<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » ကိုရင်ကျော်၊ မောင်(စွယ်စုံကျမ်း) တို့နှင့် စကားစမြည် စကားဝိုင်း

ကိုရင်ကျော်၊ မောင်(စွယ်စုံကျမ်း) တို့နှင့် စကားစမြည် စကားဝိုင်း

 

ရွှေညာသူတို့ ငယ်ငယ်တုန်းကဆိုရင် လသာတဲ့ ညတွေမှာဆို အိမ်ရှေ့ထွက်ပြီး လူငယ်တွေ(ကလေးတွေပေါ့) စုပြီး စကားဝိုင်းဖွဲ့ပြောဖူးခဲ့ဖူးတယ်။ မတူညီတဲ့
အတွေးအခေါ်တွေနဲ့ ပျော်ရွှင်စွာ ငြင်းခုန်ခဲ့ကြဖူးတယ်။ အခုတော့ ခေတ်မီလာတဲ့ အလျောက် အွန်လိုင်းပေါ်ကနေ စကားဝိုင်းဖွဲ့ ပြောဆို ဆွေးနွေးမှု့တွေ လုပ်လာကြတယ်။ မတူညီတဲ့ အတွေးအခေါ်တွေနဲ့ ဆွေးနွေးတင်ပြထားတဲ့ စကားဝိုင်းလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ အားလုံးပဲ ဖတ်ရှုပြီးအပြုသဘောဆောင်တဲ့ ဆွေးနွေးမှု့လေးကို ဖတ်ရှု ဝင်ရောက် ဆွေးနွေးပေးပါဦးနော်။ အခုတင်ဆက်မယ့် စကားဝိုင်လေးရဲ့ အဓိက ဇာတ်ဆောင် နှစ်ယောက်ကတော့ ကိုရင်ကျော်လို့ခေါ်ပြီး ပုံဆန်းဆန်းလေးတွေ စုဆောင်းတာ ဝါသနာပါတဲ့ နည်းပညာပို့စ်တွေ တင်ပြနေကြ အစ်ကိုတစ်ယောက်ရယ် အားလုံးပဲ မသိတဲ့အမောင်ပါလို့ ပြောတဲ့ မောင်(စွယ်စုံကျမ်း) တို့ပါ။ အားလုံးပဲ ဆက်လက်ဖတ်ရှုပေးပါနော်။


အစ်ကိုတို့ မိတ်ဆက်ပေးပါဦးရှင် အရင်ဆုံးရွှေညာသူမိတ်ဆက်မယ်နော် ရွှေညာသူပါ မန်းလေးကပါ


ကိုရင်ကျော်- ကျနော်ကတော့ ရွှေမန္တလေးက ကွန်ပျူတာလုပ်ငန်းလုပ်ပါတယ်


မောင်(စွယ်စုံကျမ်း)-ဟုတ်ကဲ့ပါ မရွှေညာ ကျနော်ကတော့ အားလုံး မသိတဲ့အတိုင်း မောင်(စွယ်စုံကျမ်း)ပါ မန်းလေးတိုင်းထဲကပါပဲမိတ်ဆက်လို့ ပြီးပါပြီ


ကိုရင်ကျော်- စွယ်စုံရင် ဆင်တွေလို အရွယ်ရောက်ပြီပေါ့နော်


မောင်(စွယ်စုံကျမ်း)-တင်ပ ရောက်နေပါပြီ

ကိုရင်ကျော်လိုပဲ ရွှေညာသူလည်းစာစီစာရိုက်လုပ်ပါတယ် အစ်ကိုမောင်ကော


မောင်(စွယ်စုံကျမ်း)-ကျနော်ကတော့ မလေးရှားမှာနေပါတယ်


ကိုရင်ကျော်-ဘာလုပ်တာလဲ သိခွင့်ရရင်သိချင်ပါတယ်

မောင်(စွယ်စုံကျမ်း)-ကျနော်ကတော့ ပုံနှိပ်စက်ရုံရဲ့ ရုံးစားရေးအသေးစားလေးပါ Document Control ကတော့ အဓိကအလုပ်ပါ


ဟုတ် ကိုရင်ကျော်ရဲ.ကွန်ပျူတာလုပ်ငန်း ဆိုတာလေးကော ပြောလို.ရမလား


ကိုရင်ကျော်- ကျွန်တော်က ကွန်ပျူတာနဲ့ပတ်သက်တာပြောရရင် စာစီစာရိုက်လည်းလုပ်ပါတယ် သင်ချင်တဲ့သူတွေကိုလည်း အချိန်ရရင်သင်ပေးပါတယ်ICT Award ပြိုင်ပွဲတွေအတွက်လည်း ပရောဂျက်တွေ လုပ်ပေးပါတယ်


အော်တော်တော်စုံတာပဲ ဒါဆိုရင် အားလုံးက ကွန်ပျူတာနဲ. မစိမ်းဘူးပေါ့နော် ဒါဆို ရွှေညာသူ စဆွေးနွေးမယ်နော်


ကိုရင်ကျော်-ဟုတ်ကဲ့ပါ

မောင်(စွယ်စုံကျမ်း)-ဆွေးနွေးလို့ ရပါပြီ မရွှေညာ

လက်ရှိ အင်တာနက်အသုံးပြုပြီး နည်းပညာရှာတဲ့ အပေါ်ကို အစ်ကို တို့ ဘယ်လိုမြင်လည်း


မောင်(စွယ်စုံကျမ်း)-မောင်လေးအရင်ဖြေရမလား

ဟုတ် ရပါတယ်

မောင်(စွယ်စုံကျမ်း)-အင်တာနက်သုံးပြီးနည်းပညာရှာနေတဲ့အပေါ်မှာ 100 ရာခိုင်နှုန်းကောင်းပါတယ်လို့ မြင်ပါတယ် ဘာလို့လည်းဆိုတော့ သင်တန်းတစ်ခုမှာ အချိန်ပေးပြီးသီခြားတက်ဖို့ က အချိန်မရကြတော့လို့ ပါ ဒါပေမယ့် အတိအကျ သင်ချင်ရင်တော့ အင်တာနက်သုံးလေ့လာရုံနဲ့ မလုံလောက်ဘူးလို့ ထင်ပါတယ် ဆရာမပြ နည်းမကျဆိုသလိုပဲပေါ့ ဆေးစာအုပ်ဖတ်ပြီးဆေးစပ်တတ်ရုံက ဆရာဝန်မဖြစ်နိုင်ဘူးလေ သာမာန်ဆေးပညာအသိပဲရမယ် အဲ့လိုပဲဆေးကျောင်းတက်မှဒေါက်တာဖြစ်မှာ ဆိုသလိုပဲ နည်းပညာပိုင်းမှာလည်း သေချာသင်ချင်ရင်တော့ နည်းပညာကျောင်းရဲ့အကူညီလိုတယ်လို့ မြင်ပါတယ် လေ့လာတာနဲ့ သင်ယူတာ မတူညီဘူးလို့ ဆိုလိုတဲ့သဘောပါနော် လေ့လာဖို့ အတွက်ကတော့ အင်တာနက်က အရမ်းကောင်းပါတယ်


ဒါဆိုရွှေညာသူ.အမြင်လေးနဲ.ဖလှယ်ကြည့်ရအောင် အစ်ကိုပြောတယ်နော် သင်တန်းတစ်ခုမှ အချိန်ပေးပြီးတက်ဖို. အချိန်မရလို.ဆိုတော့ အင်တာနက်ကနေ အချိန်ပေးပြီးလေ့လာတော့ကော အစ်ကို.လိုချင်သလောက်ရတယ်လို. ယူဆလား


မောင်(စွယ်စုံကျမ်း)-ဟုတ်ဒါကတော့ ယူဆလို့ ရပါတယ် စောစောကပြောသလို လေ့လာရုံနဲ့ သင်ယူရုံမှာ ခွဲခြားလို့ ရပါပြီ ကျနော်က လေ့လာရုံပဲရှိသေးလို့ ကိုယ်နဲ့ နှိုင်းပြီးပြောကြည့်တာနော်


ကိုရင်ကျော်-သင်တန်းဆိုတာကတော့ အခြေခံသိသင့်တာလေးတွေကိုပဲသင်ပြပေးနိုင်တာလေ တကယ် အလုပ်ဖြစ်ချင်ရင်တော့ သင်တန်းက သင်ပြထားတာလေးတွေကို စာအုပ်တွေရှာဖွေဖတ်ရှုတာတို့ ကိုယ်တိုင်လေ့လာတာတို့က ပိုပြီး ကောင်းတာပေါ့ ကျနော်ဆိုရင် သင်တန်းကသင်ပေးတာထက် ကိုယ်တိုင် လေ့လာတာက ပိုပြီးအကျိုးရှိတယ်


ဟုတ် ဒါဆို အစ်ကိုတို.နှစ်ယောက်လုံးရဲ.အမြင်ကတော့ နည်းပညာတွေကို အင်တာနက်ကနေ လေ့တာလည်း အကျိုးရှိတယ်ပေါ့နော်


ကိုရင်ကျော်- ဟုတ်ပါတယ်

ဆိုလိုရင်းကတော့ ကိုယ်အားကိုယ်ကိုးပြီး လေ့လာရင်ပိုပြီးဆုံလင်တယ်လို. ပြောချင်တာပေါ့နော်


ကိုရင်ကျော်- ဒါကိုလက်ခံပါတယ် အင်တာနက်က ကိုယ်လေ့လာချင်တာတွေကို အလွယ်တကူ ရှာဖွေလေ့လာလို့ ရပါတယ်


မောင်(စွယ်စုံကျမ်း)-ကျွန်တော်ပြောချင်သေးတယ် အခုလက်ရှိအခက်အခဲနော် အချို့ ပညာရပ်တွေမှာ အခြေခံမရှိခဲ့တော့ ဖတ်ရုံနဲ့ လက်မခံနိုင်တာတွေ တွေ့ လာရတယ် အဲ့တာကတော့ Programming စာအုပ်တွေပါပဲ


ဟုတ်တယ် ပရိုဂရမ်စာအုပ်တွေက ဖတ်ယုံနဲ.နားမလည်နိုင်တာတော့ အမှန်ပါပဲ ဆက်ပြောပါအစ်ကိုတို.


မောင်(စွယ်စုံကျမ်း)-အဲ့လိုဆိုရင် စောစောက ထင်မြင်ယူဆချက်လိုပဲ အဘိဓာန် ဆော့ဝဲတစ်ခုရေးဖို့  သေချာသင်ပြပေးတဲ့ ဆရာသို့မဟုတ်ကျောင်းတစ်ခုခု လိုပြီလို့ ထင်တယ် လေ့လာတာနဲ့ သင်ယူတာဟာ မတူညီတော့ဘူးလို့ ဆိုလိုချင်တာပါ အခုဆိုရင် လေ့လာချင်ပေမယ့်ဘယ်လိုမှ ဥာဏ်မမှီဘူးဖြစ်နေတာ အဲ့ဆိုသေချာတဲ့ သင်တန်းတစ်ခုခုမှာတက်ဖို့ လိုပြီပေါ့နော် ဒါဆိုအင်တာနက်ဟာ လိုအပ်တဲ့ဗဟုသုတ တွေရှာမှီးဖို့ အကောင်းဆုံးနေရာဖြစ်ပြီး လုပ်းစာလို့ ရတဲ့ပညာရပ်အတွက်ကတော့ ခိုင်မာတဲ့သင်တန်းတစ်ခုရှိဖို့  လိုမယ်လို့ အတွေ့ အကြုံရ ထင်မိပါတယ်


အင်း ကိုရင်ကျော်ကော သင်တန်းမတက်ပဲနဲ. ကိုယ်တိုင် လေ့လာခဲ့တဲ့ ပညာရပ်ရှိဖူးလား


ကိုရင်ကျော်- ရှိတာပေါ့


ဟုတ်မျှပါဦး


ကိုရင်ကျော်- ကျွန်တော်က ဂရပ်ဖစ်အပိုင်းပေါ့


မောင်(စွယ်စုံကျမ်း)- ဟုတ်ကိုကြီးကျော် ပြောပါ


ကိုရင်ကျော်- ဒီဇိုင်းရေးဆွဲမှု Auto CAD ဆို ကျွန်တော် သင်းတန်းလုံးဝမတက်ဘူး စာအုပ်တွေဖတ်တယ် စီဒီတွေလေ့လာတယ် အင်တာနက်က လေ့လာတယ်


မောင်(စွယ်စုံကျမ်း)- နားထာင်နေပါတယ်ခင်ဗျာ


ကိုရင်ကျော်- နောက် Access ပေါ့ လေ့လာပြီးတော့ ကိုယ်တိုင် ပရိုဂရမ်ရေးဖြစ်တယ် ၀န်ထမ်း ကိုယ်ရေးမှတ်တမ်းပေါ့ အဲဒါကို ရေးဖြစ်တယ် သူများလာအပ်တာပါ Auto CAD ကလည်း တဆင့်ပြန်လည် သင်ပေးနိုင်ခဲ့တယ်


အော Access စိတ်ဝင်စားတယ် အစ်ကို အော်ဟုတ် ဒါဆိုကိုမောင့်ကိုမေးဦးမယ် ကိုရင်ကျော်ကတော့ သူကိုယ်တိုင်လေ့လာခဲ့တာတွေ ချပြသွားတယ် ကိုမောင်ကော မျှပါဦးရှင်

မောင်(စွယ်စုံကျမ်း)- ကျနော်ကတော့ လက်၇ှိလေ့လာနေသည်အထိ ရပါပြီ ဒါပေမယ့်လည်း သင်တန်းတစ်ခုခုမှ မတက်ရင် Java နဲ့  Programs ပညာရပ်တွေကို လေ့လာဖို့ စာအုပ်ဖတ်ဖို့ ညဏ်မမှီဘူးဖြစ်နေတယ် ဆော့ဝဲရေးချင်တယ် သူများတွေမြန်မာအဘိဓာန်ရေးတယ် ပြက္ခဒိန်တွေရေးတယ် အသုံးဝင်တဲ့ဆော့ဝဲတွေရေးတယ် အဲ့ဒါမျိုးကို တတ်ချင်ပေမယ့် ဘယ်လို့ မှလေ့လာလို့ မရလို့  ထိုင်ငိုနေပါတယ် အဲ့ဒါကြောင့် လေ့လာမိသမျှ ချပြရင် အင်တာနက်မှ ကျင်လည်နေဆဲပါလို့  လေ့လာနေသူဖြစ်ပြီး ဆေးလက်မှတ်ရ ဆရာဝန်တစ်ယောက် မဟုတ်သေးပါဘူး ဖျားတာနာတာလောက် ကုနိုင်တဲ့ဆရာပေါက်စပေါ့


ဒါဆို ဖျားတာလောက်တော့ လာပြမယ်နော် ဆက်ရအောင် ကိုရင်ကျော် ကိုယ့်ဘာသာ လေ့လာသွားတယ် ဆိုတဲ့ ပညာတွေအတွက် အချိန်ဘယ်လောက်ပေးရလည်း အစ်ကိုမောင်ကော ပြောပါဦး


မောင်(စွယ်စုံကျမ်း)- ကျနော်ပြောရမလား


ကိုရင်ကျော်- ကျနော်ပြောရမလား


ပညာတစ်ခုရဖို.အချိန်ဘယ်လောက်ကြာလည်းလို. နှစ်ယောက်လုံးပြောပါ အဆင်ပြေတဲ့လူအရင်ပြောပါ နှစ်ယောက်လုံးဟာကြားချင်တာပဲ


ကိုရင်ကျော်- အချိန်က လေ့လာတဲ့ ဘာသာရပ်အပေါ် မူတည်ပါတယ် ကျွန်တော်က လေ့လာချင်တဲ့ အကြောင်းအရာတစ်ခုကို မတတ်မချင်း လေ့လာနေတာပဲ ပညာရပ်တစ်ခုက လေ့လာလို့ မကုန်နိုင်ဘူး


ကိုမောင်ကော


မောင်(စွယ်စုံကျမ်း)- လေ့လာတယ်ဆိုတဲ့နေရာမှာ သေချာပြတဲ့ဆရာမရှိလေတော့ တစ်ရက်နဲ့ တတ်ရမဲ့ပညာကို တစ်လလောက်ခေါင်းစားရတာတွေလည်း ရှိပါတယ်


ကိုရင်ကျော်- ဟုတ်တယ်


မောင်(စွယ်စုံကျမ်း)-တစ်ခါတလေဆရာမပြနည်းမကျပါပဲတစ်ခါတလေတော့လည်းဆရာမပြနည်းမရတဲ့
ပညာတွေအထိ ၇ှိနေလေတော့ပြောရတော့ခက်သားဒါပေမယ့် လေ့လာ၇ုံဆိုကျနော်ပြောသလို လေ့လာနိုင်ပါတယ် အပေါ်မှာဆွေးနွေးခဲ့သလိုပေါ့ဗျာ

ကိုရင်ကျော်- ကျနော် က တစ်ချို့ဘာသာရပ်တွေကို လေ့လာတဲ့အခါ ဆရာမရှိတော့ တစ်ပတ်လောက် အိပ်လို့မရ စားလို့မရ လေ့လာတာ ကျနော်သိပြီးတော့ တခြားသူကို သင်ပြလိုက်တော့လည်း တအားလွယ်သွားတယ်

မောင်(စွယ်စုံကျမ်း)- အိမ်းမှန်တယ်ဗျာ ပက်ပက်စက်စက် ထောက်ခံပါတယ်


ကိုရင်ကျော်- ကျနော် တစ်ခါတစ်လေကျတော့သူများကို သိထားတာလေးတွေ ပြန်ပြီး ဖြန့်ဝေဖို့ အရင်က တော်တော်နှမြောတယ် အခုတော့ အဲဒီစိတ်မရှိတော့ဘူး


မောင်(စွယ်စုံကျမ်း)- ကျနော်ဆို Power point ကနေ JPEG နဲ့ ဆေ့ချင်တာ စားမ၇အိပ်မရဖြစ်ခဲ့ဖူးတယ်


ဟုတ်ကိုရင်ကျော် ဒါဆို အစ်ကိုတို.နှစ်ယောက်လုံး အွန်လိုင်းမှာ ပျော်ဝင်လာကြတာ ဘယ်လောက်ကြာပြိလည်း


ကိုရင်ကျော်- ကျနော်က အရင်က အင်တာနက်သုံးတာ တော်တော်ကြာပါပြီ


မောင်(စွယ်စုံကျမ်း)- ကျနော်စဖြေရရင် 2005 ကုန်ခါနီး 2006 မှအသေအချာ သုံးဖြစ်ပါတယ်


ကိုရင်ကျော်- ပြောရင်ယုံမလားမသိဘူး ၁၉၉၉ ကတည်းက စသုံးတာ


မောင်(စွယ်စုံကျမ်း)- အိမ်း ဆရာကြီးပဲ


အော် နှစ်ယောက်လုံးရွှေညာသူထက် ဝါရင့်တယ် ရွှေညာသူက 2009 ခုနှစ်မှစသုံးတာ


ကိုရင်ကျော်- အခုဆိုရှယ်နက်ဝါ့တွေကို ၀င်သုံးဖြစ်တာတော့ ၇ လ လောက်ရှိသေးတာ


မောင်(စွယ်စုံကျမ်း)- 1999 က ဆရာသမားတစ်ယောက်ရှိတယ် အတော်ပညာပါတဲ့သူ

ကိုရင်ကျော်- ဟုတ်


ပြောပါဦး အတော်ပညာပါတဲ့ လူဆိုတော့ ပညာတွေ ရလိုက်တယ်ပေါ့


မောင်(စွယ်စုံကျမ်း)- အင်းဆရာပြတော့ နည်းကျခဲ့တာတွေလည်း ပါပါတယ် အတင်းပြောရရင်တော့ သူက ကပ်စေးနဲတယ်မပြဘူး


ဒါကတော့ မြန်မာပြည် ပညာတက်တွေရဲ့ ထုံးစံပါ


မောင်(စွယ်စုံကျမ်း)- လိုက်ကြည့်ရတာ အတင်းမေးရတာ ရခဲ့တာတွေလည်း ရခဲ့ပါတယ် မတန်တဆ ပေးခဲ့ရတာလည်း ရှိတယ်


ကိုရင်ကျော်- ဟုတ်တယ်


မောင်(စွယ်စုံကျမ်း)- အဲ့လူက မန်းလေးသားပဲဗျ ကိုရင်ကျော်လိုပဲ CD မပေါ်ခင် 1999 ကထဲကလေ့လာနေတဲ့လူ 2005 မှာမှ ဆုံတော့ သူကဆရာကြီး ဖြစ်နေပီလေ


ကိုရင်ကျော်- ကျနော်လည်းကြုံဖူးတယ် ဘယ်သူများလဲ သိခွင့်ရရင်ပေါ့လေ


ကိုရင်ကျော်များလား


မောင်(စွယ်စုံကျမ်း)- အဲ့လူက ကိုသူရအောင်လို့ ခေါ်တယ် သူတို့ ခေတ်က Floppy Disk ခေတ်လေ USB stick တွေ မပေါ်သေးဘူး


ကိုရင်ကျော်- အခုစာအုပ်ရေးနေတဲ့သူလား သူများအကြောင်းတွေမမေးတော့ပါဘူး ဟုတ်တယ် FDD ခေတ် ကျနော်စသုံးတာ


မောင်(စွယ်စုံကျမ်း)- ကိုရင်ကျော်များလား....မသိဘူး ငါ့ဆရာက မတွေ့ တော့တာ အတော်ကြာပီ


ဟုတ် ဒါဆိုဆက်ပြောကြတာပေါ့နော် ကိုရင်ကျော်ကောကိုမောင်ကော အင်တာနက်သုံးသက်လည်းကြာပြီ ကိုရင်ကျော်ဆို FDD ခေတ်ကတည်းက သုံးလာတာဆိုတော့ အဲခေတ်နဲ့ အခုခေတ်ပေါ့နော် လူငယ်တွေရဲ့ နည်းပညာ လေ့လာမှု့အားတိုးလာတယ် ထင်လား လျော့သွားတယ်ထင်လား


မောင်(စွယ်စုံကျမ်း)- လျှော့လာတယ်လို့ ထင်တယ်


ကိုရင်ကျော်- တိုးလာတယ်


မောင်(စွယ်စုံကျမ်း)- ဆရာကြီးလေသံတော့မဟုတ်ဘူးနော် အစီရင်ခံစာတင်တာ နောက်လူတွေက အရင်လူတွေလောက်လေ့လာမှုမရှိဘူးလို့  အနီးနားမှာတွေ့ လာရတယ် အကုန်လုံးတော့ ဟုတ်ချင်မှဟုတ်မှာ ကျနော်တို့ အရင်လေ့လာခဲ့တော့ အခုလူတွေလို အဆင်ပြေပြေ ပြောပြတဲ့ လူမရခဲ့ဘူး အခုလူတွေက ချက်တင်ပဲ ၀ါသနာပါတာတွေ့ ပြီး မရဘူးဆို ပစ်ထားတာများတယ်လို့ ကျနော့ပတ်ဝန်းကျင်မှာတွေ့ နေရတယ်


ကိုရင်ကျော်- ကျနော်တို့ခေတ်က ဆရာတော်တော် ရှားတယ်ပြောရမယ်ထင်တယ်

မောင်(စွယ်စုံကျမ်း)- ဟုတ်တယ်ကိုရင်ကျော်

ကိုရင်ကျော်- စေတနာနဲ့သင်တဲ့ဆရာကိုပြောတာပါ


မောင်(စွယ်စုံကျမ်း)-ဟုတ်တယ်ကိုရင်ကျော် ကိုရင်ကျော်လည်း အရင်က ကပ်စီးနဲပါတယ် 1999 ဆိုကပ်စေးနဲတာ ကျနော့ဆရာလည်းအဲ့လိုပဲပြောပြဘူး 1999 သမားလေ သေချာအခက်အခဲကြားထဲက လိုက်ကြည့်ရတာ မပြဘူး


ကိုရင်ကျော်- အဲဒါဝန်ခံပါတယ်

ဟုတ် ကိုရင်ကျော်က တိုးလာတယ်လို့ ပြောတယ်နော် ကိုမောင့်အမြင်နဲ့ မတူဘူး ဘာလို.ပါလိမ့်


ကိုရင်ကျော်- ဒီလိုပါ ကျနော် သင်ပေးလိုက်တဲ့တပည့်တွေ National Level ICT Award ရသွားကြတယ် မြန်မာနိုင်ငံမှာ အမြင့်ဆုံးဆုပေါ့ ကျနော်က အခြေခံပဲပေးလိုက်နိုင်တာ သူတို့ ဆက်လေ့လာတာလေ


မောင်(စွယ်စုံကျမ်း)- ဆရာထက်တပည့်လက်စောင်းထက်ပေါ့


ကိုရင်ကျော်- ဟုတ်တယ်


အင်းနော် အဲလိုတွေကျပြန်တော့လည်း တိုးလာတယ်ထင်ရပြန်ကော ကိုမောင်ပြောသလိုကျတော့လည်း လျော့လာတယ်ထင်ရပြန်ကော


မောင်(စွယ်စုံကျမ်း)- ချမ်းသာနည်းသင်ပေးနေတဲ့ ဆရာကြီးက ဆင်းရဲနေပြီးသူ့ ကျောင်းသားတွေက တစ်ယောက်ပြီးတစ်ယောက်ချမ်းသာကုန်တာ နိယာမလား မသိဘူး ကျနော်ကတော့ ကျနော်နီးစပ်သလောက်သင်ပေးသလောက်ပြောတာပါ ကိုရင်ကျော်ပြောတဲ့ ICT တွေနဲ့ မနီးစပ်တော့ သင်ပေးမယ့်ဆရာမရှိဘူးလေ နည်းပေးလမ်းပြမရှိတော့ လ့လာရုံပါပဲ ဖျားတာနာတာပဲရမှာလို့  ခုဆရာတွေ့ပြီ ကိုရင်ကျော်ကို ဆရာတင်ပြီး ကြိုးစားတော့မယ် ဟဲဟဲ စာအုပ်ဖတ်ရုံနဲ့ မရလောက်တာတွေရှိနေပြီ


ကိုရင်ကျော်ကော ကိုမောင်ကော ပြောတဲ့အပေါ်သုံးသပ်ရရင် ပတ်ဝန်းကျင်ရယ် လိုချင်တဲ့ စိတ်လေးရယ်ရှိတဲ့ လူက ပိုတိုးတက်ပြီး ချက်တင်ပဲ စိတ်ဝင်စားတဲ့လူက မတိုးတက်တာပေါ့နော် ဒါဆို လိုချင်စိတ်က အဓိကပေါ့နော်


မောင်(စွယ်စုံကျမ်း)- ထောက်ခံပါတယ်ခင်ဗျာ လက်ဖ၀ါးနဲ့ လက်ဖမိုးလိုပဲ မြင်ရတဲဘက် ကွာတာနေမှာပါ ကျင်လည်ရတဲ့ လေ့လာရတဲ့ပတ်ဝန်းကျင်မတူတော့ အမြင်မတူတာတွေ တွေ့ ရတယ်နော်


ဟုတ်ပါတယ် အဲဒါတော့ဟုတ်တယ် လူချင်းတူပေမယ့် အသက်ရှုရတဲ့ပတ်ဝန်းကျင်ကွာတာပေါ့နော် ဟုတ် ဒါဆို ဆက်ပြီးဆွေးနွေးကြည့်ရအောင်


ကိုရင်ကျော်-ဟုတ်ကဲ့


မောင်(စွယ်စုံကျမ်း)- ရွှေမန်သူရေမေးစေဗျာ


အစ်ကိုတို.မှာရှိတဲ့ပညာတွေကိုရှဲလ်ချင်စိတ်တွေ စတင်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ဆိုရှယ်နက်ဝက်ကင်းဆိုက်တွေကို ဝင်လာကြတာလား ဒါမှမဟုတ် ဘယ်လိုစိတ်မျိုးနဲ့ ဆိုရှယ်နက်ဝက်တွေ သုံးလာကြလည်း


ကိုရင်ကျော်-ရှင်းရှင်းပြောရရင်ကျနော်ကအခြေအနေကို စောင့်ကြည့်တာ ၂ လ ၃ လလောက်ကြာသွားတယ်


အော် စောင့်ကြည့်ကာလ 2 လ 3 လက ဘာတွေစောင့်ကြည့်တာလည်း


မောင်(စွယ်စုံကျမ်း)- လိုင်းကောင်းမကောင်းစောင့်ကြည့်နေပြန်ပြီထင်တယ်


ဟိဟိ ဟုတ်မယ်ထင်တယ်နော်


ကိုရင်ကျော်-တစ်ချို့က ပညာလိုလားသူတွေ ပညာမျှပေးချင်တဲ့သူတွေ တွေ့လာရတယ် ဒီလိုပါ တစ်ချို့က ကျနော့ကို ဘာမှ မတတ်လို့ ဆိုတဲ့ မှတ်ချက်တွေရေးကြတာတွေ့တယ်


ဟုတ် ပြောပါအစ်ကို


ကိုရင်ကျော်-ကျနော် ဒီအတိုင်းပဲ ကြည့်နေလိုက်တယ် နောက် မှတ်ချက်တွေဖျက်လိုက်တယ် နောက် ဆိုဒ်ထဲမှာ စေတနာတွေတွေ့လာရတယ် ကျနော် တတ်သလောက်လေး ပညာတွေဖြန့်ဝေချင်လာတယ် ဒါပေမယ့် ကျနော့ကို အဲဒီဆိုဒ်မှာ လူသိနည်းတယ်ထင်နေတယ် တစ်ချို့က လူရွေးပြီး လက်ခံတာလားလို့ပေါ့ ဒါပေမယ့် နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တယ် ကိုတင်တာကို တစ်ယောက်ဖတ်ပြီး အကျိုးရှိရင်ကျေနပ်လာတယ် ကျနော် စေတနာ ထားတတ်လာတယ်


မောင်(စွယ်စုံကျမ်း)- အဲ့တစ်ခုကိုကြားဖြတ် ထောက်ခံပါတယ် အပြည့်အ၀လည်း သဘောတူပါတယ်


ဟုတ်ရှင့် တစ်ဦးတစ်ယောက်သာ ပညာရသွားရင် ငါဖြန်.ဝေရကျိုးနပ်တယ်ဆိုတဲ့စိတ်နဲ.ပေါ့နော် ကိုမောင်ကော


မောင်(စွယ်စုံကျမ်း)- အဲ့ရည်ရွယ်ချက်ကိုဖြေတာ ဒါဒုတိယအကြိမ်ပေါ့နော် ပထမတစ်ကြိမ်က VOA က အင်တာဗျူးတော့ ဖြေခဲ့တယ် သေချာတာကတော့ နောက်လူတွေပညာရှာရာမှာတစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေရေးပါပဲ ကိုရင်ကျော်ပြောသလိုပဲလေ သုံးရက်နဲ့ သုံးမနက် တုံးလုံပက်လက် ဖြစ်အောင် လေ့လာပြီးမှ နောက်လူကို 3မိနစ်နဲ့ ပညာပေးတော့ ရှေ့မြန်မြန်ရောက်တာပေါ့ လေ့လာရမှာ လွယ်ကူစေရေးပဲ ဖြစ်တယ် အထောက်ကူပြုပေါ့


ကိုရင်ကျော်-တစ်ချို့ဆိုဒ်ကျနော်ပြောချင်တယ် ကျနော်ပို့စ် တင်တယ် မချပေးဘူး နည်းပညာဆိုင်ရာတွေတင်တာပါ ကျနော် သူများဆီက ကူးမတင်ဘူး ကျနော် သူများ နောက်လိုက် မလုပ်ချင်လို့ တီထွင်ပြီးတင်တာပေါ့ နောက် အဲဒါကို တခြားသူတစ်ယောက်က ပြင်ပြီး တင်တာတွေ့တယ်


မောင်(စွယ်စုံကျမ်း)- အဲ့တစ်ခုလည်းမိုက်တယ်ဗျာ လက်ခံတယ်


ကိုရင်ကျော်- ကျနော် ပို့စ်တစ်ခုကိုတင်လိုက်တယ် ချပေးတယ် မှတ်ချက်တစ်ခုတွေ့တယ် ချက်ချင်းဖျက်လိုက်တယ် ရေးတဲ့သူကို ကျနော်သိတယ် သူက ကျနော် ဘယ်သူ့ဆီကကူးတင်တယ်လို့ပြောတယ် သူပြောတဲ့သူက ကျနော့ တပည့် ဒီဆိုဒ်ထဲမှာတော့ မဟုတ်ပါဘူး


ဟုတ် ကိုမောင်ကော အဲလိုခံစားချက် ခံစားဖူးလား ကိုယ်တင်တဲ့ပို.စ်ကိုသူများကူးပြီးတော့ကိုယ့်ကပဲ သူ.ဆီကကူးသလိုလို ပြောခံရတဲ့ ခံစားချက်ပေါ့


မောင်(စွယ်စုံကျမ်း)- ခံစားဖူးတယ် ပထမတော့နာတယ် ခံစားရတယ် ဆိုဒ်တစ်ဆိုဒ်မှာ တွေ့ တယ်


ကိုရင်ကျော်- ပြောပါဦး


မောင်(စွယ်စုံကျမ်း)- ဆော့ဝဲတစ်ခုကို နမူနာသုံးပြတာပေါ့ စာတွေရောပုံတွေရောကူးသွားတယ် သူရေးသလိုလိုနဲ့  သေချာတာက နမူနာလုပ်ပြတာက ကျနော့ပုံလေအဲ့တာကိုမလိမ့်တစ်ပတ်နဲ့ တင်ထားတာ


ကိုရင်ကျော်- ကျနော် ကိုယ်ချင်းစာပါတယ်


မောင်(စွယ်စုံကျမ်း)- လူကိုယ်တိုင်ပါနေတာရယ် ရေးဟန်ရယ်က လိမ်လို့ မှမရတာ လူတစ်ယောက်မှာ ကိုယ်ပိုင်ရေးဟန်ရှိတယ်လေ တုလို့ မရဘူး အဲ့တော့ ကူးချတာသိသာတယ် ၀န်ခံမထားဘူး အဲ့တာမြင်ရတော့ ရင်နာတယ်


ကိုရင်ကျော်- ဒါကိုလက်ခံပါတယ်


အဲဒါတော့ ရွှေညာသူထောက်ခံတယ်


မောင်(စွယ်စုံကျမ်း)- အဲ့ကြောင့်အလွယ်လိုက်သမား များလာတယ် ပြောတာပါ ဆော့ဝဲတင်တဲ့ လင့်တွေပါ ခိုးတာတွေ့ ရတယ် ဆော့ဝဲတွေကတော့ နိုငံခြားက လူတွေထွင်တာများပါတယ် ဆိုဒ်ပိုင်ရှင်တွေကိုယ်တိုင် ထွင်တတ်သူ နည်းပါတယ် ဒါပေမယ့်


ကိုရင်ကျော်- ပြောပါ


မောင်(စွယ်စုံကျမ်း)- ပြန်ဒေါင်းပြီပြန်တင်ရင် တော်သေးတယ် လင့်လေးကော်ပီယူပြီး ပြန်တင်တော့ သိသာတာပေါ့


ကိုရင်ကျော်- ဟုတ်ပါတယ်


မောင်(စွယ်စုံကျမ်း)-တတ်သွားရင်လည်းကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်ရေးစေချင်တယ် ဥပမာ အရင်လူတွေရေးခဲ့လို မေးဖွင့်နည်း အကောင့်လုပ်နည်းတတ်သွားတယ် ကိုယ်ဖွင့်တတ်ပီဆို ကိုယ်ပိုင်ဟန်နဲ့ ပြန်ရေးစေချင်တယ် ဒါမှပညာမျှတဲ့သူလည်း စိတ်ချမ်းသာစရာကောင်းမယ်လေဗျာ ကိုရင်ကျော်ခံစားရသလိုပဲ နောက်ပိုင်းတော့ တစ်ခု ဖြေတတ်လာတယ် လိုက်မကြည့်တော့ဘူး လိုက်ကြည့်ရင်မြင်တယ် ခံစားရတယ် အဲ့တော့ဘယ်သူကူးတင်တင် ကျနော် မောင်(စွယ်စုံကျမ်း)ဆိုဒ်နဲ့ အနာဂတ်ကြယ်ပွင့်လေးမှာပဲ နေတော့တယ်

ဟုတ်ကိုမောင် ဒါကြောင့်ဆိုက်တော်တော်များများမှာ credit@original uploader ဆိုပြီး တင်ကြတာ တွေ.ရတာကိုး


မောင်(စွယ်စုံကျမ်း)- အဲ့နှစ်ခုမှပဲနေတော့ ကူးတင်တာတွေမသိတော့ဘူး ပြန်ဒေါင်းပြီး ကိုယ်ပိုင်လင့်ပြန်လုပ်ပေါ့ အများစုက ဆော့ဝဲတွေ နိုင်ငံခြားကထွင်တာပဲဟာ လူတိုင်းဟာ နိုင်ငံခြားဆိုဒ်တွေကနေ ယူကြတာ မြန်မာထွင်တဲ့ ဆော့ဝဲနည်းတယ်လေ အဲ့တော့ နောက်ဆို လင့်ခိုးလဲ သိသာလာတယ် ဒေါင်းလုပ်ဖိုင်ထဲမှာ ကျနော့်နာမည်တွေ ထည့်ပေးထားတယ် လင့်မှာလည်း ဆိုဒ်လိပ်စာပါလာတယ် အဲ့တော့ လင့်ခိုးရင် သိသာတယ် ဒေါင်းတဲ့သူကလည်း သိမှာပဲ အင်း ဒါတွေပြောရင် ဒေါသတွေ ပါတော့မယ်


ဆိုရှယ် နက်ဝက်ကင်း သုံးရတဲ့ ရည်ရွယ်ချက်တွေ ပြောပြီးသွားပြီဆိုတော့ အစ်ကိုတို. အနာဂတ်ကို ရောက်လာတဲ့ အကြောင်းလေးလည်းသိချင်ပါတယ်


မောင်(စွယ်စုံကျမ်း)-ကိုကြီးကျော်ပြော


ကိုရင်ကျော်- ကျနော့်ကို အသိတစ်ယောက်က ပြောလို့ရောက်လာတာပါ


ဟုတ် ကိုမောင်ကော


မောင်(စွယ်စုံကျမ်း)- အဲ့အကြောင်းပြောရရင် အနာဂတ်ကြယ်ပွင့်လေးများ မထောင်ခင်ထဲက ရောက်နေတာ ကိုဖြိုးနဲ့ ဘလော့ရေးရင် ခင်နေပြီလေ သူနိုင်းဆိုဒ်ထောင်တော့မယ် အက်ဒမင် ကူလုပ်ပေးပါအုံးဆိုပြီး ဖိတ်တယ် အဲ့တုန်းကဘလော့အတူတူရေးနေတာ ကျနော်က လက်ရှိ ဆိုဒ်တစ်ခု ရေးနေတာရယ်သူများလက်အောက်မှာ လုပ်နေရတာရယ်အချိန်က အက်ဒမင်လုပ်ဖို့ မပေးနိုင်ဘူးလေ ဒါပေမယ့် မန်ဘာတစ်ယောက်အနေနဲ့  စာဝင်ရေးပေးဖို တာဝန်ယူခဲ့တာ တဖက်ကလည်း မောင်(စွယ်စုံကျမ်း) ၀ဘ်ဆိုဒ်ကိုရေးရင်းပေါ့ အဲ့လိုနဲ့  ရောက်ခဲ့တာပါ စထောင်ကထဲက ဆိုပါတော့ အဲ့တုန်းကရွှေညာသူက ကလေးလေးပဲ ချိသေးတယ်


ကိုရင်ကျော်- တော်တော် ကြာနေပြီပေါ့


အနာဂတ် ဆိုက်လေးကို ရောက်လာတုန်းကရယ် နောက်ပိုင်းအခုလက်ရှိ သုံးနေတဲ့ အနေအထားရယ်ပေါ့နော် အဲကြားထဲမှာ ဘာတွေတိုးတက်လာပြီး ဘာတွေလျော့သွားတယ်ထင်လည်း


ကိုရင်ကျော်- ကျနော် တွေ့တာလေးတွေပြောချင်တယ် ဆိုဒ်ထဲမှာ တစ်ချို့လင့်တွေ All blog posts tagged ?? တွေဖြစ်နေတယ်နော် နည်းပညာဘလော့များ ၀တ္ထုတိုများ ဗဟုသုတများ ကဗျာများ အဲဒီတွေကို လင့်မရတော့ ဖတ်တဲ့သူတွေ အခက်အခဲတွေ့နေသလားလို့ပါ


ဟုတ် ပြောပါအစ်ကို အဲဒါတွေက ဘာလည်းဆိုတော့တင်ပြီးမှ ဖျက်ချပြစ်တာတွေပါ


ကိုရင်ကျော်- အားလုံးတော့ မဖျက်လောက်ဘူးထင်ပါတယ်


ဟုတ်အစ်ကို ဒါဆိုတစ်ချက်ပြန်စစ်ပေးပါ့မယ်အစ်ကို


ကိုရင်ကျော်- သူ့အပိုင်းလေးနဲ့သူဆို ကြည့်ရလွယ်တာပေါ့နော်


မောင်(စွယ်စုံကျမ်း)-အဲ့တစ်ခုတော့ဟုတ်တယ်ကိုရင်ကျော်ပြောတာထောက်ခံတာ သူပြီးမှပြောမယ်လေ


ကိုရင်ကျော်- နောက်မြင်တာလေးတစ်ခုပေါ့


ပြောပါကိုရင်ကျော် ဆက်ပြောပါ ရွှေညာသူနားထောင်နေပါတယ်


ကိုရင်ကျော်- ပို့တင်တဲ့သူတွေကို အက်ဒမင်တစ်ယောက်က ကောင်ကောင်းဆိုးဆိုး အားပေးစေချင်တယ်


ဟုတ် မှတ်ချက်တွေလိုက်ပေးသင့်တာပေါ့နော်


မောင်(စွယ်စုံကျမ်း)-အင်း ဆိုဒ်မှာအမြဲကြည့်နေတဲ့အက်ဒမင်လိုပီ


ဟုတ် အဲ့တစ်ခုလည်းဟုတ်ပြန်ရော


ကိုရင်ကျော်- ဒါမှ ဆိုဒ်ကို စိတ်ဝင်စားလာကြမယ်ထင်ပါတယ်


အော်ဟုတ်ကဲ့အစ်ကိုတို့ အဲကိစ္စလေးမှတ်ထားပေးပါ့မယ်


မောင်(စွယ်စုံကျမ်း)- ဟုတ်တယ် အက်ဒမင်ကအချိန်ပေးနိုင်ဖို့ လိုမယ်


ကိုရင်ကျော်- ကျနော်ကလည်း ရတဲ့အချိန်လေးဝင်ဖြစ်ရင် လိုက်အားပေးပါတယ်


မောင်(စွယ်စုံကျမ်း)- တချို့ နေရာမှာ အမြင်မတော်တာ တွေတွေ့ နေရတယ်


ကိုရင်ကျော်- ဟုတ်တာပေါ့


ဟုတ် ကိုမောင်ပြောတဲ့ အမြင်မတော်တာ ဆိုတာက ဘာကိုလည်းမသိဘူး


ကိုရင်ကျော်- သိရအောင်ပြောပါဦး


မောင်(စွယ်စုံကျမ်း)- အမြင်မတော်တာဆိုတာ ကွန်မန့် တွေရိုင်းနေတာကိုပါ အကြံပေးရရင်တော့ ပေးချင်တယ်


ဆိုက်ကောင်းဖို.အကြံပေးတာပဲ လွတ်လွတ်လပ်လပ်ပေးပါ


ကိုရင်ကျော်- ဟုတ်ပြောပါ


မောင်(စွယ်စုံကျမ်း)- ပေးရရင်တော့ ဆိုဒ်မှာ ဘာသာလူမျိုး ခွဲမထားစေချင်ဘူး ခွဲထားတာဟာ ကွဲသွားစေတယ်အင်အားလည်းနည်းတယ် စိတ်ဝင်စားမှုလည်းလျှော့တယ် ဥပမာ ဗမာဆို ရှမ်းထဲမသွားဘူး မွတ်စလင်က ခရစ်ယာန်ထဲ မလာဘူး အဲ့တော့ ဆိုဒ်ရဲ့စည်းလုံးမှုအရ အဲ့တာတွေမထားသင့်ဘူးလို့ ထင်တယ် အားလုံးတစ်သားထဲပေါ့


ဒါဆိုကိုမောင်ပြောသလိုဆို ဂရုတွေပေါ့နော် ဂရုတွေ ဖွဲ.ထားတာကိုပြောချင်တာပေါ့နော်


မောင်(စွယ်စုံကျမ်း)- ဂရုတော့မဟုတ်ဘူး ဆိုဒ်မှာလေ ဘာသာနဲ့ လူမျိုးတွေခွဲထားတယ်လေ ခွဲထားတော့ အမြင်မတော်တဲ့ ကွန်မန့် က မွတ်စလင်ထဲမှာတွေ့ တာ ဆဲထားတယ်


ကိုရင်ကျော်-ဟုတ်


မောင်(စွယ်စုံကျမ်း)- အမြဲအချိန်ပေး စစ်နေသူရှိမှဖတ်သူတွေက အဆင်ပြေစေမှာပေါ့


ကိုရင်ကျော်- ဒါကို ကျနော်လဲလက်ခံတယ်


ဟုတ်ပါတယ် အဲဒါကျတော့ဆိုက်အက်ဒမင်တွေဘက်က လိုအပ်ချက်ဖြစ်သွားတာပါ


မောင်(စွယ်စုံကျမ်း)- ကျနော်ထင်တာကခွဲမထားသင့်ဘူးလိုပဲမြင်တယ် ခွဲထားရင်ကွဲသွားတတ်တယ်ဆိုတာ လူမျိုးရေးရော ဘာသာရေးရော မဆိုင်တဲ့ အနာဂတ်ကြယ်ပွင့်လေးများဆိုတဲ့ ခေါင်းစည်းတစ်ခုထဲအောက်မှာပဲ အတူတူရှိသင့်တယ်လေဘာသာတွေလူမျိုးတွေက profile မှာပါပြီးသားပဲ ခွဲထားခြင်းအားဖြင့် တစ်စုနဲ့ တစ်စုစိတ်ဝင်စားမှု အားနည်းပြီး စောစောကလို တိုက်ခိုက်တာတွေ ဖြစ်လာတတ်တယ် ဘာသာခွဲတော့


အုပ်စုကွဲနေသလိုဖြစ်တာပေါ့နော်


မောင်(စွယ်စုံကျမ်း)-အဲ့လိုပေါ့ ဟုတ်တယ်


ကိုရင်ကျော်- ကျနော် တစ်ခုပြောချင်တယ်

ဟုတ်အစ်ကိုမောင် အခုလို အကြံပေးလို.ကျေးဇူးပါ ကိုရင်ကျော်ကော ပြောမယ်ဆိုတာလေ ပြောပေးပါဦး


မောင်(စွယ်စုံကျမ်း)-အဲ့တစ်ခုကတော့ ဆိုဒ်စည်ပင်ရေးအတွက် အဓိကအချက်လို့ ထင်တယ်


ကိုရင်ကျော်- အဲလို ကွန်မန့်ပေးတဲ့သူတွေကို လေ့လာကြည့်ရင်လူတစ်ယောက်ထဲကို အမြင်မကြည်တာ မဟုတ်ဘူး ဘလော့ရေးတဲ့ သူတွေအားလုံးကို မကြည်တာ


မောင်(စွယ်စုံကျမ်း)-ဟုတ်ပြောပါကိုရင်ကျော်

ကိုရင်ကျော်- သူကြည့်တဲ့ ဘလော့တွေကို ကန့်လန့်တွေကွန်မန့်လိုက်ပေးနေတာ


မောင်(စွယ်စုံကျမ်း)-အဲ့လိုလည်းတွေ့ ဘူးတယ် ကျနော်ပြောတဲ့ကွန်မန့် ကတော့ ဘာသာရေးကို တိုက်ခိုက်တာပေါ့နော် ဆဲထားတာဝေဖန်ထားတာတွေ ဆဲထားတာက မကောင်းဘူးပေါ့နော့် ဆဲထားတာက မိန်းကလေးဖတ်လို့ မကောင်းတာတွေ


ကိုရင်ကျော်- ကျနော် တခြားဆိုဒ်မှာ တွေ့ဖူးတယ် ကာင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ပေါ့ ဆဲတာကတော့ ဘယ်ဘာသာကမှ လက်မခံပါဘူး


ဟုတ်ပါတယ် အဲဒါတော့ ဆဲထားတဲ့ကွန်မန်.ဆိုတာ ရေးတဲ့လူကော ဆိုက်ကိုကောစော်ကားတာပါ ကျေးဇူးပါ အခုလို ထောက်ပြပေးလို.ပါ


မောင်(စွယ်စုံကျမ်း)-ဟုတ်တာပေါ့


ကိုရင်ကျော်- ဟုတ်ပါတယ် သတိထားစရာတစ်ခုတော့ရှိတယ်ကျနော်ဆိုဒ်တစ်ခုမှာတွေ့ထားတာ အကြောင်းအရာမှာ စော်ကားတဲ့စာ တင်လိုက်တယ် ဘယ်သူမှ မသိဘူး ကျနော်တွေ့လိုက်တယ် အက်ဒမင်ကို ပြောလိုက်ရတယ် အကြောင်းအရာက အက်ဒမင်တွေ ချပေးစရာ မလိုကြတာများတယ်လေ ဒါကို အခွင့်ကောင်းယူပြီး လုပ်ချလိုက်တာ အဲဒီတော့ ဒါကို ဘယ်သူစောင့်ကြည့်မလဲ


မောင်(စွယ်စုံကျမ်း)- ဟုတ်


အဲဒါကျတော့ အက်ဒမင်တွေကြည့် မဟုတ်ပဲနဲ. မန်ဘာတွေပါ ပါဝင်ကူညီဖို. လိုအပ်လာပါတယ် ဆိုက်တစ်ခုရဲ. အောင်မြင်မှု. ကာင်းမွန်မှု.ဟာ ဆိုက်အက်ဒမင်တွေ အပေါ်ကြည့် မူမတည်ဘူးလေ မန်ဘာတွေရဲ. ကောင်းမွေဆိုးမွေ အားလုံးနဲ.လည်း သက်ဆိုင်ပါတယ် အစ်ကိုတို့


ကိုရင်ကျော်- ဒါကို ပို့တစ်ခုတင်ပေးရင်ကောင်းမယ်


မောင်(စွယ်စုံကျမ်း)- ဟုတ်တော့ဟုတ်ပါတယ် စည်းလုံးမှုလည်းလိုတာပေါ့


အစ်ကိုတို့ပေါနော့် အခုဆို ကိုယ်ပိုင်စာတွေလည်းရေးတယ် ပြီးတော့ ဘလော့တွေလည်းလုပ်ကြတော့ အစ်ကိုတို.ကိုယ်တိုင် ဘလောဂါ ဘဝကို ခံယူထားလို့လား ဘလောဂါဆိုတဲ့ အပေါ်ကော ဘယ်လိုခံယူချက်နဲ. လုပ်လည်းဆိုတာလေး ပြောပေးပါဦး


မောင်(စွယ်စုံကျမ်း)-ကိုရင်ကျော်အရင်ဖြေမလား


ကိုရင်ကျော်- ခဏ ကျနော်စဉ်းစားပြီးဖြေပေးမယ် ကျနော့်ခံယူချက်က ဘလော့ဂါဘာဖြစ်လို့ လုပ်ရတာလဲဆိုတော့ ကျနော် ငယ်စဉ်ကတည်းက စာတွေရေးချင်တယ် သိတာလေးတွေ မျှဝေပေးချင်တယ် စာပေနယ်ထဲကို ၀င်ဖို့ရာမလွယ်ဘူးကိုယ့်စေတနာ ချက်ချင်း မသိနိုင်ကြဘူးလေဒီတော့ ကျနော် ဘလော့ဂါဘ၀ကို နှစ်သက်တယ် ပြောကြပါဦး


ကိုမောင့်ကလှည့်


မောင်(စွယ်စုံကျမ်း)-ကျနော်ကတော့ ဘလော့ဂါလား ဘာလားတော့မသိဘူး မျှဝေချင်တာ တစ်ခုပါပဲ လေ့လာသူတွေအတွက် တစ်ကြောင်းမထောက် တစ်ကြောင်းထောက်ပေါ့ဗျာ နိုင်ငံခြားမှာ နေသခိုက် အဆင်ပြေတုံး မျှဝေပေးတဲ့ သဘောပါ မြန်မာပြည်မှာဆို မလွယ်ဘူးလေ ပြန်လာရင်လည်းလုပ်ဖြစ်ချင်မှလုပ်ဖြစ်မှာ


ကိုရင်ကျော်- ကောင်းပါတယ်


အစ်ကိုပြောလိုက်တယ်နော် မြန်မာပြည်မှာမလွယ်ဘူးတဲ့ ဒါဆို မြန်မာပြည်မှာ နေရင် ဘလောဂါလုပ်ဖြစ်လို. မလွယ်ဘူးလို.ဆိုလိုတာလားဟင်


ကိုရင်ကျော်- ဘလော့ဂါတွေက တစ်ဖက်တစ်လမ်းက အကျိုးပြုနေကြတာပါ


မောင်(စွယ်စုံကျမ်း)- ရှိတယ် လိုင်း မရရင်တော့ ခက်တာပေါ့ ဘလော့ဂါဆိုတာ ဘလော့ရေးရင်ဘလော့ဂါပဲပေါ့ တော်တာမတော်တာနောက်ထား ကျောင်းနေရင်ကျောင်းသားပဲလေ သဘာဝသတ်မှတ်ချက်ပဲဟာ အဲ့တော့ မြန်မာပြည်မှာနေရင်စိတ်ပဲရှိမယ် ဆော့ဝဲတစ်ခုတင်ချင်တာ Upload တင်ဖို့ က မေးတောင်မတက်မှတော့ မလွယ်ဘူးပေါ့အဲ့တော့ ဘလော့ဂါတော့ဘလော့ဂါပါပဲ ကျနော်ပြောသလို ဘလော့တစ်ခု လုပ်စာရေးရင် ဘလော့ဂါပဲလိုမြင်တယ် www.blogger.com ကနေပဲ ယူရေးနေကြတာလေခံယူချက်ရယ်လိုလည်း မဟုတ်ပါဘူး အတိုင်းတာတစ်ခုအထိ အထောက်ကူပြုရေးပေါ့


ကိုရင်ကျော်- ဟုတ်ပါတယ်

အွန်လိုင်းဘလောဂါရယ် အပြင်က စာရေးတဲ့စာရေးဆရာတွေရယ် မှာပေါ့နော် ကိုယ်ပေးချင်တဲ့ အရာကို အထိရောက်ဆုံးပေးနိုင်တာက အွန်လိုင်းဘလောဂါတွေလား အပြင်ကစာရေးဆရာတွေလား အစ်ကိုတို.ဘယ်လိုမြင်လည်း


မောင်(စွယ်စုံကျမ်း)- အင်တာနက်တွေ ခေတ်မီလာပြီးကွန်ပျုတာ လူတိုင်းသုံးနိုင်ရင် အွန်လိုင်းဘလော့ဂါတွေပေါ့ မြန်မာပြည်အနေနဲ့ ကတော့ စာရေးဆရာတွေက အဆင်ပြေဆုံးပေးနိုင်သူတွေပါ နွားကျောင်းသွားရင်ဖတ်လို့ ရတယ်လေဗျာစာအုပ်က ဘလော့ဂါဆိုတာက ပညာတတ်အသိုင်းဝိုင်းလောက်ပဲ ဖတ်နိုင်မယ်ကျနော်တို့ ရွာကလူတွေဆိုသိတောင်မသိဘူး နေရာကွာမှာပေါ့နော်


ကိုရင်ကျော်- အချိန်အတိုင်းအတာတစ်ခုပေါ့လေ အွန်လိုင်းဘလော့ဂါတွေက ပြန့်နှံ့မှုနှုန်းမြန်တယ်လေ ဒါပေမယ့် အခုအခြေအနေက ဘလော့ဂါတွေရဲ့စာတွေ ဟာ နယ်ကလူတွေကပါ သိနေတယ်


မောင်(စွယ်စုံကျမ်း)- မနိုင်းနိုင်းစနေဆို နာမည်ကြီးဘလော့ဂါနော် စာအုပ်ထုတ်ပေးလိုက်မှသာ လူတိုင်းသိနေနိုင်မယ်ဖတ်နိုင်မယ်လို့ ထင်တာပဲ


ကိုရင်ကျော်- ဟုတ် နိုင်းနိုင်းကတော့ ဘလော့တွေရေးရာကနေ စာပေစင်မြင့်ကို ရောက်သွားတာပေါ့


မောင်(စွယ်စုံကျမ်း)- အမှန်ပြော၇ရင် ကျနော်တို့ မြန်မာပြည်အနေနဲ့ ကတော့ ဘလော့ကစာ လူတိုင်းဖတ်နိုင်ဖို့ လွယ်သေးဘူးဗျာ


ကိုရင်ကျော့်အမြင်ကကော


ကိုရင်ကျော်- ကျနော်တို့ မသိသေးတဲ့သူတွေလည်းရှိနိုင်ပါတယ် ဟုတ်တယ် လူတိုင်းဖတ်နိုင်ဖို့ဆိုတာမလွယ်ဘူး


ဟုတ် အဲတော့ အပြင်က စာအုပ်တွေကသာ လူထုအတွက် ပိုပြီးအဆင်ပြေတယ်ပေါနော့် ရွှေညာသူလည်း အဲလိုပဲ စာအုပ်ကိုင်ဖတ်မှ အားရတာ ညဘက်အိပ်တောင် စာအုပ်လေး ဖတ်ပြီးအိပ်ရတာကိုယ်က ဖီလင်တစ်မျိုးပဲလေ


မောင်(စွယ်စုံကျမ်း)- မြန်မာပြည်အနေနဲ့ ကတော့ ပြည်တွင်းစာရေးဆရာနဲ့ စာအုပ်တွေကသာ အကောင်းဆုံးပါ ပြည်ပမှာတော့ ဘလော့နဲ့ အင်တာနက်ကကောင်းတယ် အချိန်မရွေးကြည့်ချင်ရာကြည့်လို့ ရနေတယ်

ကိုရင်ကျော်- ဒါကိုတော့ လက်ခံတယ်ကျနော်လည်း အခုထိ ညတိုင်းစာအုပ်ဖွင့်ပြီးဖတ်ရမှကျေနပ်တာ


ဟုတ် ဒါဆို အစ်ကိုတို. အဖတ်များဆုံး စာရေးဆရာနဲ.ဝတ္ထုပုံစံလေးလည်းပြောပါဦး


ကိုရင်ကျော်- ကျနော်က ရွှေဥဒေါင်း နောက် အောင်သင်း မောင်ထင် နန္ဒာသိန်းဇံတွေ အဓိကဖတ်ဖြစ်ပါတယ်


ကိုမောင်ကကော


မောင်(စွယ်စုံကျမ်း)- ကျနော်ကတော့ ပညာပေးတက်ကျမ်းတွေမှာ ပီမိုးနင်း ဖေမြင့် အောင်သင်းတို့ အဖတ်များတယ်


ကိုရင်ကျော်ကော ကိုမောင်ကောက အမျိုးသားစာရေးဆရာပဲ အားပေးတယ်ထင်ပါ့


မောင်(စွယ်စုံကျမ်း)- တက်ကျမ်းဆိုတော့အားယူတာပါ ၀တ္ထုတွေလည်းဖတ်တယ်လေ မြသန်းတင့်တို့ လင်းယုန်မောင်မောင်တို့ ပေါ့ရေးရလွယ်အောင်ရေးတာနော် ဆရာထည့်ခေါ်ပါတယ် အားလုံးကို ဂျာနယ်ကျော်မမလေးဆို သူလိုလူ တစ်အုပ်ထဲနဲ့ ကြိုက်သွားတာ


ကိုရင်ကျော်-အမျိုးသမီးထဲက ဖတ်တာလည်းရှိပါတယ် ခင်နှင်းယု၊ ခင်ဆွေဦး မြသန်းတင့် လည်းဖတ်ဖြစ်ပါတယ် ဟုတ် ကျနော်ကလည်း အားလုံးကို လေးစားပြီးသားပါ


အော် ဒါဆို အစုံဖတ်ဖြစ်တာပဲ ဒါဆို ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ ရင်ထဲထိ စွဲခဲ့တဲ့ စာကြောင်းတစ်ကြောင်းလောက် များမရှိဘူးလား ရှိရင်မျှဝေပါဦး အားဖြစ်ခဲ့တဲ့စာမျိုးပေါ့


ကိုရင်ကျော်-ကျနော် အလွတ်ရနေတာလေးမျှဝေပေးပါမယ် ရွှေဥဒေါင်းရေးတဲ့ အကြံဥာဏ်ဖြင့် ကြီးပွားရေးစာအုပ်ထဲကပါ ငါမှန်းထားသော ရည်မှန်းချက်အတိုင်း ပြည့်စုံအောင် ဆောင်ရွက်နိုင်သော အစွမ်းသတ္တိ ငါ့မှာရှိတယ် ထို့ကြောင့် မပြည့်စုံမချင်း ဆောင်ရွက်မည်ဟု ငါယခု အဓိဌာန်ပြုသည် ထိုရည်ရွယ်ချက်အတိုင်း ပြည့်စုံအောင် မနေမနား ကြိုးစား၍ ဇွဲကောင်းကောင်းနှင့် ငါဆောင်ရွက်မည်။


ဟုတ်ကိုရင်ကျော်ကောင်းလိုက်တဲ့စာသားလေး ကိုမောင်ကော အစွဲခဲ့ဆုံးစာသားလေး ဝေမျှပါဦး


မောင်(စွယ်စုံကျမ်း)- အောင်သင်းရဲ့ အမွေထဲမှာဆို နောင်15 နှစ်မှာ ပညာတတ်တွေသာ ဦးဆောင်နိုင်မယ်တဲ့ အခုကြုံနေရတယ် ခေတ်ကပေါ့နော် ပညာမတတ်ရင် Computer control စက်တွေကိုင်ရခက်သွားတယ် ကြာလေနည်းပညာမြင့်လာလေ လက်ခံနိုင်ဖို့ ပညာလိုလာလေပဲဆိုတာ သိလာလို့ အမှတ်တရဖြစ်စေတဲ့စကားပါ ဘေဘီလုံကတော့ တစ်အုပ်လုံးကြိုက်ပါတယ် ဇာတ်လိုက် အာခတ် ကို အကြိုက်ဆုံးပါပဲ တက်ကျမ်းမလို့  လူငယ်တွေ အားပေးပါတယ်ဖတ်စေချင်တယ်


ဟုတ် အစ်ကိုတို့ အနာဂတ်ကြယ်ပွင့်လေးများဆိုက်မှာ အကြိုက်ဆုံးကဏ္ဍလေးက ဘာလည်းမသိဘူး ရွှေညာသူကတော့ အကြိုက်ဆုံးကဏ္ဍက စာအုပ်စင်ပဲ


ကိုရင်ကျော်- စာအုပ်စင်က စာအုပ်တွေက ဒေါင်းလို့အဆင်မပြေဘူး


ဟုတ် ဘယ်လိုအဆင်မပြေလည်း အစ်ကို လင့်ကြောင့်လား စာအုပ်မစုံလို.လား


ကိုရင်ကျော်- ကွန်ကြောင့်ထင်ပါတယ် စာအုပ်စင်ကစာအုပ်တွေက ကျနော့်အကြိုက်တွေများပါတယ်


ဟုတ်အခြားဘယ်ကဏ္ဍကော ကြိုက်သေးလည်း


ကိုရင်ကျော်- ကျနော်က နည်းပညာတွေကို ပိုပြီး သဘောကျတယ် ကျနော့် အလုပ်နဲ့ တိုက်ရိုက်ပတ်သက်နေလို့ပါ


မောင်(စွယ်စုံကျမ်း)- ကျနော်ကတော့ ဟာသလေးတွေဖတ်ဖြစ်တယ် နောက်စိတ်ဝင်စားတဲ့ပိုစ်ခေါင်းစဉ်လေးတွေပေါ့


ဟုတ် ကိုရင်ကျော်ကလေ အထူးအဆန်းပုံလေးတွေ တင်တက်တယ်နော် အဲဒါကျတော့ကော ဘယ်လိုမျိုးစုထားလည်းမသိဘူး


ကိုရင်ကျော်- ကျနော် ဘလော့ထဲမှာ ရေးထားတာရှိပါတယ် ကျနော် မလေးမှာ ကွန်ပျူတာသင်ရင်း စုဆောင်းထားတာတွေကော သူငယ်ချင်းတွေပို့ပေးတာတွေကောပေါ့


ပုံဆန်းလေးတွေ စိတ်ဝင်စားတာပေါ့နော်


မောင်(စွယ်စုံကျမ်း)- ဟိုက်ရှားပါး ဒို့ ကိုရင်က မလေးပါလာသင်သွားတာကို တကယ့်ပညာရှင်ပါပဲ


အလွတ်မပေးနဲ. ကိုမောင်ရေ မျက်ခြေမပြတ်ကြည့်ထား အကုန်မှတ်သားစရာကြည့်ပဲ


မောင်(စွယ်စုံကျမ်း)- သေချာတာပေါ့ ကျနော်ဆို အလုပ်ထဲမှာပဲ သင်ရင်းလေ့လာရင်းပဲ


ကိုရင်ကျော်- အခွင့်သာလို့လာသင့်ဖြစ်တာပါ


မောင်(စွယ်စုံကျမ်း)- မျှဖို့ သာပြင်ထား မမျှရင်ဖွမယ်ဘလော့ဂါနော်


ကိုရင်ကျော်- ကျနော် တတ်ထားတွေလေးတွေတတ်နိုင်သမျှ မျှဝေပေးချင်ပါတယ်


မောင်(စွယ်စုံကျမ်း)-သေချာသင်ထားတဲ့သူတစ်ယောက်အနေနဲ့ စနစ်တကျသင်ပေးတတ်မှာပါ လ့လာရုံနဲ့ မရတဲ့ပညာတွေပေါ့ ကိုရင်ကျော်အားကိုးရမယ်


တပည့်တစ်ယောက် တိုးပြီသာ မှတ်လိုက်ပါတော့ကိုရင်ကျော်ရယ်


ကိုရင်ကျော်- ကျနော်က အခုအထိ ပညာသင်ပဲရှိပါသေးတယ်


မောင်(စွယ်စုံကျမ်း)-မိရွှေညာကမသင်ဘူးပေါ့လေ


ဟိဟိ တိုးတိုးတိတ်တိတ် ခိုးသင်မို.ပါဆို


ကိုရင်ကျော်- ကျနော်က ပြောရင်းနဲ့ အောက်ခြေလွတ်သွားပြီ


ဟုတ်ဒါဆိုအခုလက်ရှိ အစ်ကိုတို.နှစ်ယောက် စိတ်ဝင်စားဆုံး လေ့လာနေတဲ့ ကွန်ပျူတာနဲ.ပတ်သတ်တာက ဘာလည်းမသိဘူး ရွှေညာသူကတော့ စပ်စုပြီး ဟိုစပ်စပ်ဒီစပ်စပ်လုပ်နေတယ် ဘာရယ်အတိအကျမရှိသေးဘူး လမ်းပျောက်နေတုန်းပေါ့လေအစ်ကိုတို.ကိုပဲ နည်းယူရတော့မယ်


ကိုရင်ကျော်- အခု ကျနော်စိတ်အ၀င်စားဆုံးကတော့နက်ဝါ့အပိုင်းပေါ့ CSS, RSS, HTML


မောင်(စွယ်စုံကျမ်း)-ကျနော်ကတော့ ဆော့ဝဲရေးတဲ့ Program ကို သိချင်တယ် သင်ချင်တယ် တတ်ချင်တယ်


ကိုရင်ကျော်- ကောင်းပါတယ်


မောင်(စွယ်စုံကျမ်း)-ဒါပေမယ့် ဒီဘ၀အတွက်တော့ဝေးပြီကွယ်.....ပြန်မှာနဲ့ စီးပွားရေးလုပ်မှာနဲ့  ဖြစ်လောက်တော့ဘူး

ဘယ်ဟုတ်မလည်းကိုမောင်ရယ် ဝါသနာပါရင် ဘာမဆိုဖြစ်တယ် အချိန်ပဲလိုတယ် ဟုတ်တယ်နော့ကိုရင်ကျော်


ကိုရင်ကျော်- ဟုတ်ပါတယ်


မောင်(စွယ်စုံကျမ်း)-ဟဲအသက်တွေကြီးပီလေ ချမ်းသာရင်ဟုတ်တာပေါ့ ထိုင်လေ့လာနေရုံပဲ အခုက ဒို့တာဝန်အရေး 3 ပါးရှိတယ် စားဝတ်နေရေးလေ အခြေနေက ပေးမယ်မထင်ဘူး


ကိုရင်ကျော်- အသက်ကို ထည့်တွက်နေရင်တော့ဘာမှလုပ်ဖြစ်မှာမဟုတ်ဘူးလေ


ကိုမောင်ပြောသလို စီးပွားဖြစ် လုပ်လို.မရတော့ဘူးလို.ပြောချင်တာမလား


မောင်(စွယ်စုံကျမ်း)-ကိုယ်လုပ်ရမဲ့စီးပွားရေးနဲ့ ဝါသနာပါတာထပ်တူကျဖို့ ကတော့ မလွယ်လှဘူး ဟုတ်တယ် လေ့လာတာကတော့လေ့လာနေလို့ ရတယ်လေဟယ်


ကိုရင်ကျော်- မှန်ပါတယ်


ဟုတ် ကိုရင်ကျော်ကျတော့ ဝါသနာနဲ. အသက်မွေးဝမ်းကြောင်း ထပ်တူကျတယ်လို.ပြောလို့ရမလား


ကိုရင်ကျော်-ကျနော်က ၀ါသနာနဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းက တူနေတယ် အရင်ကတော့ ရည်မှန်းချက်တစ်မျိုးပေါ့


မောင်(စွယ်စုံကျမ်း)- ဟုတ်တယ်ဟ ငါလည်းငယ်ငယ်ကတမျိုးခုတမျိုးပဲ ကိုရင်ကျော်ပြောသလိုပဲ ကိုရင်ကျော်ဘ၀ကကောင်းတယ်နော် ထပ်တူကျနေတာက ကံကောင်းလို့ ပြောရမှာပဲ


ဟုတ်တယ် အားကျနေပြီပေါ့လေ ဘဝမှာအရာရာထပ်တူကျဖို.မလွယ်ဘူး ရွှေညာသူတောင်မကျဘူး


မောင်(စွယ်စုံကျမ်း)- ဟုတ်တယ်ဟ ထပ်တူမကျပေမယ့် မဖြစ်မနေ လုပ်နေရမဲ့ အလုပ်ကိုတော့ စိတ်ဝင်စားမှရမယ်ဝါသနာပါတာမပါတာ ငါတို့ မှာရွေးချယ်ခွင့်မရှိခဲ့ဘူးလေ


ကိုရင်ကျော်-ငယ်ငယ်က မက်ခဲ့တဲ့ အိပ်မက်က ခေတ်ကာလ အခြေအနေနဲ့ တခြားစီဖြစ်သွားတယ်


ရွှေညာသူတို.ကသာ ထပ်တူကျတယ်ထင်နေတာ ကိုရင်ကျော့်မှာလည်း ငယ်ဘဝအိပ်မက်ရှိဦးမယ် ထင်တယ်နားထောင်ကြည့်ရအောင်


ကိုရင်ကျော်-ဟုတ်ရှိတာပေါ့ ကျနော်က ငယ်ငယ်က ရွာမှာနေတာ အကြီးမားဆုံးရည်မှန်းချက်ထားခဲ့တာ ကျောင်းဆရာ


ကျောင်းဆရာ ဟုတ်လား ကောင်းတဲ့ရည်ရွယ်ချက်


ကိုရင်ကျော်-တပည့်တွေကို စာသင်ပေးချင်တာ အဲဒီစိတ်က မကုန်သေးတော့ လူတိုင်းကို အမြင်မတော်တာရှိရင် ဆရာလုပ်ချင်နေတာ


အော်ဟုတ် အခုလည်းအစ်ကို.ဆရာလုပ်တာကိုခံဖို. တပည့်လေး ကိုမောင်ရှိနေပြီလေ


ကိုရင်ကျော်-ကိုယ်တိုင်က ဆင်းဆင်းရဲရဲနဲ့နေခဲ့ရတာလေ


အစ်ကိုရဲ.ရည်မှန်းချက်လေးကောင်းပါတယ် ဒါပေမယ့်အခုလည်း ပညာသင်ပေးနေတာပဲဆိုတော့ တစ်ဝက်ပြည့်တယ်လို. ယူဆလို.ရတာပဲကိုး


ကိုရင်ကျော်-ကျနော် ကွန်ပျူတာကို စလုပ်ဖြစ်တော့ ဘ၀ရည်မှန်းချက်က အပြောင်းလဲကြီးပြောင်းလဲသွားတယ် ကျနော့်ဘ၀ကို ပြောင်းလဲပေးတာကလည်း ကွန်ပျူတာပညာကြောင့်ပဲအရင်က ကိုယ်ပိုင်ကွန်ပျူတာတစ်လုံးကို ပိုင်ဆိုင်ဖို့ဆိုတာ အိပ်မက်တောင်မမက်ခဲ့ဘူး အခုတော့ လုံးဝပြောင်းလဲသွားပြီ


ဟုတ် ဘယ်တော့မှ ကိုယ်မှန်းထားသလို တစ်ထပ်ထည်း မကျတက်တာ သဘာဝလိုဖြစ်နေတယ်


ကိုရင်ကျော်-ကျွန်တော် မန္ထလေးမှာ ကွန်ပျူတာ နဲ့လုပ်စားတဲ့ အချိန်မှာ အရေအတွက် နည်းသေးတယ်အချိန်အခါကောင်းမီတယ်လို့ပြောရမယ်ထင်တယ် ၁၉၉၇ မှာ ကွန်ပျူတာလုပ်ငန်း စလုပ်ပြီ


မောင်(စွယ်စုံကျမ်း)- အိုးမိုင်ဂေါ့ ငါတော့ ကလေးဘ၀ပဲရှိသေးတယ် အတွေ့ အကြုံတွေ မနည်းတော့ဘူးပဲ


ရွှေညာသူလည်း ငယ်သေးတယ် ဟုတ်ကိုရင်ကျော်က ဘဝဖြတ်သန်းခဲ့သမျှကော နည်းပညာအရကော ရွှေညာသူတို.ထက် အများကြီး ရှေ.ပြေးပါတယ်


မောင်(စွယ်စုံကျမ်း)- ဟုတ်တယ်နော်


ကိုမောင့်ရဲ. ငယ်ဘဝအိပ်မက်ကော ပြောပါဦး


မောင်(စွယ်စုံကျမ်း)- ငါပြောရင်မရီနဲ့ နော် ကိုရင်လည်းမရီနဲ့ 


ရီပါဘူးနာ့ကိုရင်ကျော်ရယ် သူများအိပ်မက်ကိုရီစရာလား


ကိုရင်ကျော်- ဟုတ်ကဲ့ မရီပါဘူး


မောင်(စွယ်စုံကျမ်း)-ငါကစုံတယ်ဟ ငယ်ငယ်ကတော့ ဖြစ်ချင်တာတစ်ခုထဲ ရန်ကုန်မှာစားပွဲထိုးလုပ်ချင်တာပါပဲ


ဟိဟိ ဟုတ်


ကိုရင်ကျော်- အခုတော့ဘယ်လိုဖြစ်သွားရတာလဲ


မောင်(စွယ်စုံကျမ်း)- ရွာကရွယ်တူတွေကျောင်းထွက်ပြီး ရန်ကုန်တက် စားပွဲထိုးလုပ်ကြတယ် ပြန်လာရင်ဝလိုတုန်လို့ ဖွေးလို့ ဆိုင်မှာ နို့ဆီစားရတယ်ပြောတာပဲ


ကိုရင်ကျော်- အားကျတယ်ပေါ့


မောင်(စွယ်စုံကျမ်း)- အားကျတာပေါ့ ငါ့မှာလွယ်အိတ်တိုတိုနဲ့ အရိုက်ခံကျောင်းတက်ပေါ့ဟာ ပြန်လာရင်သူတို့ က SKB လေ အသားကလည်းဖွေး အမောင်ကတော့ ဆံပင်ရှေ့တစ်လက်မ နောက်ပြောင်နဲ့  ဘာမှဆိုက်တွေမသိဘူး တအားဖြစ်ချင်တာ ခိုးပြီးရန်ကုန်သွားမယ် ရည်ရွယ်ခဲ့တာပေါ့ အဲဒါငယ်ရည်မှန်းချက် ငယ်ငယ်ကတအားဖြစ်ချင်တာ ကြီးတော့လည်းပြောင်းသွားတာပေါ့


ရွှေညာသူကျတော့ ငယ်တုန်းက သူနာပြုဖြစ်ချင်တာ ရူးလို. ဆယ်တန်းအောင်တော့ BNSC ကမပါ အမှတ်ကချောက်တီးချောက်ချက် ဒါနဲ့ ဂိုးတူ ဂျီတီစီပဲလေ ဒါနဲ့ အခုလို ရောင်တောင်ပေါင်တောင် ဖြစ်လာတာ


မောင်(စွယ်စုံကျမ်း)- နာတည်းအတူတူပဲ


ဘာတုန်း SKB က လင်းပါဦး


မောင်(စွယ်စုံကျမ်း)- SKB ဆိုတာ ဆောကြည့်ဘဲလေကိုရင်မေးကြည့် ကိုရင်လည်း SKB ပဲ


ကိုရင်ကျော်- ပြောကြတာပါပဲ


ကြုံတုန်းမေးဦးမယ် စော်ကြည်ဘဲဆိုတော့လူပျိုသိုးကြိးပေါ့လေ ဟုတ်လားကိုရင်ကျော်


ကိုရင်ကျော်- သိုးနေတာတော့ သိုးတာပေါ့ ကျွန်တော် ကဗျာလေးတစ်ပုဒ် ချစ်သူမြို့တော်မှာ တင်ထားတာရှိတယ် အခုကူးတင်ပေးမယ် အဲဒါ ကျွန်တော့် နှလုံးသားရေးရာပါ ကဗျာလေးခံစားကြည့်ပါဦး


တင်ပေးပါရှင် စောင့်မယ် စောင့်နေတုန်းကိုမောင့်ကလှည့် ကိုမောင်ကော တိုင်းသိပြည်သိ ထပ်မိတ်ဆက်ပေးပါဦး


မောင်(စွယ်စုံကျမ်း)- ကြော်ငြာပေးလေ ပိုင်ရှင်မ၇ှိသေးပါ ရည်းစားစကားပြောချင်းကို လက်ခံစဉ်းစားပေးမည် ဖြစ်ပါကြောင်းလို့   ဟန်ဂျီအင်း ရှိတယ်လေဟာ လူတိုင်းသိနေတာကို


ဒီကဗျာလေးကတော့ ကိုရင်ကျော့်ရဲ့ နှလုံးသား ညွှန်းဆိုမှု ကဗျာလေးပါ အားလုံးပဲ ဖတ်ရှုပေးပါဦးနော်

နှလုံးသားရဲ့ဘုရင်မ
အကောင်းဆုံးမိတ်ဆွေက
ဂစ်တာလေးတစ်လက်လေ
မင်းလေးကတော့
ငါရဲ့နှလုံးသားအရှင်
ဘုရင်မလေးပေါ့။
ဒါ့ကြောင့် ငါလေ အသက်ရှူရပ်သွားတဲ့အထိ
အချစ်သီချင်းလေးတွေကို
မင်းအတွက် သီဆိုပေးမယ်နော်။
မင်းနဲ့ကိုယ်ဟာ မဝေးကွာပေမယ့်
အခုထိ နှလုံးသားချင်း
မနီးသေးပါလားနော်။
ဘာတွေဖြစ်နေတာလဲကွာ၊
ငါတို့တကယ့်ကို
ပျော်ရွှင်ရမှာလား။
ငါ့အပေါ် သံသယတွေ
မထားလိုက်ပါနဲ့နော်။
ငါဟာ မင်းကို
နှလုံးသားရော၊ ဦးနှောက်နဲ့ပါ
အမှန်တကယ်ချစ်ခဲ့တာ။
ဘာမှမရှိသည့်တိုင်
ငါ့ရဲ့အချစ်အတွက်
နောက်ဆုံးအခွင့်အရေးလေးတစ်ခုတော့ပေးပါနော်။
သူငယ်ချင်းတို့ရယ်…
သူကလေးငါ့ကို ချစ်လာဖို့
ဝိုင်းဝန်း ဆုတောင်းပေးကြပါလား။

ဒါဆို အကုန်လုံးနီးပါးလည်းပြီးပြီဆိုတော့ ဆိုက်အက်ဒမင်တွေအတွက် နောက်ပိတ်ဆုံး အကြံပေးချင်တာလေးများ ရှိရင်လည်းပြောပေးကြပါဦး ကိုမောင်ကော ကိုရင်ကျော်ကောပေါ့


ကိုရင်ကျော်- ကျနော် ရှာမတွေ့တာလားတော့မသိဘူးအက်မင်စာရင်း အက်မင်တွေက မန်ဘာတွေတင်တဲ့ပို့တွေကို လိုက်ဖတ်သင့်တယ် နောက်တစ်ချက်က မြန်မာစာအရေးအသား လေ့လာထားသင့်တယ် ကျနော်အကြံပေးတာနော် တခြားဆိုဒ်တွေမှာ အက်မင်တွေတင်တဲ့ပို့တွေကို ကြည့်ရတာ စာလုံးပေါင်း အမှားတွေ အများကြီးပဲ နောက် ကဗျာပိုင်းပေါ့ ကဗျာ ရေးထုံးတွေကို လေ့လာထားသင့်တယ်လေ


ဟုတ်ကျေးဇူးပါရှင် ကိုမောင်ကော ဘာတွေပြောချင်သေးလည်း


ငါလည်း ဘယ်ဆိုဒ်မှ မရောက်တော့ နှိုင်းမယှဉ်တတ်ဘူး တစ်ခုတည်းသောနိုင်းဆိုဒ်က အနာဂတ်မှာပဲဝင်ထားတာ အဲတော့ ဒီလောက်ပါပဲဟာ


*******************************************************************


အားလုံးပဲ အခုဆိုရင် မတူညီတဲ့ အမြင်လေးတွေနဲ့ ဆွေးနွေးသွားကြတဲ့ ကိုရင်ကျော်ကော ကိုမောင်ကောရဲ့ အမြင်လေးတွေကို သိရပြီလို့ ထင်ပါတယ်နော် နောက်များမှာလည်း ဘယ်သူနဲ့ ဘယ်သူတွေရဲ့ မတူညီတဲ့အမြင်တွေ ဆွေးနွေးမှု.တွေ တင်ပြဦးမယ် ဆိုတာ စောင့်မျှော်ရင်း....အခုလို လာရောက်ဖတ်ရှု့ပေးလို့ အားလုံးပဲ ကျေးဇူးအထူးပါလို့ ပြောရင်း စကားဝိုင်းလေး အဆုံးသတ်လိုက်ပါတယ်နော်



                                           လမင်း
Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger