<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » တုနှိုင်းမဲ့ မေမေ

တုနှိုင်းမဲ့ မေမေ



မေမေ
နေကောင်းလားမေမေ
လွမ်းနေလားမေမေ
သားအတွက်ပူပန်နေလားမေမေ။
မေမေ
သားအတွက်ဘာမဆိုပေးဆပ်ခဲ့တဲ့ မေမေ
သားအတွက်အရာရာပြီးပြည့်စုံခဲ့တဲ့ မေမေ
သားအတွက်ခွန်အားတွေပေးခဲ့တဲ့ မေမေ။

မေမေ
မေမေ့ကို ထားခဲ့ရပြီလေ
မေမေ့ကိုအလွမ်းတွေပေးခဲ့ရပြီနော
မေမေ့ကို ပူပန်စေခဲ့ရပြီမေမေ။
မေမေ
စိတ်ချနေပါ မေမေ
မေမေ သိအောင်ပြောပြရအုံးမယ် မေမေ
တိုးတက်တဲ့ဒီနေ့ခေတ်ကြီးထဲမှာေ
မော်ဒယ်လ်ဆန်တဲ့အလှပတွေ ရေပန်းစားနေပြီ မေမေ
ဒါတွေလဲ...သားမခံစားတတ်ပါဘူးမေေ
သားကို ရင်ဝယ်ပိုက်ပြီး လောကဒဏ်ကိုရင်ဆိုင်နေခဲ့ရတဲ့...မေမေရဲ့
အပြုံးပန်းတပွင့်ကိုလေ
ဘယ်သူချယ်မှုန်းလို့မှ မှီမယ်မထင်ပါဘူး မေမေ။

မေမေ
မြူးကြွသူယာလှပါတယ်ဆိုတဲ့ ဒီနေ့ခေတ်ရဲ့ တေးဂီတတွေ
ဟစ်ဟော့ ဒီဂျေ တွေဆိုတာတွေလေ
နေရာတိုင်းမှာရေပန်းစားနေကြလေရဲ
သားအတွက်တော့
ဟိုးငယ်ငယ်က အလိုမကျတိုင်းစိတ်တိုတိုနဲ့
ငေါက်ငန်းခဲ့ဖူးတဲ့...မေမေ့ရဲ့ ဂရုဏာဒေါသသံလောက်တောင်မှ
နားဝင်မချိုခဲ့ပါဘူး မေမေ။
မေမေ
ရှိသေးတယ်မေမေ
လူတိုင်းကိုဖမ်းစားနေတဲ့
အဖိုးတန် ပြင်သစ်ရေမွှေးတဲ့လေ
သင်းပျံ့မွှေးကြိုင်ပြီး ဆွဲဆောင်မှုကောင်းတဲ့ ရနံ့လေးပေါ့
သားအတွက်တော့လေ.........
လယ်တောက မောပန်းစွာပြန်လာတဲ့....
ချွေးစို့နေတဲ့....မေမေ့ရဲ့....
ကိုယ်သင်းရနံ့လောက်မျှပင် မသင်းပျံ့ခဲ့ပါဘူး မေမေ။

မေမေ
တကယ်တော့လေ.
သားတို့အတွက်
တုနှိုင်းမဲ့လှတဲ့....သူ.....ဆို....တာ
မေမေ ဆိုတဲ့.....မေမေရယ်ပါ....။

အောင်အောင်(မကစ)
15.7.2011/6.12Pm
Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger