ဗုဒ္ဓံ-ဓမ္မံ-သံဃံ
မြန်မာပြက္ခဒိန်
Labels
- ကဗျာ (53)
- ကျန်းမာရေးအတွက်အသုံးဝင်ဆေးမြီးတိုများ (1)
- ကျမ္မာရေး (30)
- ဓမ္မသဘင် (19)
- ဓာတ်ပုံ (19)
- နည်းပညာ (25)
- ဗဟုသုတ (62)
- ဖြစ်ရပ်မှန် (2)
- ဟာသ (11)
- အဆိုအမိန့် (3)
- ဆော့ဝဲ (1)
- ဆောင်းပါး (1)
တေးဂီတ
တွေးမိပါစ
ကဗျာ
**အဖေ....သို့**
11 March, 2014
အေးမြလွန်းတဲ့ ဒီဆောင်းညမှာ
ပိုမိုလွမ်းစွတ် သတိရလို့
တမ်းတမျက်ရည် ၀ဲမိတယ် အဖေ ၊
အေးမြလွန်းတဲ့ ဒီဆောင်းညမှာ
ဘယ်ဆိ၊ဘယ်အရပ်
ဘယ်ဒေသမှာ ချစ်သောအဖေ
ရောက်နေမလဲလို့ သိချင်မိတယ် အဖေ ၊
အေးမြလွန်းတဲ့ ဒီဆောင်းညမှာ
နွေးထွေးကြင်နာ နူညံ့လွန်းတဲ့
အဖေမေတ္တာ ချစ်ချင်းတွေကို
ပိုမိုအောင့်မေ့မိတယ် အဖေ ၊
အေးမြလွန်းတဲ့ ဒီဆောင်းညမှာ
အားမတန် မာန်လျော့
သေမင်းကို ဒူးထောက်လို့
အဖေ့ကို လက်လွှတ်ရတဲ့
နေ့တစ်နေ့ကို ပြန်မြင်ယောင်လို့
ဝဲဘက်ရင်အုံ တစစ်စစ်နဲ့
အခုချိန်ထိတိုင် နာကျင်နေရစဲပဲ အဖေ ၊
အေးမြလွန်းတဲ့ ဒီဆောင်းညမှာ
အဖေ...အဖေ..အဖေ လို့
အားကိုးတကြီး ဟစ်အော်မိရင်း
ဘ၀တစ်သက် အဖေ့ထူးသံ
ကြားခွင့်မသာတဲ့
သမိးတစ်ယောက်ရဲ့
ကြွေကွဲမှုတွေ
နာကျင်မှုတွေ
ဆုံးရှုံးမှုတွေ
အပူထပ်လို့
ရင်မှာနွမ်းကာ
နှလုံးသားတွေ မချိဘူး အဖေ။။။။
ကဗျာ
** တို့ နိုင်ငံ **
တို့ဘာသာ တို့ဓလေ့နဲ့
တို့မွေ့တဲ့ တို့ပြည် ၊
တို့စေတီ တို့ဘုရားနဲ့
တို့များရွှင်ကြည် ၊
တို့နိုင်ငံ့ နေခြည်
တို့ကိုယ်စီ မြတ်နိုး ၊
တို့အားသစ် ညီညီနဲ့
တို့ဋ္ဌာနီ ဂုဏ်ရည်တင့်အောင်
တို့ဆင့်ဆင့် ပိုး ။
တို့မွေ့တဲ့ တို့ပြည် ၊
တို့စေတီ တို့ဘုရားနဲ့
တို့များရွှင်ကြည် ၊
တို့နိုင်ငံ့ နေခြည်
တို့ကိုယ်စီ မြတ်နိုး ၊
တို့အားသစ် ညီညီနဲ့
တို့ဋ္ဌာနီ ဂုဏ်ရည်တင့်အောင်
တို့ဆင့်ဆင့် ပိုး ။
Subscribe to:
Posts (Atom)