ၏ ပါးစပ်အတွင်းရှိ ကော်ချောင်းလေးကလည်း တူညီသော ပုံစံဖြင့် လှုပ်ရှားလည်ပတ်မည် ဖြစ်ပြီး အနမ်းနှင့် အနီးစပ်ဆုံး တူသော ခံစားမှုကို အပြန်အလှန် ပေးစွမ်းနိုင်မည် ဖြစ်ကြောင်း သိရသည်။
Continue Reading | comments
Gmail မှာပုံလေးတွေကို စာတွေနဲ့တွဲပို့ချင်ရင်.
G mail မှာ ကိုယ် က ပုံကလေးတွေ ကို ပို့ချင်တယ်ဆိုရင် အများစုကတော့ attach file ကနေပြီးတော့ပဲ ပုံလေးတွေကိုထည့်ပြီးတော့ ပို့ကြပါတယ် .. အခု ဟာကတော့ အဲလို မဟုတ်ပါဘူး .. G mail မှာ body ထဲက စာရေးတဲ့ အထဲမှာပဲ ပုံကလေး ရောပြီးတော့ ပို့တာလေးပါ .. သူကတော့ animation ပုံကလေးတွေကိုလည်းထည့်လို့ရပါတယ် .. ပုံကလေးတွေနဲ့ စာကလေးတွေ တွဲပြီးတော့ ပို့ချင်တယ် ဆိုရင် အဆင်ပြေတာပေါ့ .. ကဲ စပြီးတော့ လုပ်ကြည့်ရအောင် ..
  1. ကိုယ့်ရဲ့ Gmail ကိုဝင်လိုက်ပါ ..
  1. ပြီးရင် setting ကို နှိပ်လိုက်ပါ ...
  1. နှိပ်လိုက်ပြီးပြီဆိုရင် အဲဒီ့မှာ Lab ဆိုတဲ့ Tab ကလေးကိုထပ်ပြီးတော့ နှိပ်လိုက်ပါဦး ..
  1. ပြီးရင် အဲဒီ့ အထဲမှာ Inserting image ဆိုတာကလေးကို ရှာလိုက်ပါ ..
  1. ရှာလို့တွေ့ရင်တော့ Enable လုပ်ပေးလိုက်ပါ ..အောက်ကပုံကလေးပါ ...
  2.  
Continue Reading | comments
ဂျီတော့မှာ တဖက်လူရဲ့ ဘယ်ပြည်၊ဘယ်မြို့၊ဘယ်နေရာကနေပြီးချက်နေတာကိုသိချင်ရင်.......
10 May, 2012
ဂျီတော့ မှာကိုယ်ပြောချင်တဲ့သူဘယ်နိုင်ငံ၊ဘယ်နေရာက အင်တာနက်ချက်နေတာကိုသိချင်ရင်တော့
ဂျီတော့ကနေCALLခေါ်လာလိုက်ရင်ကိုယ့်ရဲ့ IP ADDRESSနဲ့ တဖက်ရဲ့ IP address ကိုအလွယ်တကူကြည့်လို့ရတယ်နော်။
တဖက်လူရဲ့IP adress ကိုသိချင်ရင်တော့ ဂျီတော့ကနေ တဖက်လူကို chatting လုပ်ပြီး
အသံနဲ့စကားပြောဖို့ callခေါ်ရမှာဖြစ်ပါတယ်။ဒါအတွက် ပထမဆုံးကတော့  ဂျီတော့ ရဲ့ setting ကို
cilck လုပ်ပြီး အရင်သွားလိုက်ပါ။ ဒါဆိုရင် အောက်ကလိုbox ကလေးတခုပေါ်ထွက်လာမယ်။
အဲဒီမှာ connection ဆိုတဲ့ မှင်နီ ၀ိုင်းပြထားတာကိုရွေးပြီး ကလစ်ပေးလိုက်ပါ။
အောက်မှာပြထားတဲ့အတိုင်းလေးဖြစ်နေစေရမယ်။ အဲဒီမှာနောက်ထပ်မှင်နီ အကြီးနဲ့ ၀ိုင်းထားတဲ့
start monitor ကိုကလစ်ပေးလိုက်ပါ။ဒါဆိုရင်အောက်မှာမြင်ရတဲ့အတိုင်း မှင်နီပြထားတဲ့connection monitor ဘောက်စ်ကျလာပါမည်။
အဲဒီအနေအထားရှိနေပြီ ဆိုရင်တဖက်လူရဲ့chatting လုပ်နေရင်းက သူ့ရဲ့ IP address ကိုသိဖို့အဆင်သင့်ဖြစ်နေပါပြီ။ပြီးရင် ကိုယ်ပြောနေတဲ့သူကို callခေါ်ပါ။လက်ခံလာအောင်ခေါ်ပါ။
သူလက်မခံရင်တော့ မရဘူးနော်။ တဖက်လူကလက်ခံလိုက်ပြီဆိုရင်တော့
အောက်မှာပြထားသလို conne ction montor ဘောက်စ်ထဲမှာတဖက်လူရဲ့ IP address နံပါတ်တွေပေါ်လာပါပြီ။သင်မြင်နေရတဲ့ တဖက်လူရဲ့ မှင်နီဝိုင်းပြထားတဲ့ IP addressကိုသေချာကူးယူပြီး
Google ထဲကနေပြီး IP address locator ကိုသွားရမှားဖြစ်ပါတယ်။
ဒီလစ်လေးကနေပြီး သွားလိုက်နော် ဒါကိုနှိပ်ပါ။
အောက်မှာ မှင်နီဝိုင်းပြထားတဲ့ ဗလာအကွက်ဖြစ်နေတဲ့ Google custom searchဆိုတဲ့နေရာမှာ
မှတ်ထားတဲ့ IP address ကိုရိုက်ထည့်လိုက်ပါ။ပြီးရင်မှင်နီ ၀ိုင်းပြထားတဲ့
search ဆိုတာလေးကိုကလစ်လိုက်ရင် နောက်ထပ်ဘောက်စ်တစ်ခုကျလာပြီး
တဖက်လူဟာ ဘယ်နိုင်ငံ ၊ဘယ်ပြည်၊ဘယ်မြို့၊ ဘယ်နေရာမှာ သုံးနေတယ် ဆိုတဲ့
အချက်အလက်လေးတွေကို မြင်သိရမှာ ဖြစ်ပါတယ်။
Continue Reading | comments
နှင်းဆီရောင် ဓါးသွားများ
06 May, 2012
မက်ခဲ့ဖူးတဲ့အိပ်မက်တိုင်းမှာ
မင်းပုံရိပ်တွေကို ထုံတို့ပြီး
ဓူဝံကြယ်ရဲ့ အနောက်မြောက်အရပ်မှာ
ရင်ခုန်သံတွေနဲ့အတူ
ငါ......
                    ထား......
                           တယ်.....
နှိုးစက်မှန်တဲ့ နာရီတစ်လုံးလို
ငါ့စိတ်ကူးတွေ စီးချင်းထိုးချိန်
ထုတ်,ထုတ် ကြည့်မိတဲ့
သိုးမည်းတစ်ကောင်ရဲ့ဘယ်ဘက်နံရိုးကို
စေတန်ရဲ့ အပေါင်အပါတွေက
လာလာဖြာယောင်းလို့
ငါ့ မနက်ခင်းတိုင်းမှာ
နှင်ဆီရောင် ဓါးသွားတွေနဲ့ပဲ
ကုန်.....
             ဆုံး.....
                         ခဲ့.....
                                   ရ.တယ်
                        လမင်း
Continue Reading | comments
စမ်းသပ်ရေဆေးပန်းချီကားများပုံ
ကျေးဇူးတင်ပါသည်
                                          လမင်း
Continue Reading | comments
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger