<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » ပင်လယ်အောက်မှ ပန်းကန်ပြားပျံကို ဆယ်ယူပြီ

ပင်လယ်အောက်မှ ပန်းကန်ပြားပျံကို ဆယ်ယူပြီ


ပေ၁၃၀၀(မီတာ၄၀၀)ခန့် ရှည်လျား၍ လုံးပတ် ပေ၂၀၀(မီတာ၆၀)ခန့် ရှိသည့် အမျိုးအမည်မသိ ထူးခြားလှသောယာဉ်တစ်မျိုးကို ဆွီဒင်နှင့်ဖင်လန်နိုင်ငံကြားရှိ ဘောလ်တစ် ပင်လယ်အောက်ဘက် ပေ၁၀၀၀(မီတာ၃၀၀)အနက်မှ ဆယ်ယူနိုင်ပြီဖြစ်ကြောင်း ဆွီဒင်မှသမုဒ္ဒရာ စူးစမ်းရှာဖွေရေးအဖွဲ့က ဇွန်လ၁ရက်မှာ ထုတ်ဖော်ပြောကြားလိုက်သည်။ကြယ်တာရာစစ်ပွဲမျိုးမှာသုံးသည့် ယာဉ်နှင့်ဆင်တူသော အဆိုပါယာဉ်မှာကမ္ဘာမြေနှင့် မိုင်သန်းပေါင်းများစွာကွာဝေးသော စကြ၀ဠာတစ်နေရာ ကျရောက်လာခြင်းဖြစ်မည်ဟု ပညာရှင်များက တွက်ဆထားကြသည်။
ရေငုပ်သမားများက ပထမကမ္ဘာစစ်အတွင်းက ပင်လယ်ပြင်မှာ ပျောက်ဆုံးသွားသည့် သင်္ဘောပျက်များကို ရှာဖွေနေချိန်မှာ ထူးခြားဆန်းပြားသည့်ယာဉ်ကို ခြေရာခံမိကြခြင်းဖြစ်သည်။ ထို့ကြောင့် အသံလှိုင်းဖြင့် ရေအောက်ရှိ ပစ္စည်းများကို ရှာဖွေနိုင်သော ဆိုနာနည်းပညာကို သုံးထားသည့် ရေအောက်ကင်မရာများကိုသုံးပြီး၊ အဆိုပါယာဉ်ကို ဆယ်ယူလိုက်ကြခြင်းဖြစ်သည်။


                          လမင်း
Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger