<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » ** တို့ နိုင်ငံ **

** တို့ နိုင်ငံ **

တို့ဘာသာ တို့ဓလေ့နဲ့
တို့မွေ့တဲ့ တို့ပြည် ၊
တို့စေတီ တို့ဘုရားနဲ့
တို့များရွှင်ကြည် ၊
တို့နိုင်ငံ့ နေခြည်
တို့ကိုယ်စီ မြတ်နိုး ၊
တို့အားသစ် ညီညီနဲ့
တို့ဋ္ဌာနီ ဂုဏ်ရည်တင့်အောင်
တို့ဆင့်ဆင့် ပိုး ။

တို့လမ်းစဉ် တို့စနစ်နဲ့
တို့ချစ်တဲ့ တို့နိုင်ငံ ၊
တို့ဘိုးပိုင် အမွေစစ်မို့
တို့ထိပ်မှာ ပန် ၊
တို့ပြည်ဟေ့ အတန်တန်
တို့ဖန်ဖန် ဟစ်ကြုံး ၊
တို့ဇာတိ ရဲမာန်နဲ့
တို့နိုင်ငံ ရန်မဖက်အောင်
တို့ဆက်ဆက် ရုန်း ။

တို့ကိုယ်ပိုင် ယဉ်ကျေးမှုနဲ့
တို့သုခုမ ပညာ ၊
တို့စာပေ တို့သမိုင်းနဲ့
တို့တိုင်းသာယာ ၊
တို့နိုင်ငံ့ စဉ်အလာ
တို့ရင်မှာ ၀ပ်ကိန်း ၊
တို့မြေးမြစ် တခေတ်တိုင်ထိ
တို့နိုင်ငံ ခိုင်မာရစ်စေဖို့
တို့ကျစ်ကျစ်ထိန်း ............။
....................................
မှတ်ချက် ......။ဤကဗျာဖြင့် အမျိုးဘာသာကို ချစ်မြတ်နိုးကြသော
မြန်မာနိုင်ငံသူ/သား အားလုံးတို့အား ရည်ညွှန်းရေးဖွဲ့ဂုဏ်ပြုပါသည် ။
Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger