<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.

ဗုဒ္ဓံ-ဓမ္မံ-သံဃံ

မြန်မာပြက္ခဒိန်

Myanmar Calendar

တေးဂီတ


ဧည့်သည်တော်များ

ဇနီးသည်လေးဦး

26 June, 2012

အရမ်းကိုချမ်းသာတဲ့ ကုန်သည်ကြီးတစ်ဦးဆီမှာ ဇနီးလေးယောက်ရှိပါတယ် ။ ကုန်သည်ကြီးက စတုထ္ထမြောက်
 
ဇနီးကိုအချစ်ဆုံးပဲ ဒါကြောင့်သူ့ရဲ့အဖိုးထိုက်တန်တဲ့ဝတ်ရုံကို ဆင်မြန်းစေပြီး သိမ်မွေ့နူးညံ့စွာ ပဲဆက်ဆံ တယ်
 
။ ကုန်သည်ကြီးက ဒီ ၄ ယောက်မြောက်ဇနီးကို အရမ်းဂရုစိုက်ပြီး ဘာမှတော့မပေးဘူး ဒါပေမဲ့ ပေး မယ်ဆို
 
ရင်လည်း အကောင်းဆုံးကိုပေးလေ့ရှိတယ် ။
 
Continue Reading | comments

ပုံထူးပုံဆန်း(ပုံကိုအရင်မကြည့်နဲ့စာအရင်ဖတ်အရေးကြီးသည်)

ဒီပုံကိုဘယ်လိုမြင်သလဲစစချင်းမြင်ရပုံမှတ်ထားပါ ပြီးတော့တအောင့်လောက်
ဆက်ကြည့်ပါ အပြောင်းအလဲလေးဖြစ်လာနိုင်ပါတယ်
မပြောင်းလဲပါဘူးလို့လည်းဖြစ်နိုင်တယ်.....

ခုလိုစာကိုအရင်ဖတ်စေခြင်တာက ပုံကိုကြည့်တဲ့ခါ ခုမြင်တာတမျိုး ခဏနေတခါ
ပြန်ကြည့်တဲ့ခါကျတမျိုး တခါနဲ့တခါမတူတတ်လို့ပါ..ဒါကြောင့်
ပထမဆုံးအကြိမ်မြင်ခဲ့တဲ့အခြေနေက ကိုယ့်ဦးနှောက်ရဲ့ တွေးခေါ်မှုတွေမှာ
ဘယ်လိုအသုံးချတယ်ဆိုတဲ့အဖြေအစစ်အမှန်ကိုသိရမှာမို့ ပုံကို ပထမဆုံး
မြင်တဲ့အချိန်ကအရေးကြီးမှတ်ထားရမှာမို့...ပုံနောက်မှကြည့်လို့ပြောထားရပါတယ်..

ပုံကတော့လှည့်ပတ်နေတဲ့ပုံပါ...ညာဘက်လှည့်သလားဘယ်ဘက်လှည့်သလား
လူတိုင်းအမြင်ချင်းမတူပါ....ပုံကိုကြည့်လို့ရပြီ ကြည့်လိုက်ပါအဖြေလဲပေးထားပါတယ်


1  လက်ယာဘက်လှည့်ပတ်တယ်လို့မြင်သူများ
( တွေးခေါ်မှုများမှာညာဘက်ခြမ်းဦးနှောက်ကိုအသုံးပြုနေသူဖြစ်ပါတယ် )
Continue Reading | comments

ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်

ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း ၊ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါတစ်ခုဖြစ်ပါသည်။
သိန်းထောင်ချီ၍ချမ်းသာသောသူပင် ဒေ၀ါလီ ခံ ရသော ရောဂါ ပါ ။ ကျောက်ကပ်ဆေးနေရသူများမှာ လူလည်းနာ
ငွေလဲကုန်လှပါသည်။အချိန်အခိုက်အတန့်တခုသာထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။
လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။
Continue Reading | comments

ကဗျာ

15 June, 2012

ရွာပြင်မှ နရီကျသော စည်းနဲ့ဝါး

ဟိုးက . . .
ရွာအပြင်မှာ ငါ နေဖို့ . . .
ခပ်ယိုင်ယိုင် တဲတစ်လုံးထိုးထားတယ်။
ကိစ္စ မရှိပါဘူး . . .
ညနေညခင်း ကြယ်စင်တွေ အလင်းမှာ
မြက်သင်ဖြူးကို ကျောခင်းပြီး
ငါ မော့ကြည့်နေမယ်။
အဲဒီ့အချိန်မှာ . . .
ညလေသင်းသင်းက ငါ့ကို ပွေ့ဖက်နမ်းနေမယ်။
တစ်ယောက်တည်းပေမဲ့ ကောင်းကင်က မိုးထားပြီး
မြေပြင်က ငါ့ကို ရွက်ထားလိမ့်မယ်။
ဟိုးအဝေးက ပုရစ်အော်သံ သဲ့သဲ့ကိုလည်း ကြားရနိုင်လိမ့်မယ်။
ဒါဆိုရင် . . .
ငါ့ရဲ့ ရင်ထဲက
အလွမ်းတွေ တဟုန်ထိုး မြုံနေလိမ့်ဦးမယ်။
တိတ်တိတ်ဆိတ်ဆိတ် လွမ်းရတာကို
တစ်ခါတလေ ပိုခုံမင်တယ်။
ရှု့မြင်လိုက်ရတဲ့ ကောင်းကင် တခွင်လုံးကလည်း
ဖျောက်ဆိတ်တွေနဲ့ အပြည့်. . .
တစ်ယောက်ဆိုတိုင်း အထီးကျန်တာ မဟုတ်ဘူး။
အတွေးများနဲ့ ရှင်သန်နေနိုင်သမျှ
ငါ့မှာ နေ့ရက်တွေ ရှိသေးတယ်။
တိုက်ခန်းတွင်းက အဲယားကွန်းလေငွေ့ အေးအေးစက်စက်ကြားမှာ
ငြီးစီစီ ဖြစ်လာတဲ့ တစ်နေ့ . . . 
မင်းလည်း . . .
ငါ့ရဲ့ ရွာပြင်က ဇရပ်လေးကို
တမ်း . . တ . . . လာ . . . မိနေလိမ့်မယ်။



Continue Reading | comments

သစ်သီးသစ်ဥများနဲ့ ပြုလုပ်ထားတဲ့ အရုပ်တွေပါ


 
 
              လမင်       လမင်           
 
Continue Reading | comments

ဗိုလ်ချူပ်အောင်ဆန်း (ဆုငွေ ၅ ကျပ်) နဲ့ မမေ့သင့်သော ရွာကလေး


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6foMPuksAMQu8ERlOKLJ6rjNip5OAslKmDBC3FCRILUkz5-6XImX9lVywpnEw1a1DfFZYCPfQIO-S2o98VJGtsUIzrUpWqyEP8Mf5QZn3tL4LWm5hah9GiV3cJMk1uVLo-_1BXMsXbBct/s400/bk.jpg
ဇီးဂျိုင့်ရွာကလေးသည် ဧရာဝတီတိုင်း ငပုတောမြို့နယ် အတွင်းတွင်ရှိပြီး ပင်လယ်ကမ်းခြေရွာလေးဖြစ်သည်။ ဗိုလ်ချူပ်အောင်ဆန်းကို ဆုငွေ၅ကျပ်ဖြင့် ဖမ်းဝရမ်းထုတ်စဉ်က ဗိုလ်ချူပ်တိမ်းရှောင် နေထိုင်ခဲ့သော ရွာကလေးဖြစ်သည်။

ဗိုလ်ချူပ်တို့ လာရောက်စဉ်က အသက် ၈ နှစ်သမီးသာရှိသေး၍ ယခုအသက် ၈၀ ကျော်ပြီဖြစ်သော အမေကြီးဒေါ်ထွားစိန်ကို ကျနော်တို့ ထိုရွာကလေးသို့ ရာက်ရှိစဉ် တွေ့ရှိခဲ့ရသည်။


Continue Reading | comments

ကဗျာ


ဆံစမှစ
စိမ့်စိမ့်ကြည့်ကာ
ချစ်နေတော့လည်း ကဗျာ

လွမ်းလွမ်းဆွေးဆွေး
နွေတေးသီရာ
ဥသြကလည်း ကဗျာ

ညို့ညို့မှိုင်းမှိုင်း
မိုးသားသွားရာ
တိမ်ဆန်တာလည်း ကဗျာ

ငိုကြွေးမြည်တမ်း
စိတ်စွဲလန်းကာ
အိပ်မက်ရာလည်း ကဗျာ

ပြုံးပျော်ရွှင်လန်း
ဘ၀င်ပန်းတို့
ပွင့်လန်းရာလည်း ကဗျာ

အသိဥာဏ်လင်း
မျှော်လင့်ခြင်းတို့
ပေးစွမ်းရာလည်း ကဗျာ


 လမင်း
Continue Reading | comments

ပုံလေးတွေပါ



DSC00871.JPG
  
Continue Reading | comments

♥...Gif Photos...♥ ချစ်သူများအတွက်

Continue Reading | comments

နားလည်ပေးပါ မြန်မာပြည်ကြီးရယ်

အိုး.......မြန်မာပြည်ကြီးရေ
အခြေအနေမပေးလို့ ဝေးခဲ့ ရတာပါ
ပညာတွေမတတ်လို့ ထားခဲ့ ရတာပါ
မာန်တွေတက်ပြီး နိုင်ငံခြား
ထွက်လာခဲ့ တာ မဟုတ်ပါဘူး
ကဲဘာကြောင့် လာရသလဲဆိုတာ စမယ်
စုပ်ပျက်နေတဲ့  ဗလာစာအုပ်နှစ်အုပ်လောက်နဲ့ 
တိုနှံ့ နှံ့ ခဲတံငုံးလေးတွေက ဟောင်းနွမ်းနေတဲ့ 
လွယ်အိတ်လေးရဲ့ ဘေးမှာ ဟိုတစ်ဒီတစနဲ့ 
အဖြူရောင်ကိုကျော်လွန်နေတဲ့  ဝါညစ်ညစ်
အင်္ကျီး .......
Continue Reading | comments

ပင်လယ်အောက်မှ ပန်းကန်ပြားပျံကို ဆယ်ယူပြီ

13 June, 2012


ပေ၁၃၀၀(မီတာ၄၀၀)ခန့် ရှည်လျား၍ လုံးပတ် ပေ၂၀၀(မီတာ၆၀)ခန့် ရှိသည့် အမျိုးအမည်မသိ ထူးခြားလှသောယာဉ်တစ်မျိုးကို ဆွီဒင်နှင့်ဖင်လန်နိုင်ငံကြားရှိ ဘောလ်တစ် ပင်လယ်အောက်ဘက် ပေ၁၀၀၀(မီတာ၃၀၀)အနက်မှ ဆယ်ယူနိုင်ပြီဖြစ်ကြောင်း ဆွီဒင်မှသမုဒ္ဒရာ စူးစမ်းရှာဖွေရေးအဖွဲ့က ဇွန်လ၁ရက်မှာ ထုတ်ဖော်ပြောကြားလိုက်သည်။ကြယ်တာရာစစ်ပွဲမျိုးမှာသုံးသည့် ယာဉ်နှင့်ဆင်တူသော အဆိုပါယာဉ်မှာကမ္ဘာမြေနှင့် မိုင်သန်းပေါင်းများစွာကွာဝေးသော စကြ၀ဠာတစ်နေရာ ကျရောက်လာခြင်းဖြစ်မည်ဟု ပညာရှင်များက တွက်ဆထားကြသည်။
ရေငုပ်သမားများက ပထမကမ္ဘာစစ်အတွင်းက ပင်လယ်ပြင်မှာ ပျောက်ဆုံးသွားသည့် သင်္ဘောပျက်များကို ရှာဖွေနေချိန်မှာ ထူးခြားဆန်းပြားသည့်ယာဉ်ကို ခြေရာခံမိကြခြင်းဖြစ်သည်။ ထို့ကြောင့် အသံလှိုင်းဖြင့် ရေအောက်ရှိ ပစ္စည်းများကို ရှာဖွေနိုင်သော ဆိုနာနည်းပညာကို သုံးထားသည့် ရေအောက်ကင်မရာများကိုသုံးပြီး၊ အဆိုပါယာဉ်ကို ဆယ်ယူလိုက်ကြခြင်းဖြစ်သည်။


                          လမင်း
Continue Reading | comments

GoogleChrome မှာမြန်မာလိုပေါ်အောင် (နောက်ထွက် version များအတွက်)


နည်းလေးကတော့လွယ်ပါတယ် .... တချို့သိပြီးသားတွေရှိသလို .... မသိသေးတဲ့သူတွေလည်း
အများကြီးရှိပါတယ်။ Google Chrome မှာမြန်မာလိုမပေါ်လို့စိတ်ညစ်နေသူများ ... အောက်မှာ
ပြထားတဲ့နည်းအတိုင်းသာလုပ်လိုက်ပါ .... အဆင်ပြေသွားစေရမယ်။


Continue Reading | comments

ကွန်နက်ရှင်​ကျနေတဲ့အချိ​န်မှာ သင်လုပ်နို​င်တဲ့အရာ (၇) ခု | Your Life Success Blog

12 June, 2012


မနေ့က ကျနော့်ရဲ့ အင်တာနက် ကွန်နက်ရှင်ကျသွားတယ်။
အဲဒါကို လျင်လျင်မြန်မြန်ပဲ လက်ခံလိုက်ပြီးတဲ့နောက် ကျနော် စဉ်းစားတယ်။ ” ငါ အခု ဘာလုပ်နိုင်သလဲ ”
ဟောဒါတွေကတော့ ကျနော် စဉ်းစားမိတဲ့ နည်းလမ်းတွေနဲ့ ကျနော်လုပ်ဖြစ်တဲ့အရာတွေပါပဲ။
သင်လည်း နောက်တစ်ကြိမ်မှာ ဒီလို ကွန်နက်ရှင်ကျသွားတာမျိုးကို ကြုံမယ်ဆိုရင် ဒီစာက သင့်အတွက် အသုံးဝင်တာ တစ်ခုခုကို ပေးနိုင်မှာပါ။

Continue Reading | comments

အသက် (၁) နှစ်အရွယ် ကလေးငယ်လေး ကိုယ်ဝန်ရှိနေခြင်း

ဆော်ဒီအာရေးဗီးယား မှာ အသက်(၁)နှစ်အရွယ် ကလေးငယ်လေးမှာ ကိုယ်ဝန်ရှိနေပါတယ်တဲ့ဗျာ။ ဆရာဝန်တွေက ဒါဟာ ဒီကမ္ဘာမှာ ပထမဆုံး ကြုံရတာပဲလို့ ဆိုကြပါတယ်။ Medical Science Report မှာဖော်ပြထားချက်အရ ဒီကလေးရဲ့  အမေဟာ ဒီကလေးကို ကိုယ်ဝန်ဆောင်စဉ်တုံးက အမေရဲ့ ဗိုက်ထဲမှာ ကလေး(၂)ယောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ သန္ဓေသား တစ်ခုက အခြားသန္ဓေသား တစ်ခုထဲမှာ ရောက်ရှိကြီးထွားနေခဲ့ပါတယ်။ ဒါကြောင့် ဒီကလေးငယ်လေး မွေးလာချိန်မှာ သူ့ရဲ့ သားအိမ်ထဲမှာ အခြားသန္ဓေသားလေးကို ကိုယ်ဝန်ဆောင်လျက် မွေးလာခြင်း ဖြစ်ပါသတဲ့ဗျာ .... :(


Continue Reading | comments

ခေါင်းဆောင်မတင်ထိုက်သူခြောက်မျိုး.

ခေါင်းဆောင် မတင်ထိုက်သူများ

“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။”

၁။ ဂဏန်း = လက်မထောင်ခြင်း

၂။ ပုတ်သင် = ပြောသမျှခေါင်းငြိမ့်ခြင်း

၃။ ၀ါးပင် = လေသင့်ရာယိမ်းတတ်ခြင်း

၎။ လိပ်မျိုး = မိမိဘက်သို့ယက်တတ်ခြင်း

၅။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်ခြင်း


၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက/


လမင်း
Continue Reading | comments

ဗမာလူမျိုး " သူသည် ကျွန်တော်၏ သစ်တစ်ကိုင်းဖြစ်သည်

မဗေဒါ ပန်းပန်ကာမှ
ကမ်းရိုးတန်းလေး မီးထတောက်တယ်
သစ်ခက်က သစ်ရွက်လေးတွေ
ခြွေခြခံနေရပီလား....

Continue Reading | comments

ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလျံနာသူဌေးကြီး၏ ကြီးပွားချမ်းသာရေးနည်းလမ်းများ


Warren Buffet ဟာ လက်ရှိ ကမ္ဘာ့ အချမ်းသာဆုံး (၁၀)ဦး စာရင်းဝင် ဘီလျံနာ သူဌေးကြီးဖြစ်ပါတယ်။ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရဲ့ ဂုရုကြီး တစ်ပါးဖြစ်ပါတယ်။ နောက်ဆုံးစာရင်းဇယားများ အရ သူ့ရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ (၄၇)ဘီလျံရှိပြီး ကမ္ဘာ့ တတိယ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူ့ရဲ့ ချမ်းသာရေး နည်းလမ်း (၁၀)ခုကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ရရှိတဲ့ အမြတ်အစွန်းတွေကို ပြန်လည်ရင်းနှီးမြှုပ်နှံပါ
လူတွေက ငွေကြေးအမြတ်လေး ရလာပြီဆိုတာနဲ့ သုံးပစ်ချင်ကြတယ်။ မသုံးပါနဲ့။ အဲဒီအမြတ်ငွေတွေကို ပြန်လည်ရင်းနှီး မြှုပ်နှံပါ။ ဒီသဘောတရားကို ၀ါးရင်း ငယ်ငယ်ထဲက သိခဲ့တာပါ။ ကျောင်းသားဘ၀တုန်းက သူနဲ့ သူ့သူငယ်ချင်း ဖက်စပ်ပြီး Pinball ကစားတဲ့စက်တစ်လုံး ၀ယ်ယူပြီး စီးပွားလုပ်ကိုင်ခဲ့ကြပါတယ်။ အဲဒီက ရလာတဲ့အကျိုးအမြတ်တွေကို နောက်ထပ်စက် (၈)လုံးအထိ ထပ်မံဝယ်ယူ မြှုပ်နှံခဲ့ပါတယ်။ သူတို့အဲဒီလုပ်ငန်းတွေကို ရောင်းချခဲ့ပြီးနောက် ရလာတဲ့ငွေနဲ့ ၀ါးရင်းဟာ စတော့ရှယ်ယာတွေ ၀ယ်ယူပြီး အခြားစီးပွားရေးလုပ်ငန်းငယ်လေးတွေ စတင်ခဲ့ပါတယ်။ အသက် (၂၆)နှစ်အရွယ် ရောက်ချိန်မှာ ဒေါ်လာ ၁၇၄ ၀၀၀ (အခုခေတ်တန်ဖိုး ဒေါ်လာ ၁.၄ သန်း) ပိုင်ဆိုင်နေခဲ့ပါပြီ။ ငွေပမာဏ နည်းနည်းလေး ရှိရင်တောင် ကြီးမားတဲ့ ချမ်းသာကြွယ်ဝမှုကို ဖြစ်ပေါ်စေပါတယ်။

Continue Reading | comments

မီးတောင် “ ရှယ် ” ပွင့်သွားမယ်... (ယနေ့ ကဗျာကဏ္ဍ)

11 June, 2012



မြန်မာဆိုတာ ဘာလဲ...သိချင်လား ?

အရေးကြီးတော့ သွေးစည်းတယ်ဆိုတာ အခုယုံပြီလား
အပိုမပြောပါဘူး..“မြန်မာ”ဆိုတာ ဘာလဲ သိချင်ရင် ထိကြည့်
ရိုးရိုး မဟုတ်ဘူး...မီးတောင် “ ရှယ် ” ပွင့်သွားမယ်....။
မျိုးချစ်စိတ်ဆိုတာ ဘာလက်နက် လာလာမကြောက်ဘူး
မျိုးချစ်စိတ်ဆိုတာ ဘယ်သူဖျက်ဖျက် မပျက်ဘူး
မျိုးချစ်စိတ်ဆိုတာ ဘယ်သူ့မှ မမှုဘူး......
တိုင်းရင်းသားတွေ စုပေါင်းထားတဲ့ ငါတို့နိုင်ငံ
တစ်လက်မတောင် အကျူးကျော်.....မခံ
အထင်မသေးနဲ့ အမြင်မအေးဘဲ...ရင်လေးသွားမယ်  မယုံရင် ထိကြည့်
ရိုးရိုး မဟုတ်ဘူး...မီးတောင် “ ရှယ် ” ပွင့်သွားမယ်....။
တုံးတိုက်တိုက်ကျားကိုက်ကိုက်...လှေခွက်ချည်းကျန် အလံမလဲ အဲဒီ့လိုစိတ်
ကမ္ဘာကတောင် ကျိတ်လေးစား
သမိုင်း မဟောင်းတဲ့ မြန်မာ သိချင်ရင် ထိကြည့်
ရိုးရိုး မဟုတ်ဘူး...မီးတောင် “ ရှယ် ” ပွင့်သွားမယ်....။
Continue Reading | comments

ဆဲလ်အသစ်တွေ ဖြည့်ဆည်းရင်းနဲ့ ဘာကြောင့် အိုမင်းသွားရတာလဲ...

ခန္ဓာကိုယ်ရဲ့တည်ဆောက်မှု တွေရဲ့ နေရာတိုင်းမှာ ဆဲလ်တွေ သန်းပေါင်း များစွာ ရှိနေပါတယ်။ ဆဲလ်တွေဟာ မတည် မြဲခြင်းရဲ့သဘောအရ အချိန်တိုင်း ပျက်စီး နေပြီး ဆက်လက် အလုပ်လုပ်ဖို့ရန်အတွက် ဆဲလ်အသစ်တွေကို ဖြည့်ဆည်း ပေးနေပါတယ်။ သွေးဖြူဆဲလ်တွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုချင်းစီရဲ့ဆဲလ်တွေဟာ မပျက်ပြောင်းလဲမှုတွေ ရှိနေပါ တယ်။
အချိန်နဲ့သတ်မှတ်ပြီးပြောရမယ်ဆိုရင် သွေးဖြူဥဆဲလ် တွေဟာ နာရီအနည်းငယ်သက်တမ်းရှိပါတယ်။ အရေပြား ဆဲလ်တွေကတော့ ရက်သတ္တပတ် အနည်းငယ်သက်တမ်းရှိပြီး ဦးနှောက် ဆဲလ်တွေကတော့ ဆယ်စုနှစ်တွေလောက်အထိ သက်တမ်းရှိပါတယ်။ တကယ်တော့ DNA ဟာ ဆဲလ်တွေ ပျက်စီးခြင်းနဲ့ဆိုင်တဲ့ အမိန့်ပေးအချက်အလက်တွေကို အ ကောင်အထည်ဖော်ရတဲ့အရာပဲဖြစ်ပါတယ်။
သူဟာ ဆဲလ် တွေရဲ့ ပုံသဏ္ဍာန်ကွဲလွဲမှုတွေကိုလည်း တားဆီတတ်ပါတယ်။ ပုံမှန် အခြေအနေနဲ့ဆဲလ်တွေဟာ အသစ်ပြန်လည်ဖွံ့ဖြိုး နိုင်တာမှန်ပေမယ့် အချိန်ကာလကြာရှည်မှုတွေရဲ့ ဖြစ်စဉ်တစ်ချို့ ကိုတော့ အစားထိုးဖို့မဖြစ်နိုင်ပါဘူး။ အဲဒီအခြေအနေက အိုမင်း မစွမ်းဖြစ်မှုကို တိုးပွားစေပြီး အဲဒီအရာက အသက်ကြီးရင့် လာခြင်းပဲဖြစ်ပါတယ်။


                         လမင်း
Continue Reading | comments

ကမ္ဘာ့အသက် အငယ်ဆုံးကောင်းဘွိုင် အသက်နှစ်နှစ်သာရှိ



သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးပြည်နယ် အနောက်ပိုင်း အက်ပါးဟော်တန်မြို့မှ လစ်တဲလ်ရွိုက်စ်ဂေး အမည်ရှိ ကလေးငယ်သည် အသက်နှစ်နှစ်သာ ရှိသေးသော်လည်း ခြောက်နှစ်အရွယ်ရှိ သူ၏မြင်းပုကလေး မေဘယ်လင်းကိုစီးကာ အားကစားပြိုင်ပွဲတစ်ရပ်သို့ ၀င်ခဲ့သောကြောင့် လူအများအံ့အားသင့်ခဲ့ ရကြောင်းသိရသည်။ အဆိုပါ အားကစားပြိုင်ပွဲသည် ပီပါများကိုပတ်လျက် မြင်းစီးပြိုင်ရခြင်းဖြစ်ပြီး အမြန်နှုန်းဖြင့် ပီပါများကို ပတ်ပြေးရာတွင် မြင်းကို ကိုင်တွယ်ထိန်းသိမ်းရန် အလွန်တိကျသော ကျွမ်းကျင်မှုလိုအပ်သည်ဟု ဆိုသည်။ ရွိုက်စ်ဂေးသည် သူ၏မိသားစု၌ သတ္တမမြောက်မျိုးဆက် မြင်းစီးသမားဖြစ်သည်။ သူ၏မျိုးဆက်သည် ဘိုးစဉ်ဘောင်ဆက် မြင်းစီးသမားများဖြစ်ခဲ့ကြသည်။ သူသည်ပထမဆုံးအကြိမ်အဖြစ် အသက်၁၈ နှစ်အောက် ဘူဒဲစက်ရိုဒီယို အမည်ရှိ အောက် ဘူဒဲစက်ရိုဒီယို အမည်ရှိမြင်းစီးပြိုင်ပွဲသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
  


                             လမင်း
Continue Reading | comments

အင်တာနက်မျက်မှန် Google မိတ်ဆက်


အင်တာနက် ကုမ္ပဏီကြီးတခုဖြစ်တဲ့ Google က မကြာခင် အနာဂတ်မှာ တွေ့မြင်လာရမယ့် တီထွင် ဖန်တီးမှုတခုအဖြစ် Project Glass လို့ အမည်ပေးထားတဲ့ မျက်မှန် နည်းပညာအသစ်တခုကို ထုတ်ဖော်ပြသလိုက်ပါတယ်။ အသုံးပြုသူအနေနဲ့ အင်တာနက်နဲ့ ဆက်သွယ်ထားတဲ့ ခေတ်လွန်ပုံစံ မျက်မှန်သစ် တမျိုးကို နယူးယောက်မြို့မှာ ဒီတပတ်ထဲ ထုတ်ပြလိုက်တာပါ။
မျက်မှန်တပ်ထားသူဟာ လမ်းလျှောက်ရင်း အင်တာနက်ပေါ်မှာ Chatting စကားပြောလို့ ရမှာဖြစ်သလို မြေပုံလမ်းညွှန်တွေ၊ ကိုယ် သွားမယ့် မြေအောက်ရထားဘူတာ ပိတ်ထားသလား ဆိုတာကိုတောင် သိနိုင်မှာဖြစ်ပါတယ်။ မျက်မှန်နဲ့ ဓာတ်ပုံရိုက်ယူလို့ ရသလို အနီးအနားမှာ မိတ်ဆွေ သူငယ်ချင်းတွေ ရှိနေသလား ဆိုတာကိုလည်း ရှာဖွေပေးမှာပါ။
ကော်ဖီသောက်ချင်တယ်ဆိုရင်လည်း အနီးဆုံးဘယ်နေရာမှာရှိမလဲ ဆိုတာကို သိနိုင်ပါလိမ့်မယ်။ ဒါပေမဲ့လည်း မျက်မှန်သစ်ဟာ လတ်တလော စမ်းသပ်တဲ့ အဆင့်မှာပဲ ရှိနေသေးပြီး ဆိုင်တွေမှာ ၀ယ်လို့တော့ မရသေးဘူးလို့ Google ကပြောပါတယ်။ ဒီမျက်မှန်ကို တခြား ဘယ်နေရာတွေမှာ သုံးလို့ ရဦးမလဲဆိုတာ လူတွေရဲ့ အကြံပေးချက်တွေကို လိုချင်တယ်လို့လည်း ပြောပါတယ်။
ဒီလိုပဲ လူတဦးချင်း လွတ်လပ်ခွင့် ထိခိုက်နိုင်တဲ့ အပိုင်းတွေ ရှိမရှိ၊ နည်းပညာကျွမ်းကျင်သူတွေရဲ့အမြင်တွေနဲ့ ပါဝါမျက်မှန် တပ်ဆင်ရသူတွေအတွက် မျက်မှန်သစ်ကို ဘယ်လိုသုံးလို့ ရနိုင်မလဲဆိုတာတွေကိုလည်း စဉ်းစားမယ်လို့ Google ကုမ္ပဏီက ပြောပါတယ်။



                        လမင်း
Continue Reading | comments

ပလေတို နဲ့ ဆိုကရေးတီးပြောတဲ့ (အချစ် + လက်ထပ်ခြင်း + တိတ်တိတ်ပုန်း + ဘ၀) "

တစ်နေ့မှာ "ပလေတို" က ဆရာဖြစ်သူ "ဆိုကရေတီး" ကို "အချစ်ဆိုတာ ဘာလဲ"လို့ မေးသတဲ့။
> ဆိုကရေတီးက ပလေတိုကို ဂျုံခင်းထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး
> သွားရာလမ်းတစ်လျှောက်မှာ "အကောင်းဆုံး၊ အကြီးဆုံး ဂျုံနှံတစ်ခု"ကို
ခူးစေခဲ့တယ်။
> ဆရာခိုင်းတာ အရမ်းလွယ်တယ်ထင်တဲ့ ပလေတိုက ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဂျုံခင်းထဲဝင်ခဲ့တယ်။
> နေ့တစ်ဝက်ကုန်တဲ့အထိ သူဟာ ဂျုံခင်းထဲမှာပဲ ရှိနေခဲ့ပြီး
နောက်ဆုံးမှာ လက်ဗလာနဲ့ ခေါင်းငိုက်စိုက် ပြန်လာခဲ့ရတယ်။
ဆိုကရေတီးရှေ့ရောက်တော့
>"အကောင်းဆုံးလို့ ထင်တဲ့ ဂျုံနှံကို ကျွန်တော်တွေ့ခဲ့ပါတယ်။
ဒါပေမဲ့ တစ်နှံပဲခူးရမယ်ဆိုတော့ အကောင်းဆုံးမှ ဟုတ်ပါ့မလားလို့ ထင်ပြီး
မခူးခဲ့ဘဲ ဒီထက်ကောင်းတဲ့ အနှံရှိဦးမယ်ဆိုတဲ့ အတွေးနဲ့ ယာခင်းအဆုံးထိ ကျွန်တော်ရောက်ခဲ့မှ လက်ထဲမှာ ဘာမှမပါခဲ့မှန်း သတိထားမိတော့တယ်"
လို့ ပြောတော့


Continue Reading | comments

ကိုယ်အလေးချိန် ၃၃ ပေါင်ရှိ ကမ္ဘာ့အကြီးဆုံးကြောင်

Share

လေးနှစ်သားအရွယ် ကလေးငယ်ခန့်ရှိသော ကိုးနှစ်သားအရွယ်ရှိ ဂရီဒီစပွန်းဘော့ အမည်ရှိ ကြောင်ကို ကမ္ဘာအကြီးဆုံး ကြောင်ကြီးအဖြစ် DMသတင်းဌာနက ဇွန်လ၁ရက်နေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါကြောင်သည် ကိုယ်အလေးချိန် ၃၃ပေါင်ရှိပြီး လွန်ခဲ့သည့်နှစ်လက နယူးယောက်မြို့ရှိ တိရစ္ဆာန်ကယ်ဆယ်ရေးစခန်းသို့ ရောက်လာပြီး နှစ်လအတွင်း အဆိုပါဌာနက ကြောင်အား ကိုယ်အကိုယ်အလေးချိန် ၃၃ပေါင်ကျသွားအောင် ကူညီနိုင်ခဲ့သည်။ ယခင် ကမ္ဘာ့အ၀ဆုံးကြောင်ဖြစ်သော နယူးမက္ကဆီကိုပြည်နယ်၊ ဆန်တာဖေးမြို့မှ ကိုယ်အလေးချိန် ၃၉ပေါင်ရှိ ညှောင်အမည်ရှိ ကြောင်သည် ယခုလအစောပိုင်းတွင် အဆုတ် ရောဂါဖြင့် ကွယ်လွန်သွားပြီးနောက် ယခုကြောင်သည် ကမ္ဘာ့အ၀ဆုံးကြောင် ဖြစ်လာခြင်းဖြစ်သည်။



                                      လမင်း
Continue Reading | comments

ပန်းအဘိဓာန်”.....

04 June, 2012

၁။ ကံ့ကော်ပန်း = မပြောင်းလဲတဲ့ ထာဝရအချစ်ပါ။
၂။ ကြာပန်း = မိတ်ဆွေတွေရဲ့  ဖြူစင်မှုမျိုးနဲ့ ခင်မင်ကြရအောင်။
၃။ ခရေပန်း = မေ့မသွားပါနဲ့ကွယ်...။
၎။ ခတ္တာပန်း = အားငယ်ရတဲ့သူမို့ ညှာတာပါ။
၅။ ခေါင်းလောင်းပန်းအဖြူ = အမြန်ဆုံး နီးခွင့်ရချင်တယ်....။
၆။ ဂန္ဓမာပန်းအဖြူ = ငြိမ်းချမ်းပါစေ...။
၇။ ဂန္ဓမာပန်းအ၀ါ = သတိရနေမယ်....။
၈။ ဂမုန်းပန်း = မျှော်လင့်ခြင်းကြီးစွာနဲ့ စောင့်နေရတဲ့ ချစ်သူပါ။
၉။ စံပယ်ပန်း = မင်းရဲ့ အချစ်ကို လက်ခံလိုက်တယ်....။
၁၀။ ဆပ်သွားဖူးပန်း = သစ္စာမရှိတဲ့သူအတွက် ၀မ်းနည်းရတယ်....။
၁၁။ ဆောင်တော်ကူးပန်း = မင်းကြောင့် ကိုယ့်မှာ ရူးပြီ....။
၁၂။ ဆယ့်နှစ်ရာသီပန်း = ရိုးသား ဖြူစင်ခြင်း။
၁၃။ ညမွှေးပန်း = အရာရာမင်းအတွက် ဖြစ်စေရမယ်လို့ ကတိပေးပါတယ်....။
၁၄။ ဒေလီယာပန်း = မကြာခင်မှာ ဆုံတွေ့ ကြရအောင်....။
၁၅။ ဒန်းပန်း = ဘ၀ကို အရှုံးမပေးနဲ့ ....။
၁၆။ ဒေါနပန်း = တို့တစ်တွေ ခွဲခွါကြပါစို့ ....။
၁၇။ နှင်းပန်း = အဆင်မပြေမှုတွေဟာ တစ်ခဏပါ။
၁၈။ နှင်းဆီပန်း = ကိုယ်တော့ မင်းကို ချစ်နေမိပြီ....။
၁၉။ ချယ်ရီပန်း = တစ်နေ့နေ့တော့ ဝေးရဦးမယ်....။
၂၀။ နေကြာပန်း = မင်းရဲ့ ဘ၀ရှေ့ ရေး အဆင်ပြေစေဖို့ ကိုယ်တာဝန်ယူပါတယ်....။
၂၁။ ပိတောက်ပန်း = မင်းဟာ ကိုယ့်အတွက် ရှားပါးတဲ့ ဆုလာဒ်ပါ...။
၂၂။ ပျားခတ်ပန်း = မင်းဟာ ဒီပန်းကလေးလို လှပသူတစ်ယောက်ပါ...။
၂၃။ ဖယောင်းပန်း = အထီးကျန်ဖြစ်ခြင်း၊ ကြေကွဲအားငယ်ခြင်း ....။
၂၄။ မြတ်လေးပန်း = ဇွဲသတ္တိရှိခြင်း။
၂၅။ မိုးမခပန်း = လွမ်းဆွေး ကြေကွဲရခြင်း...။
၂၆။ သဇင်ပန်း = ကျေးဇူးပြု၍ ကိုယ့်ကို မမုန်းလိုက်ပါနဲ့ ....။
၂၇။ သစ်ခွပန်း = ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံခြင်း။
၂၈။ သော်ကပန်း = ကိုယ့်ကို ခွင့်လွှတ်ပါ....။
၂၉။ သံလွင်ပန်း = အောင်မြင်ခြင်း၊ ဂုဏ်ပြုခြင်း။
၃၀။ ရွက်လှပန်း = နှုတ်ဆက်လိုက်ပါတယ်....။
၃၁။ ၀ိုင်အိုလက်ပန်း(ခရမ်းရောင်) = မျှော်လင့်သလို ဖြစ်လာပါစေ....။
၃၃။ အုန်းပန်း = ကံကောင်းခြင်း။
တစ်ချို့ တွေတော့ ဖတ်ဖူး ...၊ သိဖူးပြီးသားဖြစ်ကောင်းဖြစ်နိုင်ပါတယ်....။ ပန်းပွင့်ကလေး တစ်ချို့ ရဲ့  အနက် 
 
                     လမင်း
 
Continue Reading | comments
 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger