<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » **အဖေ....သို့**

**အဖေ....သို့**

အေးမြလွန်းတဲ့ ဒီဆောင်းညမှာ
ပိုမိုလွမ်းစွတ် သတိရလို့
တမ်းတမျက်ရည် ၀ဲမိတယ် အဖေ ၊
အေးမြလွန်းတဲ့ ဒီဆောင်းညမှာ
ဘယ်ဆိ၊ဘယ်အရပ်
ဘယ်ဒေသမှာ ချစ်သောအဖေ
ရောက်နေမလဲလို့ သိချင်မိတယ် အဖေ ၊
အေးမြလွန်းတဲ့ ဒီဆောင်းညမှာ
နွေးထွေးကြင်နာ နူညံ့လွန်းတဲ့
အဖေမေတ္တာ ချစ်ချင်းတွေကို
ပိုမိုအောင့်မေ့မိတယ် အဖေ ၊
အေးမြလွန်းတဲ့ ဒီဆောင်းညမှာ
အားမတန် မာန်လျော့
သေမင်းကို ဒူးထောက်လို့
အဖေ့ကို လက်လွှတ်ရတဲ့
နေ့တစ်နေ့ကို ပြန်မြင်ယောင်လို့
ဝဲဘက်ရင်အုံ တစစ်စစ်နဲ့
အခုချိန်ထိတိုင် နာကျင်နေရစဲပဲ အဖေ ၊
အေးမြလွန်းတဲ့ ဒီဆောင်းညမှာ
အဖေ...အဖေ..အဖေ လို့
အားကိုးတကြီး ဟစ်အော်မိရင်း
ဘ၀တစ်သက် အဖေ့ထူးသံ
ကြားခွင့်မသာတဲ့
သမိးတစ်ယောက်ရဲ့
ကြွေကွဲမှုတွေ
နာကျင်မှုတွေ
ဆုံးရှုံးမှုတွေ
အပူထပ်လို့
ရင်မှာနွမ်းကာ
နှလုံးသားတွေ မချိဘူး အဖေ။။။။
Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger