<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » မြန်မာမလေးများရဲ့အမျိုးသားဝတ်စုံ...

မြန်မာမလေးများရဲ့အမျိုးသားဝတ်စုံ...

ဒီပို့စ်လေးကို မဖတ်ခင် ရေးရတယ့် ရည်ရွယ်ရင်းလေးကို သိအောင် အရင်ဆုံး စကားဦးသမ်းချင်ပါတယ် .။
ညီမငယ်လေးများ အထူးသဖြင့် အတိုဝတ်ရတာကို နှစ်ခြိုက်တယ့် ညီမငယ်လေးများ သေသေချာချာ ဖတ်ပေးစေချင်ပါတယ် .။ ဖတ်ရူအပြီးမှာ တစ်စုံတစ်ခုသောအသိနဲ့ ဆင်ခြင်ဥာဏ်ကို ရစေချင်ပါတယ် .။ ပြုပြင်စေချင်ပါတယ် .။ ဒီလောက်ပါပဲ.။

အတိုဝတ်မှ လွတ်လပ်တာအမေရဲ့လို့ ပြောသံကို ကြားဖူးပါတယ် .။ ဟုတ်ပါတယ် .။ ဒူးလောက်အတိုကို (အားကစား ဘောင်းဘီ) ၀တ်လိုက်ရင်ပဲ နေရတာ ပေါ့ပါးပါတယ် .။ တင်သားဖုံးရုံးလေး တင်ဝတ်ထားတယ့် အတိုတော့ အိမ်မှာနေရင်းတောင်မှ မ၀တ်ဖူးပါ.. လူလယ်ခေါင်မှာဆို ပိုဆိုး ဒီတစ်သက် ၀တ်ဖို့ရာ အကြောင်းမမြင်
ကျွန်တော်က ယောက်ျားလေးတစ်ယောက်ပါ .။ ယောက်ျား တစ်ယောက် တောင်မှ ရှက်လို့ရှိတာကို မိန်းမသားလေးတွေက....။ ဘယ်လောက်အထိ အရှက်နည်းကြတယ်ဆိုတာ တွေးမိလေ ပေါ်လေပဲ နော် .။
အတိုဝတ်မှ လွတ်လပ်တာအမေရဲ့လို့ ပြောသံကို ကြားဖူးပါတယ် .။

ဘာတွေများ လွတ်လပ်လဲဆိုတော့ မိန်းမလေးတစ်ယောက်ရဲ့ အရှက်တွေ ဣနြေ္ဒတွေ သိက္ခာတွေ လုံခြုံမှုတွေ ပေါ့ ။ အကုန်လုံး လွတ်ပြီးတော့ လပ်ကုန်တာလေ .။ အဲ့ဒါတွေ မရှိမှတော့ မိန်းမတစ်ယောက်ရဲ့ ဣနြေ္ဒတွေ သိက္ခာတွေက အဲ့ဒီမိန်းမကို ဘယ်လိုမှ ကာကွယ်ပေးနိုင်စွမ်း မရှိနိုင်တော့ဘူးလေ.။ တကယ်တော့ မိန်းကလေးဆိုတာ ဘယ်ပတ်ဝန်းကျင်မှာမဆို ဣနြေ္ဒနဲ့ သိက္ခာနဲ့ နေနိုင်မှ တော်ကာကျတာပါ.။ မိန်းမတို့ဘ၀ဆိုတာ နစ်နာစရာရှိရင် ကိုယ်ကပဲ နစ်နာရတာမျိုးလေ.။

အဲလို ဣနြေ္ဒတွေ သိက္ခာတွေ မရှိမှတော့ ဘယ်လိုမျိုး ဖြစ်လာသလဲဆိုတာ ဆက်ဖတ်ကြည့်နော် .။ (လူတိုင်းက စော်ကားရဲတာပေါ့ စော်ကားချင်လောက်အောင် ၀တ်ထားတာကိုးဗျ)
မြန်မာမိန်းကလေးတွေရဲ့ အမျိုးသားဝတ်စုံဆိုတဲ့အခါကျတော့
အမျိုးသားဝတ်စုံရယ်လို့ ရှိချင်သေးလား။ မရှိရင်လည်း ရတာပါပဲလို့
အောက်မေ့နေကြသလား။ ရှိချင်သေးတယ်ဆိုရင်တော့ အောက်ထစ်ဆုံး ထဘီတော့
ဝတ်စုံအဖြစ် သတ်မှတ်ရဦးမှာပဲ။ ကုလားမတွေကို ကြည့်လိုက်ရင် ဆာရီဟာ သူတို့
အမျိုးသားဝတ်စုံပါပဲ။
ဒါဟာ အခုပြဿနာလုပ်နေရတယ်။


ဘာဖြစ်လို့လဲဆိုတော့
ဒီခေတ်တက်လူမိန်းကလေးတွေက ခါးမှာ ထဘီမဟုတ်ဘဲနဲ့ စကတ်တို့၊ ဘောင်းဘီတို့
ဝတ်နေကြလို့ပါ။ စကတ်ဆိုတာ ထဘီမဟုတ်ဘဲနဲ့ ထဘီယောင်ဆောင်လာတဲ့
အဝတ်တစ်မျိုးပါ။ သူက ခါးပေါ်မှာတော့ ဝတ်တယ်။ ဒါပေမယ့် ထဘီလို
လုံလုံခြုံခြုံ ချီထား ဖုံးထားတဲ့ အဝတ်အထည်မျိုးမဟုတ်ဘူး။
ပေါင်ရင်းလောက်တိုတဲ့ စကတ်ရှိတယ်။ ဒူးအောက်ရောက်တဲ့စကတ်ရှိတယ်။ စကတ်ကို
ပေါင်ရင်းအထိ ခွဲထားတဲ့ စကတ်ရှိတယ်။ တချို့
နောက်တည့်တည့်ကခွဲတဲ့စကတ်တောင် ရှိသေးတယ်။ အခု မြန်မာမလေးတွေဝတ်တဲ့ စကတ်က
ပေါင်လောက်ထိတိုတဲ့ စကတ်မျိုးတွေတောင် ရှိနေပြီ။ ဝတ်ရတဲ့လူတွေက
ဝတ်နေကြပြီ။ နို့ပေမယ့် ဘေးခွဲ၊ နောက်ခွဲနဲ့ စကတ်ရှည်ရှည်တွေကတော့
မြန်မာမိန်းကလေးတိုင်းလိုလို ဝတ်ဝံ့တာ မြင်နေရပါပြီ။

 အပေါ်ပိုင်းကျပြန်တော့လည်း ရင်ညွှန့်အထက် ဘာမှ မရှိဘူး။
အမေတို့ ရှေးတုန်းက အမျိုးသမီးတွေဟာ ရင်လျားကြီးနဲ့လူထဲ မထွက်ရဲကြပါဘူး။
ခုတော့ ရင်လျားထားတဲ့အတိုင်း အပေါ်ပိုင်းဗလာနဲ့ လက်သန်းတစ်ခြမ်းလောက်
ကြိုးလေးတွေသာ ပခုံးမှာ ချိပ်လို့။ လူမြင်ကွင်းမှာ သွားနေလာနေကြတာ
မသင့်လျော်လွန်းပါဘူး။ ဟိုးဘိုးစဉ်ဘောင်ဆက်ထဲက အရှက်ကို အသက်နဲ့လဲမယ်
ဆိုပြီး အမေတို့ မြန်မာမိန်းမတွေ ကြွေးကြော်ခဲ့တဲ့စကားရှိပါတယ်။ အရှက်ကို
အသက်ထက်ပိုပြီး တန်ဖိုးထားတဲ့စကားတွေပါ။ ဒါကြောင့် သမီးလေးတို့ကရော
အုပ်ထိန်းသူတွေကပါ ဝိုင်းဝန်းတည့်မတ်ပေးကြပါ။

နောက်တစ်ခုက အခုခေတ် မြို့ပေါ်က မြန်မာမိန်းကလေးတွေဝတ်တဲ့
ဘောင်းဘီမျိုးကိုတော့ အမေ အတော် အံ့သြမိတယ်။ ချက်ပေါ်အောင်ဝတ်တယ်။
အပေါ်အင်္ကျီ တိုနံ့နံ့နဲ့ မို့ ဘောင်းဘီနဲ့ ကုန်းကွနေရင် အမျိုးသမီးအောက်ခံ
ဘာရောင်ဝတ်တယ်ဆိုတာတောင် မောင်နဲ့နှမ သားနဲ့အမိ အမြင်မတော်တာတွေတောင်
တွေ့နေကြရပြီဆိုပဲ။ အမေတို့ မြန်မာ့ဓလေ့ထုံးစံက မိန်းကလေးဝတ်တဲ့
အဝတ်အစားဟာ လျှပ်ပေါ်တယ် လော်လီတယ် ဆိုတာမျိုး မဖြစ်စေရဘူး။ အခုတော့
တမင်ပဲ လျှပ်ပေါ်လော်လီတဲ့ အဆင်အပြင်ကို ရွေးဝတ်နေကြတယ်။ အမေတို့
မြန်မာမိန်းမတွေမှာ ဖုံးကွယ်အပ်တဲ့ အရာကို အလွန်တရာ ဖော်ချင်လှစ်ချင်
ဖြစ်နေကြတယ်။ ဒါဟာ ခေတ်မီတာ ၊ ခေတ်ဆန်တာလို့ ထင်နေသလား။

အဲဒီနေရာမှာ တို့မြန်မာနဲ့ တခြားလူမျိုးက ပြောင်းပြန်ပါ။
တခြားက မိန်းကလေးတွေက ဘာနဲ့မဆို ဆွဲဆောင်နိုင်တယ်လို့ ခံယူတယ်။
တို့မြန်မာက အဲဒီလို မဟုတ်ဘူး။ မြန်မာမတွေက ကိုယ့်မှာ ရှိတဲ့
အရည်အချင်းအစစ်တွေနဲ့ လုပ်စရာရှိတာကို လုပ်နိုင်တယ်။

ခုခေတ် တချို့မိန်းကလေးတွေရဲ့အမြင်က အမေတို့နဲ့ တော်တော်ကို
ကွာဟနေတယ်။ ဥပမာဆိုပါတော့ အမေတို့ တစ်သက်လုံး လက်ခံလာတာက ချက် ဆိုတာ
မိန်းမတစ်ယောက်ရဲ့ဖော်အပ်လှစ်အပ်တဲ့ အရာမဟုတ်ဘူး။ လုံလုံခြုံခြုံ
ဖုံးကွယ်ထားရမယ့်အရာမျိုး။ အခုခေတ် တချို့မိန်းကလေးတွေက ဒီချက်ကြီးကို
ဖော်ရုံလှစ်ရုံမက ရွှေငွေရတနာများ ဆင်ယင်သေးသတဲ့။ အံ့သြလို့မဆုံးဘူး။
သူတို့ အဖေတွေကလည်း ဒါကို ကြည့်နေကြသတဲ့။ အဲဒီတော့ ခေတ်ကြီးကိုပဲ
အပြစ်တင်ရမလား။ လူတွေ ကဲလာရဲလာတာကိုပဲ အပြစ်တင်ရမလား။ အမေ
အသက်ရှည်နေသေးတာကိုပဲ အပြစ်တင်ရမလား။ မပြောတတ်တော့ဘူး။

အောင်မင်္ဂလာကားကွင်းကနေ ပြန်လာခဲ့တယ် .။ ၄၃ အထူးနဲ့ .။ ကမ္ဘာအေး ဘုရားမှတ်တိုင်မှာ ဆင်းတယ် .။ ဆင်းဆင်းချင်း သတိထားမိတာက ဘောင်းဘီ တင်သားအုပ်မိရုံလေး ၀တ်ထားတယ့် အကျီ င်္ ပန်းရောင်နဲ့ မိန်းမလေး နှစ်ယောက် .။ အချိန်က ည ၇နာရီခွဲ .။ အတိုဝတ်ထားတာတင်လားဆိုတော့ မဟုတ်ဖူး အပေါ်အကျီ င်္ကလည်း ရင်ခုန်စရာ ကောင်းလောက်အောင် အလှပတွေကို -ထုတ်- ပြထားတယ် .။ ဘေးနားက ပန့်လား အီမိုလား မသိပါဘူး .။ ဆံပင်ရွှေရောင် ထိုးထိုးထောင်ထောင်နဲ့ ပုံမလာတယ့် ကောင်လေးနှစ်ယောက် .။ အော် သူတို့အတွဲလေးတွေပဲလို့ပဲ ခပ်ပေါ့ပေါ့ တွေးလိုက်မိတယ် .။ ကောင်လေးနှစ်ယောက်ဆီက ဆေးလိပ်နံ့ နံလို့ ကျွန်တော် နေရာပြောင်းပြီးတော့ ကားစောင့်နေတယ် .။ ( ၁၅၇ / ၉၂ အထူး )။

ကျွန်တော်နေရာပြောင်းသွားတော့ ခဏနေတော့ ကျွန်တော့်နားကို ကလေးမလေး နှစ်ယောက်လိုက်လာကြတယ် .။ အော် အဲ့ဒီကျမှ သတိထားလိုက်မိတယ် .။ ကောင်လေးနှစ်ကောင်က သူတို့နားမှာ ရစ်သီရစ်သီလုပ်နေတာကိုး .။ နည်းနည်းတော့ သဘောပေါက် လိုက်မိပါတယ် .။ ကဲ ဒါက ပြောချင်တယ့် အချက်တစ်ချက် .။ အနားနားမှာ လှလှပပ လုံလုံခြုံဝတ်ထားတယ့် မိန်းကလေးတွေ အများကြီးပဲ .။ တစ်ချို့ဆို တစ်ယောက်တည်း .။ သူတို့ကို အဲ့ဒီ အီမို နှစ်ကောင်က ဘာလို့မနှောင့်ယှက်တာလဲ .။ ရှင်းပါတယ် .။ သူတို့မှာ အကာကွယ် ပါတယ်လေ .။ ဘာများလဲ ..??? ။

ညီမငယ်တို့ရဲ့ မွေးရာပါ မိန်းမတို့ဣနြေ္ဒ မိန်းမတို့သိက္ခာလေ .။ ဣနြေ္ဒနဲ့ သိက္ခာနဲ့ နေတယ့် မိန်းကလေးတစ်ယောက်ကို ဘယ်ပတ်ဝန်းကျင်ကမှ မနှောင့်ယှက်ရဲပါဘူးဗျာ .။

နောက် ကလေးမလေး နှစ်ယောက်က တိုးတိုး တိုးတိုးနဲ့ ပြောနေကြတယ် .။ ကျွန်တော့်ကို ကြည့်ကြည့်ပြီးတော့ ပြောနေကြတယ် .။ ကားမစီးတတ်လို့ မေးချင်တာထင်တယ်.။ ကျွန်တော့်ဘေးမှာ ကပ်လျက် .။ တာမွေအ၀ိုင်းတယ့် .။ အဲ့ဒါကိုဗျာ .။ အဓိပတိ အပြာက (အခုမှ ဆိုက်လာတယ့်ကား) ဘယ်လိုများ ကြားသွားလဲမသိပါဘူး .။ စာဖတ်သူ တွေးကြည့်နော် ကမ္ဘာအေး ဘုရားမှတ်တိုင်ကနေ တာမွေအ၀ိုင်းကိုသွားဖို့ ကားစောင့်နေတာ ။ ရောက်တယ့်ကားတွေက ကျွန်တော်သိသလောက် ( ၁၅၇ / ၉၂ / ၃၃၃ အထူး ) ရယ်၊ ၄၃ အဖြူရယ် ၊ ၇၄ ရွှေရန်ကုန် ၊ ၁၀၅ / ၁၀၃ ဒိုင်နာ။ ကားတွေပဲရောက်တာလေ .။ အဓိပတိ အပြာက မရောက်ဘူးလေ.။ အဲ့ဒါဗျာ အတင်းကို ရပ်စောင့်ပြီး ခေါ်တင်သွားတယ် .။ ကျွန်တော်ကတော့ မရောက်တယ့် အကြောင်း ခေါင်းရမ်းပြလိုက်ပါတယ်.။ မရပါဘူး.။ အောက်မှာထိုင်နေတယ့် အတွဲလေးဆီက ကောင်လေးကလည်း လှမ်းပြောသံ ကြားလိုက်ရပါတယ် .။ Taxi ငှားသွားရင် ပြီးရောကွာ.တယ့် .။ အားလုံးကလည်း မှင်သက်ပြီးတော့ ငေးနေကြပါတယ် .။ ဒိုင်နာကား စပယ်ယာကြီးရော ..။ ပတ်ဝန်းကျင်မှာ တဒင်္ဂလေးတော့ ငြိမ်သက်သွားပါတယ် .။

ကဲ ညီမငယ်လေးတို့ စာဖတ်သူတို့ ဒီကလေးမလေး နှစ်ယောက်ကို သွားချင်တယ့်မှတ်တိုင်ကို မရောက်ဘဲနဲ့ အဓိပတိအပြာရဲ့ စပယ်ယာက အတင်းခေါ်သွားတာ.။ ဘာလို့လဲ.??? ။ ကျွန်တော်ကတော့ ကလေးမလေးတွေရဲ့ အ၀တ်အစားက အရှက်လုံရုံပဲ ၀တ်ထားတာကိုပဲ အပြစ်တင်ချင်တယ် .။ အရမ်းဟော့တယ် ဟာလေးတွေ ဆိုပြီးတော့ ..။ ဣနြေ္ဒနဲ့ သိက္ခာနဲ့ နေတယ့် မိန်းကလေးတစ်ယောက်ကို တော့ ရုပ်ပျက်လောက်အောင်ကို စောင့်ခေါ်တင် မသွားရဲဘူးလို့ မြင်မိပါတယ် .။

ကျွန်တော်လည်း အစကတည်းက သူတို့သွားချင်တယ့် မှတ်တိုင်ကို ဘယ်ကားတွေ စီးရတယ် ဆိုတာကို ပြောချင်ပါတယ် .။ ဒါပေမယ့် သူတို့လေးတွေ ၀တ်ထားတာက မလုံမခြုံ ဖြစ်နေတာဆိုတော့ တော်ကြာကိုယ့်ကို နာဘူးလို့ ထင်ခံရမှာလည်း စိုးရိမ်မိတယ် .။ ပြီးတော့ ယောက်ျားတစ်ယောက်ရဲ့ တည်ကြည်တယ့် သိက္ခာကိုလည်း ငဲ့ရတယ်လေ ဗျာ .။

အခုတော့ ကျွန်တော့်မှာ ဆက်တွေးစရာတွေချည်းပဲ .။ တကယ်တော့ အဓိပတိ အပြာကို စီးရင် ပါရမီ ကားကွင်းကိုရောက်မယ် .။ ပြီးမှ တစ်ခါ ပြန်စီးရမယ်.။ အနည်းဆုံးတော့ နှစ်ဆင့်စီးရမယ်လေ.။ နည်းနည်းလေး စိုးရိမ်တတ်တယ့်သူ.။ နောက် နည်းနည်းလေး အဆိုးမြင် တတ်တယ့်သူ ဆိုရင်တော့ တစ်ခုခုကို တွေးမိမှာပါ .။ အကောင်းမြင်တတ်တယ့်သူဆိုရင်တော့ နှစ်ဆင့်စီးပြီးတော့ ရောက်သွားပါလိမ့်မယ်လို့ ဖြေတွေး တွေးနေလောက်တယ် .။

အဓိပတိအပြာက စပယ်ယာကိုကိုတို့ကပဲ ညီမနှေးတွေကို ကူညီချင်စိတ် လွန်ကဲနေတာလားတော့မသိပါဘူးဗျာ .။
ကိစ္စလေးတစ်ခုကို ရေးကြီးခွင်ကျယ်လုပ်ပြီးတော့ တင်ပြနေတာတော့ မဟုတ်ပါဘူး .။

ညီမငယ်လေးတွေအတွက် စိုးရိမ်စိတ်လွန်ကဲစွာနဲ့ တင်ပြနေခြင်းပါ.။ ကျွန်တော်လည်း နောက်ဆို တတ်နိုင်သရွေ့ကူညီ ပြောပြ တော့မယ်လို့ ဆုံးဖြတ်လိုက်မိတယ် .။ ထင်ချင်တာ ထင်ပါစေ .။ မတော် ကိုယ့်ရှေ့မှာ ဒုက္ခရောက်သွားရင်.. ။ မိန်းကလေး အချင်းချင်း ကူညီကြတာ ပိုကောင်းပါတယ် .။ ညီမငယ်လေးတွေလည်း အမြင်မတော်တာတွေ တွေ့ရင် မိန်းမချင်း ကိုယ်ချင်းစာစိတ်နဲ့ ကူညီကြပါလို့ ပြောချင်ပါတယ် .။

အင်းဗျာ အမှတ်တမဲ့ တွေ့ခဲ့ရတယ့် မကူညီနိုင်ခဲ့တယ့် ညီမငယ်လေး နှစ်ယောက် အဆင်ပြေပါစေလို့ စိတ်ထဲမှာ ဆုတောင်းနေမိတယ်။

၁.။ အဓိက အချုပ်ပြောရရင် ညီမငယ်လေးတွေ အရမ်းတိုလွန်းတာတွေ အရမ်းပေါ်လွန်းတာတွေကို မ၀တ်ကြပါနဲ့ .။ မိန်းမတစ်ယောက် ဆိုတာ ပတ်ဝန်းကျင်မှာ ဣနြေ္ဒနဲ့ သိက္ခာနဲ့ ရပ်တည်ရတာ .။ ဣနြေ္ဒနဲ့ သိက္ခာနဲ့ ရှိမှာ ပတ်ဝန်းကျင်ကမစော်ကားရဲမှာ .။ အ၀တ်မတော်ရင် အလွယ်တကူ စော်ကား ခံရနိုင်ပါတယ် .။ သတိချပ်စေချင်ပါတယ် .။
သောက်ရေအိုးထဲကရေဆိုရင် ဘယ်သူမဆို တန်ဘိုးထားကြမှာပါ.။ အေး... အိုင်လိုမျိုး လူတကာ မျက်စိကို တဏှာကျွေးဖို့တို မိမိအရှက်ကို ဖော်ထားတယ် ဆိုရင်တော့ တဏှာ ဘီလူးတွေရဲ့ အစားကို ခံရမှာဆိုတာ သိစေချင်ပါတယ် ညီမလေးတို့ရယ် .။
ညီမငယ်တို့ ညရေးညတာ သွာတာလာတာဆိုရင် အစ်ကို မောင်တစ်ယောက်ယောက် တော့ ခေါ်သွားသင့်ပါတယ် .။

၂။ နောက် တစ်ခုကတော့ သူငယ်ချင်းတွေ ဘယ်သူမဆို ပတ်ဝန်းကျင်က ညီငယ် ညီမငယ်လေးတွေလမ်းမှား နေတာကို တွေ့ရင် အမုန်းခံပြီးတော့ တားဆီးကြ ပဲ့ပြင်ကြ လမ်းညွှန်ကြပါလို့ .။ ညီငယ် ညီမငယ်တို့ကလည်း လိုက်နာကြပါလို့ .။
မြန်မာအမျိုးသား မြန်မာအမျိုးသမီးတို့အတွက် အသင့်တော်ဆုံးဖြစ်တယ့် မြန်မာ့ ယဉ်ကျေးမှုကို အစဉ်တန်ဘိုးထားလျက် (နိုင်ကြစေ)


                                လမင်း
Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger