ခန္ဓာကိုယ်ရဲ့တည်ဆောက်မှု တွေရဲ့ နေရာတိုင်းမှာ ဆဲလ်တွေ သန်းပေါင်း
များစွာ ရှိနေပါတယ်။ ဆဲလ်တွေဟာ မတည် မြဲခြင်းရဲ့သဘောအရ အချိန်တိုင်း
ပျက်စီး နေပြီး ဆက်လက် အလုပ်လုပ်ဖို့ရန်အတွက် ဆဲလ်အသစ်တွေကို ဖြည့်ဆည်း
ပေးနေပါတယ်။ သွေးဖြူဆဲလ်တွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း
တစ်ခုချင်းစီရဲ့ဆဲလ်တွေဟာ မပျက်ပြောင်းလဲမှုတွေ ရှိနေပါ တယ်။
အချိန်နဲ့သတ်မှတ်ပြီးပြောရမယ်ဆိုရင် သွေးဖြူဥဆဲလ် တွေဟာ
နာရီအနည်းငယ်သက်တမ်းရှိပါတယ်။ အရေပြား ဆဲလ်တွေကတော့ ရက်သတ္တပတ်
အနည်းငယ်သက်တမ်းရှိပြီး ဦးနှောက် ဆဲလ်တွေကတော့ ဆယ်စုနှစ်တွေလောက်အထိ
သက်တမ်းရှိပါတယ်။ တကယ်တော့ DNA ဟာ ဆဲလ်တွေ ပျက်စီးခြင်းနဲ့ဆိုင်တဲ့
အမိန့်ပေးအချက်အလက်တွေကို အ ကောင်အထည်ဖော်ရတဲ့အရာပဲဖြစ်ပါတယ်။
သူဟာ ဆဲလ် တွေရဲ့ ပုံသဏ္ဍာန်ကွဲလွဲမှုတွေကိုလည်း တားဆီတတ်ပါတယ်။ ပုံမှန်
အခြေအနေနဲ့ဆဲလ်တွေဟာ အသစ်ပြန်လည်ဖွံ့ဖြိုး နိုင်တာမှန်ပေမယ့်
အချိန်ကာလကြာရှည်မှုတွေရဲ့ ဖြစ်စဉ်တစ်ချို့ ကိုတော့
အစားထိုးဖို့မဖြစ်နိုင်ပါဘူး။ အဲဒီအခြေအနေက အိုမင်း မစွမ်းဖြစ်မှုကို
တိုးပွားစေပြီး အဲဒီအရာက အသက်ကြီးရင့် လာခြင်းပဲဖြစ်ပါတယ်။
လမင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment