ဒီချောင်းမှာ အမည်မွှေး ၊ အေးငြိမ့်သာယာ
မွှေးသမျှ ပြန်တစ်ရာ ၊ ခံစရာ အရေး
အတိုက်ခံနိင်မှ ၊ အမွေ့ ခံနိုင်မှ
ထိုးဝါးကိုင် ဒီဆိုင်ဝဲတဲ့
ရွှေဘဲရန် စုတ်ဆန်လမ်းမှာ
ရမ်းတတ်တယ်လေး။
မွှေးမှလည်း မဟုတ်ပါ
ရိုးသံရှင် ပဲ့တင်ထပ် ၊ ချောင်းရပ်ဧရာ
စုန်ဆန်ရ လမ်းတကာမှာ ၊ လမ်းမသာ ရှာကြ
တစိုက်စိုက်ကယ်နှင့်
အတိုက်ကို အကြိုတွေ့ ပါလို့ 
အမွေ့ ဒဏ် ခံနေကြ ၊ တွေးမိပါစ။
(တက္ကသိုလ် အိုးဝေမဂ္ဂဇင်း ၊ ၁၉၆၀ )
0 comments:
Post a Comment