
သြစတြေးလျနိုင်ငံ
နယူးဆောက်သ်ဝေးပြည်နယ် အနောက်ပိုင်း အက်ပါးဟော်တန်မြို့မှ
လစ်တဲလ်ရွိုက်စ်ဂေး အမည်ရှိ ကလေးငယ်သည် အသက်နှစ်နှစ်သာ ရှိသေးသော်လည်း
ခြောက်နှစ်အရွယ်ရှိ သူ၏မြင်းပုကလေး မေဘယ်လင်းကိုစီးကာ
အားကစားပြိုင်ပွဲတစ်ရပ်သို့ ၀င်ခဲ့သောကြောင့် လူအများအံ့အားသင့်ခဲ့
ရကြောင်းသိရသည်။ အဆိုပါ အားကစားပြိုင်ပွဲသည် ပီပါများကိုပတ်လျက်
မြင်းစီးပြိုင်ရခြင်းဖြစ်ပြီး အမြန်နှုန်းဖြင့် ပီပါများကို ပတ်ပြေးရာတွင်
မြင်းကို ကိုင်တွယ်ထိန်းသိမ်းရန် အလွန်တိကျသော ကျွမ်းကျင်မှုလိုအပ်သည်ဟု
ဆိုသည်။ ရွိုက်စ်ဂေးသည် သူ၏မိသားစု၌ သတ္တမမြောက်မျိုးဆက်
မြင်းစီးသမားဖြစ်သည်။ သူ၏မျိုးဆက်သည် ဘိုးစဉ်ဘောင်ဆက်
မြင်းစီးသမားများဖြစ်ခဲ့ကြသည်။ သူသည်ပထမဆုံးအကြိမ်အဖြစ် အသက်၁၈ နှစ်အောက်
ဘူဒဲစက်ရိုဒီယို အမည်ရှိ အောက် ဘူဒဲစက်ရိုဒီယို
အမည်ရှိမြင်းစီးပြိုင်ပွဲသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လမင်း
0 comments:
Post a Comment