<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » ကမ္ဘာတစ်လွှားမှ ထူးခြားဆန်းပြာလှတဲ့ Fashion Show ပွဲများ

ကမ္ဘာတစ်လွှားမှ ထူးခြားဆန်းပြာလှတဲ့ Fashion Show ပွဲများ

အခုတင်ဆတ်မှာကတော့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ထူးခြားဆန်းပြားလွန်းတဲ့ Fashion Show ပွဲတွေစီကိုပဲဖြစ်ပါ အားလုံးပဲ မယုံနိုင်အောင် ယဉ်သက်ရှုမောပြီး အံ့သြရမယ့် Fashion Show ပွဲတွေပဲဖြစ်ပါတယ်။တကယ့်ကိုမယုံနိုင်စရာပါ အများထက်ထူးကာ ပြုလုပ်တယ်ထင်ပါတယ် တစ်နေရာထဲမှာ မဟုတ်ပါဘူး ကမ္ဘာတစ်ဝန်းကဆိုအစုံကြည့်ရမယ်နော်.. ကဲစမယ်..
အပေါ်ပုံကတော့ လူရိုင်းဆန်စွာ သရဲတစ္ဆေ များစုန်းကဝေများ ပုံစံ Fashion များဖြင့် ၀တ်ဆင်ကာ ပြုလုပ်သည့် Fashion Show ပွဲတစ်ခုပဲဖြစ်ပါသည်။



အပေါ်ပုံကျတော့ Chocolate fashion show ပွဲကြီးပဲဖြစ်ပါသည် ခန္ဒာကိုယ်တော့ ကပ်စီးစီးနဲ့ ထိန်းလျှောက်ရပါ
လိမ့်မယ် ဒီဘက်ဘေးပုံက တစ်ယောက်ကတော့ ကျိုးကျကုန်ပါပြီ နှမြောစရာ ချောကလက်တွေ…
အပေါ်က ကျတော့ သူက Berlin က Fashion Show တစ်ခုဖြစ်ပါသည် သူ့ ပုံမှာမြင်ရတာကတော့ ရေဘ၀ဲကို Necklaces များကို ထူးခြားစွာ ၀တ်ဆင်ပြတာပါ ဘေးတဖက်ကကျတော့ ငုံးဥများကို ကြိုးဆွဲပြီး ၀တ်ထားတာပါ။
Hamburg, Germany မှာကျင်းပခဲ့တဲ့ August ,2010 မှာတုန်းက ကျင်းပခဲံတဲ့ထူးခြားတဲ့ Latexpo fashion show ကြီးပဲဖြစ်ပါတယ် အဲဒီပွဲမှာတုန်းက ကျတော့ ဖယောင်းတွေနဲ့ နောက်တခြား ပစ္စည်းတွေနဲ့ ခန္ဒာကိုယ်
တွင်အရောင်များ သုတ်ကာအမူအယာ များထူးခြားစွာပြုလုပ်ပြီး ပရိတ်သတ်ကို ဖမ်းစားနိုင်ခဲ့တဲ့ Show တစ်ခုဖြစ်ခဲ့ပါတယ်။
2012 Janauary တုန်းက Japan နိုင်ငံ Tokyo မြို့ Tsukiji-Honganji temple မှာကျင်းပခဲ့တဲ့ Monks Fashion Show (ဘုန်းကြီး Fashion Show) ပွဲဖြစ်ပါတယ်တဲ့။ တကယ့်ကိုထူးဆန်းထွေလာပါပဲ လောကီနဲ့ အဆတ်
အသွယ်ဖြတ်ထားတဲ့ ရဟန်းတော်တွေကိုတောင် ကျင်းပခိုင်းနေလေရဲ့ ရက်စက်ပါ့ Japan တွေရယ်..
အပေါ်ပုံ ကFashion Show ပွဲကတော့ Animals များကိုစာနာထောက်ထား တတ်စေ၇န်အတွက်ရည်ရွယ်ကျင်း
ပတဲ့ထူးခြားပြီး တကယ်ကိုကောင်းတဲ့ Fashion Show လေးပဲဖြစ်ပါသည်။
ဒါကတော့ မျက်လုံးများနဲ့ ခန္ဒာကိုယ်အမူအယာများက ကြောက်လန့် အံ့သြသည့် ပုံစံများဖြင့် ပြုလုပ်သည့် Fashion ပွဲတစ်ခုပဲဖြစ်ပါသည်။
ဒါကတော့ သဘာဝပတ်ဝန်းကျင် ကိုအလေးထားရန် ရည်ရွယ်ကျင်းပခဲ့တဲ့ Fashion Show ပွဲတစ်ခုမှ ပန်းပွင့်ပုံစံကိုလူတစ်ယောက် ၀င်ကာပြသခဲ့ပါတယ်.
အပေါ်က ပွဲကျတော့ ဂျွမ်းဘား တို့ ဆပ်ကပ်တို့ နဲ့ ကျင်းပတာပါတဲ့ တကယ့်ကို ဆန်းပြားတဲ့ပွဲပါပဲ ဆပ်ကပ်လဲကြည့်ရသလို Fashion တွေကိုလဲ လေ့လာလို့ ရပါတယ်..
အပေါ်ကပွဲကတော့ ဂြိုဟ်သားများ ပုံစံ မျက်နှာခေါင်းများ ပြုလုပ်ကာ Fashion Show လေးပြုလုပ်ခဲ့ပါတယ် တကယ့်ကိုထူးခြားတဲ့ ပွဲလေးတစ်ခုပဲဖြစ်ပါသည်။
အပေါ်ပွဲကကျတော့ အမျိုးသမီးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို ထမ်းပြေး တဲ့ Fashion Show လေးပဲဖြစ်ပါတယ်တဲ့ ။
ဒီပွဲကကျတော့ ပါးစပ်ထိပ်မှာ တစ်ခုခု တပ်ကာ Fashion Show လျှောက်ပြတာလေးပဲဖြစ်ပါတယ်..။လက်ကိုလဲ ကြိုးဖြင့် တုပ်နှောင်ထားပြီး ချဉ်နှောင်ခံထားရသည့် မိန်းမချောလေးတစ်ယောက် ကဲ့ သို့ ဖြစ်ပါသည် ။
ဒါကတော့ လူငယ်တို့ သဘာဝ ချစ်သူရည်းစားများနှင့် တွေ့ လာသည့်အခါ လုပ်လေ့လုပ်ထရှိသည့် အပျော်အပါး ဟန်ပန်အမူအယာများကို ပြုလုပ်ပြသည့် Fashion Show တစ်ခုပဲဖြစ်ပါသည်။

ဒါကတော့ အချွန်အတတ်များနှင့် ခန္ဒာကိုယ်ပေါ်တွင် အခြားသော အဆင်တန်ဆာများ ဖုံးအုပ်ကာ ပြသသည့် Show တစ်ခုပဲဖြစ်ပါသည်။

အမွေး Fashion ပဲဖြစ်ပါသည် အမွေးများကို အတုတပ်ကာ ပြုလုပ်သည့် ပွဲလေးပဲဖြစ်ပါသည် ။
ဒါကတော့ တရုတ်ပြည်ကပဲထင်တယ် ကွန်ဒုံးများနှင့် ပြုလုပ်ထားသည့် ဦးထုပ်တွေကို ဒီဇိုင်းအမျိုးမျိုးဆောင်းကာ ပြသသည့် Fashion Show ပဲဖြစ်ပါသည် ။
Snake Fashion Show လေးပဲဖြစ်ပါသည် မြေများကို လည်ပင်းပေါ်လက်ပေါ်တွင် သယ်ဆောင်ကာ Fashion Show လျှောက်ပြနေခြင်းဖြစ်ပါသည် ။
အားလုံးပဲ ကမ္ဘာတစ်လွှားက ထူးခြားဆန်းပြာလှတဲ့ Fashion Show ပွဲတွေအကြောင်းသိလိုက်ရပြီဆိုတော့ ဗဟုသုတ အသိလေးတစ်ခုတိုးပါပြီ .. အားလုံးပဲ ပျော်ရွှင် ကျန်းမာကြပါစေ..


                       လမင်း
Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger