<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » ငရုတ်သီးကြိုက်သူများအတွက် အန္တရာယ်မဖြစ်အောင် ငရုပ်သီး စားနည်း

ငရုတ်သီးကြိုက်သူများအတွက် အန္တရာယ်မဖြစ်အောင် ငရုပ်သီး စားနည်း


ကျမတို့ငယ်ငယ်က ငရုပ်သီးစားရင် မျက်စိမှုန်မယ်၊တကိုယ်လုံးပူမယ်ဆိုပြီး ခလေးတွေကိုမကျွေးပါဘူး။

ဟုတ်ပါတယ်။ ငရုပ်သီးဟာ ပူစပ်တဲ့အရသာရှိတာကြောင့် ခလေးငယ်များနဲ့မသင့်တော်ပါဘူး။ နောက်ပြီး အစာအိမ်နံရံကို ကလိတာကြောင့် (irritation) အစာအိမ်ရောဂါသည်များ အတွက် မသင့်တော်ပါဘူး။ ဒါပေမဲ့သူ့မှာ အဖိုးတန်တဲ့ ကျန်းမာရေး အထောက်အကူ ပစ္စည်းတွေ များစွာပါဝင်ပါတယ်။

၁။ သူ့မှာပါတဲ့ capsaicin ဓါတ်ကြောင့် သူ့ရဲ့အရသာနဲ့ အနံကိုဖြစ်စေတာပါ။ ဒါပေမဲ့ဒီဓါတ်ဟာ ဘက်တီရီးယားပိုးတွေ၊ ကင်ဆာ ဆဲလ်တွေကိုသတ်နိုင်ပြီး၊ ဆိုးဝါးတဲ့အဆီဓါတ် (LDL) ကိုလျော့စေတယ်။ အနာသက်သာစေတယ် (analgesic) ။ ဆီချို ရောဂါကို သက်သာစေတယ် ဆိုတာကို ဓါတ်ခွဲခန်းက နိ့တိုက်တိရစ္ဆာန်တွေမှာ စမ်းသပ်တွေ့ရှိပါတယ်။

၂။ လတ်ဆတ်တဲ့ အနီရောင်နဲ့ အစိမ်းရောင်ငရုပ်သီးစိမ်း (fresh chili) တွေမှာ ဗီတာမင်စီများစွာ ပါဝင်ပါတယ်။ ငရုပ်သီးစိမ်း ၁၀၀ ဂရမ်မှာ ဗီတာမင် စီ ၁၄၄ မိုက်ခရိုဂရမ် ပါဝင်ပါတယ်။ ဗီတာမင်စီဟာ ရေမှာပျော်ဝင်တဲ့ အစွမ်းထက်တဲ့ အဆိပ်ဖြေဆေး (anti-oxidant) ဖြစ်ပါတယ်။

၃။ ငရုပ်သီးမှာ သတ္ထုဓါတ်တွေဖြစ်တဲ့ ပိုတက်စီရမ်၊မက်ကနီစီရမ် (magnesium)၊သံဓါတ်နဲ့ မက်ဂနီစ်ဓါတ် (manganese) တွေလည်း များစွာပါဝင်ပါတယ်။ ပိုတက်စီရမ်ဟာ ဆဲလ်နဲ့ကိုယ် တွင်းရေဓါတ် တွေရဲ့ အရေးပါတဲ့ ဓါတ်ပစ္စည်းဖြစ်တာကြောင့် နှလုံးခုန်နှုန်းနဲ့သွေးချိန် (blood pressure) ကို ထိန်းချုပ်ပါတယ်။ မက်ကနီစီရမ် (magnesium) ကတော့ အဆိပ်ဖြေဆေး (anti-oxidant) တွေရဲ့ လုပ်ငန်းတွေကိုကူညီ (co-factor )ပေးပါတယ်။

၎။ ငရုပ်သီးမှာ ဗီတာမင် ဘီတွေ ဖြစ်တဲ့ niacin, riboflavin, ဗီတာမင် ဘီ ၁၊ ဗီတာမင် ဘီ ၆၊ တွေ လည်း ပါဝင်ပါတယ်။ ဒီဗီတာမင် တွေကို ကျမတို့ ကိုယ်ခန္ဓာ က မထုတ်လုပ်နိုင်ပဲ အပြင်အစားအစာက သာ ရရှိနိုင်တာမို့ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် (essential vitamins) တွေ လို့ခေါ်ပါတယ်။

 မြန်မာနိုင်ငံတွင်နေထိုင်သူများသတိထားရန်။ မြန်မာနိုင်ငံတွင် အထူးသဖြင့် မိုးရာသီလို ဆိုဆွတ်တဲ့အချိန်မှာ ငရုပ်သီးနဲ့ မြေပဲတွေမှာ မှိုတက်ပါတယ်။ အဲ့ဒီမှိုတွေက Aflatoxin လို့ခေါ်တဲ့ အလွန်ပျင်းတဲ့ ကင်ဆာဖြစ်စေတဲ့ အဆိပ်တွေထွက်ပါတယ်။ အဲဒီ အဆိပ်တွေကိုအသဲမှာ အဆိပ်ဖြေတာမို့ အသဲကင်ဆာ အများဆုံးဖြစ်စေပါတယ်။ ဒီအဆိပ် အများကြီးစားမိရင် ချက်ချင်း အသဲပျက်ဆီးခြင်း (Acute live necrosis ) ဖြစ်နိုင်ပြီး၊ နည်းနည်းခြင်း တာရှည်စားရင် အသဲကျုံ့ခြင်း (cirrhosis) နဲ့ အသဲကင်ဆာဖြစ်စေပါတယ်။

 မြန်မာနိုင်ငံမှာ အရက်မသောက်တဲ့၊ အသဲရောင်အသာဝါးပိုး (hepatitis B,C) လည်း မရှိတဲ့ မြန်မာအမျိုးသမီးတွေမှာ အသဲကင်ဆာ အဖြစ်များတာဟာငရုပ်သီးအစားများလို့ပါ။ မိုးတွင်းမှာ ငရုပ်သီးခြောက်တွေရဲ့ အတွင်းမှာ မှိုတွေနဲ့ပြည့် နေတတ်ပါတယ်။ ဒီအဆိပ်က ရေဆေးလို့လဲတော်တော်နဲ့ ထွက်မသွားပါဘူး။ ချက်ပြုပ်လို့လဲ မပျောက်ပျက်ပါဘူး။

 ရောင်းတမ်း ငရုပ်သီးမှုန့်တွေက ဈေးပေါ်တဲ့ မှိုပါတဲ့ငရုပ်သီးတွေနဲ့ လုပ်တာ များပါတယ်။ အချို့ငရုပ်သီး မှုန့်မှာ ကင်ဆာဖြစ်စေတဲ့ ဆိုးဆေးတွေလည်း ပါတတ်ပါသေးတယ်။ ငရုပ်သီး ၁၀၀ ဂရမ်စားလျှင်ရရှိမည့် တစ်နေ့စာလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ် ရာခိုင်းနှုန်းများ ဗီတာမင် စီ ၂၄၀%။ ဗီတာမင် ဘီ၆ ၃၉% ။ ဗီတာမင် အေ ၃၂%။ သံဓါတ် ၁၃%။
Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger