ဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်တော်
ခံဒေသတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ် တွင် မြေပေါ်မြေအောက် သယံဇာတ
ပေါများစွာရှိနေသည်။ ရခိုင်ပြည်နယ် ၏ မြောက်ဘက်ပိုင်း မောင်တော၊
ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ် များသို့ သွယ်တန်းနေသည့် မေယု
တောင်တန်းကြီးတွင် သဘာဝတော ရိုင်းတိရစ္ဆာန်များစွာ နေထိုင်ကျက်စားလျက်
ရှိနေသည်။ ဘုရားရှင်၏
ဗျာဒိတ်တော်ခံနေရာ ဖြစ်သည့်အတွက် စိုက်သမျှ အပင်ဖြစ်သည်။ စပါးဆန်ရေ ပေါများသည်။ ဒေသခံ ပြည်သူ များ၏ ကျန်းမာရေး ကောင်းကြသည်။ ဤသည်မှာပင် ဒေသခံများ၏ ဆုလာဘ်တစ်ခုဟု ဆိုရပေမည်။ အဆိုပါမေယုတောင်တန်းကြီးမှ တစ်သက်မှာတစ်ခါ ကြုံတောင့်ကြုံခဲ ရတောင့်ရခဲသော အဖိုးတန် ဆင်ဖြူ ရတနာများ ပေါ်ထွန်းနေသည်။ လွန် ခဲ့သော ၂ဝဝ၁ ခုနှစ်မှ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလအထိ ဆယ်စုနှစ် တစ်စုအတွင်း မေယုတောင်တန်း ကြီးမှ ဆင်ဖြူရတနာ ခြောက်စီးကို ရရှိခဲ့ပြီးဖြစ်သည်။ ဆင်ဖြူတော်နှင့်ပတ်သက်၍ မြန်မာ့ယဉ်ကျေးမှုနှင့် သမိုင်းတွင် လွန် စွာအရေးပါခဲ့သည်ကို ဗုဒ္ဓ၏ နိပါတ် တော်များတွင် ဖော်ပြထားပေသည်။ ငါးရာ့ငါးဆယ် နိပါတ်တော်မှ ဘုရား အလောင်း ဆဒ္ဒန်ဆင်မင်း ဇာတ်တွင် ဆဒ္ဒန်ဆင်မင်းကို သရုပ်ဖော်ရာ ဆင် ဖြူအသွင်ဖြင့် သရုပ်ဖော်ခဲ့ကြသည်။ ဂေါတမမြတ်စွာဘုရား မဖြစ်မီ နောက် ဆုံးဘဝတွင် ဝေဿန္တရာမင်းကြီး ဘဝတွင် အလှူအတန်း၊ အပေး အကမ်း ရက်ရောမှုအပေါ် အများ ပြည်သူဒေသခံများ လွန်စွာကြည်ဖြူ ကျေနပ်ခဲ့သော်လည်း ဒေသခံပြည်သူ များ အမွန်အမြတ်ထားသည့် ဆင် ဖြူတော်ကို ဒါနပါရမီမြောက်စေရန် လှူဒါန်းလိုက်သဖြင့် မင်းကြီးအပေါ် ငြူစူ ငြိုငြင်ခဲ့ရာ ထီးနန်းကို စွန့်လွှတ် ကာ မိဖုရား၊ သားတော်၊ သမီးတော် တို့နှင့်တောထွက်ခဲ့ရသည်။ သုံးလူထွတ်ထား မြတ်စွာဘုရား အဖြစ်သို့ ရောက်ရှိတော်မူမည့် ဘဝ တွင် မယ်တော် မဟာမာယာ၌ ထူး ခြားသည့် သပြေခက်ကို နှာမောင်း နှင့်ချီလျက် မဟာမာယာ၏ ဝမ်း ဗိုက်အတွင်းသို့ လက်ယာဘက်မှ ဝင်ရောက်ကိန်းအောင်းသည်ဟု မြင် မက်ခဲ့ပြီး ပုရောဟိတ်ဆရာတို့က ၄င်း အိပ်မက်အပေါ်ထူးမြတ်သော သားရ တနာ သန္ဓေတည်ပြီဟု နိမိတ်ဖတ် ခဲ့သည်မှာလည်း ဆင်ဖြူတော်၏ ဂုဏ်ပုဒ်ကို ပေါ်လွင်ထင်ရှားစေသည်။ ပုဂံခေတ် သာသနာပြု အနော်ရ ထာမင်းလက်ထက် အေဒီ ၁ဝ၅၄ နှစ်တွင် သထုံသို့ ချီတက်သိမ်းယူပြီး မနူဟာမင်းပိုင်ဆိုင်သော ပိဋကတ် တော်များ၊ ဘုရားဆင်းတုတော်များ၊ ဓာတ်တော်များ စသည့် အထွတ် အမြတ်ပစ္စည်းများကို နေပြည်တော်သို့ ပင့်ဆောင်ခဲ့ရာတွင် ဆင်ဖြူ ၃၂ စီး ပေါ်တင်၍ ပင့်ဆောင်ခဲ့ကြောင်းသိရ သည်။ ပုဂံခေတ်နောက်ပိုင်း မြန်မာ့ သမိုင်းအဆက်ဆက်တွင်လည်း ဆင် ဖြူ၏အခန်းကဏ္ဍသည် လွန်စွာအရေး ပါပြီး ဆင်ဖြူရရှိသော ဆက်သခံရ သော ဘုရင်တို့သည် ဆင်ဖြူတော် ပိုင်ဆိုင်မှုနှင့်အတူ သြဇာတိက္ကမ ကျော် ဇောထင်ရှားခြင်း၊ တိုင်းသူပြည်သား များမှာလည်း စည်ပင်ဝပြောခြင်း၊ တိုင်းပြည်အေးချမ်းသာယာခြင်း စသည့် ကျက်သရေမင်္ဂလာအဖြာဖြာ ဖြင့် တင့်တယ်ပြည့်စုံခဲ့ကြောင်း သမိုင်း တွင် ဖော်ပြထားသည်။ ထို့ကြောင့် ရှေးမြန်မာမင်းအစဉ်အဆက်တို့သည် ဆင်ဖြူတော် ပေါ်လာလျှင် ဆင်ဖြူ ရှင်ဘွဲ့ခံယူခြင်း၊ ဆင်ဖြူတော် မထွန်း ပေါ်ပါကလည်း တောင်းယူခြင်း၊ ဆင် ဖြူတော်သတင်းပေါ်ပါက ရှာယူခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။အလားတူ ဆင်ဖြူတော်မှာ ရှေး ရခိုင် ဘုရင်မင်းများအတွက် အရေး ပါသည့် အခန်းကဏ္ဍမှ ပါဝင်နေခဲ့ ပါသည်။
ဓညဝတီခေတ်ဘုရင် နီလ ဂုဏ်မင်းလက်ထက် ဘီစီ ၁၁၄၃- မှ ၁ဝ၉၃ ထိတွင် ဆင်ကို အများ
အပြားရရှိခဲ့ကြောင်းနှင့် ဆင်ဖြူတော် လေးစီးရှိခဲ့ကြောင်း ရာဇဝင်များ၌
ဖော် ပြထားသည်။ ဓညဝတီခေတ် ဘုရင် စန္ဒသူရိယမင်းလက်ထက်တွင်လည်း ဆင်ဖြူ ၂၄ စီး၊
ဝေသာလီခေတ် ဒွင်စန္ဒြ(မဟာစန္ဒရာ) မင်းလက် ထက်တွင် ဆင်ဖြူရတနာ ၁၂ စီး
အထိရှိခဲ့ကြောင်း ရခိုင်ရာဇဝင် တွင် ဖော်ပြထားပါသည်။ မြောက်ဦးခေတ် က
စောဖြူမင်းမှာ တိုင်းပြည်အတွက် လိုအပ်သော ဆင်များကိုရရှိရန် အမ်း ချောင်း၊
ဒါးလက်ချောင်း၊ တန်းလှဲ ချောင်းဘက်သို့ နှစ်စဉ် ဆင်ဖမ်း ထွက်ခဲ့ပြီး
ထိုမင်းသည် ယိုးချောင်း အညာဖျား၌ ဆင်ဖြူတော် တစ်စီးကို ရရှိခဲ့သည်။
သို့သော် ဆင်ဖြူရမင်း များမှာ ဆင်ဖြူရှင်ဟူသော အမည်ကို မခံယူခဲ့ကြချေ။
မြောက်ဦးခေတ်၌ ဆင်ဖြူရှင်ဟူသော အမည်ကို စတင် ခံယူခဲ့သော မင်းက မင်းဒေါလျာ
ဖြစ်သည်။ ထိုမင်းသည် ကောဇာ ၈၄၄ ခုနှစ်တွင် အောင်းမနှင့် သွင်းထောင် ခဲ့၍
ဆင်ကျုံးတွင် ဆင်ဖြူတော် တစ်စီးရရှိခဲ့သည်။ ထိုအချိန်မှစ၍ ဆင်ဖြူရှင်
မင်းဒေါလျာဟု ခေါ်တွင် ခဲ့သည်။ ဆင်ဖြူရှင်နှင့်အတူ ဆင်နီ ရရှိပိုင်ဆိုင်သော
မင်းများလည်းရှိခဲ့ သည်။ မြောက်ဦးခေတ် မင်းအချို့မှာ မိမိတို့သွန်းလုပ်သော
ဒင်္ဂါးများတွင် ဆင်ဖြူသခင်၊ ဆင်နီသခင် အစရှိ သဖြင့် ခတ်နှိပ်ခဲ့ကြသည်ကို
ကြည့် ခြင်းဖြင့် ဆင်ဖြူတော်များကို အလေး အမြတ်ထား ရတနာတစ်ခုအဖြစ်
သတ်မှတ်ခံခဲ့ကြမှုကို သိရှိနိုင်ပေ သည်။ ရှေးခေတ် ဘုရင်များမှအစ
ခေတ်အဆက်ဆက်တွင် ဆင်ဖြူ တော် ပေါ်ထွန်းရန်မှာ ဆယ်စုနှစ် တစ်ခု၊ နှစ်ခုအတွင်း
အလွန်ပင် တွေ့ရခဲပေသည်။ မှတ်တမ်းများအရ မြန်မာနိုင်ငံ၌ ၁၉၅၈ ခုနှစ်က မြစ်
ကြီးနားခရိုင်၊ အင်းတော်ကြီးမြို့နယ်၊ မြန်မာနိုင်ငံ သစ်လုပ်ငန်းအဖွဲ့ပိုင်
ဆင်ဝိုင်းမှ ဆင်ဖြူတော် အမ တစ်စီး ပေါ်ထွန်းခဲ့ဖူးပြီး မဖြူဟု အမည် ပေးကာ
မိခင်ဆင်မကြီး မယ်စုနှင့် အတူ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ရွှေ့ ပြောင်းခဲ့ရာ
အသက် ၁၉ နှစ်အရွယ် ၁၉၇၇ ခုနှစ်တွင်ကွယ်လွန်ခဲ့ကြောင်း သိရသည်။ ထို့နောက်
နှစ်ပေါင်း ၄ဝ ကျော် အကြာ ၂ဝဝ၁ ခုနှစ်မှ ၂ဝ၁၁ ခုနှစ် အထိ ဆယ်စုနှစ်အကြာ
ကာလတွင် ရခိုင်ပြည်နယ် မြောက်ဘက် မောင် တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်
နှင့် ရသေ့တောင်မြို့နယ်သို့ သွယ် တန်းလျက်ရှိသော မေယုတောင် တန်းမှ
ဆင်ဖြူတော်ခြောက်စီး ပေါ် ထွန်းခဲ့သည်။ ပထမ ဆင်ဖြူတော် ကို
ရသေ့တောင်မြို့နယ် အထက် နန်းရာ ဆင်ဖမ်းစခန်းမှ ရရှိခဲ့ခြင်းဖြစ် ပြီး
လိင်မှာ အထီး စွယ်စုံဖြစ်သည်။ အသက် ၁၆ နှစ်ခန့်၊ အရပ် အမြင့်
ရှစ်ပေနှစ်လက်မ၊ လုံးပတ် ၁၂ ပေ ရှစ်လက်မ၊ ဘယ်အစွယ်အလျား ၂၃ လက်မ၊ ညာ
အစွယ်အလျား ၂၂ လက်မ၊ လုံးပတ် ရှစ်လက်မ၊ ကျော ငှက်ပျောတိုင်၊ နားရွက်
နားကြီး၊ မျက်လုံး ပုလဲ၊ အမြီး အလျား လေးပေ ခုနစ်လက်မရှိပြီး ဖြောင့်
စင်းသွယ်တန်း၍ တံခါးပိတ်အမျိုး အစားဖြစ်သည်။ ရှေ့ခြေသည်း ငါး ခုစီ၊
နောက်ခြေသည်းလေးခုစီရှိရာ အသား အရေမှာ မိုးရာသီ၌ ပန်း ရောင်သန်းသည့်
အဖြူရောင်၊ ဆောင်း နှင့် နွေရာသီ၌ အုန်းခွံရောင်သန်း သည့်
အဖြူရောင်ဖြစ်သည်။ အမွေး အမျှင် မှာ အဖြူရောင်ဖြစ်ပြီး ရခိုင် ပြည်မှ
ရန်ကုန်မြို့သို့ သယ်ယူသွား ရာ ၂ဝဝ၁ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့၌
ရောက်ရှိသွားကာ မင်းဓမ္မ ကုန်းမြေအနီး ရတနာဆင်ဖြူတော် ဥယျာဉ်တွင်
ထားရှိလျက်ရှိပါသည်။ ဆင်ဖြူတော်၏ ဘွဲ့အမည်ကို ရာဇ ဂဟသီရိပစ္စယဂဇရာဇာဟု အမည်
ပေးထားသည်။ ဒုတိယမြောက်ဆင်ဖြူတော်ကို ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊
ကိုင်းကြီးချောင်းမှ ရရှိခဲ့ခြင်းဖြစ်ပြီး လိင်မှာ အမဖြစ်သည်။ အသက် ၁၂
နှစ်ခန့်၊ အရပ်အမြင့် ခုနစ်ပေကိုးလက် မ၊ လုံးပတ် ၁၂ ပေ သုံးလက်မ၊ အစွယ်
သစ်ခွံထိုး အရွယ် စွယ်စုံ၊ ကျော ငှက်ပျောတိုင်၊ နားရွက် ကြီး မားကျယ်ပြန့်၍
ကြေးစည်ပုံသဏ္ဌာန်၊ မျက်လုံး ပုလဲ၊ အမြီး အလျား သုံးပေ ကိုးလက်မ(အဖျား
အုန်းခွံရောင်ရှိ သည့် မြီးတံကျဲပါရှိ) ရှေ့ နောက် ခြေသည်း လေးခုစီပါရှိကာ
ခွာအုံမှာ ပန်းနုရောင်ဖြစ်သည်။ အသားအရေ မှာ ပန်းနုရောင်ဖြစ်ပြီး
ရေနှင့်ထိပါက ပိုမိုတောင်ပြောင်သော ပန်းနုရောင် သို့ပြောင်းသည်။
အမွှေးအမျှင်မှာ အဖြူရောင်ဖြစ်ပြီး ရခိုင်ပြည်မှ ရန်ကုန်သို့ သယ်ယူသွားရာ
၂ဝဝ၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် မင်း ဓမ္မကုန်းမြေအနီး ရတနာဆင်ဖြူ
တော်ဥယျာဉ်တွင် ထားရှိလျက် ရှိ သည်။ ဆင်ဖြူတော်ဘွဲ့မှာ သိင်္ဂီမာ လာဖြစ်သည်။
ဒုတိယမြောက် ဆင်ဖြူတော် ပေါ်ထွန်းပြီးနောက် တတိယမြောက် ဆင်ဖြူတော်
တစ်စီးကိုလည်း ရခိုင် ပြည်နယ်၊ မောင်တောမြို့နယ် ကင်း
ချောင်းဖျားမှရရှိခဲ့သည်။ တတိယ မြောက်ဆင်ဖြူတော်မှာလည်း အမ ဖြစ်သည်။
ခန့်မှန်းအသက်မှာ ၁၂ နှစ်၊ အရပ်အမြင့် ခြောက်ပေ ၁၁ လက်မ၊ လုံးပတ် ကိုးပေ ၁ဝ
လက်မ၊ အစွယ် သစ်ခွံထိုးအရွယ် စွယ်စုံ၊ နားရွက်နားကြီး၊ မျက်လုံး ပုလဲ၊
အမြီး အလျား သုံးပေ ကိုးလက်မ၊ ရှေ့ခြေသည်း ငါးခုစီ၊ နောက် ခြေ
သည်းလေးခုစီရှိကာ အသားအရေမှာ ပန်းနုရောင်၊ အမွေးအမျှင် အဖြူ ရောင်ဖြစ်သည်။
အဆိုပါ ဆင်ဖြူ တော်ကိုလည်း ရန်ကုန်မြို့ မင်းဓမ္မ ကုန်းမြေအနီးရှိ
ရတနာဆင်ဖြူတော် ဥယျာဉ်သို့ သယ်ဆောင်ခဲ့ရာ ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ ၆
ရက်နေ့တွင် ရောက်ရှိသွားခဲ့သည်။ ဘွဲ့အမည်ကို ရတီမာလာဟု ပေးထားသည်။
တတိယမြောက်ဆင်ဖြူတော် ပေါ်ထွန်းပြီးနောက် နှစ်ပေါင်း ရှစ် နှစ်ခန့်အကြာ ၂ဝ၁ဝ
ပြည့်နှစ်တွင် စတုတ္ထမြောက် ဆင်ဖြူတော် တစ်စီး ကို ထပ်မံရရှိခဲ့သည်။ဗျာဒိတ်တော်ခံနေရာ ဖြစ်သည့်အတွက် စိုက်သမျှ အပင်ဖြစ်သည်။ စပါးဆန်ရေ ပေါများသည်။ ဒေသခံ ပြည်သူ များ၏ ကျန်းမာရေး ကောင်းကြသည်။ ဤသည်မှာပင် ဒေသခံများ၏ ဆုလာဘ်တစ်ခုဟု ဆိုရပေမည်။ အဆိုပါမေယုတောင်တန်းကြီးမှ တစ်သက်မှာတစ်ခါ ကြုံတောင့်ကြုံခဲ ရတောင့်ရခဲသော အဖိုးတန် ဆင်ဖြူ ရတနာများ ပေါ်ထွန်းနေသည်။ လွန် ခဲ့သော ၂ဝဝ၁ ခုနှစ်မှ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလအထိ ဆယ်စုနှစ် တစ်စုအတွင်း မေယုတောင်တန်း ကြီးမှ ဆင်ဖြူရတနာ ခြောက်စီးကို ရရှိခဲ့ပြီးဖြစ်သည်။ ဆင်ဖြူတော်နှင့်ပတ်သက်၍ မြန်မာ့ယဉ်ကျေးမှုနှင့် သမိုင်းတွင် လွန် စွာအရေးပါခဲ့သည်ကို ဗုဒ္ဓ၏ နိပါတ် တော်များတွင် ဖော်ပြထားပေသည်။ ငါးရာ့ငါးဆယ် နိပါတ်တော်မှ ဘုရား အလောင်း ဆဒ္ဒန်ဆင်မင်း ဇာတ်တွင် ဆဒ္ဒန်ဆင်မင်းကို သရုပ်ဖော်ရာ ဆင် ဖြူအသွင်ဖြင့် သရုပ်ဖော်ခဲ့ကြသည်။ ဂေါတမမြတ်စွာဘုရား မဖြစ်မီ နောက် ဆုံးဘဝတွင် ဝေဿန္တရာမင်းကြီး ဘဝတွင် အလှူအတန်း၊ အပေး အကမ်း ရက်ရောမှုအပေါ် အများ ပြည်သူဒေသခံများ လွန်စွာကြည်ဖြူ ကျေနပ်ခဲ့သော်လည်း ဒေသခံပြည်သူ များ အမွန်အမြတ်ထားသည့် ဆင် ဖြူတော်ကို ဒါနပါရမီမြောက်စေရန် လှူဒါန်းလိုက်သဖြင့် မင်းကြီးအပေါ် ငြူစူ ငြိုငြင်ခဲ့ရာ ထီးနန်းကို စွန့်လွှတ် ကာ မိဖုရား၊ သားတော်၊ သမီးတော် တို့နှင့်တောထွက်ခဲ့ရသည်။ သုံးလူထွတ်ထား မြတ်စွာဘုရား အဖြစ်သို့ ရောက်ရှိတော်မူမည့် ဘဝ တွင် မယ်တော် မဟာမာယာ၌ ထူး ခြားသည့် သပြေခက်ကို နှာမောင်း နှင့်ချီလျက် မဟာမာယာ၏ ဝမ်း ဗိုက်အတွင်းသို့ လက်ယာဘက်မှ ဝင်ရောက်ကိန်းအောင်းသည်ဟု မြင် မက်ခဲ့ပြီး ပုရောဟိတ်ဆရာတို့က ၄င်း အိပ်မက်အပေါ်ထူးမြတ်သော သားရ တနာ သန္ဓေတည်ပြီဟု နိမိတ်ဖတ် ခဲ့သည်မှာလည်း ဆင်ဖြူတော်၏ ဂုဏ်ပုဒ်ကို ပေါ်လွင်ထင်ရှားစေသည်။ ပုဂံခေတ် သာသနာပြု အနော်ရ ထာမင်းလက်ထက် အေဒီ ၁ဝ၅၄ နှစ်တွင် သထုံသို့ ချီတက်သိမ်းယူပြီး မနူဟာမင်းပိုင်ဆိုင်သော ပိဋကတ် တော်များ၊ ဘုရားဆင်းတုတော်များ၊ ဓာတ်တော်များ စသည့် အထွတ် အမြတ်ပစ္စည်းများကို နေပြည်တော်သို့ ပင့်ဆောင်ခဲ့ရာတွင် ဆင်ဖြူ ၃၂ စီး ပေါ်တင်၍ ပင့်ဆောင်ခဲ့ကြောင်းသိရ သည်။ ပုဂံခေတ်နောက်ပိုင်း မြန်မာ့ သမိုင်းအဆက်ဆက်တွင်လည်း ဆင် ဖြူ၏အခန်းကဏ္ဍသည် လွန်စွာအရေး ပါပြီး ဆင်ဖြူရရှိသော ဆက်သခံရ သော ဘုရင်တို့သည် ဆင်ဖြူတော် ပိုင်ဆိုင်မှုနှင့်အတူ သြဇာတိက္ကမ ကျော် ဇောထင်ရှားခြင်း၊ တိုင်းသူပြည်သား များမှာလည်း စည်ပင်ဝပြောခြင်း၊ တိုင်းပြည်အေးချမ်းသာယာခြင်း စသည့် ကျက်သရေမင်္ဂလာအဖြာဖြာ ဖြင့် တင့်တယ်ပြည့်စုံခဲ့ကြောင်း သမိုင်း တွင် ဖော်ပြထားသည်။ ထို့ကြောင့် ရှေးမြန်မာမင်းအစဉ်အဆက်တို့သည် ဆင်ဖြူတော် ပေါ်လာလျှင် ဆင်ဖြူ ရှင်ဘွဲ့ခံယူခြင်း၊ ဆင်ဖြူတော် မထွန်း ပေါ်ပါကလည်း တောင်းယူခြင်း၊ ဆင် ဖြူတော်သတင်းပေါ်ပါက ရှာယူခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။အလားတူ ဆင်ဖြူတော်မှာ ရှေး ရခိုင် ဘုရင်မင်းများအတွက် အရေး ပါသည့် အခန်းကဏ္ဍမှ ပါဝင်နေခဲ့ ပါသည်။
ဓညဝတီခေတ်ဘုရင် နီလ ဂုဏ်မင်းလက်ထက် ဘီစီ ၁၁၄၃- မှ ၁ဝ၉၃ ထိတွင် ဆင်ကို အများ အပြားရရှိခဲ့ကြောင်းနှင့် ဆင်ဖြူတော် လေးစီးရှိခဲ့ကြောင်း ရာဇဝင်များ၌ ဖော် ပြထားသည်။ ဓညဝတီခေတ် ဘုရင် စန္ဒသူရိယမင်းလက်ထက်တွင်လည်း ဆင်ဖြူ ၂၄ စီး၊ ဝေသာလီခေတ် ဒွင်စန္ဒြ(မဟာစန္ဒရာ) မင်းလက် ထက်တွင် ဆင်ဖြူရတနာ ၁၂ စီး အထိရှိခဲ့ကြောင်း ရခိုင်ရာဇဝင် တွင် ဖော်ပြထားပါသည်။ မြောက်ဦးခေတ် က စောဖြူမင်းမှာ တိုင်းပြည်အတွက် လိုအပ်သော ဆင်များကိုရရှိရန် အမ်း ချောင်း၊ ဒါးလက်ချောင်း၊ တန်းလှဲ ချောင်းဘက်သို့ နှစ်စဉ် ဆင်ဖမ်း ထွက်ခဲ့ပြီး ထိုမင်းသည် ယိုးချောင်း အညာဖျား၌ ဆင်ဖြူတော် တစ်စီးကို ရရှိခဲ့သည်။ သို့သော် ဆင်ဖြူရမင်း များမှာ ဆင်ဖြူရှင်ဟူသော အမည်ကို မခံယူခဲ့ကြချေ။ မြောက်ဦးခေတ်၌ ဆင်ဖြူရှင်ဟူသော အမည်ကို စတင် ခံယူခဲ့သော မင်းက မင်းဒေါလျာ ဖြစ်သည်။ ထိုမင်းသည် ကောဇာ ၈၄၄ ခုနှစ်တွင် အောင်းမနှင့် သွင်းထောင် ခဲ့၍ ဆင်ကျုံးတွင် ဆင်ဖြူတော် တစ်စီးရရှိခဲ့သည်။ ထိုအချိန်မှစ၍ ဆင်ဖြူရှင် မင်းဒေါလျာဟု ခေါ်တွင် ခဲ့သည်။ ဆင်ဖြူရှင်နှင့်အတူ ဆင်နီ ရရှိပိုင်ဆိုင်သော မင်းများလည်းရှိခဲ့ သည်။ မြောက်ဦးခေတ် မင်းအချို့မှာ မိမိတို့သွန်းလုပ်သော ဒင်္ဂါးများတွင် ဆင်ဖြူသခင်၊ ဆင်နီသခင် အစရှိ သဖြင့် ခတ်နှိပ်ခဲ့ကြသည်ကို ကြည့် ခြင်းဖြင့် ဆင်ဖြူတော်များကို အလေး အမြတ်ထား ရတနာတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ကြမှုကို သိရှိနိုင်ပေ သည်။ ရှေးခေတ် ဘုရင်များမှအစ ခေတ်အဆက်ဆက်တွင် ဆင်ဖြူ တော် ပေါ်ထွန်းရန်မှာ ဆယ်စုနှစ် တစ်ခု၊ နှစ်ခုအတွင်း အလွန်ပင် တွေ့ရခဲပေသည်။ မှတ်တမ်းများအရ မြန်မာနိုင်ငံ၌ ၁၉၅၈ ခုနှစ်က မြစ် ကြီးနားခရိုင်၊ အင်းတော်ကြီးမြို့နယ်၊ မြန်မာနိုင်ငံ သစ်လုပ်ငန်းအဖွဲ့ပိုင် ဆင်ဝိုင်းမှ ဆင်ဖြူတော် အမ တစ်စီး ပေါ်ထွန်းခဲ့ဖူးပြီး မဖြူဟု အမည် ပေးကာ မိခင်ဆင်မကြီး မယ်စုနှင့် အတူ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ရွှေ့ ပြောင်းခဲ့ရာ အသက် ၁၉ နှစ်အရွယ် ၁၉၇၇ ခုနှစ်တွင်ကွယ်လွန်ခဲ့ကြောင်း သိရသည်။ ထို့နောက် နှစ်ပေါင်း ၄ဝ ကျော် အကြာ ၂ဝဝ၁ ခုနှစ်မှ ၂ဝ၁၁ ခုနှစ် အထိ ဆယ်စုနှစ်အကြာ ကာလတွင် ရခိုင်ပြည်နယ် မြောက်ဘက် မောင် တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ် နှင့် ရသေ့တောင်မြို့နယ်သို့ သွယ် တန်းလျက်ရှိသော မေယုတောင် တန်းမှ ဆင်ဖြူတော်ခြောက်စီး ပေါ် ထွန်းခဲ့သည်။ ပထမ ဆင်ဖြူတော် ကို ရသေ့တောင်မြို့နယ် အထက် နန်းရာ ဆင်ဖမ်းစခန်းမှ ရရှိခဲ့ခြင်းဖြစ် ပြီး လိင်မှာ အထီး စွယ်စုံဖြစ်သည်။ အသက် ၁၆ နှစ်ခန့်၊ အရပ် အမြင့် ရှစ်ပေနှစ်လက်မ၊ လုံးပတ် ၁၂ ပေ ရှစ်လက်မ၊ ဘယ်အစွယ်အလျား ၂၃ လက်မ၊ ညာ အစွယ်အလျား ၂၂ လက်မ၊ လုံးပတ် ရှစ်လက်မ၊ ကျော ငှက်ပျောတိုင်၊ နားရွက် နားကြီး၊ မျက်လုံး ပုလဲ၊ အမြီး အလျား လေးပေ ခုနစ်လက်မရှိပြီး ဖြောင့် စင်းသွယ်တန်း၍ တံခါးပိတ်အမျိုး အစားဖြစ်သည်။ ရှေ့ခြေသည်း ငါး ခုစီ၊ နောက်ခြေသည်းလေးခုစီရှိရာ အသား အရေမှာ မိုးရာသီ၌ ပန်း ရောင်သန်းသည့် အဖြူရောင်၊ ဆောင်း နှင့် နွေရာသီ၌ အုန်းခွံရောင်သန်း သည့် အဖြူရောင်ဖြစ်သည်။ အမွေး အမျှင် မှာ အဖြူရောင်ဖြစ်ပြီး ရခိုင် ပြည်မှ ရန်ကုန်မြို့သို့ သယ်ယူသွား ရာ ၂ဝဝ၁ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့၌ ရောက်ရှိသွားကာ မင်းဓမ္မ ကုန်းမြေအနီး ရတနာဆင်ဖြူတော် ဥယျာဉ်တွင် ထားရှိလျက်ရှိပါသည်။ ဆင်ဖြူတော်၏ ဘွဲ့အမည်ကို ရာဇ ဂဟသီရိပစ္စယဂဇရာဇာဟု အမည် ပေးထားသည်။ ဒုတိယမြောက်ဆင်ဖြူတော်ကို ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကိုင်းကြီးချောင်းမှ ရရှိခဲ့ခြင်းဖြစ်ပြီး လိင်မှာ အမဖြစ်သည်။ အသက် ၁၂ နှစ်ခန့်၊ အရပ်အမြင့် ခုနစ်ပေကိုးလက် မ၊ လုံးပတ် ၁၂ ပေ သုံးလက်မ၊ အစွယ် သစ်ခွံထိုး အရွယ် စွယ်စုံ၊ ကျော ငှက်ပျောတိုင်၊ နားရွက် ကြီး မားကျယ်ပြန့်၍ ကြေးစည်ပုံသဏ္ဌာန်၊ မျက်လုံး ပုလဲ၊ အမြီး အလျား သုံးပေ ကိုးလက်မ(အဖျား အုန်းခွံရောင်ရှိ သည့် မြီးတံကျဲပါရှိ) ရှေ့ နောက် ခြေသည်း လေးခုစီပါရှိကာ ခွာအုံမှာ ပန်းနုရောင်ဖြစ်သည်။ အသားအရေ မှာ ပန်းနုရောင်ဖြစ်ပြီး ရေနှင့်ထိပါက ပိုမိုတောင်ပြောင်သော ပန်းနုရောင် သို့ပြောင်းသည်။ အမွှေးအမျှင်မှာ အဖြူရောင်ဖြစ်ပြီး ရခိုင်ပြည်မှ ရန်ကုန်သို့ သယ်ယူသွားရာ ၂ဝဝ၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် မင်း ဓမ္မကုန်းမြေအနီး ရတနာဆင်ဖြူ တော်ဥယျာဉ်တွင် ထားရှိလျက် ရှိ သည်။ ဆင်ဖြူတော်ဘွဲ့မှာ သိင်္ဂီမာ လာဖြစ်သည်။ ဒုတိယမြောက် ဆင်ဖြူတော် ပေါ်ထွန်းပြီးနောက် တတိယမြောက် ဆင်ဖြူတော် တစ်စီးကိုလည်း ရခိုင် ပြည်နယ်၊ မောင်တောမြို့နယ် ကင်း ချောင်းဖျားမှရရှိခဲ့သည်။ တတိယ မြောက်ဆင်ဖြူတော်မှာလည်း အမ ဖြစ်သည်။ ခန့်မှန်းအသက်မှာ ၁၂ နှစ်၊ အရပ်အမြင့် ခြောက်ပေ ၁၁ လက်မ၊ လုံးပတ် ကိုးပေ ၁ဝ လက်မ၊ အစွယ် သစ်ခွံထိုးအရွယ် စွယ်စုံ၊ နားရွက်နားကြီး၊ မျက်လုံး ပုလဲ၊ အမြီး အလျား သုံးပေ ကိုးလက်မ၊ ရှေ့ခြေသည်း ငါးခုစီ၊ နောက် ခြေ သည်းလေးခုစီရှိကာ အသားအရေမှာ ပန်းနုရောင်၊ အမွေးအမျှင် အဖြူ ရောင်ဖြစ်သည်။ အဆိုပါ ဆင်ဖြူ တော်ကိုလည်း ရန်ကုန်မြို့ မင်းဓမ္မ ကုန်းမြေအနီးရှိ ရတနာဆင်ဖြူတော် ဥယျာဉ်သို့ သယ်ဆောင်ခဲ့ရာ ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ရောက်ရှိသွားခဲ့သည်။ ဘွဲ့အမည်ကို ရတီမာလာဟု ပေးထားသည်။ တတိယမြောက်ဆင်ဖြူတော် ပေါ်ထွန်းပြီးနောက် နှစ်ပေါင်း ရှစ် နှစ်ခန့်အကြာ ၂ဝ၁ဝ ပြည့်နှစ်တွင် စတုတ္ထမြောက် ဆင်ဖြူတော် တစ်စီး ကို ထပ်မံရရှိခဲ့သည်။
လမင်း
0 comments:
Post a Comment