<div style='background-color: none transparent;'></div>
မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မြန်မာပြည်သား ဘလော့မှ ကြိုဆိုပါတယ်.. ၀ါသနာအရ လေ့လာ မှတ်သား တွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေခြင်းသက်သက်ပါ.. ကျမ္မာ ချမ်းသာ ကြပါစေ.
Home » » Window Player နဲ့ နားထောင်တဲ့ သီချင်းတွေကို Gtalk မှာ ပြမယ်

Window Player နဲ့ နားထောင်တဲ့ သီချင်းတွေကို Gtalk မှာ ပြမယ်

စာရေးဖို့တော့ နည်းပညာက ရပြီဆိုပေမယ့် ခေါင်းစဉ်ပေးဖို့တော်တော်လေး စဉ်းစားယူရတယ် ။
နည်းက ခပ်ဆန်းဆန်းလေးပါ ။ သူများရေးတာလည်း မတွေ့သေးတာမို့ ရေးလိုက်ကောင်းသားလို့ အတွေးပေါက်တာနဲ့ ခေါင်းစဉ်ကို ခပ်သွက်သွက် စဉ်းစားပြီးရေးလိုက်ကြောင်းပါ ။ ခေါင်းစဉ်အတိုင်းပါပဲဗျာ ပိုစ့်ကတော့ ။ လုပ်နည်းက လွယ်ကူတာမို့ ၈ျီတော့ ရှိသူတို့ စမ်းကြည့်နိုင်ပါတယ် ။

ပထမဆုံး window player ကို ဖွင့်လိုက်ပါ ။ option ကို ဖွင့်လိုက်ပါ ။ tool >option ပါ ။ plug ins ကို နိပ်လိုက် ။ ပြီးတော့ background ကို ထပ်နိပ် ။ အဲဒီမှာ Google Talk music plugin ကို အစက်ဖြည့်ပေးပြီး OK ပေါ့ ။ ပြီးပြီ window player ပြင်တဲ့အပိုင်း ။ ပုံနမူနာကြည့်လိုက်ပါ ။



window media player
 
ကဲ ခု ၈ျီတော့မှာ ပြင်ဖို့ နည်းနည်း ရှိတယ် ။ ခုဖွင့်ထားလား ။ ဖွင့်ထားရင် ပိတ်ပြီးတော့ ပြန်ဖွင့် Restart ချတဲ့ သဘောပါ ။ ချစ်ချစ်တွေ ရှိရင် ကြိုပြောပြီးတော့ ထွက်ကြ ။ မမြင်အပ်မကြားအပ် စိတ်ဆိုးမှုတွေ ရှိနိုင်လို့ :)
ကဲ ပြန်ဝင်ပြီ ဆိုပါတော့ ၈ျီတော့ထဲကို ။ အဲဒီမှာ stutus က ဒီလိုရေး ရေးထည့်ပေးလိုက်ပါ ။ Show current music track ။ ကဲရေးလို့ ပြီးပြီ ဆိုရင်တောပ နောက်တစ်ခု လုပ်ရမှာက အစိမ်းကနေ အနီကို ပြောင်းတာပါဗျာ ။ ရေးတုန်းက အစိမ်းဆိုရင် အနီလေးပြောင်းပေးလိုက်ပါ ။
gtalk








ကဲပြီးပြီ ဆိုရင်တော့ သင့်ရဲ့ ၈ျီတော့ကို ကြည့်လိုက်ပါ ။ သင်ဖွင့်တဲ့ သီချင်းတွေအလိုက် အော်တိုပြောင်းနေမှာပါ ။ အဆင်ပြေပါစေဗျာ ။
 
 
                    လမင်း       
Share this article :

0 comments:

 
Copyright © 2011. မြန်မာပြည်သား . All Rights Reserved
Company Info | Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map
Template Modify by Creating Website. Inpire by Darkmatter Rockettheme Proudly powered by Blogger