အေးစက်စက် နှလုံးသားတစ်စုံနဲ့ 
လေးလေးနက်ကနက် ချစ်ပါတယ်ဆိုတဲ့ မင်း
မလိုတမာ အပြစ်ဆိုစကားတွေနဲ့ 
ငါ့ ရင်ကို ကွဲရှအောင် ဆိုနေမှတော့ 
ကဲ........
ရင်ခွင်ရိုင်းက အလှမ်း
စကားလုံးတွေနဲ့  ထိုးစစ်ဆင်
ငါ....ပြင်ဆင်ချိန်မရလိုက်ဘူး
ထိရှခဲ့ တဲ့  ရင်ဘတ်မှာ
အသေပိတ်ထားတာတောင်
သွေးတွေက ယိုစီးနေလျက်
ခမ်ညံ့ ညံ့ လူတစ်ယောက်ဖြစ်ဖို့ 
ငါ..........မိုက်မဲချင်သေးတယ်
စွဲလမ်းစိတ်နဲ့  အိပ်ပျက်ညဆိုးတွေ
ဘာလို့ များ ၀မ်းနည်းတတ်သူငါ့ ကို
ခလုတ်ဝင်ဝင်တိုက်နေလဲမသိဘူး
ငါ....ခိုဝင်ကြည့် ခဲ့ ဖူးပြီ.....။
လမင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment