<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » လူကိုယ်နဲ့ တိရစ္ဆာန်စိတ်

လူကိုယ်နဲ့ တိရစ္ဆာန်စိတ်

လူကိုယ်နဲ့ တိရစ္ဆာန်စိတ်
• • • • • • • • • • • • • • •
နံနက်ကခမုံဆရာတော် ဟောသွားတယ်မဟုတ်လား။ လူကိုမြင်တာလဲ တကာ
ကြီး၊ (လူပါဘုရား) စိတ်ကရော (တိရစ္ဆာန်ပါဘုရား) တိရစ္ဆာန်စိတ်နဲ့ ငရဲစိတ်နဲ့၊
ပြိတ္တာစိတ်၊ ဦးပဉ္ဖင်းနော် မြင်လိုက်တဲ့အချိန်ခါမှာ သူများက မြင်လို့ရှိရင်၊ အတိတ်
ကလူနံမည် အောင်ထွန်းတဲ့၊ သူများကတော့ အောင်ထွန်းလို့ထင်တယ်။ ဦးပဉ္ဖင်း
ရဲ့စိတ်ကတော့ လောဘစေတနာ ဒေါသစေတနာ မောဟစေတနာ အကြောင်း
သမုဒယသစ္စာ၊ စေတနာလို့တပ်ထားတယ်။ စေတနာလို့တပ်ထားတော့ ဦးပဉ္ဖင်း
က လောဘစိတ်ဖြစ်နေပြီ ဆိုလို့ရှိရင် ပြိတ္တာစိတ်၊ စိတ်ကပြိတ္တာ(ပြိတ္တာပါဘုရား)
ဒေါသဖြစ်နေလို့ရှိရင် ငရဲစိတ် (မှန်ပ) မောဟဖုံးလွှမ်းနေရင် တိရ္ဆာန်စိတ် (မှန်ပ)
ခမုံဆရာတော် ပြောသွားတယ်မဟုတ်လား။ လူတွေကမြင်တာကတော့ တကာ
ကြီးရေ ဦးအောင်ထွန်းရယ်လို့မြင်တယ်။ အဲ...အတိတ်က ၄၆ နှစ်လုံးလုံးစိတ်က
တော့ တကာကြီး၊ တိရစ္ဆာန်စိတ် ပြိတ္တာစိတ် ငရဲစိတ် (မှန်ပ) မြင်တော့ လူကိုမြင်
တယ်၊ စိတ်က တကာင်္ကြး ငရဲ ပြိတ္တာ တိရစ္ဆာန်၊ အဲဒီစိတ်တွေ တကာကြီးရဲ့၊ အဲ
ဒီစိတ်တွေ စိတ်တွေ ဘာလဲတဲ့ အကြောင်းသမုဒယသစ္စာ၊ အကြောင်းသမုဒယ
သစ္စာကို အနာဂါတ်ကာလ အကျိုးတရား ဒုက္ခသစ္စာ၊ (မှန်ပ) ဒါကြောင့် ပုထုဇဉ်
များမြင်တိုင်း ကြားတိုင်း နံတိုင်း ထိတိုင်း သိတိုင်း အကြောင်းသမုဒယသစ္စာဖြစ်
ပါတယ်။ အကျိုးတရား အနာဂါတ်ကံကုန်တဲ့အခါ ဒုက္ခသစ္စာဖြစ်ပါလိမ့်မယ်။

သဲအင်းဂူဆရာတော်
Buddhavasa Tiloka မှ ပြန်လည် မျှဝေလိုက်ပါတယ်...။

Share this article :

0 comments:

Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger