<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » ရဲဘော်သုံးကျိပ်၏ ဗိုလ်မိုးကြိုး

ရဲဘော်သုံးကျိပ်၏ ဗိုလ်မိုးကြိုး


ဟိုင်နန်ကျွန်း၏ နေပူချိန်အောက်ဝယ် ကျွန်တော်တို့ ရဲဘော်အားလုံး မြန်မာ့လွတ်လပ်
ရေးအတွက် မနားမနေ ပြင်ဆင်လေ့ကျင့်နေကြသည်။ဂျပန်ဆရာကြီးများ၊ ဆရာကလေးများ ကလည်း ကျွန်တော်တို့စစ်ကျောင်းသားတွေကို နာရီသံပတ်လှည့်နေသလို ကွက်မလွတ်


တမ်းလေ့ကျင့်စေခိုင်းနေပြန်သည်။'တစ်ခုခုတော့ ထူးပြီဟေ့၊ ငပုတွေ အရေးတကြီး ခေါင်းချင်းရိုက်နေကြပြီ၊
သူရဲကိုယ် တိုင် ဦးစီးပြီး
အမိန့်တွေပေးနေတယ်'
ဝမ်းစန် (သို့မဟုတ်) ဗိုလ်မြဒင်က ကျွန်တော်တို့ လူစု သေနတ်တိုက်ချွတ်နေရာက
ခပ်တိုးတိုး သတိပေးပြောကြားလိုက်သည်။
သူရဲဟု ကျွန်တော်တို့ မြန်မာရဲဘော်တွေ အသိအမှတ်ပြုထားသည့် နာမည်ဝှက်မှာ
ဟိုက်နန်ကျွန်းရှိ ကျွန်တော်တို့
ကျောင်းအုပ်ကြီး ဂျပန်သူရဲကောင်းတစ်ဦးဖြစ်သူ
ကပ္ပတိန် ကာဂါရှီးမား ဖြစ်ပါသည်။
နာမည်နှင့် လည်း ကိုက်ညီအောင်
ကာဂါရှီးမား၏ ခေါင်းတုံးနှင့်
မျက်နှာတစ်ပြင်ဝယ် တရုတ်
ဂျပန်တိုက်ပွဲမှ အမှတ်တရ
တရုတ်ဓားချက် လှံစွပ်ချက်များဖြင့်
ကန့်လန့်ဖြတ် ပေါ်လွင်နေပါသည်။
ဂျပန်ဆရာကြီး၊ ဆရာကလေးတွေ၏ မျက်နှာအမူအရာ လုပ်ပုံကိုင်ပုံ ကြည့်ရသည်မှာ
အင်မတန် ပျာယာခတ်နေသလို သိပ်အရေးကြီးနေကြောင်း
သိသာနေပါသည်။ ခါတိုင်း ဤကဲ့သို့
အရေးအခင်း နိမိတ်များနောက်တွင်
ခရီးရှည်တိုက်ပွဲကြီးများ
အင်မတန် ပြင်းထန် သော စစ်လေ့ကျင့်မှုတွေကို
တွေ့ရှိနေရသည့် ကျွန်တော်တို့
စစ်ကျောင်းသားများအဖို့ အင်မတန်မှပင်
စိတ်လှုပ်ရှားမှုတွေ ဖြစ်ပေါ်စေပါသည်။
'ဘယ်လို အကြောင်းရင်းဆိုတာ မကြာခင် သိရပါလိမ့်မယ် ရဲဘော်၊ ဖြစ်သမျှ
အကြောင်း အဆိုးချည့်တွေဟာ'
ဟု စွပ်ချီးရားစန် (သို့မဟုတ်)
ဗိုလ်ဥာဏ က ခနိုးခနဲ့ စကား
လုံးတွေနှင့် ကြိုတင်ကာ ဝေဖန်လိုက်သည်။







လမင်း


Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger