<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » ခရမ်းသီးဝန် မဟုတ်သော ဦးပေါ်ဦး

ခရမ်းသီးဝန် မဟုတ်သော ဦးပေါ်ဦး


"ပေါ်ဦး"
"ခစားလျှက်ရှိကြောင်းပါ ဘုရား"


"ဤရာသီတွင်……….ခရမ်းသီးကို ကြော်စားရသော်………မကောင်းပေဘူးလားကွယ်………"
ဘိုးတော်မင်းတရားကြီးက မေးသည်။ နိမိတ်ပြမေးခွန်းဖြစ်သည်။မင်းကြီးကိုယ်တိုင်က စားချင်သောဆန္ဒ ကရှိနေသည်။ ထို့ကြောင့်စကားဦးသမ်း၍မေးနေခြင်းဖြစ်သည်။
"သင့်မြတ်လှကြောင်းပါဘုရား"
စင်စစ်………ယင်းရာသီတွင်ခရမ်းသီးသည်ရာသီစာမဟုတ်။မသင့်လှ။သို့သော်ဦးပေါ်ဦးက အလိုက်သင့် ဖြေသည်။
နောက်တစ်နေ့ ညီလာခံတွင်ဖြစ်သည်။ ဘိုးတော်မင်းတရားကြီးသည် ချောင်းတဟွတ်ဟွတ် ဆိုးနေသည်။
"ဟဲ့………. ပေါ်ဦး"
"အမိန့်တော်သံ နာခံလျှက်ရှိကြောင်းပါ ဘုရား"
"ခရမ်းသီးကြော်ကို ပွဲတော်တည်တာ ချောင်ဆိုးးလှသကွယ်….၊ ညကလည်းကောင်းကောင်းမအိပ်ရဘူး. . . "
"မှန်လှပါ ။ဤရာသီတွင် ခရမ်းသီးကို ပွဲတော်တည်ပါက …….ချောင်းဆိုးတတ်ပါသည်ဘုရား……."
"ဟဲ့…….. ပေါ်ဦး၊မောင်မင်းပဲ မနေ့က သင့်မြတ်လှကြောင်းပါဆို……."
"မှန်လှပါ အရှင်ဘုရား၊ ကျွန်တော မျိုးသည် …….ရေမြေ့သခင် ဘ၀ရှင်မင်းတရားကြီး၏ကျေးဇူးကိုသာ စောင့်သိသည့် …အရှင်၏၀န်သာဖြစ်ပါသည်ဘုရား။ ခရမ်းသီးကျွန်တော်မျိုး၏အပေါ်တွင် ကျေးဇူးမရှိ၊ ခရမ်းသီး၏ကျေးဇူးကိုစောင့်သိစရာမလိုပါဘုရား၊ကျွန်တော်မျိုးဟာ ခရမ်းသီးဝန်မဟုတ်ပါဘုရား။ ထို့ကြောင့်… ကျေးဇူးရှင်မင်းတရားကြီး၏ဆန္ဒအလိုလိုက် လျှောက်ထားခြင်းဖြစ်ကြောင်းပါဘုရား။"
ဦးပေါ်ဦးက ၀ံ့စားစွာ လျှောက်ထားသည်။ ညီလာခံပရိတ်သတ်တို့မှာ တိတ်ဆိတ်စွာနားစွင့်နေကြသည်။ ဘိုးတော်မင်းတရားကြီးမှာ ကျိတ်ပြုံးလေးပြုံးမိရှာသည်။ဦးပေါ်ဦး လျှောက်လိုက်တိုင်း ချမ်းမြေ့စရာပင်။ ဦးပေါ်ဦးသည်ကား အရှင့်ကျေးဇူးကိုစောင့်သိသောကျွန်ဝန်။
ဦးပေါ်ဦးသည်ကားခရမ်းသီးဝန်မဟုတ်။
ဦးပေါ်ဦးလျှောက်ထုံးပုံပြင်များ


                     လမင်း
Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger