<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » အမေ့မေတ္တာမြမြင့်မိုရ်( မိခင်မေတ္တာ)

အမေ့မေတ္တာမြမြင့်မိုရ်( မိခင်မေတ္တာ)

  • အမေ့မေတ္တာ
  အမေ့အကြောင်း
  ကဗျာစာပေါင်းရာထောင်သောင်းမျှ
  ဖွဲ့ကြဂုဏ်ရည်ရေးသီကြလည်း
  ရေးသမျှမကုန်
  ဖွဲ့သမျှမကုန်
  ကမ္ဘာမှာ……
  ဘယ်အခါမှမပျောက်တဲ့
  ကြိုင်လျှောက်မွှေးထုံ
  အနန္တပန်းတစ်ရုံလေ…..

  • အမေဟာ
စကားကို အသုံးမလှပေမဲ့
သားကိုဆုံးမ
နှလုံးလှသူဖြစ်တယ်……..
အလင်္ကာလှစ်ကာ မကြားတတ်ပေမဲ့
အကြင်နာမေတ္တာအားနဲ့

လောကသစ္စာတရားရှိတယ်

  • အမေ့ရဲ့ဈေးဗန်းပေါ်မှာ
စေးထန်းနေတဲ့
ချွေးပန်းလေးတစ်ပွင့်ဟာ
ဘ၀မှာခွန်အားကိုဖြစ်စေတယ်………
မေတ္တာသစ္စာအကြင်နာပေးကမ်း
ဈေးဗန်းပေါ်က သားတို့အတွက်
ခရီးဆက်ဘို့ အားအင်ပေး
က္ကုစ္ဆာသယ ဆေးများဖြစ်တယ်………

  • လမ်းတွေပေါ်မှာ
     အမေများစွာရှိ
     ပကတိအလှမြင်ကွင်း
လောကကို လင်းစေသူ………။

  • တဲကုပ်ဟောင်းလေးထဲက
ပဲပြုတ်တောင်းလေးရွက်
လမ်းပေါ်ထွက်လာတဲ့အမေ
ဇရာထဲက အားမာန်ကြွ
သားတို့ဘ၀ ရှေ့ရေးမျှော်
`ဟောဒီက ပဲပြုတ်နော်´လို့
လမ်းပေါ်မှာ အော်နေတဲ့ အမေ……..

  • သားဆိုးသမီးဆိုး
ဘယ်လောက်ဆိုးစေ
အမေ့မေတ္တာ မညှိးပေဘူး
ပဲပြုတ်ဗန်းနဲ့ ဟင်းရွက်တောင်း
ဟောင်းသွားရင်တောင်
ကျေးဇူးရှင် အထိန်းအမှတ်
သိမ်းထားတတ်တဲ့`အမေ´

  • မိခင်တွေရဲ့ နှလုံးသား
ပခုံးလက်နှစ်သစ်ဖွား
ဖ၀ါးလက်နှစ်လုံးကမွေး
အမေ့သွေးရတနာ
သားသမီးရဲ့မျက်နှာလေး
အမေတွေမှာ အားဆေးတဲ့…….။
မိခင်များရဲ့`ကြွေးကြော်သံ´
ပြေးလမ်းပေါ်မှာ ညံနေတယ်………

  • အမေ့မေတ္တာ အမေ့အကြောင်း
ကဗျာစာပေါင်း ၊ ရာထောင်သောင်းမျှ
ဖွဲ့ကြကုံးကြ ရေးသီကြလည်း
ရေးသမျှမကုန်နိုင် ဖွဲ့သမျှမစုံနိုင်
အမေ့မေတ္တာ ထုံလှိုင်ကြိုင်။       ။
                                    



                                                                  လမင်း

Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger