<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » ၀ါးဆစ်ထဲမှထွက်ရှိလာသော ကမ္ဘာ ရှားပါးကျောက်မျက်ရတနာ

ဝါးဆစ်ထဲမှထွက်ရှိလာသော ကမ္ဘာ ရှားပါးကျောက်မျက်ရတနာ

ယခုပုံပါ ကျောက်မျက်ရတနာသည် အခြားကျောက်မျက်ရတနာများကဲ့သို့
မြေကြီးထဲမှတူးယူရရှိခြင်းမပာုတ
်ပဲ သဘာဝလွန်ဖြစ်ရပ် ဝါးအဆစ်ထဲမှရ
ရှိခြင်းဖြစ်သည်။ လွန်ခဲ့သည် ၂၀၀၅ ဝန်းကျင်က ကွပ်ပစ်လုပ်ရန်ဆိုပြီး
ရခိုင်ရိုးမတောထဲမှာဝါးခုတ်ရမှ ရရှိခဲ့သောကျောက်မျက်ရတနာတစ်ပါးဖြစ်
ပေသည် ။ သို့သော်ထိုကဲ့သို့သော ကျောက်ကိုမည်သူတစ်ဦးတစ်ယောက်
ကမျှ မသိရှိသဖြင့် နာမည်တပ်ရန်ခက်ခဲနေသည်ပာုသိရှိရသည်။

ပုံပါကျောက်၏ထူးခြားချက်များမှာ -
၁။ ဝါးပင်မှရရှိပြီး ကျောက်ရှိရာအဆစ်တွင်သာရေများတည်နေခြင်း
၂။ ကျောက်သည် အလွာသုံးလွာပါရှိပြီး အပြာ အဖြူ နှင့် မီးခိုရောင်တို့ဖြစ်သည်။
၃။ ရေထဲစိမ်ထားမှာသာ တည်မြဲပြီး ရေမရှိတော့ပါက ထုံးကဲ့သို့ဖြူသွားခြင်း
၎။ ကြက်ဥခန့်ရှိပြီး တစ်ဖက်မျက်နှာတွင် လူမျက်နှာကဲ့သို့ပုံရှိခြင်းပင်ဖြစ်သည်။

ကျွန်တော့်ကိုလွန်ခဲ့တယ့်လေးနှစ်လောက်က တရုတ်အမျိုးသားတစ်ဦးက ရောင်းဖို့
ကမ်းလှမ်းခဲ့ဘူးတယ် ။ ကျွန်တော်လည်းတန်ဖိုးမဖြတ်တတ်တာနဲ့ သိန်း ၁၀၀ ဆိုပြီး
ပါးစပ်ထဲရှိသလိုပြောလိုက်တာ တရုတ်ကဈေးတောင်မဆစ်ပဲ ဝမ်းပမ်းတသာဝယ်မယ်
ဆိုလို့ ဒီထက်မကလောက်ဘူး အကြောင်းတော့ရှိမယ်ဆိုပြီး မရောင်းပဲသိမ်းထားလိုက်
တယ်။ အမြုတေ တော့မပာုတ်လောက်ဘူး။ကျောက်က သိပ်မာပုံမရဘူး ။ နောက်ပိုင်း
ကျွန်တော့်ဆီသတင်းကြားပြီး နိုင်ငံခြားသားတွေကဝယ်ဖို့ကမ်းလှမ်းကျတယ်၊ကျွန်တော်
ကတော့မရောင်းပါဘူး ၊ ဘာကျောက်မျက်ရတနာဆိုတာကိုပဲသိချင်တာ။ဒီလိုသဘာဝ
လွန်ကျောက်တွေကဘယ်မှာစွမ်းလဲဆိုတာလေ့လာချင်လို့မရောင်းရက်ဘူး ပာု
ထိုထူးဆန်းသောကျောက်ပိုင်ရှင် ကိုနေပိုင်မှပြောကြားခဲ့သည် ။ ယခုကျောက်အကြောင်း
ကိုသိရှိပါကလည်း ပိုင်ရှင်ထံသို့ပြောပြပေးရန် ဖုန်း ၀၉၄၂၅၂၉၀၄၅၂ သို့ဆက်သွယ်နိုင်
ကြောင်းလည်း ပိုင်ရှင်ကပြောကြားခဲ့သည်။

သြော် ကျွန်ုပ်တို့မြန်မာပြည်သည် သယံဇာတပေါကြွယ်ဝရာတွင် မြေကြီးထဲကသာမက
ဝါးပင်ကပင်ထွက်ရှိသည်ပာုပြောရမလိုလိုပင်............................................

တက်တူး
Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger