<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » လင်နှင့်မယား ဟာသများ

လင်နှင့်မယား ဟာသများ



လင်။ ။ မယားဆိုတဲ့ အဓိပ္ပါယ်ကို သိသလား? မယားဆိုတာ ပြန်မပြောဘူး။
အမြဲတမ်း နောင်ဂျိန်ချနေတာကို ပြောတာပေါ့။

မယား။ ။ မဟုတ်ဘူး အချစ်….အမြဲတမ်း ငပေါကြီး ဖြစ်နေတာကို ပြောတာ။


************ *********



မယား။ ။ ကျွန်မက သတင်းစာလေးဖြစ်ချင်တယ်။ ဒါမှ နေ့တိုင်းရှင့်လက်ထဲမှာ ရှိနေနိုင်မှာပေါ့။
လင်။ ။ မောင်ကလည်း ခင့်ကို သတင်းစာဖြစ်စေချင်တယ်။
 ဒါမှ နေ့တိုင်း သတင်းတွေ နေ့တိုင်းရနေမှာပေါ့။


************ *********



ဆရာဝန်။ ။ မင်းယောက်ျား….ငြိမ်းချမ်းစွာနဲ့ အနားယူဖို့လိုနေပြီ။ ဟောဒီမှာ အိပ်ဆေးတွေ။
မယား။ ။ ကျွန်မက သူ့ကို ဘယ်အချိန်ဆေးတိုက်ရမှာလဲ။
ဆရာဝန်။ ။ အဲဒီဆေးတွေက မင်းသောက်ရမှာ…

************ *********


မယား။ ။ ရှင်…ဘယ်လောက် အ-သလဲ သိချင်လို့ ရှင့်ကို ကျွန်မလက်ထပ်ခဲ့တာ။
လင်။ ။ ငါက မင်းကို လက်ထပ်ခွင့်တောင်းကတည်းက ငါဘယ်လောက်
အ-တယ်တယ်ဆိုတာ မင်းသိခဲ့သင့်တယ်။


************ *********



လင်။ ။ ဒီနေ့ တနင်္ဂနွေနေ့ပဲ ငါပျော်ချင်တယ်ကွာ။ ဒါ့ကြောင့် ငါရုပ်ရှင်လက်မှတ် ၃ စောင်ဝယ်ခဲ့တယ်။
မယား။ ။ ဘာလို့ ၃ စောင်ဝယ်လာတာလဲ။
လင်။ ။ မင်းနဲ့မင်းမိဘအတွက် ၀ယ်လာတာလေ။


************ *********


မယား။ ။ ကျွန်မသာ ဧ၀ရက်တောင်ထိပ်ကို တက်နိုင်ခဲ့ရင် ရှင်က ကျွန်မကို ဘာပေးမှာလဲ။
လင်။ ။ ချစ်ခင်စွာနဲ့ တစ်ချက်တွန်းလိုက်မှာပေါ့ကွယ်။

************ *********


မေးခွန်း။ ။ မင်းရဲ့မယားမွေးနေ့မှာ အလွန်သတိရစေမယ့်နည်းလမ်းကဘာလဲ။
အဖြေ။ ။ သူ့ရဲ့မွေးနေ့ကို မေ့ထားလိုက်မယ်လေ။ ဒါဆို သူ ဘယ်တောမှ မမေ့တော့ဘူးလေ။

************ *********


လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်ပြီးတော့ မယားက လင်ကို ပြောတယ်။
“ရှင်…သိထားသင့်တယ်။ ကျွန်မက ရှင့်ကို ရူးလို့သာလက်ထပ်ခဲ့တယ်ဆိုတာလေ”
ယောက်ျားဖြစ်သူက ပြန်ပြောတယ်။
“အချစ်ရယ်…ချစ်လျှင် အပြစ်မမြင်ဘူးလေ”



  လမင်း

Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger