<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » မြတ်ဆရာသို့ 

မြတ်ဆရာသို့ 

ကခဂဃ၊ စေ့ငုလှစွာ၊
ချော့ကာတစ်ဖုံ၊ ခြောက်တုံတစ်လှည့်၊
ရေးကွဲ့ တစ်ခါ၊ ကျက်ပါတစ်မျိုး၊
မရိုးမဆန်း၊ ကျောင်းခန်းတွင်းမှာ၊
သင်းရင်ပြရှာ - သင်ဆရာ။
စံတုပြုရ၊ မြင်သမျှကို၊
မသင်မပြ၊ တဒင်္ဂတွင်၊
ရင်မှမှတ်စွဲ၊ ရခဲပညာ၊
တတ်ကောင်းစွာကို၊ နာယူမှတ်သိ၊
မြင်မိတတ်စွာ - မြင်ဆရာ။
သောတအာရုံ၊ ကြားတုံရှိခိုက်၊
အမိုက်အမှောင်၊ လင်းရောင်သာဖုံး၊
ကြားတုန်းမတ္တ၊ ရစွပညာ၊
ကျိုးနှစ်ဖြာကို၊ ကောင်းစွာသုံးတတ်၊
ကြားတုန်းမှတ်တာာ - ကြားဆရာ။

 သင်မြင်ကြားနာ၊ အိုဆရာတို့ ၊
ဘ၀နာနာ၊ ဖြတ်ကာသန်းရင်း၊
ကြီးပြင်းခုခါ၊ ရောက်ရာမှဖြင့်၊
လျောက်ပတ်တင့်တယ်၊ လူ့ ဘုံလယ်၌၊
စရိုက်မျိုးမျိုး၊ ဖြတ်သန်းတိုးရင်း . . .
ကောင်းဆိုးနှစ်တန်၊ ကြုံတွေ့ ပြန်ရင်း . . .
လမ်းမှန်လမ်းမှား၊ ဖြတ်သန်းသွားရင်း . . .
နိမ့်ငြားမြင့်တုံ၊ အကြောင်းစုံရင်း . . .
လူ့ ဘုံနန်းဝါ၊ ဓမ္မတာကို၊
ပညာဥာဏ်မြင်၊ သတိယှဉ်သုံး၊
ဆရာ့ထုံးနာ၊ တပည့်မှာစုံ၊
မကုန်နိုင်ပါ၊ မြတ်ပညာအား၊
လိုခါသုံးချ၊ ဆရာ့ကျေးဇူး၊
ရှိခဲ့ဘူးကို၊ ဦးထိပ်ပန်ဆင်၊
ကျေးဇူးတင်သည်
ဆရာသခင်သိပါစေ ။

 လမင်း
Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger