<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.

ဗုဒ္ဓံ-ဓမ္မံ-သံဃံ

မြန်မာပြက္ခဒိန်

Myanmar Calendar

တေးဂီတ


ဧည့်သည်တော်များ

နံနက်သဘင်

13 May, 2014

Continue Reading | comments

နွေအ၀င်

Continue Reading | comments

ရတနာပုံ မြို့ရိုးဟောင်း

Continue Reading | comments

တက်လူတေးသံ

Continue Reading | comments

ထိကရုံး

Continue Reading | comments

ဝမ်းဘဲ

Continue Reading | comments

တွေးမိပါစ

Continue Reading | comments

စံပယ်ဖြူ

Continue Reading | comments

မျောလျက်သာပဲ

Continue Reading | comments

ပန်းပန်လျက်ပဲ

Continue Reading | comments

**အဖေ....သို့**

11 March, 2014

အေးမြလွန်းတဲ့ ဒီဆောင်းညမှာ
ပိုမိုလွမ်းစွတ် သတိရလို့
တမ်းတမျက်ရည် ၀ဲမိတယ် အဖေ ၊
အေးမြလွန်းတဲ့ ဒီဆောင်းညမှာ
ဘယ်ဆိ၊ဘယ်အရပ်
ဘယ်ဒေသမှာ ချစ်သောအဖေ
ရောက်နေမလဲလို့ သိချင်မိတယ် အဖေ ၊
အေးမြလွန်းတဲ့ ဒီဆောင်းညမှာ
နွေးထွေးကြင်နာ နူညံ့လွန်းတဲ့
အဖေမေတ္တာ ချစ်ချင်းတွေကို
ပိုမိုအောင့်မေ့မိတယ် အဖေ ၊
အေးမြလွန်းတဲ့ ဒီဆောင်းညမှာ
အားမတန် မာန်လျော့
သေမင်းကို ဒူးထောက်လို့
အဖေ့ကို လက်လွှတ်ရတဲ့
နေ့တစ်နေ့ကို ပြန်မြင်ယောင်လို့
ဝဲဘက်ရင်အုံ တစစ်စစ်နဲ့
အခုချိန်ထိတိုင် နာကျင်နေရစဲပဲ အဖေ ၊
အေးမြလွန်းတဲ့ ဒီဆောင်းညမှာ
အဖေ...အဖေ..အဖေ လို့
အားကိုးတကြီး ဟစ်အော်မိရင်း
ဘ၀တစ်သက် အဖေ့ထူးသံ
ကြားခွင့်မသာတဲ့
သမိးတစ်ယောက်ရဲ့
ကြွေကွဲမှုတွေ
နာကျင်မှုတွေ
ဆုံးရှုံးမှုတွေ
အပူထပ်လို့
ရင်မှာနွမ်းကာ
နှလုံးသားတွေ မချိဘူး အဖေ။။။။
Continue Reading | comments

** တို့ နိုင်ငံ **

တို့ဘာသာ တို့ဓလေ့နဲ့
တို့မွေ့တဲ့ တို့ပြည် ၊
တို့စေတီ တို့ဘုရားနဲ့
တို့များရွှင်ကြည် ၊
တို့နိုင်ငံ့ နေခြည်
တို့ကိုယ်စီ မြတ်နိုး ၊
တို့အားသစ် ညီညီနဲ့
တို့ဋ္ဌာနီ ဂုဏ်ရည်တင့်အောင်
တို့ဆင့်ဆင့် ပိုး ။
Continue Reading | comments

`ဗုဒ္ဓကမ္ကာ

ဒေါသကို မေတ္တာဖြင့် အနိုင်ယူပါ
ကောက်ကျစ်သူကို ကောင်းခြင်းဖြင့်အနိုင်ယူပါ
စေးကပ်ခြင်းကို ရက်ရောခြင်းဖြင့် အနိုင်ယူပါ
မုသားကို သစ္စာဖြင့်အနိုင်ယူပါ။
Continue Reading | comments

ခန္ဓာကိုယ် အလှအပကို ဖော်ဆောင်ပေးတဲ့ ရင်သား ကျန်းမာရေး

01 February, 2014















မိန်းကလေး တစ်ယောက် ကြည့်ကောင်း တယ်လို့ သတ်မှတ်ခံရတဲ့ အခါမှာလည်း ရင်သား အလှဟာ ပါဝင် ပတ်သက် နေပါတယ်။

ရင်သားလှတဲ့ မိန်းကလေး တွေဟာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတတ် ကြပါတယ်။ ဒါကြောင့် မိန်းကလေး တစ်ယောက် အတွက် ရင်သားအလှ မထိခိုက် စေဖို့နဲ့ ရင်သား ကျန်းမာရေး ကောင်းမွန် နေစေဖို့ အတွက် သိထားသင့်တဲ့ လမ်းညွှန်ချက် တွေကို ဖော်ပြ ပေးလိုက်ပါတယ်။

၁) ဖြည့်စွက်ဆေး သောက်ပါ

ရင်သား ကျန်းမာရေး အတွက် လိုအပ်တဲ့ အစား အသောက်တွေကို ပြည့်ဝအောင် စားပေးပါ။ တကယ်လို့ မစားဖြစ်ရင် ဖြည့်စွက်ဆေးကို မှီဝဲ သင့်ပါတယ်။ မှီဝဲသင့်တဲ့ အစားအသောက် တွေကတော့ ဗီတာမင်နဲ့ သတ္တုဓာတ် ပေါကြွယ်ဝတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အဆီနည်း အသား၊ ငါး၊ ပဲအမျိုးမျိုးနဲ့ အခွံချွတ် မထားတဲ့ ဆန်လုံးညိုလို ကောက်နှံ စာတွေပဲ ဖြစ်ကြပါတယ်။ တကယ်လို့ ဒီအာဟာရ တွေကို အလုံအလောက် မစားဖြစ်ရင်တော့ ဗီတာမင်နဲ့ သတ္တုဓာတ်ပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲပေး သင့်ပါတယ်။

၂) ကျန်းမာရေးနှင့် ညီညွတ်သော အဆီကို စားပါ

အဆီတွေဟာ ဟော်မုန်း ထုတ်လုပ်ဖို့ အတွက် လိုအပ်ပါတယ်။ အဆီတွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီး လုပ်ငန်းဆောင်တာ များစွာကို ကောင်းမွန် စေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို စားပေးတဲ့အခါ သင့်ခန္ဓာကိုယ်က ပိုကြည့် ကောင်းလာပြီး စိတ်ခံစားမှုလည်း ပိုကောင်း လာတာကို တွေ့ရမှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ကတော့ ငါးအဆီ၊ အခွံမာသီး၊ အစေ့ အဆန်၊ သံလွင်ဆီ စတာတွေ ဖြစ်ကြပါတယ်။ တကယ်လို့ မစားဖြစ်ရင် အိုမီဂါသရီး ဖက်တီးအက်စစ် အားဖြည့်ဆေးကို မှီဝဲပေးပါ။

၃) အပင်ထွက် ဟော်မုန်းကို မှီဝဲပါ

ဖိုင်တိုဟော်မုန်း တွေဟာ အပင်ကနေ ရတဲ့ ဟော်မုန်းတွေ ဖြစ်ပြီး ခန္ဓာကိုယ် ကျန်းမာရေး အတွက် မရှိမဖြစ် အရေးပါတဲ့ ဟော်မုန်း အမျိုးအစား အားလုံးကို ဖန်တီး ထုတ်လုပ်ရာမှာ ကူညီပါတယ်။ ဟော်မုန်း စနစ် ဟန်ချက်ညီတာဟာ ရင်သားတွေကို ကျန်းမာ စေပါတယ်။ ဒါကြောင့် ဖိုင်တိုဟော်မုန်း ရအောင် အပင်ထွက် အစားအစာတွေကို စားသုံး ပေးသင့်ပါတယ်။

၎) အသည်း ကျန်းမာအောင် ဂရုစိုက်ပါ

အသည်းရဲ့ လုပ်ငန်း ဆောင်တာဟာ ဟော်မုန်းတွေနဲ့ တခြား ဓာတု ပစ္စည်းတွေကို တည်ဆောက် ဖြိုခွဲတာ ဖြစ်ပါတယ်။ အသည်း ကျန်းမာစေဖို့ အတွက် အရက် အလွန်အမင်း မသောက်ပါနဲ့။ မကောင်းတဲ့ ထပ်ပြန် ကြော်ဆီ၊ တိရစ္ဆာန်ထွက် အဆီ စတာတွေကို ရှောင်ပါ။ မှိုတက်နေတဲ့ အစားအစာတွေကို လုံးဝ မစားပါနဲ့။ အသည်း ကောင်းနေမှ ဟော်မုန်းတွေ ဟန်ချက်ညီကာ ရင်သား ကျန်းမာနေမှာ ဖြစ်ပါတယ်။

၅) စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ စိတ်ဖိစီးမှုကို လျှော့ချနိုင် ဖို့က အပြော လွယ်သလောက် လုပ်ရတာ ခက်ခဲပါတယ်။ စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ် ကျန်းမာရေးအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိနေတာကြောင့် အာဟာရ ပြည့်ဝအောင် စားတာ၊ တရား ထိုင်တာ၊ ယောဂကျင့်တာ၊ လေ့ကျင့်ခန်း လုပ်တာ စတဲ့ နည်းလမ်းတွေနဲ့ လျှော့ချ ကြည့်သင့်ပါ တယ်။

၆) အပို ကိုယ်အလေးချိန်ကို လျှော့ချပါ

ကိုယ်အလေးချိန် ပိုနေရင် ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိခိုက် စေသလိုပဲ ရင်သားကိုပါ ထိခိုက် စေနိုင်ပါတယ်။ ပုံမှန်ထက် ကိုယ်အလေးချိန် ပိုများတာနဲ့ ကျန်းမာရေး ပြဿနာအကြား ဆက်စပ်မှု ရှိနေ တာကြောင့် ကိုယ် အလေးချိန်ကို ပုံမှန် ရှိအောင် ထိန်းသင့်ပါတယ်။

၇) အမျှင်ဓာတ်များသော အစားအစာ စားပါ

အမျှင်ဓာတ် များတဲ့ အစားအစာတွေကို စားတာက အူလှုပ်ရှားမှုကို ကောင်းမွန် စေပါတယ်။ ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆိပ်အတောက် တွေနဲ့ အပို အီစထရိုဂျင်တွေကို ဖယ်ရှား ပေးနိုင်ရင် ရင်သားကို ကျန်းမာစေ တာကြောင့် အမျှင်ဓာတ်များတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အခွံချွတ် မထားတဲ့ ကောက်နှံစာ စတာတွေ ကို စားပေးသင့်ပါတယ်။ အသားကို လျှော့စား သင့်ပါတယ်။

၈) ကျန်းမာရေးနှင့် မညီညွတ်သော အရာများနှင့် ထိတွေ့မှု မရှိပါစေနှင့်

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ကင်ဆာ ဖြစ်စေတဲ့ အရာတွေနဲ့ ညစ်ညမ်းတဲ့ အခိုးအငွေ့ စတာတွေနဲ့ မထိတွေ့မိအောင်၊ မရှုရှိုက်မိအောင် တတ်နိုင်သမျှ ရှောင်ပါ။ ဒီအရာတွေဟာ ခန္ဓာကိုယ် တွင်း ဟော်မုန်း စနစ်ကိုသာ မက ရင်သား ကျန်းမာရေးကိုပါ ထိခိုက် စေနိုင်ပါတယ်။
Continue Reading | comments

ငါးကြီးဆီ၏ ကောင်းကျိုးများ










ငါးကြီးဆီဟာ အစားအသောက် စားချင် စိတ်ကို လှုံ့ဆော်ပေးတဲ့ Appetideကို မြင့်မား စေပါတယ်။ အထူးသဖြင့် ငါးကြီးဆီဟာ အစာအိမ်ထဲ ရောက်တဲ့အခါ red corpuscles လို့ခေါ်တဲ့ သွေးနီဥ တွေကို များလာ စေတယ် ။ အစားအသောက် စားချင်စိတ်ကို မြင့်မားစေပြီး ကိုယ်ခံ အားကို တက်စေတယ်။ သွေးခုန်နှုန်းက သန်စွမ်းပြီး လူကလည်း ကျန်းမာ သန်စွမ်းလို့ အာဟာရ ဓါတ်တွေ ပြည့်ဝစေမှာ ဖြစ်ပါတယ်။

အကယ်၍ ကိုယ်ဝန်ဆောင်သည် တွေနဲ့ နို့တိုက်မိခင် တွေဟာ နေ့စဉ် စားသောက် နေတဲ့ အာဟာရ ဓါတ်တွေ ထဲမှာ ငါးကြီးဆီဓါတ်ကို ဖြည့်လိုက် မယ်ဆိုရင် ကလေးငယ် တွေရဲ့ ဦးနှောက်နဲ့ မျက်ကြည်လွှာကို ပိုမိုဖွံ့ဖြိုးလာ စေတဲ့ အပြင် ဥာဏ်ရည် ပိုင်းကိုလည်း တိုးတက် မြင့်မား စေပါတယ် ။ ငါးကြီးဆီမှာ ပါဝင်တဲ့ ဗီတာမင်ဒီဟာ ကလေးငယ် တွေမှာ ricket လို့ခေါ်တဲ့ ကလေး အရိုးပျော့ ရောဂါ မဖြစ်အောင် ကာကွယ် တားဆီး နိုင်ပါတယ် ။ လေ့လာ စမ်းသပ်မှု တစ်ခုအရ ငါးကြီးဆီ ပေးထားတဲ့ ကလေး ၃၇ ယောက်ကို ၆ လလောက် ပေးကြည့်တဲ့ အခါ ကလေး အရိုးပျော့ ရောဂါ မဖြစ်အောင် ကာကွယ်နိုင်တဲ့ နှုန်းက ၉၂ % ရှိတာ တွေ့ရပါတယ်။

 ရောဂါပိုးမွှား တွေကြောင့် ဖြစ်ပေါ်လာတဲ့ ရောင်ရမ်းခြင်း တွေကို ကာကွယ် ပေးနိုင်ပြီး အဆိပ် အတောက် တွေကို ခုခံ ပေးနိုင်ပါတယ် ။ ကိုယ်ဝန် ဆောင်သည် တွေမှာ ငါးကြီးဆီ သောက်သုံးမယ် ဆိုရင် အသက် လေးနှစ် အရွယ်မှာ ကလေးတွေရဲ့ IQလို့ ခေါ်တဲ့ ဥာဏ်ရည် တိုးတက် လာတာ တွေ့ရပါတယ်။ ကလေးငယ် တွေကို လည်းပေါင်ချိန် တိုးတက် စေပါတယ် ။ ဒါ့အပြင် လေ့လာ စမ်းသပ်မှုတွေ အရလည်း ကင်ဆာ၊ ဆီးချို သွေးချို၊ အရိုးကျိုးခြင်း၊ အရိုးနှင့် ကြွက်သားနာခြင်း၊ သွေးတွင်း အဆီစတာ တွေကိုပါ ကောင်းမွန် စေတယ် ဆိုတာ တွေ့ရပါတယ် ။ Cod Liver Oil နဲ့ Fish Oil ဘာကွာလဲ ငါးကြီးဆီလို့ ခေါ်နေကြပေမယ့် တကယ်တော့ Cod Liver Oil ကပိုပြီး ဗီတာမင်အေ ပမာဏ ဗီတာမင် ဒီပိုများပြီး ကျန်းမာရေးကို ပိုပြီးအထောက် အကူပြု ပါတယ် ။
Continue Reading | comments

ကြက်သွန်နီသည် ချောင်းဆိုးခြင်းကို သက်သာ စေနိုင်



အလွန် ရိုးရှင်းတဲ့ ချောင်းဆိုးပျောက် ဆေးတစ်ခု ဖော်စပ် နည်းက ဒီလိုပါ။

လက်ဖက် ခြောက်ရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ပျားရည် လက်ဖက် ရည်ဇွန်း ၁ ဇွန်း ရောပြီး ကြိုက်သလောက် လက်ဖက် ရည်ဇွန်းနှင့် ခပ်သောက်ပါ။ ပိုပြီး အစွမ်းထက် စေဖို့ ခြစ်ခုံနှင့် ခြစ်ထားတဲ့ ကြက်သွန်နီ အနည်းငယ် ပေါင်းထည့် ပေးပါ။ ကြက်သွန် နီမှာက ချောင်းဆိုးခြင်း တုံ့ပြန်မှု ဖြစ်စေတဲ့ ဒြပ်ပေါင်းများ ပါဝင် တဲ့အတွက် သလိပ် ထွက်စေ ပါတယ်။

နောက်တစ် နည်းကတော့ အရွယ် အလတ်စား ကြက်သွန်နီ ၆ လုံးကို အခွံခွာပြီး နုတ်နုတ် စဉ်းပါ။ ယင်းကို ပျားရည် ခွက်တစ် ဝက်လောက်နှင့် ရောပြီး ဆူပွက် နေတဲ့ အိုးအပေါ်မှာတင်ထားတဲ့ လက်ကိုင်ပါ ဒယ်အိုး သို့မဟုတ် ရိုးရိုး ဒယ်အိုးထဲ ထည့်လိုက်ပါ။ ယင်းကို အဖုံး အုပ်ပြီး ရေနွေး ငွေ့နှင့် ၂ နာရီကြာ အပူ ပေးပါ။ အရည် ကိုစစ် ယူပြီး အဖုံးပါ ဖန်ဘူး တစ်ခုထဲ ထည့်ထားပါ။ ၂ နာရီ၊ ၃ နာရီခြား တစ်ကြိမ် လက်ဖက် ရည်တစ်ဇွန်း စာသောက် ပေးပါ။
Continue Reading | comments

ဆွစ်ဇာလန်မှာ အရိုးပြာကို စိန်အဖြစ်ပြောင်းလဲပေး












ဥရောပတိုက် ဆွစ်ဇာလန်နိုင်ငံ အနောက်ပိုင်းက Algordanza လို့အမည်ရတဲ့ ကုမ္မဏီတစ်ခု ဖြစ်ပါတယ်။ ယင်း ကုမ္မဏီကပေးတဲ့ ဝန်ဆောင်မှုကတော့ ကွယ်လွန်ပြီး လူတို့ရဲ့  ပြာကို စိန်အဖြစ် ပြောင်းလဲခြင်း ဖြစ်ပါတယ်။ ရည်ရွယ် ချက်ကတော့ မိမိချစ်ခင် တန်ဖိုးထားသူကို တစ်သက်တာ အမြဲ တနိုး သိမ်းဆည်း သွားနိုင်စေဖို့ ဖြစ်ပါတယ်။


ပြုလုပ်ပုံ အဆင့်ဆင့်က ဒီလိုပါ။ ရရှိလာတဲ့ ပြာကို ဓာတုဗေဒ ဒြပ်ပေါင်းများနဲ့ ရောစပ်ပြီးတော့ ကာဘွန်ကို မရရအောင် ထုတ်ပါတယ်။ ပြီးတော့ ရရှိလာတဲ့ ကာဘွန်ကို အပူပေးပြီး ဂရက်ဖိုက်အစုအဖွဲ့ ဖြစ်လာတဲ့အခါ နောက်ဆုံးတော့ စိန်တုံး ဖြစ်သွားပါတယ်။ လက်ရှိ ကမ္ဘာမြေပေါ်က စိန်တုံးများ ဆိုတာကလည်း သက်ရှိတွေရဲ့ ဇီဝရုပ်ကြွင်းတို့ လောင်ကျွမ်းစုဆေင်းပြီး ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒီအတွက်လိုအပ်တဲ့ အပူချိန်ကလည်း မနည်း ပါဘူး။ ၁၅၀၀ ဒီဂရီ ဆဲလ်ဆီးယက်တောင် ရှိပါတယ်။

ဒီတော့ အရိုးပြာကို စိန်ဖြစ်အောင်လုပ်တဲ့နေရာမှာ ဘာစိန်မှ ထပ်ဖြည့်ထားခြင်း မရှိပါဘူး။ တကယ့် ပြာတွေနဲ့သာ စုဆောင်းလို့ ပြုလုပ် ထားခြင်း ဖြစ်ပါတယ်။ ဒီအတွက် ရလာတဲ့ စိန်အရည်အသွေးကလည်း ၁.၈ ကာရပ် ဝန်းကျင်လောက်အထိ ရှိပါတယ်။ တန်ဖိုးအားဖြင့်လည်း အမေရိကန်ဒေါ်လာ ၅၀၀၀ တန်ကနေ ၂၂၀၀၀ တန် အထိ ဖန်တီး ပြုလုပ် ပေးခြင်း ဖြစ်ပါတယ်။ လည်ဆွဲ လော့ကတ်သီး၊ လက်စွပ် အစရှိသဖြင့် ကိုယ်လိုချင်တဲ့ ပုံစံကို Algordanza အဖွဲ့အစည်းမှ ဖန်တီး ပြုလုပ် ပေးကြောင်း သိရ ပါတယ်။
Continue Reading | comments

ငရုတ်သီးကြိုက်သူများအတွက် အန္တရာယ်မဖြစ်အောင် ငရုပ်သီး စားနည်း


ကျမတို့ငယ်ငယ်က ငရုပ်သီးစားရင် မျက်စိမှုန်မယ်၊တကိုယ်လုံးပူမယ်ဆိုပြီး ခလေးတွေကိုမကျွေးပါဘူး။

ဟုတ်ပါတယ်။ ငရုပ်သီးဟာ ပူစပ်တဲ့အရသာရှိတာကြောင့် ခလေးငယ်များနဲ့မသင့်တော်ပါဘူး။ နောက်ပြီး အစာအိမ်နံရံကို ကလိတာကြောင့် (irritation) အစာအိမ်ရောဂါသည်များ အတွက် မသင့်တော်ပါဘူး။ ဒါပေမဲ့သူ့မှာ အဖိုးတန်တဲ့ ကျန်းမာရေး အထောက်အကူ ပစ္စည်းတွေ များစွာပါဝင်ပါတယ်။

၁။ သူ့မှာပါတဲ့ capsaicin ဓါတ်ကြောင့် သူ့ရဲ့အရသာနဲ့ အနံကိုဖြစ်စေတာပါ။ ဒါပေမဲ့ဒီဓါတ်ဟာ ဘက်တီရီးယားပိုးတွေ၊ ကင်ဆာ ဆဲလ်တွေကိုသတ်နိုင်ပြီး၊ ဆိုးဝါးတဲ့အဆီဓါတ် (LDL) ကိုလျော့စေတယ်။ အနာသက်သာစေတယ် (analgesic) ။ ဆီချို ရောဂါကို သက်သာစေတယ် ဆိုတာကို ဓါတ်ခွဲခန်းက နိ့တိုက်တိရစ္ဆာန်တွေမှာ စမ်းသပ်တွေ့ရှိပါတယ်။

၂။ လတ်ဆတ်တဲ့ အနီရောင်နဲ့ အစိမ်းရောင်ငရုပ်သီးစိမ်း (fresh chili) တွေမှာ ဗီတာမင်စီများစွာ ပါဝင်ပါတယ်။ ငရုပ်သီးစိမ်း ၁၀၀ ဂရမ်မှာ ဗီတာမင် စီ ၁၄၄ မိုက်ခရိုဂရမ် ပါဝင်ပါတယ်။ ဗီတာမင်စီဟာ ရေမှာပျော်ဝင်တဲ့ အစွမ်းထက်တဲ့ အဆိပ်ဖြေဆေး (anti-oxidant) ဖြစ်ပါတယ်။

၃။ ငရုပ်သီးမှာ သတ္ထုဓါတ်တွေဖြစ်တဲ့ ပိုတက်စီရမ်၊မက်ကနီစီရမ် (magnesium)၊သံဓါတ်နဲ့ မက်ဂနီစ်ဓါတ် (manganese) တွေလည်း များစွာပါဝင်ပါတယ်။ ပိုတက်စီရမ်ဟာ ဆဲလ်နဲ့ကိုယ် တွင်းရေဓါတ် တွေရဲ့ အရေးပါတဲ့ ဓါတ်ပစ္စည်းဖြစ်တာကြောင့် နှလုံးခုန်နှုန်းနဲ့သွေးချိန် (blood pressure) ကို ထိန်းချုပ်ပါတယ်။ မက်ကနီစီရမ် (magnesium) ကတော့ အဆိပ်ဖြေဆေး (anti-oxidant) တွေရဲ့ လုပ်ငန်းတွေကိုကူညီ (co-factor )ပေးပါတယ်။

၎။ ငရုပ်သီးမှာ ဗီတာမင် ဘီတွေ ဖြစ်တဲ့ niacin, riboflavin, ဗီတာမင် ဘီ ၁၊ ဗီတာမင် ဘီ ၆၊ တွေ လည်း ပါဝင်ပါတယ်။ ဒီဗီတာမင် တွေကို ကျမတို့ ကိုယ်ခန္ဓာ က မထုတ်လုပ်နိုင်ပဲ အပြင်အစားအစာက သာ ရရှိနိုင်တာမို့ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် (essential vitamins) တွေ လို့ခေါ်ပါတယ်။

 မြန်မာနိုင်ငံတွင်နေထိုင်သူများသတိထားရန်။ မြန်မာနိုင်ငံတွင် အထူးသဖြင့် မိုးရာသီလို ဆိုဆွတ်တဲ့အချိန်မှာ ငရုပ်သီးနဲ့ မြေပဲတွေမှာ မှိုတက်ပါတယ်။ အဲ့ဒီမှိုတွေက Aflatoxin လို့ခေါ်တဲ့ အလွန်ပျင်းတဲ့ ကင်ဆာဖြစ်စေတဲ့ အဆိပ်တွေထွက်ပါတယ်။ အဲဒီ အဆိပ်တွေကိုအသဲမှာ အဆိပ်ဖြေတာမို့ အသဲကင်ဆာ အများဆုံးဖြစ်စေပါတယ်။ ဒီအဆိပ် အများကြီးစားမိရင် ချက်ချင်း အသဲပျက်ဆီးခြင်း (Acute live necrosis ) ဖြစ်နိုင်ပြီး၊ နည်းနည်းခြင်း တာရှည်စားရင် အသဲကျုံ့ခြင်း (cirrhosis) နဲ့ အသဲကင်ဆာဖြစ်စေပါတယ်။

 မြန်မာနိုင်ငံမှာ အရက်မသောက်တဲ့၊ အသဲရောင်အသာဝါးပိုး (hepatitis B,C) လည်း မရှိတဲ့ မြန်မာအမျိုးသမီးတွေမှာ အသဲကင်ဆာ အဖြစ်များတာဟာငရုပ်သီးအစားများလို့ပါ။ မိုးတွင်းမှာ ငရုပ်သီးခြောက်တွေရဲ့ အတွင်းမှာ မှိုတွေနဲ့ပြည့် နေတတ်ပါတယ်။ ဒီအဆိပ်က ရေဆေးလို့လဲတော်တော်နဲ့ ထွက်မသွားပါဘူး။ ချက်ပြုပ်လို့လဲ မပျောက်ပျက်ပါဘူး။

 ရောင်းတမ်း ငရုပ်သီးမှုန့်တွေက ဈေးပေါ်တဲ့ မှိုပါတဲ့ငရုပ်သီးတွေနဲ့ လုပ်တာ များပါတယ်။ အချို့ငရုပ်သီး မှုန့်မှာ ကင်ဆာဖြစ်စေတဲ့ ဆိုးဆေးတွေလည်း ပါတတ်ပါသေးတယ်။ ငရုပ်သီး ၁၀၀ ဂရမ်စားလျှင်ရရှိမည့် တစ်နေ့စာလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ် ရာခိုင်းနှုန်းများ ဗီတာမင် စီ ၂၄၀%။ ဗီတာမင် ဘီ၆ ၃၉% ။ ဗီတာမင် အေ ၃၂%။ သံဓါတ် ၁၃%။
Continue Reading | comments

အသည်း ရောဂါများအတွက် အသုံးပြုသင့်သော ဆေးပင်များ (လိမ္မော်ပင်)












အသည်းနှင့်ပတ်သက်၍ တင်ပြလိုသော အပင်မှာ လိမ္မော်ပင်ဖြစ်၏။ လိမ္မော်သီးကို တစ်ကမ္ဘာလုံးက နှစ်ခြိုက်စွာ စားသုံးကြ၏။ ၎င်း၏ ရုက္ခဗေဒအမည်မှာ Citrus reticulata Blanco ဖြစ်၏။
RUTACEAE မျိုးရင်းတွင် ပါဝင်၏။ အင်္ဂလိပ်အမည်မှာမူ Orange ဖြစ်ပြီး ပါဠိအမည်မှာ နာရင်္ဂဖြစ်၏။ လိမ္မော်ပင်သည် ပင်လတ်မျိုးဖြစ်၍ အရွက်သည် ရှောက်ရွက်နှင့် လွန်စွာဆင်တူ၏။ အပွင့်မှာ အဖြူရောင်ဖြစ်ကာ အနံ့လည်းမွှေး၏။ လိမ္မော်သီးသည် လုံးဝန်း၍ နုချိန်တွင် အစိမ်းရောင်ရှိပြီး မှည့်လာပါက အဝါရောင် ဖြစ်သွားလေ၏။ ကမ္ဘာတစ်လွှားတွင် ဘရာဇီး၊ အမေရိကန်၊ မက္ကဆီကို၊ အိန္ဒိယ၊ တရုတ်၊စပိန်၊ အီတလီ၊ အီရန်၊ အီဂျစ်နှင့် ပါကစ္စတန်နိုင်ငံတို့မှ လိမ္မော်သီး အများဆုံးထွက်ကြောင်း သိရ၏။ Persian orange, Navel orange, Valencia orange နှင့် Blood orange ဟူသည့် လိမ္မော်မျိုးများသည် အထူးထင်ရှားလှ၏။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် လိမ္မော်သီး အများအပြား စိုက်ပျိုးဖြစ်ထွန်း၏။



လိမ္မော်သီးတွင် Terpenes, Flavonoids,Sterols, Amino acids and Coumarin ဟူသော ဓာတုဒြပ်ပေါင်းများ ပါဝင်၏။ မြန်မာ့တိုင်းရင်း ဆေးပညာရှင်များကမူ လိမ္မော်သီးကို အပူလွန် ရောဂါများတွင် ဓာတ်စာအဖြစ် ပေးလေ့ရှိ၏။ အများသိကြပြီး ဖြစ်သည့်အတိုင်း လိမ္မော်သီး၏ အရသာမှာ ချို၊ ချဉ် အရသာရှိ၏။ လိမ္မော်သီးစားပေးလျှင် ခံတွင်းမြိန်စေ၏။ ဝမ်းသက်စေ၏။ ခွန်အားတိုးစေ၏။ လေ၊သလိပ်ကို နိုင်ပြီး ဆီးဝမ်းရွှင် စေတတ်၏။ သည်းခြေကို ငြိမ်းစေ၏။ အမူး၊ အမောပြေစေ၏။ သွေးအန်၊ သွေးကျရောဂါ၊ အစာမကြေရောဂါ၊ ပျို့အန်၊ ကြို့ထိုးခြင်းတို့ကို သက်သာစေ၏။ လေအောင့်၊ လေနာထလျှင် လိမ္မော်သီးကို ဆားနှင့်တို့၍ စားပေးရ၏။ လိမ္မော်သီးကို အရည်ညှစ်ယူ၍ ရလာသော လိမ္မော်ရည်ကို သကြားထည့်သောက်ပါက အမူး၊ အမော၊ နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း တို့ကို သက်သာစေ၏။ လိမ္မော်သီး တချို့ကို ဆားအနည်းငယ်ဖြင့် စားပေးပါက သလိပ်ရွှင်စေ၍ ဆီးကို များစေတတ်၏။ လိမ္မော်သီး အရည်သည် အသည်းအဆီဖုံး ရောဂါ၊ အသည်းကြီးခြင်း၊ ဆီးကျောက်တည်ရောဂါ၊ သည်းခြေအိတ်ကျောက်တည် ရောဂါများအတွက် သင့်လျော်လှ၏။ လိမ္မော်သီး သတ္တုရည်ကို ခွဲစိတ်ကုသခံ လူနာများတွင် ဓာတ်စာအဖြစ် တိုက်ကျွေးနိုင်၏။ အသားပပ်ခြင်း၊ အသားကြမ်းခြင်း အတွက် လိမ္မော်ခွံသတ္တုရည် လိမ်းပေးနိုင်၏။

တင်းတိပ်၊ ညှင်းပေါက်ပါက လိမ္မော်ခွံကို မီးကင်ကာ အရည်ညှစ်ပြီး ပွတ်ပေးရ၏။ လိမ္မော်သီးနှင့် ပတ်သက်၍ USDA Nutrient database က ဖော်ပြပေးထားသော အာဟာရ တန်ဖိုးကို အရေးကြုံက သုံးစွဲနိုင်ရန် တင်ပြပေးလိုက်ပါသည်။
Continue Reading | comments

သခွားသီး သို့မဟုတ် နွေရာသီအတွက် အသင့်လျော်ဆုံး အသီး










ပူပူအိုက်အိုက်နွေရာသီမှာ သခွားသီးက အကောင်းဆုံး အအေးဓာတ် အစားအစာ လို့ဆိုပါတယ်။ ဗီတာမင်ဓာတ် အမျိုးမျိုး ကြွယ်ဝပြီး ခန္ဓာကိုယ် အတွင်းနဲ့ ပြင်ပအတွက် များစွာ ကောင်းကျိုးပေးတဲ့ အသီး ဖြစ်ပါတယ်။

- ရေငတ်ပြေခြင်း

- ကင်ဆာရောဂါအား တိုက်ဖျက်ပေးခြင်း

- သွေးပေါင်ချိန် ပုံမှန်ဖြစ်ရန် ထိန်းထားပေးနိုင်ခြင်း

- သွားဖုံးနှင့်သွားများအား သန်မာ၊ ကျန်းမာစေခြင်း

- အစာကြေစေခြင်း

- ဂေါက်နှင့် အကြောကိုက်ဝေဒနာများအား သက်သာစေခြင်း

- အသည်းကျန်းမာရေး ကောင်းစေခြင်း

- ဆီးချို နှင့် ကျောက်ကပ်မှ ကျောက်များအား ကြေစေခြင်း

- ခေါင်းကိုက်သက်သာစေခြင်း

- အရည်အပြားနှင့် အလှအပ ဆိုင်ရာများအတွက် ကောင်းကျိုးဖြစ် ထွန်း စေခြင်း

အစရှိတဲ့ အကျိုးကျေးဇူးများအား ဖြစ်ထွန်းစေပါတယ်။
Continue Reading | comments

ဂျုံ၏ ကျန်းမာရေး အကျိုးကျေးဇူးများ











ဂျုံ၏ ကျန်းမာရေး အကျိုးကျေးဇူးများ အခွံချွတ် မထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ဘီစကွတ် မုန့်နဲ့ ကွတ်ကီးမုန့် တွေမှာ ဗီတာမင် B1၊ B2၊ B3၊ ဗီတာမင်အီး၊ ဖောလစ်အက်စစ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ ဇင့်၊ ကြေးနီ၊ သံဓာတ်နဲ့ အမျှင်ဓာတ်တို့ ပါဝင်ပါတယ်။ အခွံချွတ်ထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစားအစာတွေမှာတော့ ဒီအာဟာရဓာတ်တွေရဲ့ တစ်ဝက်ကျော်က ဆုံးရှုံးသွားတာကို တွေ့ရပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေးအတွက် (၁၀၀ ရာခိုင်နှုန်း အခွံချွတ်မထားတဲ့) ဂျုံစေ့နဲ့လုပ်ထားတဲ့ အစားအစာမျိုးကို စားပေးသင့်ပါတယ်။

ဂျုံစေ့ကဲ့သို့ ကောက်နှံတစ်ခုလုံးစာ စားသော အမျိုးသမီးများ ကိုယ်အလေးချိန်တက်နှုန်း နည်းပါး

အမေရိကန် အာဟာရဆေးပညာ ဂျာနယ်ရဲ့ လေ့လာမှုအရ အခွံချွတ်ထားတဲ့ ကောက်နှံစာထက် ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာကို စားတဲ့သူတွေက ကျန်းမာရေးကောင်းတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တယ်လို့ တွေ့ရပါတယ်။ အကြောင်းကတော့ အမျှင်ဓာတ်ပါဝင်မှု ပိုများလို့ပါ။

Metabolic Syndrome ရောဂါစု ဖြစ်နိုင်ခြေ လျော့နည်း

အရင်တုန်းက ကိုယ်ခန္ဓာသွယ်လျချင်ရင် အဆီမစားနဲ့လို့ ဆိုခဲ့ကြပါတယ်။ တကယ်တော့ အဆီက အမျိုးမျိုးရှိပါတယ်။ ပြည့်ဝဆီနဲ့ ထရန့်စ်ဖက်စ်တွေ က နှလုံးသွေးကြော ရောဂါတွေကို ဖြစ်စေနိုင်ပြီး အိုမီဂါ ၃ ဖက်တီးအက်စစ် အဆီ ကတော့ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ အလားတူ အခွံချွတ်ထားတဲ့ဂျုံနဲ့ လုပ်တဲ့ အစားအသောက်တွေကို များများစားရင် ကိုယ်အလေးချိန် မြင့်တက်စေနိုင်ရုံသာမက အင်ဆူလင် ခုခံအားများကာ Metabolic Syndrome ရောဂါစု (ဥပမာ- နှလုံးသွေးကြောရောဂါနဲ့ ဆီးချိုရောဂါ) တို့ကို ဖြစ်စေနိုင်ပါတယ်။ Metabolic Syndrome ဆိုတာ ခါးမှာအဆီများတာ၊ သွေးတိုးတာ၊ သွေးတွင်းအဆီဓာတ် များတာ စတဲ့လက္ခဏာစုကို ဆိုလိုပါတယ်။ အခွံချွတ်မထားတဲ့ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေကို စားပေးရင်တော့ အင်ဆူလင်ခုခံအား များတာနဲ့ Metabolic Syndrome ဖြစ်တာကို သိသိသာသာ လျော့ကျစေပါတယ်။

အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေ

အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစားအစာတွေမှာ မဂ္ဂနီဆီယမ်များစွာ ပါဝင်ပြီး ခန္ဓာကိုယ်ရဲ့ ဂလူးကို့စ် အသုံးပြုမှုနဲ့ အင်ဆူလင်ထွက်ရှိမှု အတွက်ပါဝင်တဲ့ အင်ဇိုင်းတွေနဲ့ တွဲဖက် လုပ်ဆောင်ပါတယ်။ ဒါကြောင့် အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစာကို ပုံမှန်စားတာဟာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နှုန်းကို လျော့ကျစေတယ်လို့ လတ်တလော လေ့လာမှုတစ်ခုက ဆိုပါတယ်။

သည်းခြေကျောက်တည်မှု မဖြစ်အောင် ကာကွယ်နိုင်

ဂျုံနဲ့ လုပ်ထားတဲ့ အညိုရောင်ပေါင်မုန့်ကို စားရင် မပျော်ဝင်တဲ့ အမျှင်ဓာတ် မြင့်မားစွာပါဝင်တာကြောင့် သည်းခြေကျောက်တည်မှု မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ အမေရိကန် အစာအိမ် အူလမ်းကြောင်း ဂျာနယ်မှာ လေ့လာ ဖော်ပြထားပါတယ်။ အမျိုးသမီး ၆၉၀၀၀ ကို ၁၆ နှစ်ကြာ လေ့လာမှုအရ အမျှင်ဓာတ် အများဆုံးစားတဲ့ အမျိုးသမီးတွေဟာ အမျှင်ဓာတ် အနည်းဆုံး စားသူတွေထက် သည်းခြေကျောက်တည်နိုင်ခြေ ၁၃ ရာခိုင်နှုန်း လျော့ကျမှုရှိကြောင်း သိရပါတယ်။ မပျော်ဝင်တဲ့ အမျှင်ဓာတ်ဟာ အူထဲကို အစာ မြန်မြန်ရွေ့လျားမှု ဖြစ်စေရုံသာမက သည်းခြေအက်စစ် စွန့်ထုတ်မှုကို လျော့ကျစေတာ၊ အင်ဆူလင် Sensitivity တိုးစေတာနဲ့ သွေးတွင်းမကောင်းတဲ့ အဆီ လျော့ကျစေတာ စတဲ့အာနိသင်တို့ကို ရရှိစေပါတယ်။

ဝမ်းမှန်မှန်သွားစေနိုင်

ဂျုံနဲ့လုပ်ထားတဲ့ အစာလို အမျှင်ဓာတ်များတဲ့ အစာတွေဟာ အူရောင်ရမ်းတဲ့ရောဂါ (ဗိုက်နာတာ၊ ပျို့ချင်အန်ချင်တာ၊ လေပွတာ၊ ဝမ်းချုပ်တာ) ခံစားနေရသူတို့ကို ၈၉ ရာခိုင်နှုန်း သက်သာစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အခွံချွတ်မထားတဲ့ဂျုံနဲ့ လုပ်ထားတဲ့ အစာတွေဟာ ဝမ်းချုပ်မှုကင်းဝေးပြီး ဝမ်းမှန်မှန် သွားစေနိုင်ပါတယ်။

နှလုံးရောဂါ မဖြစ်အောင် ကာကွယ်နိုင်

အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစာမှာ အပင်ထွက် လစ်ဂနင်ဆိုတဲ့ ဖိုင်တိုနျူးထရီးရန့်တစ်မျိုး ပါဝင်ပြီး အူထဲမှာ အကျိုးပြု လစ်ဂနင် အဖြစ် ပြောင်းလဲကာ ရင်သားနဲ့တခြားဟော်မုန်းနဲ့ ဆက်စပ်နေတဲ့ ကင်ဆာတွေမဖြစ်အောင်နဲ့ နှလုံးရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

သွေးဆုံးပြီး အမျိုးသမီး များတွင် နှလုံးသွေးကြော ကျန်းမာရေး ကောင်းမွန်စေနိုင်

အခွံချွတ်မထားတဲ့ ကောက်နှံစာ တစ်ခွက်ကို တစ်ပတ်မှာ ခြောက်ကြိမ်စားတာက သွေးဆုံးပြီး အမျိုးသမီးတွေမှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါလက္ခဏာ သိသိသာသာ လျော့ကျမှုရှိတာကို တွေ့ရပါတယ်။ နှလုံးသွေးကြော ဆိုင်ရာ ရောဂါရှိသူ သွေးဆုံးပြီး အမျိုးသမီး ၂၂၉ ဦးကို သုံးနှစ်ကြာ လေ့လာခဲ့ရာ ဂျုံနဲ့လုပ်တဲ့အစာကို အနည်းဆုံး တစ်ပတ်ခြောက်ကြိမ် စားတာကြောင့် သွေးကြောကျဉ်းစေပြီး သွေးစီးဆင်းမှုကို ထိခိုက်စေတဲ့ သွေးခဲဖတ်ဖြစ်ပေါ်မှု နှေးစေတာ၊ သွေးကြော ကျဉ်းမှု နှေးတာတို့ ဖြစ်တာ ကို တွေ့ရပါတယ်။
Continue Reading | comments

ရှင်သန်နေသ၍

မနက်ဖြန်ဆို မင်းရောက်လာမယ်
မျှော်လင့်ချက်နဲ့ နေ့ရက်တိုင်းကို ဖြတ်ကျော်လာခဲ့တယ်
မနက်ဖြန်တွေသာ ဒီနေ့ဖြစ်လာတယ်
မျှော်လင့်ချက်တွေက မနက်ဖြန်တိုင်းအတွက် ဖြစ်လို့နေပြန်တယ်
ရှေ့ဆက်ခက်တဲ့ မနက်ဖြန်တိုင်းမှာ ငါ့ဘေးနား မင်းရှိနေစေချင်တယ်  ^_^
Continue Reading | comments
 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger