<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » ချစ်နှမငယ်သို့...(၂)

ချစ်နှမငယ်သို့...(၂)


ညီမငယ်..........
သောကအသွယ်သွယ်
လောကအလယ်မှာ
ဒုက္ခတွေကို မိတ်ဖွဲ့
အန္ဒရာယ်ကို ရင်ဆိုင်
ဘ၀ပန်းတိုင်ဆိုတဲ့
အနာဂါတ်တနေရာ
အရောက်လှော်ခတ်လို့
ကျော်ဖြတ်ပါတော့....ချစ်နှမငယ်....။

ယုံကြည်ချက်တစ်ခုကို ဖမ်းဆွဲ
ခရီးကြမ်းကိုလည်း....
လျှောက်ရဲရမည်.....။
တပ်မက်မှုကို စွန့်ခွါ
အထီးကျန်ကမ္ဘာကိုလည်း....
နေရဲရမည်..........။
လွမ်းဆွတ်မှုကို မျိုသိပ်
အိပ်ပျက်ညတွေကိုလည်း......
ရင်ဆိုင်ရရမည်.......။
အတိတ် ဘ၀ကိုစွန့်ခွါ....
ပစ္စုပ္ပန်ကို ရှေ့ရှု..
မင်းဘ၀ကို ပုံထု
လှပတဲ့ ပန်းချီကားတခုကိုဖန်ဆင်း
အရာရာဟာ မင်းအတွက်
မင်းရဲ့ ခြေတလှမ်းဘဲ.....
စထွက်ခဲ့ပါတော့.........ချစ်နှမငယ်.....။.....။

မှတ်ချက် ။ ။ သည်ကဗျာလေးအား အင်္ဂလန်ရှိ ဘာမင်ဂမ် နှင်းတောင်တန်းများကြားမှာ
အထီးကျန်စွာနဲ့ ဘ၀အတွက် ရုန်းကန် ကြိုးစားနေတဲ့ ချစ်ညီမလေး
စန်းစန်းမေ အတွက်.....နှစ်သိမ့်ခြင်းပါ။......။

အောင်အောင် (မကစ)
6 * 12 * 2011
Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger