<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » ဆန့်ကျင်ဘက်နှလုံးသား တစုံရဲ့ ညီမျှချင်း

ဆန့်ကျင်ဘက်နှလုံးသား တစုံရဲ့ ညီမျှချင်း



အံ့သြလိုက်ပုံများနော်
ဆန့်ကျင်ဘက်နှလုံးသားနှစ်ခု
အသဲစွဲ ချစ်နေကြလေရဲ့
မူမတူတဲ့ နှလုံးသားနှစ်ခု
အချစ်ဖြစ်မလာဘူးလို့...


ဘယ်သူတွေ ပြောကြမလဲနော်
ကျနော်သိပ် ချစ်မိတဲ့
ကောင်မလေးတယောက် နဲ့ ကျနော်
ချစ်လိုက်ကြတာလည်း အသံစွဲ
ဖြစ်လိုက်ရင်လည်း ဆန့်ကျင်ဘက်ချည်းဘဲ
သူက ခရီးသွားတာ မနှစ်သက်သူ
ကိုယ်က အိမ်မှာ ငြိမ်မနေတတ်သူ
သူက နှုတ်ဆိတ်နေတတ်သူ
ကိုယ်က ပြောဆိုနေရမှ ကျေနပ်သူ
သူက မြန်မာ Movies တွေကိုနှစ်သက်သူ
ကိုယ်က Fighting action တွေကို ကြိုက်တတ်သူ
သူက သ၀န်တိုပြီး ချစ်တတ်သူ
ကိုယ်က လွတ်လပ်မှုကို မြတ်နိုးသူ
ကဲ..................ဗျာ
ဘယ်အရာတွေက ထပ်တူကြနိုင်မလဲ
အားလုံးကဆန့်ကျင်ဘက်တွေပေါ့
သူက ကျနော်ကိုအရမ်း ချစ်တယ်
ကျနော်က သူ့ကို သိပ်မြတ်နိုးမိတယ်
ဆန့်ကျင်ဘက် နှလုံးသား တစုံ
သူ နဲ့ ကျနော်
သိပ် ချစ်တာချင်းတူကြတယ်
ဆန့်ကျင်ဘက်တွေရဲ့ အဆုံးစွန်း တနေရာရာမှ
သူ နဲ့ ကျနော်
သိပ်ချစ်တာချင်း တူညီကြလေရဲ့
သူမရှိတဲ့ အချိန်တွေ ကျနော်မနေတတ်သလို
ကျနော်မရှိတဲ့ အချိန်တွေဆို.....
သူငိုနေတတ်ပြီကော..............
အရာရာကို ဆန့်ကျင်ဘက်ဖြစ်နေတဲ့
နှလုံးသားတစုံဟာ.....
အချစ် ညီမျှချင်းဆိုရင်
ကဲ...............တကယ်ပါ
LOVE = ဆန့်ကျင်ဘက် စိတ်.......။...........။


အောင်အောင် (မကစ)
ရင်တွင်းဖြစ်
20/11/2011
Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger