<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » အိန္ဒိယပြည် ဗုဒ္ဓသာသနာ့သမိုင်း

အိန္ဒိယပြည် ဗုဒ္ဓသာသနာ့သမိုင်း

အားလုံးသော ဘုရားရှင်တို့ ပွင့်တော်မူကာ ပရမတ္ထ သစ္စာမျိုးစေ့ ကြဲချပေးခဲ့ရာ နေရာဖြစ်သော်လည်း ယနေ့ခေတ် သာသနာ နှစ်ပေါင်း ( ၂၅၅၅ ) ခုနှစ် ကြာမြင့်ခဲ့ချိန်မှာတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်ဦးရေ ကို လက်ချိုးရေတွက် ရ လောက်အောင် နည်းပါးပြီး သာသနာကွယ်သလောက် ဖြစ်နေပြီဖြစ်သော မဇ္ဈိမဒေသ အမည်ခံ အိန္ဒိယနိုင်ငံ၏ သာသနာ့သမိုင်းကိုစုံစုံလင်လင်တမျှတင်ပြထားသောစာအုပ်ဖြစ်ပါသည်။


ဗုဒ္ဓမြတ်စွာ ပွင့်တော်မမူခင် ဟိန္ဒူဝါဒ ဗြဟ္မဏ၀ါဒများ လွှမ်းမိုး ကြီးစိုးခဲ့သလို ဘုရားရှင် ပွင့်တော်မူချိန်တွင် ထိုဝါဒများ ပျောက် ကွယ်သလောက် ဖြစ်ခဲ့ပြီး ယနေ့အချိန်မှာတော့ အဟိံသာဝါဒ ခေါ် ဟိန္ဒူဝါဒသာ လျင် ပြန်လည် ကြီးစိုးကာ လွှမ်းမိုးနေ သည် များကို တင်ပြထားသည်။


ဥပမာအားဖြင့် ဖော်ပြရလျင်မိုးခေါင်နေသောတိုင်းပြည်တစ်ခုကိုစိုစိုပြည်ပြည်ဖြစ်အောင်သည်းထန်စွာမိုးရွာသောကြောင့် မြက်ခင်းပြင်များ၊ သစ်ပင်များ စိမ်းစိမ်းစိုစို ဖြစ်နေကြသော်လည်း မိုးရွာခြင်း ရပ်တန့်ပြီးဆုံးသောအခါ ပြန်လည် မိုးခေါင် သကဲ့သို့ မြတ်စွာဗုဒ္ဓ ပွင့်တော်မူလာခြင်းဖြင့် ပူလောင်သောက များပြားနေသော လူ နတ် ဗြဟ္မာ သတ္တ၀ါ အပေါင်းတို့အား တရားရေအေး အမြိုက်ဆေးကို အင်တိုက်အားတိုက် တိုက်ကျွေးတော် မူပြီးသည့်နောက် ယခုအခါ ပြန်လည် မိုးခေါင်နေသကဲ့သို့ ဖြစ်နေပေပြီ၊


မိုးခေါင်နေသော ကျပ်တီးကုန်းနှင့် တူသော တချိန်က သာသနာထွန်းကားခဲ့ရာ ယနေ့ အိန္ဒိယနိုင်ငံ၏ သာသနာကွယ်ပပုံများ ကို လေ့လာကြရမည် ဖြစ်သောကြောင့် ရှားပါးစာအုပ်အဖြစ် မှတ်တမ်းတင် လိုက်ပါသည်။

Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger